Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, November 22, 2018

အိမ္ေဆာက္တဲ့အခါ ရက္ေရြးပါ သံုးတဲ့သစ္လည္း ဂ႐ုစိုက္ပါ

အိမ္ေဆာက္ရက္ေရြးတဲ့အခါမွာ တနဂၤေႏြေန႔ေရြးရင္ ဒုကၡဆင္းရဲေရာက္တတ္ၿပီး တနလၤာေန႔ေဆာက္ရင္ (၂)လေျမာက္မွာ သားသမီးပြားစီးရင္ ခ်မ္းသာႂကြယ္ဝတတ္ပါတယ္။ အဂၤါေန႔ေဆာက္ရင္ ဆန္ေရစပါးေပါမ်ားႂကြယ္ဝၿပီး ဗုဒၶဟူးေန႔ေဆာက္ရင္ သုခခ်မ္းသာရပါတယ္။ ၾကာသပေတးေန႔ေဆာက္ရင္ ခ်မ္းသာႂကြယ္ဝၿပီး ေသာၾကာေန႔ေဆာက္ရင္ (၃)လၾကာရင္ သုခပြားတတ္ပါတယ္။

အိမ္ေဆာက္လေရြးတဲ့အခါမွာလည္း တန္ခူးလခ်မ္းသာႂကြယ္ဝတတ္ၿပီး ကဆုန္လ ဆန္ေရစပါးေပါမ်ား ႂကြယ္ဝပါတယ္။ ဝါေခါင္လ စီးပြားဥစၥာတိုးပြားၿပီး နတ္ေတာလ ထင္ေပၚေက်ာ္ေစာမည္။ ျပာသိုလ လူအမ်ား ခ်ီးမြမ္းခံရတတ္ၿပီး တေပါင္းလ ခ်မ္းသာႂကြယ္ဝတတ္ပါတယ္။ က်န္ေျခာက္လေလာက္မွာ ေဆာက္ရင္ ပ်က္စီးျခင္းေတြ ႀကံဳရတတ္တယ္လို႔ သိရပါတယ္။

ဒါ့အျပင္ အိမ္တြင္းအလွဆင္ရင္ ပရိေဘာဂနဲ႔ပက္သက္ၿပီး သစ္သားသံုးမယ္ဆိုရင္ မသံုးအပ္တဲ့သစ္ (၈)မ်ိဳးရွိပါတယ္။

ခုတ္ျပတ္စဥ္တြဲလဲက်ေနတဲ့ သစ္၊ သစ္ခြ၊ သစ္ကိုင္းၾကားတင္ေနတဲ့ သစ္၊ အဖ်ားႀကီးၿပီးအရင္း႐ွဴးေနေသာ သစ္၊ အရင္းဖ်ား႐ွဴးၿပီး အလယ္ႀကီးတဲ့ သစ္၊ လမ္းကူးေခ်ာင္းကူး သစ္၊ အပင္ခ်င္းအကိုင္းခ်င္း ႀကိတ္ေသာ သစ္၊ အပင္မွာႏြယ္ရစ္ပတ္တဲ့ သစ္၊ မ်က္ရည္ေပါက္လိုအကြက္ထေနတဲ့ သစ္ေတြကို ေရွာင္ၾကဥ္သင့္ပါတယ္။

အိမ္၊ ေက်ာင္းေဆာက္ရာမွာ မသံုးအပ္တဲ့သစ္ (၁၁)မ်ိဳးက မိေက်ာင္း၊ မအူ၊ သခြတ္၊ ေညာင္၊ သွ်ိသွ်ား၊ သီး(သား)၊ သေျပ၊ သစ္စိမ္ေရသား၊ ကေလာ၊ လက္ပံ၊ လဲ တို႔ျဖစ္တယ္လို႔ သိရပါတယ္။

 The Kumudra


#Unicode Version#

အိမ်ဆောက်ရက်ရွေးတဲ့အခါမှာ တနင်္ဂနွေနေ့ရွေးရင် ဒုက္ခဆင်းရဲရောက်တတ်ပြီး တနင်္လာနေ့ဆောက်ရင် (၂)လမြောက်မှာ သားသမီးပွားစီးရင် ချမ်းသာကြွယ်ဝတတ်ပါတယ်။ အင်္ဂါနေ့ဆောက်ရင် ဆန်ရေစပါးပေါများကြွယ်ဝပြီး ဗုဒ္ဓဟူးနေ့ဆောက်ရင် သုခချမ်းသာရပါတယ်။ ကြာသပတေးနေ့ဆောက်ရင် ချမ်းသာကြွယ်ဝပြီး သောကြာနေ့ဆောက်ရင် (၃)လကြာရင် သုခပွားတတ်ပါတယ်။

အိမ်ဆောက်လရွေးတဲ့အခါမှာလည်း တန်ခူးလချမ်းသာကြွယ်ဝတတ်ပြီး ကဆုန်လ ဆန်ရေစပါးပေါများ ကြွယ်ဝပါတယ်။ ဝါခေါင်လ စီးပွားဥစ္စာတိုးပွားပြီး နတ်တောလ ထင်ပေါ်ကျော်စောမည်။ ပြာသိုလ လူအများ ချီးမွမ်းခံရတတ်ပြီး တပေါင်းလ ချမ်းသာကြွယ်ဝတတ်ပါတယ်။ ကျန်ခြောက်လလောက်မှာ ဆောက်ရင် ပျက်စီးခြင်းတွေ ကြုံရတတ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အိမ်တွင်းအလှဆင်ရင် ပရိဘောဂနဲ့ပက်သက်ပြီး သစ်သားသုံးမယ်ဆိုရင် မသုံးအပ်တဲ့သစ် (၈)မျိုးရှိပါတယ်။

ခုတ်ပြတ်စဉ်တွဲလဲကျနေတဲ့ သစ်၊ သစ်ခွ၊ သစ်ကိုင်းကြားတင်နေတဲ့ သစ်၊ အဖျားကြီးပြီးအရင်းရှူးနေသော သစ်၊ အရင်းဖျားရှူးပြီး အလယ်ကြီးတဲ့ သစ်၊ လမ်းကူးချောင်းကူး သစ်၊ အပင်ချင်းအကိုင်းချင်း ကြိတ်သော သစ်၊ အပင်မှာနွယ်ရစ်ပတ်တဲ့ သစ်၊ မျက်ရည်ပေါက်လိုအကွက်ထနေတဲ့ သစ်တွေကို ရှောင်ကြဉ်သင့်ပါတယ်။

အိမ်၊ ကျောင်းဆောက်ရာမှာ မသုံးအပ်တဲ့သစ် (၁၁)မျိုးက မိကျောင်း၊ မအူ၊ သခွတ်၊ ညောင်၊ သျှိသျှား၊ သီး(သား)၊ သပြေ၊ သစ်စိမ်ရေသား၊ ကလော၊ လက်ပံ၊ လဲ တို့ဖြစ်တယ်လို့ သိရပါတယ်။

The Kumudra

No comments:

Post a Comment