Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 4, 2018

ရုတ္တရက္ကြယ္လြန္သြားတဲ႔ သရုပ္ေဆာင္မင္းေသြးတို႔ အိမ္ရဲ႕ လက္တေလာအေျခအေန


ေအာက္တိုဘာ(၃)ရက္ေန့၊ ည ၁၁ နာရီ ၂၀ မိနစ္မွာ ရုတ္တရက္ကြယ္လြန္သြားတဲ့ သရုပ္ေဆာင္နွင့္ အဆိုေတာ္ မင္းေသြးကြယ္လြန္သြားမႈက အနုပညာေလာကအတြက္ ျကီးက်ယ္တဲ့ဆံုးရံႈးမႈတစ္ခုပါပဲ။ မင္းေသြးရဲ့ မိသားစုဝင္ေတြ၊ ပရိသတ္ေတြသာမက အနုပညာေလာကသားေတြပါ ယူျကံုးမရျဖစ္ေနျကပါတယ္။ မင္းေသြးက မထင္မွတ္ထားတဲ့ အေျခအေနမွာ ရုတ္တရက္ျကီး ကြယ္လြန္သြားတာမို့လို့ ပရိသတ္ေတြက အခုခ်ိန္ထိ မယံုျကည္နိုင္ျကေသးပါဘူး။ ဒါေပမယ့္ ဒီအျဖစ္ဆိုးျကီးကေတာ့ လက္မခံခ်င္လဲ လက္ခံရေတာ့မွာပါပဲ။

မင္းေသြးက မင္းသားေနတိုးရဲ့ညီျဖစ္ေပမယ့္ အစ္ကိုျဖစ္သူကို မမွီခိုပဲ ကိုယ့္အစြမ္းအစနဲ့ကိုယ္ အနုပညာေလာကထဲကို ဝင္ေရာက္လာခဲ့ျပီး ေအာင္ျမင္ေနတဲ့သူတစ္ဦးပါ။ မင္းေသြးက လက္တေလာမွာ သူရဲ့တစ္ကိုယ္ေတာ္အေခြအသစ္အတြက္ ေဆာင္ရြက္ေနတာျဖစ္ျပီး သူေခာင္းေဆာင္မင္းသားအေနနဲ့ ရိုက္ကူးထားတဲ့ “သတ္ကြင္း” ရုပ္ရွင္ဇာတ္ကားျကီးကလဲ မျကာခင္မွာ ရံုတင္ျပသေတာ့မွာျဖစ္ပါတယ္။

မင္းေသြးက မိသားစုဝင္ထဲမွာ တတိယေျမာက္သားျဖစ္ျပီး သားအငယ္ဆံုးတစ္ဦးလဲျဖစ္ပါတယ္။ မင္းေသြးက မေန့ကညပိုင္းမွာ သူငယ္ခ်င္းေတြနဲ့အတူတူ ေဘာလံုးကန္ရာမွ ရုတ္တရက္အေမာဆို့ျပီး လဲက်ရာမွ ေဆးရံုသို့သြားေနစဥ္ လမ္းမွာတင္ပဲ ေသဆံုးသြားခဲ့တာပဲျဖစ္ပါတယ္။

ဒီေန့မနက္ပိုင္းမွာေတာ့ မင္းေသြးရဲ့ေနအိမ္မွာ မိသားစုဝင္ေတြက မင္းေသြးအတြက္ သက္ေပ်ာက္ဆြမ္းကပ္ေပးခဲ့တဲ့ပံုရိပ္ေတြကို မွ်ေဝေပးလိုက္ပါတယ္။

အနုပညာရွင္ေတြအေျမာက္အမ်ားကလဲ က်န္ရစ္သူမိသားစုဝင္ေတြနဲ့အတူတူ တရားနာရင္း သတင္းလာေမးျကတာကိုလဲေတြ့ရပါတယ္။

အဓိဌာန္အၿမဲဝင္ျပီး ဘာသာတရားကိုင္း႐ွိဳင္းတဲ့ မင္းေသြးတစ္ေယာက္ က်န္ရစ္သူမိသားစုဝင္မ်ားရဲ႕ ျပဳသမွ်ကုသိုလ္ေကာင္းမႈ အစုစု တို႔ကို ရရွိျပီး ေရာက္ရာဘံုဘဝကေန သာဓုေခၚနိုင္ပါေစ။

မင္းေသြးက ကြယ္လြန္သြားခ်ိန္မွာ အသက္(၃၃)နွစ္ရိွျပီလို့လဲ သိရပါတယ္။ မင္းေသြးရဲ့ ရုပ္အေလာင္းကို (၅) ရက္တိတိ ထားရိွမွာျဖစ္ျပီး ရခိုုင္ရိုးရာအတိုင္း သျဂိဳလ္မယ္လို့လဲ သိရပါတယ္။

အစ္ကိုျဖစ္သူေနတိုးကလဲ ဝမ္းနည္းမႈကို အင္မတန္ထိန္းခ်ုပ္ထားတဲ့ပံုပါပဲ။ မင္းေသြးလို ပကာသနမရိွပဲ စိတ္ထားျဖူစင္တဲ့ လူေတာ္တစ္ဦး ေလာကျကီးထဲက ေစာေစာစီးစီးထြက္သြားတာ တကယ္စိတ္မေကာင္းစရာပါပဲ။ မင္းေသြးရဲ့ ေသဆံုးမႈဟာ ပရိသတ္ေတြအတြက္ တုန္လႈပ္ေျခာက္ခ်ားစရာတစ္ခုျဖစ္ေနမွာေတာ့ အမွန္ပါပဲ။ မိုမိုေလးမီဒီယာမွလဲ မင္းေသြးအတြက္ မိသားစုနဲ့ထပ္တူ ဝမ္းနည္းေျကကြဲမိပါတယ္။ မင္းေသြးတစ္ေယာက္ ေကာင္းရာမြန္ရာ ဘံုဘဝမွာ ေအးခ်မ္းစြာအနားယူနိုင္ပါေစေနာ္။
thutasone









#Unicode Version#
အာက်တိုဘာ(၃)ရက်နေ့၊ ည ၁၁ နာရီ ၂၀ မိနစ်မှာ ရုတ်တရက်ကွယ်လွန်သွားတဲ့ သရုပ်ဆောင်နှင့် အဆိုတော် မင်းသွေးကွယ်လွန်သွားမှုက အနုပညာလောကအတွက် ကြီးကျယ်တဲ့ဆုံးရှုံးမှုတစ်ခုပါပဲ။ မင်းသွေးရဲ့ မိသားစုဝင်တွေ၊ ပရိသတ်တွေသာမက အနုပညာလောကသားတွေပါ ယူကြုံးမရဖြစ်နေကြပါတယ်။ မင်းသွေးက မထင်မှတ်ထားတဲ့ အခြေအနေမှာ ရုတ်တရက်ကြီး ကွယ်လွန်သွားတာမို့လို့ ပရိသတ်တွေက အခုချိန်ထိ မယုံကြည်နိုင်ကြသေးပါဘူး။ ဒါပေမယ့် ဒီအဖြစ်ဆိုးကြီးကတော့ လက်မခံချင်လဲ လက်ခံရတော့မှာပါပဲ။

မင်းသွေးက မင်းသားနေတိုးရဲ့ညီဖြစ်ပေမယ့် အစ်ကိုဖြစ်သူကို မမှီခိုပဲ ကိုယ့်အစွမ်းအစနဲ့ကိုယ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး အောင်မြင်နေတဲ့သူတစ်ဦးပါ။ မင်းသွေးက လက်တလောမှာ သူရဲ့တစ်ကိုယ်တော်အခွေအသစ်အတွက် ဆောင်ရွက်နေတာဖြစ်ပြီး သူခောင်းဆောင်မင်းသားအနေနဲ့ ရိုက်ကူးထားတဲ့ “သတ်ကွင်း” ရုပ်ရှင်ဇာတ်ကားကြီးကလဲ မကြာခင်မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။

မင်းသွေးက မိသားစုဝင်ထဲမှာ တတိယမြောက်သားဖြစ်ပြီး သားအငယ်ဆုံးတစ်ဦးလဲဖြစ်ပါတယ်။ မင်းသွေးက မနေ့ကညပိုင်းမှာ သူငယ်ချင်းတွေနဲ့အတူတူ ဘောလုံးကန်ရာမှ ရုတ်တရက်အမောဆို့ပြီး လဲကျရာမှ ဆေးရုံသို့သွားနေစဉ် လမ်းမှာတင်ပဲ သေဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။

ဒီနေ့မနက်ပိုင်းမှာတော့ မင်းသွေးရဲ့နေအိမ်မှာ မိသားစုဝင်တွေက မင်းသွေးအတွက် သက်ပျောက်ဆွမ်းကပ်ပေးခဲ့တဲ့ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။

အနုပညာရှင်တွေအမြောက်အများကလဲ ကျန်ရစ်သူမိသားစုဝင်တွေနဲ့အတူတူ တရားနာရင်း သတင်းလာမေးကြတာကိုလဲတွေ့ရပါတယ်။

အဓိဌာန်အမြဲဝင်ပြီး ဘာသာတရားကိုင်းရှိုင်းတဲ့ မင်းသွေးတစ်ယောက် ကျန်ရစ်သူမိသားစုဝင်များရဲ့ ပြုသမျှကုသိုလ်ကောင်းမှု အစုစု တို့ကို ရရှိပြီး ရောက်ရာဘုံဘဝကနေ သာဓုခေါ်နိုင်ပါစေ။

မင်းသွေးက ကွယ်လွန်သွားချိန်မှာ အသက်(၃၃)နှစ်ရှိပြီလို့လဲ သိရပါတယ်။ မင်းသွေးရဲ့ ရုပ်အလောင်းကို (၅) ရက်တိတိ ထားရှိမှာဖြစ်ပြီး ရခိုင်ရိုးရာအတိုင်း သဂြိုလ်မယ်လို့လဲ သိရပါတယ်။

အစ်ကိုဖြစ်သူနေတိုးကလဲ ဝမ်းနည်းမှုကို အင်မတန်ထိန်းချုပ်ထားတဲ့ပုံပါပဲ။ မင်းသွေးလို ပကာသနမရှိပဲ စိတ်ထားဖြူစင်တဲ့ လူတော်တစ်ဦး လောကကြီးထဲက စောစောစီးစီးထွက်သွားတာ တကယ်စိတ်မကောင်းစရာပါပဲ။ မင်းသွေးရဲ့ သေဆုံးမှုဟာ ပရိသတ်တွေအတွက် တုန်လှုပ်ခြောက်ချားစရာတစ်ခုဖြစ်နေမှာတော့ အမှန်ပါပဲ။ မိုမိုလေးမီဒီယာမှလဲ မင်းသွေးအတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲမိပါတယ်။ မင်းသွေးတစ်ယောက် ကောင်းရာမွန်ရာ ဘုံဘဝမှာ အေးချမ်းစွာအနားယူနိုင်ပါစေနော်။

thutasone

No comments:

Post a Comment