CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, October 18, 2018
နတ်မောက်မြို့၌ မိလ္လာကျင်းထဲသို့ ဖုန်းကျ၍ ဆင်းကောက်သည့် ကျောင်းသားလေးဦး သေဆုံး
နတ်မောက် အောက်တိုဘာ ၁၇
မကွေးခရိုင် နတ်မောက်မြို့နယ် ရွှေပန်း တောကျေးရွာ ဈေးကုန်းရပ်တွင် ဦးအောင်မြိုင်ဦးစီးတည်ထောင်သော ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်း ကျောင်းဖြစ်သည့် ပညာဥယျာဉ်ဘော်ဒါ ဆောင်တွင် အောက်တိုဘာ ၁၇ ရက်က မိလ္လာကျင်းထဲသို့ ဖုန်းကျ၍ ဆင်းကောက် ရာမှ ကျောင်းသားလေးဦး သေဆုံးမှုဖြစ် ပွားခဲ့သည်။
ဖြစ်စဉ်မှာ နတ်မောက်မြို့နယ် ရွှေပန်းတောကျေးရွာ ဈေးကုန်းရပ်တွင် ဦးအောင်မြိုင် ဦးစီးတည်ထောင်သော ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်း ကျောင်းဖြစ်သည့် ပညာဥယျာဉ်ဘော်ဒါ ဆောင်၌ အောက်တိုဘာ ၁၇ ရက်က ဂိုက်ဆရာ၏ှSAMSUNG-G7ဖုန်း မိလ္လာကျင်းထဲသို့ ပြုတ်ကျခဲ့ရာ အဆိုပါ ပညာဘော်ဒါဆောင်နေ ရွှေပန်းတော အထက ကျောင်းမှ ကျောင်းသား သန်းတိုးအောင် (၁၅ နှစ်)၊ မောင်ထိုက် မင်းရှိန်၊ မောင်ဇေယျာမင်းချစ်နှင့် မောင်ဟိန်းထက်စံတို့ တစ်ဦးပြီးတစ်ဦး ဆင်းရှာပြီး ပြန်တက်မလာသည်ကို သတိပြုမိသဖြင့် ဝိုင်းဝန်းဆယ်ယူကြရာ နံနက် ၁၁ နာရီခွဲတွင် ဆယ်ယူခဲ့ပြီး ရဲဆေး စာဖြင့် ရွှေပန်းတောတိုက်နယ် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ တိုက်နယ်ဆေးရုံရှိ ဆရာဝန် ဒေါက်တာကျော်ကျော်လှိုင်က အဆိုပါ ကျောင်းသားလေးဦးတို့မှာ အသက်မရှိတော့ကြောင်း အတည်ပြု ပြောကြားခဲ့သည်။
ဆက်လက်၍ ပညာဥယျာဉ်ဘော်ဒါ သည် ခွင့်ပြုချက်ရရှိပြီး ဘော်ဒါဖြစ်ပြီး သေဆုံးသွားသောကျောင်းသားလေးဦးအား ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်၊ မဟုတ် သိရှိနိုင်ရန်အတွက် ရွှေပန်းတော နယ်မြေရဲစခန်းမှ စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇော်ဇော်(မြို့သစ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
နတ်မောက်မြို့၌ မိလ္လာကျင်းထဲသို့ ဖုန်းကျ၍ ဆင်းကောက်သည့် ကျောင်းသားလေးဦး သေဆုံး
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 18, 2018
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 18, 2018
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment