Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 4, 2018

ေက်ာက္ေတာ္ျမိဳ႕နယ္တြင္ အသက္ (၁၁)ႏွစ္အရြယ္ ပိုလီယိုေဝဒနာသည္အား သာမယားအျဖစ္ျပဳက်င့္ မွဳျဖစ္ပြါး


ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ျမိဳ႕နယ္၊ အေပါက္ဝနယ္ေျမရဲစခန္းအပိုင္ ရြာသစ္ေက ေက်းရြာတြင္ ေအာက္တိုဘာလ ၂ ရက္ေန႔ညေနပိုင္းက အသက္(၁၁)ႏွစ္အရြယ္ခန္႔ရွိ ပိုလီယိုေရာဂါေဝဒနာသည္တစ္ဦးအား တစ္ရြာတည္းေနသူ ဦးထြန္းစိန္ေမာင္ အသက္ ၅၅ႏွစ္ မွ သားမယားအျဖစ္ ျပဳက်င့္မွဳျဖစ္ပြားခဲ့ေၾကာင္း စုံစမ္းသိရွိရပါသည္။

ျပဳက်င့္ခံရသူအဂၤါမွ ေသြးမ်ားထြက္သည္ကို ကေလးငယ္၏ မိခင္ျဖစ္သူ ျမင္၍ ေမးျမန္းရာမွ ေက်းရြာ ေရကန္ပ်က္သြားလမ္း ျခံဳပုတ္တြင္ ျပဳက်င့္ခံရျခင္းျဖစ္ေႀကာင္း သိရွိွရသည္ဟု ဆိုသည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သတ္၍ တရားခံ ဦးထြန္းစိန္ေမာင္အား အေပါက္ဝ နယ္ေျမစခန္းမွ (ပ) ၄၉/၂၀၁၈ ရာသတ္ႀကီးပုဒ္မ ၃၇၆ ျဖင့္ အမွဳဖြင့္ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။
တံျမက္စည္း(မုနိၿမီ)

#Unicode Version#

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝနယ်မြေရဲစခန်းအပိုင် ရွာသစ်ကေ ကျေးရွာတွင် အောက်တိုဘာလ ၂ ရက်နေ့ညနေပိုင်းက အသက်(၁၁)နှစ်အရွယ်ခန့်ရှိ ပိုလီယိုရောဂါဝေဒနာသည်တစ်ဦးအား တစ်ရွာတည်းနေသူ ဦးထွန်းစိန်မောင် အသက် ၅၅နှစ် မှ သားမယားအဖြစ် ပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။

ပြုကျင့်ခံရသူအင်္ဂါမှ သွေးများထွက်သည်ကို ကလေးငယ်၏ မိခင်ဖြစ်သူ မြင်၍ မေးမြန်းရာမှ ကျေးရွာ ရေကန်ပျက်သွားလမ်း ခြုံပုတ်တွင် ပြုကျင့်ခံရခြင်းဖြစ်ကြောင်း သိရှှိရသည်ဟု ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သတ်၍ တရားခံ ဦးထွန်းစိန်မောင်အား အပေါက်ဝ နယ်မြေစခန်းမှ (ပ) ၄၉/၂၀၁၈ ရာသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တံမြက်စည်း(မုနိမြီ)

No comments:

Post a Comment