Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, November 17, 2018

အမွတ္ေပါင္း ၄၅၁ မွ ၅၁၄ မွတ္အထိ ရထားသည့္ ေက်ာင္းသား ၂၀၀ ေက်ာ္ မည္သည့္တကၠသိုလ္မွ် ၀င္ခြင့္မရ

ဦးစားေပးေလွ်ာက္သည့္ တကၠသိုလ္၀င္ခြင့္အမွတ္ မမီ၍ဟုဆုိ

တကၠသိုလ္၀င္စာေမးပဲြ ရမွတ္ စုစုေပါင္း ၄၅၁ မွတ္မွ ၅၁၄ မွတ္အထိ ရထားသည့္ ေက်ာင္းသား၊ ေက်ာင္းသူ ၂၁၁ ဦးသည္ ယခုႏွစ္ တကၠသိုလ္၀င္ခြင့္ေလွ်ာက္ထားရာတြင္ မည္သည့္တကၠသိုလ္မွ် ၀င္ခြင့္မရေပ။


၂၀၁၈ တကၠသိုလ္၀င္စာ ေမးပဲြေအာင္ျမင္ၿပီး တကၠသိုလ္ ၀င္ခြင့္ေလွ်ာက္ထားရာတြင္ မည္ သည့္တကၠသိုလ္မွ် ၀င္ခြင့္မရ ေသာ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို ေဖာ္ျပထားသည့္ က်န္းမာ ေရးႏွင့္ အားကစား၀န္ႀကီးဌာန၏ စာရင္း၌ ေက်ာင္းသား၊ ေက်ာင္းသူ ၂၁၁ ဦး ပါ၀င္ေနသည္။


‘‘ေဆးတကၠသိုလ္ကို ဦးစား ေပးေလွ်ာက္ၿပီး မ၀င္တဲ့သူေတြ ေပါ့။ တခ်ဳိ႕ကက်ေတာ့ တစ္ေက်ာင္းတည္း ေလွ်ာက္တယ္။ တခ်ဳိ႕က တစ္ေက်ာင္း၊ ႏွစ္ ေက်ာင္းတည္းေလွ်ာက္ၿပီး သူတုိ႔အမွတ္က မမီဘူးျဖစ္သြားတာ ေပါ့’’ဟု ေဆးတကၠသိုလ္(၁) ရန္ကုန္ ပါေမာကၡခ်ဳပ္ ေဒါက္တာ ေဇာ္ေ၀စုိးက 7Day Daily အား ေျပာသည္။

 ယခုႏွစ္တြင္ ေဆးတကၠ သိုလ္ငါးခု၏ အနိမ့္ဆုံး၀င္ခြင့္ရ အမွတ္မ်ားကို အမ်ဳိးသား ၅၀၅ မွတ္၊ အမ်ဳိးသမီး ၅၁၅ မွတ္ျဖတ္ ကာ ေရြးခ်ယ္ၿပီး ယခင္ႏွစ္ထက္ သင္တန္းသားဦးေရ ၁၃၁ ဦး ေလွ်ာ့ခ်ေခၚယူခဲ့သည္။ မည္သည့္ တကၠသုိလ္မွ် ၀င္ခြင့္မရသည့္ စာ ရင္း၌ အမ်ဳိးသမီးအမွတ္အျမင့္ ဆုံးသူသည္ ၅၁၄ မွတ္ ရထားၿပီး အမ်ဳိးသား အမွတ္အျမင့္ဆုံးသူ သည္ ၅၀၄ မွတ္ရထားသည္။

ယခင္ႏွစ္က ေဆးတကၠ သိုလ္မ်ား၏ အနိမ့္ဆုံး၀င္ခြင့္ရအ မွတ္ကို အမ်ဳိးသား ၄၉၃ မွတ္၊ အ မ်ဳိးသမီး ၅၀၇ မွတ္ျဖတ္ကာ ေခၚယူေသာ္လည္း ယခုႏွစ္တြင္ အ မ်ဳိးသား အနိမ့္ဆုံး၀င္ခြင့္ရ အ မွတ္သည္ ယခင္ႏွစ္ထက္ ၁၂ မွတ္ ျမင့္တက္ၿပီး အမ်ဳိးသမီး အ နိမ့္ဆုံး၀င္ခြင့္ရ အမွတ္သည္ ရွစ္ မွတ္ျမင့္တက္ခဲ့သည္။

 ေဆးတကၠသုိလ္ တစ္ခု တည္းကို ဦးစားေပးေလွ်ာက္ထား သူမ်ား၊ ေဆးတကၠသိုလ္ႏွင့္ အ ျခားတကၠသိုလ္တစ္ခု၊ ႏွစ္ခုကို သာ ဦးစားေပးေလွ်ာက္ထားသူ မ်ားသည္ ေဆးတကၠသိုလ္ႏွင့္ အျခားဦးစားေပး ေလွ်ာက္သည့္ တကၠသိုလ္ကပါ ၀င္ခြင့္အမွတ္ ျမင့္စဥ္တြင္ မည္သည့္တကၠသိုလ္မွ် ၀င္ခြင့္မရခဲ့ဟု အဆင့္ျမင့္ပညာဦးစီးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာသိန္း၀င္းကဆုိသည္။

‘‘ကြၽန္ေတာ္ နားလည္သ ေလာက္ေတာ့ သူတုိ႔က က်န္းမာ ေရးကို သြားေလွ်ာက္တယ္။ က်န္းမာေရးက အမွတ္ျမင့္သြားတဲ့အ တြက္ ပယ္လုိက္တယ္။ အဲဒီက ေလးေတြက တျခားဘယ္ေက်ာင္းမွ မေလွ်ာက္ေတာ့ ကြၽန္ေတာ္တို႔ က ေရြးလို႔မရဘူး’’ ဟု ေဒါက္တာ သိန္း၀င္းက 7Day Daily ၏ ေမးျမန္းမႈကို ေျဖၾကားသည္။

ထုိေက်ာင္းသား၊ ေက်ာင္း သူမ်ားကို ေဆးတကၠသိုလ္မ်ား တြင္ ထပ္မံလက္ခံမႈ ရွိ၊ မရွိႏွင့္ ပတ္သက္၍ ေဒါက္တာေဇာ္ေ၀ စိုးက ‘‘အဲဒီကိစၥကို ျပန္ေဆြးေႏြး ဖုိ႔ တင္ထားတယ္။ အဆညရယ္၊ ၀င္ခြင့္တုိက္႐ုိက္ေရြးတဲ့ ေက်ာင္း ၁၁ ေက်ာင္းရယ္ အဲဒါကို ျပန္ေဆြးေႏြးဖုိ႔ တင္ထားတယ္။ မေဆြးေႏြး ရေသးဘူး။ အစည္းအေ၀းေတြ လုပ္ေနပါတယ္။ အစည္းအေ၀း ဆုံးျဖတ္ခ်က္ေတြကေန ထြက္ လာပါလိမ့္မယ္’’ဟုဆုိသည္။

ယခုႏွစ္တြင္ ရန္ကုန္ႏွင့္ မႏၲ ေလးရွိ တကၠသိုလ္ ၁၁ ခုက တုိက္႐ုိက္၀င္ခြင့္ေခၚယူျခင္း ျဖစ္၍ မည္သည့္တကၠသိုလ္မွ် ၀င္ခြင့္မ ရသူမ်ားအေနျဖင့္ ထုိေက်ာင္းမ်ား၌ သြားေရာက္ေလွ်ာက္ထား ႏုိင္ၿပီး အဆင့္ျမင့္ပညာဦးစီးဌာန သို႔ ထပ္မံေလွ်ာက္ထားႏုိင္ ေၾကာင္း ေဒါက္တာသိန္း၀င္းက ေျပာသည္။

‘‘၁၁ ေက်ာင္းက သူ႔ဘာသာ သူ ကိုယ္ပိုင္ေရြးခ်ယ္တာဆုိေတာ့ ၁၁ ေက်ာင္းကိုေတာ့ သြားတင္ ၾကည့္ေပါ့။ ၁၁ ေက်ာင္းက ေရြး ခ်ယ္ေရးအဖဲြ႕က ဆုံးျဖတ္ၿပီး ေတာ့ ေရြးမွာေပါ့။ သူ႔ရဲ႕အမွတ္ ေပၚမူတည္မွာေပါ့။ တခ်ဳိ႕ကက် ေတာ့လည္း အင္တာဗ်ဴးနဲ႔ စစ္တာ ရွိေတာ့ ၁၁ ေက်ာင္းေတြသြားၿပီး ေလွ်ာက္လႊာတင္ရင္ေတာ့ ရမယ္ လုိ႔ထင္တယ္။ သူတို႔က ကိုယ္တုိင္၀င္ခြင့္ျပဳထားတာကိုး။ တကယ္ လို႔ အဆည(အဆင့္ျမင့္ပညာဦးစီး ဌာန)ဘက္ကို ခုမွ လာတင္ရင္ေတာ့ ႐ုိး႐ိုး၀ိဇၨာ၊ သိပၸံတကၠသိုလ္ တုိ႔၊ နည္းပညာ၊ ကြန္ပ်ဴတာတို႔ပဲ ရေတာ့မွာေပါ့’’ဟု ေဒါက္တာသိန္း၀င္းကေျပာသည္။

၀င္ခြင့္မရခဲ့သည့္ စာရင္းပါေက်ာင္းသား၊ ေက်ာင္းသူမ်ားကို 7Day သတင္းစာက ဆက္သြယ္ရန္ ႀကိဳးစားေသာ္လည္း ဆက္သြယ္မရေပ။

တကၠသိုလ္၀င္ခြင့္ ေလွ်ာက္ ထားမည့္သူမ်ားသည္ တကၠသိုလ္ စာေမးပဲြေအာင္ျမင္သည့္ ဘာ သာတဲြအရ တက္ခြင့္ရွိသည့္ တကၠသိုလ္၊ ဘာသာရပ္မ်ားကို ႏွစ္သက္သလို ဦးစားေပးစာရင္းတြင္ ထည့္ေလွ်ာက္ႏုိင္ၿပီး ဦးစားေပးအစီအစဥ္၌ ထည့္သြင္းေဖာ္ျပထားျခင္းမရွိေသာ တကၠသိုလ္၊ ေကာလိပ္ႏွင့္ အထူးျပဳဘာသာရပ္မ်ား ကို လုံး၀စဥ္းစားမည္မဟုတ္ဟု ၂၀၁၈ တကၠသိုလ္၀င္ခြင့္လမ္း ၫႊန္တြင္ ေဖာ္ျပထားသည္။

7Day


#Unicode Version#

ဦးစားပေးလျှောက်သည့် တက္ကသိုလ်ဝင်ခွင့်အမှတ် မမီ၍ဟုဆို

တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ် စုစုပေါင်း ၄၅၁ မှတ်မှ ၅၁၄ မှတ်အထိ ရထားသည့် ကျောင်းသား၊ ကျောင်းသူ ၂၁၁ ဦးသည် ယခုနှစ် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရာတွင် မည်သည့်တက္ကသိုလ်မျှ ဝင်ခွင့်မရပေ။


၂၀၁၈ တက္ကသိုလ်ဝင်စာ မေးပွဲအောင်မြင်ပြီး တက္ကသိုလ် ဝင်ခွင့်လျှောက်ထားရာတွင် မည် သည့်တက္ကသိုလ်မျှ ဝင်ခွင့်မရ သော ကျောင်းသား၊ ကျောင်းသူများကို ဖော်ပြထားသည့် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၏ စာရင်း၌ ကျောင်းသား၊ ကျောင်းသူ ၂၁၁ ဦး ပါဝင်နေသည်။


‘‘ဆေးတက္ကသိုလ်ကို ဦးစား ပေးလျှောက်ပြီး မဝင်တဲ့သူတွေ ပေါ့။ တချို့ကကျတော့ တစ်ကျောင်းတည်း လျှောက်တယ်။ တချို့က တစ်ကျောင်း၊ နှစ် ကျောင်းတည်းလျှောက်ပြီး သူတို့အမှတ်က မမီဘူးဖြစ်သွားတာ ပေါ့’’ဟု ဆေးတက္ကသိုလ်(၁) ရန်ကုန် ပါမောက္ခချုပ် ဒေါက်တာ ဇော်ဝေစိုးက 7Day Daily အား ပြောသည်။

 ယခုနှစ်တွင် ဆေးတက္က သိုလ်ငါးခု၏ အနိမ့်ဆုံးဝင်ခွင့်ရ အမှတ်များကို အမျိုးသား ၅၀၅ မှတ်၊ အမျိုးသမီး ၅၁၅ မှတ်ဖြတ် ကာ ရွေးချယ်ပြီး ယခင်နှစ်ထက် သင်တန်းသားဦးရေ ၁၃၁ ဦး လျှော့ချခေါ်ယူခဲ့သည်။ မည်သည့် တက္ကသိုလ်မျှ ဝင်ခွင့်မရသည့် စာ ရင်း၌ အမျိုးသမီးအမှတ်အမြင့် ဆုံးသူသည် ၅၁၄ မှတ် ရထားပြီး အမျိုးသား အမှတ်အမြင့်ဆုံးသူ သည် ၅၀၄ မှတ်ရထားသည်။

ယခင်နှစ်က ဆေးတက္က သိုလ်များ၏ အနိမ့်ဆုံးဝင်ခွင့်ရအ မှတ်ကို အမျိုးသား ၄၉၃ မှတ်၊ အ မျိုးသမီး ၅၀၇ မှတ်ဖြတ်ကာ ခေါ်ယူသော်လည်း ယခုနှစ်တွင် အ မျိုးသား အနိမ့်ဆုံးဝင်ခွင့်ရ အ မှတ်သည် ယခင်နှစ်ထက် ၁၂ မှတ် မြင့်တက်ပြီး အမျိုးသမီး အ နိမ့်ဆုံးဝင်ခွင့်ရ အမှတ်သည် ရှစ် မှတ်မြင့်တက်ခဲ့သည်။

 ဆေးတက္ကသိုလ် တစ်ခု တည်းကို ဦးစားပေးလျှောက်ထား သူများ၊ ဆေးတက္ကသိုလ်နှင့် အ ခြားတက္ကသိုလ်တစ်ခု၊ နှစ်ခုကို သာ ဦးစားပေးလျှောက်ထားသူ များသည် ဆေးတက္ကသိုလ်နှင့် အခြားဦးစားပေး လျှောက်သည့် တက္ကသိုလ်ကပါ ဝင်ခွင့်အမှတ် မြင့်စဉ်တွင် မည်သည့်တက္ကသိုလ်မျှ ဝင်ခွင့်မရခဲ့ဟု အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းကဆိုသည်။

‘‘ကျွန်တော် နားလည်သ လောက်တော့ သူတို့က ကျန်းမာ ရေးကို သွားလျှောက်တယ်။ ကျန်းမာရေးက အမှတ်မြင့်သွားတဲ့အ တွက် ပယ်လိုက်တယ်။ အဲဒီက လေးတွေက တခြားဘယ်ကျောင်းမှ မလျှောက်တော့ ကျွန်တော်တို့ က ရွေးလို့မရဘူး’’ ဟု ဒေါက်တာ သိန်းဝင်းက 7Day Daily ၏ မေးမြန်းမှုကို ဖြေကြားသည်။

ထိုကျောင်းသား၊ ကျောင်း သူများကို ဆေးတက္ကသိုလ်များ တွင် ထပ်မံလက်ခံမှု ရှိ၊ မရှိနှင့် ပတ်သက်၍ ဒေါက်တာဇော်ေ၀ စိုးက ‘‘အဲဒီကိစ္စကို ပြန်ဆွေးနွေး ဖို့ တင်ထားတယ်။ အဆညရယ်၊ ဝင်ခွင့်တိုက်ရိုက်ရွေးတဲ့ ကျောင်း ၁၁ ကျောင်းရယ် အဲဒါကို ပြန်ဆွေးနွေးဖို့ တင်ထားတယ်။ မဆွေးနွေး ရသေးဘူး။ အစည်းအဝေးတွေ လုပ်နေပါတယ်။ အစည်းအဝေး ဆုံးဖြတ်ချက်တွေကနေ ထွက် လာပါလိမ့်မယ်’’ဟုဆိုသည်။

ယခုနှစ်တွင် ရန်ကုန်နှင့် မန္တ လေးရှိ တက္ကသိုလ် ၁၁ ခုက တိုက်ရိုက်ဝင်ခွင့်ခေါ်ယူခြင်း ဖြစ်၍ မည်သည့်တက္ကသိုလ်မျှ ဝင်ခွင့်မ ရသူများအနေဖြင့် ထိုကျောင်းများ၌ သွားရောက်လျှောက်ထား နိုင်ပြီး အဆင့်မြင့်ပညာဦးစီးဌာန သို့ ထပ်မံလျှောက်ထားနိုင် ကြောင်း ဒေါက်တာသိန်းဝင်းက ပြောသည်။

‘‘၁၁ ကျောင်းက သူ့ဘာသာ သူ ကိုယ်ပိုင်ရွေးချယ်တာဆိုတော့ ၁၁ ကျောင်းကိုတော့ သွားတင် ကြည့်ပေါ့။ ၁၁ ကျောင်းက ရွေး ချယ်ရေးအဖွဲ့က ဆုံးဖြတ်ပြီး တော့ ရွေးမှာပေါ့။ သူ့ရဲ့အမှတ် ပေါ်မူတည်မှာပေါ့။ တချို့ကကျ တော့လည်း အင်တာဗျူးနဲ့ စစ်တာ ရှိတော့ ၁၁ ကျောင်းတွေသွားပြီး လျှောက်လွှာတင်ရင်တော့ ရမယ် လို့ထင်တယ်။ သူတို့က ကိုယ်တိုင်ဝင်ခွင့်ပြုထားတာကိုး။ တကယ် လို့ အဆည(အဆင့်မြင့်ပညာဦးစီး ဌာန)ဘက်ကို ခုမှ လာတင်ရင်တော့ ရိုးရိုးဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ် တို့၊ နည်းပညာ၊ ကွန်ပျူတာတို့ပဲ ရတော့မှာပေါ့’’ဟု ဒေါက်တာသိန်းဝင်းကပြောသည်။

ဝင်ခွင့်မရခဲ့သည့် စာရင်းပါကျောင်းသား၊ ကျောင်းသူများကို 7Day သတင်းစာက ဆက်သွယ်ရန် ကြိုးစားသော်လည်း ဆက်သွယ်မရပေ။

တက္ကသိုလ်ဝင်ခွင့် လျှောက် ထားမည့်သူများသည် တက္ကသိုလ် စာမေးပွဲအောင်မြင်သည့် ဘာ သာတွဲအရ တက်ခွင့်ရှိသည့် တက္ကသိုလ်၊ ဘာသာရပ်များကို နှစ်သက်သလို ဦးစားပေးစာရင်းတွင် ထည့်လျှောက်နိုင်ပြီး ဦးစားပေးအစီအစဉ်၌ ထည့်သွင်းဖော်ပြထားခြင်းမရှိသော တက္ကသိုလ်၊ ကောလိပ်နှင့် အထူးပြုဘာသာရပ်များ ကို လုံးဝစဉ်းစားမည်မဟုတ်ဟု ၂၀၁၈ တက္ကသိုလ်ဝင်ခွင့်လမ်း ညွှန်တွင် ဖော်ပြထားသည်။

No comments:

Post a Comment