Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, November 8, 2018

အင်္ဂလိပ်​စာ မတတ်​ခြင်း ဒုက္ခ --------------------------- ( ​မောင်​သာနိုး )


နိုင်​ငံ​ရေးလုပ်​မယ့်​သူ​တွေ အင်္ဂလိပ်​စာ တကယ်​တတ်​ကျွမ်းမှ တန်​ကာကျ မယ့်​အ​ကြောင်း ဆရာဦးသာနိုး ​ထောက်​ပြ သတိ​ပေးတဲ့ ​ဆောင်းပါးပါ ။ 2017 နိုဝင်္ဘာလထဲမှာထွက်​ခဲ့တဲ့ ဆရာကြီးရဲ့ စာအုပ်​ထဲကပါ ။ နိုင်​ငံ​ရေး ဝါသနာပါသူ​တွေ သည်​​ဆောင်းပါး ​သေချာဖတ်​ကြည့်​ကြ​စေချ င်​ပါတယ်​ ။ ကျ ​နော်​​တော့ ကြားထဲက လက်​​ညောင်းခံ ကူးယူ ​ဖေါ်ပြ​ပေးလိုက်​ပါပြီ ။
____________________

အင်္ဂလိပ်​စာ မတတ်​ခြင်း ဒုက္ခ
---------------------------
( ​မောင်​သာနိုး )

ရှေး​ခေတ်​က နိုင်​ငံ​ရေး ပိုင်​နိုင်​သူ ရှားပါး​ကြောင်း ​ရေးခဲ့ပြီ ။ မပိုင်​ရတဲ့အ​ကြောင်းထဲမှာ အင်္ဂလိပ်​စာ မပိုင်​တာလည်းအဓိက တ​ကြောင်းဖြစ်​တယ်​ ။ အ​ပေါ်ယံ​ကြောကြည့်​ရင်​​တော့ အင်္ဂလိပ်​​ခေတ်​မှာ အင်္ဂလိပ်​​ကျောင်း တက်​ခဲ့သူ​တွေပဲ၊ Eng စာ တတ်​တာ​ပေါ့လို့ ထင်​ချ င်​စရာပဲ ။ ဟုတ်​ပါတယ်​ ၊တတ်​သူ​တွေရှိသမှ Eng လို ကျ မ်းပြု သူ​တွေ ​ပေါ်ထွက်​ခဲ့ပါတယ်​ ။ ​ဒေါက်​တာဘ​မော်​ ၊ ​ဒေါက်​တာဘဦး ၊ မိမိခိုင်​ စသဖြင့်​ ။ ဒါ​ပေမယ့်​ အင်​မတန်​ နည်းပါးခဲ့ပါတယ်​ ။ အထူးသဖြင့်​ နိုင်​ငံ​ရေးလုပ်​သူ​တွေထဲမှာ အင်​မတန်​ နည်းခဲ့ပုံ​ပေါ်တယ်​ ။ ဒါ့​ကြောင့်​ အမျိုးသား​ကျောင်း​တွေ​ပေါ်လာ​တော့ အနီးဆုံးအသံ `` နရှနယ်​ ´´ လို့ မသုံးပဲ ​နေရှင်​နယ်​လို့ ​ခေါ်ခဲ့ကြတာ က​နေ့ထိ တွင်​ကျ န်​​နေရစ်​တယ်​ ။ အင်္ဂလန်​က ချာချီ တို့ကိုလည်း ​ရွှေဥ​ဒေါင်း ​ထောက်​ပြဖူးသလို ကွန်​ဆားဗတစ်​ မ​ခေါ်တတ်​ ၊ ကွန်​ဆာ​ဗေးတစ်​ လုပ်​ခဲ့ကြတယ်​ ။ ဦးသိန်း​ဖေမြင့်​ကဆို ကွန်​မြူ နစ်​ကို ​ကော်​မြူ နစ်​လို့ တစ်​ကိုယ်​​တော်​ သုံးသွားတာ ။

ဒါက အသံထွက်​ လွဲ​ချော်​မှု​တွေပါ ။ အ​ရေးမကြီးလှဘူးလို့ ​ပြောမယ်​ဆို ​ပြောနှိုင်​ပါတယ်​ ။ အဓိပ္ပာယ်​ အယူအဆကျ အဲသလို ​ပေါ့​ပေါ့ သ​ဘောမထားနှိုင်​​ပေဘူး ။

အဒမ်​စမစ်​ရဲ့ The Wealth of Nations ကို တရုတ်​လိုပြန်​​တော့ နိုင်​ငံ့ဓနလို့ ဖြစ်​​နေတယ်​ ။ တကယ်​လို့သာ ( နိုင်​ငံတို့ရဲ့ဓန ) လို့ မှန်​မှန်​ကန်​ကန်​ပြန်​ခဲ့ရင်​ ​မော်​စီတုံးရဲ့အယူအဆ တမျိုးတဖုံ ဖြစ်​ခဲ့နှိုင်​တယ်​လို့ ပညာရှင်​တစ်​ဦးက ​ထောက်​ပြတယ်​ ။

ကျ ​နော်​တို့က ဗြိတိသျှ ရဲ့ကိုလိုနီ ဖြစ်​​နေရတယ်​ဆိုတာ သူ့လက်​ထဲက​ရေ ဖြစ်​​နေတာ ၊ သူ့ကို မှီခို​နေရတာကို ​ပြောတာ ။ ဒါ့​ကြောင့်​ လက်​​အောက်​ခံနိုက်​ငံကို အင်္ဂလိပ်​လို dependency လို့​ခေါ်​သေးတယ်​ ။ ကျွန်​​တော်​တို့က အဲဒီဘဝကလွတ်​ပြီး အမှီအခိုကင်းကင်း ( independently ) ​နေချ င်​တာ ။ အဲဒါ independence ကို လွတ်​လပ်​​ရေးလို့ သုံးလိုက်​​တော့ အနှစ်​သာရက​တော့ ဆင်​ပါရဲ့ ။ Freedom နဲ့ ​ရောကုန်​တယ်​ ။

လက်​ဝဲနိုင်​ငံ​ရေးမှာ ကွန်​မြူ နစ်​​တွေက သူတို့ဟာ Proletariat အာဏာသိမ်း​ရေးအတွက်​ တိုက်​​နေတာလို့ ဆိုတယ်​ ။ အင်္ဂလိပ်​လိုမှာ workers , working class လို့ သုံးတဲ့အခါ သုံးတယ်​ ။ သူတို့​ကြွေး​ကြော်​သံကို ရံဖန်​ Proletariat of the world , unite ! ရံဖန်​ Workers of the world , unite ! တလှည့်​စီ သုံးကြတယ်​ ။ ဗမာ ကွန်​မြူ နစ်​ကြီး​တွေက ( အဓိက သခင်​စိုး ) မတူအောင်​ဟဲ့ဆိုပြီး worker ကို အလုပ်​သမား ၊ prolateriat ကို ( ပစ္စည်းမဲ့ ) ပြန်​ခဲ့ကြတယ်​ ။ ဒီ​တော့ အမှိုက်​ပုံဖွတဲ့​ကောင်​ကလည်း ပစ္စည်းမဲ့ ၊ သူ​တောင်းစားကလည်း ပစ္စည်းမဲ့ ဖြစ်​ကုန်​ကြ​ရော ။ တခါ ပစ္စည်းမဲ့ဆိုတာ ဆင်းရဲသား​ပေါ့ဆိုကာ ဆင်းရဲသားဝါဒ ​အော်​ကြပြန်​တယ်​ ။ မင်းတို့က ဆင်းရဲသားဝါဒဆို​တော့ ငါတို့က သူ​ဋ္ဌေးဝါဒဆိုကာ နန်း​တော်​​ရှေ့ဆရာတင်​က ×× ​မော်​​တော်​ကားလည်း စီးမယ်​ × ဆင်းရဲတာ နားမလည်​ × မင်းပွဲမှာ သွားမယ်​ ×× စသဖြင့်​ သီချ င်း ​ရေးပြန်​တယ်​ ။ ဥသြဘ​သောင်​ ၊ စိန်​ပါတီတို့က `` အပျို့ ဝါဒ ၊ လူပျို့ ဝါဒ ´´ ဆိုကာ ​တေးဟစ်​ကြတယ်​ ။ " အ​ပြောမှာသွက်​ကာ ၊ အသက်​မှာငယ်​ × တို့အ​မေလည်း တည့်​​အောင်​ ​ပေါင်းရမယ်​ " တဲ့ ။ ဒီ​တော့ ဝါဒရဲ့အဓိပ္ပာယ်​ကလည်း ideology ( နိုင်​ငံ​ရေး အယူအဆ ) ဆိုတာက​နေ * အကြို က်​ရယ်​လို့ ​ပြောင်းသွားတယ်​ ။ က​လေးကစားစရာ​ရောင်းတဲ့လူက သူ့​ရောင်းကုန်​ကို က​လေးဝါဒတဲ့ ။ မိတ်​ကပ်​ ​ပေါင်​ဒါ ​ရောင်းတဲ့သူကလည်း ' အပျို့ ဝါဒ​ပေါင်​ဒါ ' တဲ့ ။

ဒါ​တွေနဲ့ကျွမ်းဝင်​​နေတဲ့ အင်္ဂလိပ်​စာ မတတ်​သူက လက်​ဝဲစာကို ဆက်​ဖတ်​ရင်း ရုပ်​ဝါဒလို့​တွေ့ရင်​ " ရုပ်​အကြို က်​ " ၊ နာမ်​ဝါဒလို့​တွေ့ရင်​ " နာမ်​အကြို က်​ထင်​​တော့မှာ မလွှဲမ​သွေဖြစ်​တယ်​ ။

Revolution ကို ဘယ်​လိုဘာသာပြန်​ရပါ့မလဲလို့ သိန်း​ဖေမြင့်​လိုက်​ရှာ​တော့ ​ဝေဿ န္တရာဇာတ်​ထဲမှာ သား​တော်​ ၊ သမီး​တော်​တို့ကို ကျွန်​အဖြစ်​မှ ​တော်​လှန်​လိုမူ အသပြာ မည်​၍ မည်​မျှ ​ပေး​လေလို့ မှာကြားပုံ ​တွေ့တာနဲ့ " ​တော်​လှန်​​ရေး " ကို ယူလိုက်​တယ်​လို့ ဆိုတယ်​ ။ ဇာတ်​​တော်​ စာသွားအရ မင်းကြီးက သား​တော်​ သမီး​တော်​တို့ကို ​ပြော​နေတာက ကျွန်​အဖြစ်​ကလွတ်​ဖို့ free , liberate ​ပြော​နေတာ ။ အစိုးရပြု တ်​ကျ ​အောင်​ ပြည်​သူ​တွေ ထကြွ လှုပ်​ရှားခိုင်းတာ မဟုတ်​ဘူး ။ တိုက်​ခိုက်​တာ မပါဘူး ။ ဗမာ​တွေက အင်္ဂလိပ်​ကို တိုက်​​နေတာဖြစ်​တယ်​ ။ ဒီ​တော့ လွတ်​လပ်​​ရေး ၊ လွတ်​​မြောက်​​ရေးအထိက​တော့ ​တော်​လှန်​​ရေးဆိုနှိုင်​​သော်​လည်း တိုက်​ပွဲကိုဆိုလိုရင်​​တော့ ​တော်​လှန်​​ရေး မသုံးနှိုင်​ဘူး ။ ( ခု​တော့ တိုက်​ပွဲအဓိပ္ပာယ်​နဲ့​တော်​လှန်​​ရေးကို သုံး​နေကြပါပြီ ။ )

အဓိပ္ပာယ်​ကွဲပြားပုံကို Eng တတ်​ကျွမ်းသူမှ သိမယ်​ ။ ဗကပ​တွေလုပ်​ ၊ ဦး​နေဝင်း လုပ်​သွားတာ​တွေဟာ မ​အောင်​မြင်​တဲ့​တော်​လှန်​​ရေး​တွေ ဖြစ်​တယ်​ ။ ဖက်​ဆစ်​ဂျ ပန်​ ​တော်​လှန်​​ရေးက​တော့ ​တော်​လှန်​​ရေး ( revolution ) မဟုတ်​ဘူး ။ ( resistance ) သာဖြစ်​တယ်​ ။

ဗမာကွန်​မြူ နစ်​​တွေ တလွဲပြန်​ ၊အခြားစာ​ပေ​တွေကလည်း တလွဲပြန်​ကြတဲ့ စကားလုံးက​တော့ atheism ပါပဲ ။

Atheism ဆိုတာ a- ​ရှေ့ဆက်​နဲ့ theism ​ပေါင်းစပ်​ထားတာပါ ။ ​ရှေ့ဆက်​က မ, သ​ဘောကို ပြတယ်​ ။ apolitical ဆိုတာ နိုင်​ငံ​ရေးနဲ့မပတ်​သက်​ဘူး​ပေါ့ ။ theism ဆိုတာက the နဲ့ ism ​ပေါင်းစပ်​ထားတာပါ ။ the က ဂရိခ်​ ( ​ခေါမ ) စကား theous က လာတာပါ ။ thoueus , deus , divus တို့ ၊ သက္ကတ , ပါဠိ deva တို့ အတူတူပဲ ။ နတ်​​ပေါ့ ။ ဗမာမှာ ဆရာယုဒသန်​က ထာဝရဘုရားလို့ သုံး​ပေမယ့်​ ခရစ်​ယာန်​ သမ္မာကျ မ်းစာ သက္ကတ ၊ ပါဠိဘာသာပြန်​မှာ​တော့ ​ဒေဝပဲ သုံးကြပါတယ်​ ။ ဒီ​တော့ atheism ဆို​တော့ အ​ဒေဝဝါဒ ၊ ​ဒေဝမရှိတဲ့ ဝါဒ ။ ထာဝရဘုရားမရှိတဲ့ဝါဒ ဖြစ်​တယ်​ ။ ဗုဒ္ဓဝါဒကလည်း ထာဝရမရှိတဲ့ဝါဒ [ atheism ] ဖြစ်​တယ်​ ။ ဒါကို ကွဲကွဲပြားပြား နားမလည်​ကြတဲ့အတွက်​ atheism ကို ဘုရားမဲ့ဝါဒ ပြန်​ကြ​လေ​တော့ ဗုဒ္ဓပါ မရှိဘူး ​ပြောသလို ဖြစ်​ကုန်​တယ်​ ။ ဒီလိုနဲ့ လက်​ဝဲသမား​ပေါက်​စ​လေး​တွေ နားမလည်​ ၊ ပါးမလည်​နဲ့ ဗုဒ္ဓဝါဒကိုပါ ပုတ်​ခတ်​ချ င်​လာကြတယ်​ ။

လွတ်​လပ်​​ရေးရခါစက ကျ ​နော်​တို့တိုင်းပြည်​မှာ ကရင်​သူပုန်​ ၊ ကွန်​မြူ နစ်​သူပုန်​​တွေ အ​တော်​​လေး ထကြွခဲ့ကြပါတယ်​ ။ ဒါကို နိုင်​ငံခြားကလည်း သိပါတယ်​ ။ ... မီဒီယာ​ဝေါဟာရမှာ အ​မေရိကန်​အစိုးရကို ဝါရှင်​တန်​ ၊ တရုတ်​အစိုးရကို ပီကင်းအစိုးရ သုံးသလို ဗမာအစိုးရကို ရန်​ကုန်​အစိုးရ သုံးလိုက်​တာပါ ။ The government of Rangoon , the Rangoon government ! အဲဒါကိုပဲ သူပုန်​​တွေ ပတ်​ချာဝိုင်း​နေသမို့ နိုင်​ငံခြားသတင်း​တွေက​တောင်​ ရန်​ကုန်​အစိုးရ ​ခေါ်လာကြတယ်​လို့ ​ပြောကြ ​ဟောကြ ​ရေးကြတာကလား ။ တချို့  ခုထိ​တောင်​ အဲသလိုအ​ပြောမျိုး ​ပြောချ င်​ကြ​သေးတာ ။

ဒီ​တော့ က​နေ့​ခေတ်​ နိုင်​ငံ​ရေးသမားလုပ်​ချ င်​သူ​တွေကို တိုက်​တွန်းချ င်​တယ်​ ။ ပြည်​သူကို ချ စ်​ပါတယ်​ ၊ အလုပ်​အ​ကျွေးပြု ချ င်​ပါတယ်​ ဆိုကာမျှ နဲ့ က​နေ့​ခေတ်​က နိုင်​ငံ​ရေးလုပ်​လို့ မရဘူး ။ နိုင်​ငံခြားသား​တွေ လွှတ်​​တော်​ကို လာကြတယ်​ ။ လွှတ်​​တော်​ကိုယ်​စားလှယ်​​တွေနိုင်​ငံခြား သွား​နေကြရတယ်​ ။ အင်္ဂလိပ်​စကား တတ်​ပါ ၊ Eng စာ , Eng မီဒီယာ ကြည့်​ပါ ၊ နား​ထောင်​ပါ ။ ပြည်​သူ့ကိုယ်​စားလှယ်​​တော်​ကြီးအဖြစ်​ လွှတ်​​တော်​ထဲ​ရောက်​လို့ စာတမ်းပြု စုရကာမှ organized crime လို့ မှန်​မှန်​ကန်​ကန်​ မသုံးတတ်​ပဲ ၊ed မပါပဲ organize crime ​ရေးမိတာမျိုး မဖြစ်​ပါ​စေနဲ့ ။ ရှက်​စရာ ​ကောင်းတယ်​ ။

စောင့်​ကြည့်​ဂျာနယ်
21.2.2012

No comments:

Post a Comment