Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, November 24, 2018

ငပုတောမြို့နယ်၌စပါးများအလွန်ကျွံစားပြီး ရေသောက်သဖြင့် ဝမ်းဗိုက် ရောင်ရမ်းကာ တောဆင်ရိုင်း(၁)ကောင်သေဆုံးမှုဖြစ်ပွာ

Photo -မြန်မာနိုင်ငံရဲတပ်ဖွဲ့

မန္တလေး- ၂၄ နိုဝင်ဘာ

ငပုတောမြို့နယ်၊ ဒီပါလွင်ပြင် ကျေးရွာ၊ မြစ်တစ်ရာသစ်တောကြိုးဝိုင်း အကွက်အမှတ်(၂၉၀) ရှိ စပါးခင်းတွင် ဟိုင်းဆင်အထီး ၁ ကောင် သေဆုံးမှု အခုလ ၂၂ ရက်က ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

နိုဝင်ဘာလ ၂၂ ရက် ညနေ ၃ နာရီခန့်က ငပုတောမြို့နယ်၊ ဒီပါလွင်ပြင် ကျေးရွာ၊ မြစ်တစ်ရာသစ်တောကြိုးဝိုင်း အကွက်အမှတ်(၂၉၀) ကရအမှူး(ဒီပါလွင်ပြင်) ဦးမန်းဇော်ဇော် ၏ စပါးခင်းအတွင်း၌ အသက်(၁၃)နှစ်ခန့်၊ အမြင့် ၆ ပေ၊ လုံးပတ် ၉ ပေခွဲ၊ နှာမောင်းအရှည် ၄ ပေ၊ အမြီးအရှည် ၂ ပေခွဲရှိ ဟိုင်းဆင်အထီး ၁ ကောင်သည် ကျောကုန်းတွင် အနက် ၄ လက်မခန့် မြှားဒဏ်ရာ ၁ ချက်နှင့် ဝမ်းဗိုက်ရောင်ကာ သေဆုံးနေသည်ကိုတွေ့ရှိခဲ့ကြောင်း သိရသည်။

သေဆုံးနေသည့် တောဆင်ရိုင်းကိုတွေ့ရှိသဖြင့် တောဆင်ရိုင်း ကာကွယ်စောင့်ရှောက်ရေး အခြေစိုက်စခန်း အမှတ်(၁)၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ တောင်ကလေးရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များ၊ တိရစ္ဆာန်ဆရာဝန် ဒေါက်တာ လင်းလင်းထွန်း ပါ ပူးပေါင်းအဖွဲ့တို့မှ စစ်ဆေးရာ စပါးများအလွန်ကျွံစားပြီး ရေသောက်သဖြင့် ဝမ်းဗိုက် ရောင်ရမ်းကာ သေဆုံးရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှတ်တမ်းတွင်း ဖော်ပြထားသည်။

Myanmar Digital News
https://www.facebook.com/MyanmarDigitalNews

No comments:

Post a Comment