Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 18, 2018

ကျောက်ဂူရေထွက်တောရ ဆရာတော် ယာဉ်မတော်တဆမှုဖြင့် ပျံလွန်တော်မူ


မန္တလေး-၁၈ အောက်တိုဘာ

ကလေး ၊ ဂန့်ဂေါ ဒေသတို့မှ အထူး ကိုးကွယ်ကြသည့် ကျောက်ဂူရေထွက်တောရ ဆရာတော် ယာဉ်မတော်တဆမှုဖြင့် ပျံလွန်တော်မူသွားကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှသိရသည်။

ယနေ့နံနက် (၀၉ ၁၀) နေပြည်တော် - မန္တလေးအမြန်လမ်း မိုင်တိုင် ၃၁၀/၃- ၃၁၀/ ၄ဖာလုံးကြား တွင် ကျောက်ဂူဆရာတော်လိုက်ပါစီးနင်းလာသည့် 1P/****(Lexus အနက်ရောင်)ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြေသားတောင်စောင်းဝင်တိုက်မိခဲ့ကြောင်းသိရသည်။


ယနေ့နံနက် ၀၉း၅၀ တွင်ဆရာတော် အရှင်က္ကန္ဒာစရိယသည် ပျံလွန် တော် မူခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသား ၄ဦး အနက် ကိုဆန်းကို ပုလဲမြို့ နေသူသည် နေရာတွင် သေဆုံးခဲ့ကြောင်း ကနဦးသတင်းများအရသိရသည်။


ဆရာတော်သည် ၆၈ နှစ်ပြည့် ဝိဇာတမင်္ဂလာ ကို အောက်တိုဘာ ၂၅ ရက်တွင် ကလေးမြို့မှာ ကျင်းပရန်စီစဉ်ထားကြောင်း သိရသည်။

အိမို့မို့ခိုင်
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews

No comments:

Post a Comment