Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 19, 2018

ဖားကန့်တွင် ရေမဆေးတစ်ဦး ပစ်သတ်ခံရမှုကြောင့် ပဋိပက္ခ ဖြစ်ပွာ


ဖားကန့်မြို့နယ် နန့်မှော်ကျေးရွာအုပ်စု ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီ လုပ်ကွက်တွင် ရေမဆေးကျောက်ရှာသူတစ်ဦး ပစ်သတ်ခံရမှုနှင့် ပတ်သက်ပြီး နိုဝင်ဘာလ ၁၉ရက်နေ့ မွန်းလွဲ ၃နာရီခွဲခန့်၌ ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှုး ဦးကျော်စွာအောင် ထံမှသိရသည်။


ကုမ္ပဏီလုံခြုံရေးတပ်ဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေမဆေးကျောက်ရှာသူတစ်ဦး သေဆုံးသွားသည်ကို ကျေနပ်မှုမရှိသော ရေမဆေးကျောက်ရှာသူများမှ အဆိုပါ ကုမ္ပဏီအတွင်းရှိ အဆောက်အအုံနှင့်စက်ယန္တရားများအား မီးရှို့ဖျက်စီးခဲ့ကြောင်း ၎င်းကပြောပြသည်။

''ညနေ ၃နာရီလောက်က ပြဿနာဖြစ်တယ်လို့ပြောတယ် ရေမဆေးသမား အပစ်ခံရလို့ သေသွားတာကို မကျေနပ်လို့ ကုမ္ပဏီကိုမီးရှို့တာလို့ သိရပါတယ် ညနေ ၅နာရီလောက်မှာ မီးညွန့်ကျိုးသွားပါပြီ'' ဟု ၎င်းကပြောသည်။


ဖြစ်ပွားရသည့် အကြောင်းအရင်းနှင့် ဖြစ်စဉ်အသေးစိတ်ကိုတော့ မသိသေးကြောင်း ၎င်းက ပြောသည်။

သေနတ်ပစ်ခံရသောကြောင့် သေဆုံးသွားသူမှာ နမ့်မှော်ကျေးရွာနေ အသက် ၂၅နှစ်အရွယ် မောင်အေးသန်းဖြစ်ပြီး ညာဘက် ပုခုံးတွင် ပစ်ခတ်ခံရသောကြောင့် သေဆုံးသွားခြင်းဖြစ်သည်။

The Kachin Times
https://www.facebook.com/KachinTimes.kcn

No comments:

Post a Comment