Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, October 17, 2018

တကၠသိုလ္ရိပ္သာလမ္းေနအိမ္ကို ေလလံပစ္အေမြခြဲယူရန္ ဦးေအာင္ဆန္းဦး ေတာင္းဆို

ရန္ကုန္ၿမိဳ႕၊ တကၠသိုလ္ရိပ္သာလမ္း၊ အမွတ္ (၅၄) ေနအိမ္ကို ေလလံတင္ေရာင္းခ်ၿပီး ရလာတဲ့တန္ဖုိးကို ညီမျဖစ္သူေဒၚေအာင္ဆန္းစုၾကည္နဲ႔ တစ္ေယာက္တစ္၀က္ခြဲယူဖို႔ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ သားႀကီး ဦးေအာင္ဆန္းဦးက ေတာင္းဆိုလိုက္ပါတယ္။

ေအာက္တုိဘာ ၁၇ ရက္က ေနျပည္ေတာ္ရွိ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္မွာ အထူးအယူခံ၀င္ခြင့္ လာေရာက္ေလွ်ာက္ထားအၿပီးမွ မီဒီယာေတြကို အခုလို ေျပာၾကားလိုက္ တာပါ။

ဦးေအာင္ဆန္းဦးက “အခုဟာက ပစၥည္းခြဲလို႔ကေတာ့ ညိႇလို႔က မလြယ္ဘူးေလ။ အိမ္ပါတာ မပါတာ အဲဒါေတြ မလုိခ်င္ဘူး။ ေလလံပစ္ၿပီးေတာ့ရတဲ့တန္ဖုိးကို တစ္ေယာက္တစ္၀က္ခြဲမယ္ ဒါအရွင္းဆံုးပဲ။ အဲဒါကို က်ေနာ္ေတာင္းဆုိတာ။ အဲဒါလည္း ဘာမွ မတရားေတာင္းဆုိတာမွ မဟုတ္ဘဲ။ ရွင္းရွင္းေလးပဲ။ ေလလံပစ္ၿပီးေတာ့ ဘယ္သူက ဘယ္အျခမ္းပိုင္တယ္။ ဘာေတြပါတယ္၊ ဘာမွမဆုိင္ေတာ့ဘူး။ တန္ဖုိးကိုပဲ အခြန္ေတြပါေတြေပးၿပီး တစ္ေယာက္တစ္၀က္ ရရင္ ၿပီးတာပဲ”လို႔ ေျပာပါတယ္။

ဒီအမႈနဲ႔ပတ္သက္ၿပီး ၂၀၁၆ ခုႏွစ္ ႏုိ၀င္ဘာလမွာ ရန္ကုန္အေနာက္ပိုင္းခရိုင္ တရားရံုးကေန ရန္ကုန္ၿမိဳ႕ တကၠသုိလ္ရိပ္သာလမ္းရွိ မိခင္ႀကီး ေဒၚခင္ၾကည္ အမည္ေပါက္ ေျမအက်ယ္အ၀န္း ၁ ဒသမ ၉၂၃ ဧက၊ ႏွစ္ထပ္တုိက္နဲ႔ ေျမတစ္၀က္ကို ေဒၚေအာင္ဆန္းစုၾကည္၊ တစ္ထပ္တိုက္နဲ႔ ေျမတစ္၀က္ကို ဦးေအာင္ဆန္းဦးဆိုၿပီး တစ္ ၀က္စီခြဲေ၀ဖို႔ အၿပီးသတ္အမိန္႔ခ်ခဲ့ၿပီး ၿပီျဖစ္ပါတယ္။

အခုလုိ အၿပီးသတ္အမိန္႔ခ်ၿပီးသားအမႈကို အထူးအယူခံ၀င္ခြင့္တင္ရတာဟာ ဦးေအာင္ဆန္းဦး ခြဲျခမ္းရရွိတဲ့ တစ္၀က္ထဲက အိမ္ဟာအေဟာင္းျဖစ္ၿပီး ၿပိဳေနတာေၾကာင့္ တစ္ေၾကာင္း၊ မိခင္ေဒၚခင္ၾကည္နဲ႔အမ်ဳိးေတာ္စပ္သူ ဦးခင္ေမာင္ေအးကို ေပးခဲ့တယ္ဆိုၿပီး အၿပီးသတ္အမိန္႔မွာ ဦးခင္ေမာင္ေအးအတြက္ ၁၀၀ ေပ × ၇၀ ေပ ခ်န္ေပးဖို႔ အမိန္႔ခ်ခဲ့တာေၾကာင့္ အခုလို တင္သြင္းရတာျဖစ္တယ္လို႔ ဦးေအာင္ဆန္းဦးရဲ႕ ေရွ႕ေန ဦးေအးလြင္(မုိးဟိန္းေက်ာ္) ကေျပာပါတယ္။
(DVB)

#Unicode Version#
ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ် (၅၄) နေအိမ်ကို လေလံတင်ရောင်းချပြီး ရလာတဲ့တန်ဖိုးကို ညီမဖြစ်သူဒေါ်အောင်ဆန်းစုကြည်နဲ့ တစ်ယောက်တစ်ဝက်ခွဲယူဖို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားကြီး ဦးအောင်ဆန်းဦးက တောင်းဆိုလိုက်ပါတယ်။

အောက်တိုဘာ ၁၇ ရက်က နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ အထူးအယူခံဝင်ခွင့် လာရောက်လျှောက်ထားအပြီးမှ မီဒီယာတွေကို အခုလို ပြောကြားလိုက် တာပါ။

ဦးအောင်ဆန်းဦးက “အခုဟာက ပစ္စည်းခွဲလို့ကတော့ ညှိလို့က မလွယ်ဘူးလေ။ အိမ်ပါတာ မပါတာ အဲဒါတွေ မလိုချင်ဘူး။ လေလံပစ်ပြီးတော့ရတဲ့တန်ဖိုးကို တစ်ယောက်တစ်ဝက်ခွဲမယ် ဒါအရှင်းဆုံးပဲ။ အဲဒါကို ကျနော်တောင်းဆိုတာ။ အဲဒါလည်း ဘာမှ မတရားတောင်းဆိုတာမှ မဟုတ်ဘဲ။ ရှင်းရှင်းလေးပဲ။ လေလံပစ်ပြီးတော့ ဘယ်သူက ဘယ်အခြမ်းပိုင်တယ်။ ဘာတွေပါတယ်၊ ဘာမှမဆိုင်တော့ဘူး။ တန်ဖိုးကိုပဲ အခွန်တွေပါတွေပေးပြီး တစ်ယောက်တစ်ဝက် ရရင် ပြီးတာပဲ”လို့ ပြောပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှာ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးကနေ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ မိခင်ကြီး ဒေါ်ခင်ကြည် အမည်ပေါက် မြေအကျယ်အဝန်း ၁ ဒသမ ၉၂၃ ဧက၊ နှစ်ထပ်တိုက်နဲ့ မြေတစ်ဝက်ကို ဒေါ်အောင်ဆန်းစုကြည်၊ တစ်ထပ်တိုက်နဲ့ မြေတစ်ဝက်ကို ဦးအောင်ဆန်းဦးဆိုပြီး တစ် ဝက်စီခွဲဝေဖို့ အပြီးသတ်အမိန့်ချခဲ့ပြီး ပြီဖြစ်ပါတယ်။

အခုလို အပြီးသတ်အမိန့်ချပြီးသားအမှုကို အထူးအယူခံဝင်ခွင့်တင်ရတာဟာ ဦးအောင်ဆန်းဦး ခွဲခြမ်းရရှိတဲ့ တစ်ဝက်ထဲက အိမ်ဟာအဟောင်းဖြစ်ပြီး ပြိုနေတာကြောင့် တစ်ကြောင်း၊ မိခင်ဒေါ်ခင်ကြည်နဲ့အမျိုးတော်စပ်သူ ဦးခင်မောင်အေးကို ပေးခဲ့တယ်ဆိုပြီး အပြီးသတ်အမိန့်မှာ ဦးခင်မောင်အေးအတွက် ၁၀၀ ပေ × ၇၀ ပေ ချန်ပေးဖို့ အမိန့်ချခဲ့တာကြောင့် အခုလို တင်သွင်းရတာဖြစ်တယ်လို့ ဦးအောင်ဆန်းဦးရဲ့ ရှေ့နေ ဦးအေးလွင်(မိုးဟိန်းကျော်) ကပြောပါတယ်။
(DVB)

No comments:

Post a Comment