Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, September 9, 2018

နတ္ေတြကဘုရားရွင္ထံလာတဲ့အခါမထိုင္ပဲ ဘာေၾကာင့္ ရပ္ေနၾကပါသလဲ ?? (Or) နတ္ေတြ ရပ္ေတာ္မူရတဲ့ အေၾကာင္းအရင္း …

၁။ ျမန္ျမန္ျပန္သြားခ်င္လို႔။
မွန္ပါတယ္။ သန္႔ရွင္းစင္ၾကယ္တဲ့လူဟာ က်င္ႀကီးက်င္ငယ္
ရွိရာအရပ္ကိုလာရသလို နတ္ေတြကတစ္စံုတစ္ခုအက်ဳိးကို
ပဲ အေၾကာင္းျပဳၿပီး လူ႔ျပည္ကိုလာၾကပါတယ္။ ပင္ကိုယ္အား
ျဖင့္ နတ္ေတြအဖို႔ လူ႔ျပည္ဟာ အနံ႔ဆိုးလြန္းလို႔ ရြံစရာျဖစ္ပါ
တယ္။ လူ႔ျပည္မွာနတ္ေတြ မေပ်ာ္ၾကပါ။ ဒါေၾကာင့္နတ္ေတြ
ဟာ လာရင္းကိစၥကိုျပဳလုပ္ၿပီး ျမန္ျမန္ျပန္လိုလို႔ မထုိင္ၾကျခင္း
ျဖစ္ပါတယ္။

၂။ သြားျခင္းဆိုတဲ့ ဣရိယာပုသ္ေၾကာင့္ ပင္ပန္းတာကိုပယ္
ေဖ်ာက္လိုလို႔ ထိုင္ၾကတာပါ။ နတ္ေတြမွာ ပင္ပန္းတာမရွိပါ။
အဲဒါေၾကာင့္လည္းမထိုင္ၾကပါ။

၃။ ဘုရားရွင္ကို၀ိုင္းရံၿပီး ရပ္ေနတဲ့ မဟာသာ၀ကေတြကို
ျမတ္ႏႈိးလို႔လည္း မထိုင္ၾကပါ။(တစ္နည္း) ဘုရားရွင္အေပၚ
႐ုိေသလို႔ပဲ မထိုင္ၾကပါ။

မွန္ပါတယ္ထိုင္လိုတဲ့နတ္ေတြမွာ ေနရာျဖစ္ေပၚပါတယ္။
ထိုင္တာကိုအလိုမရွိလို႔ ထိုင္ဖို႔ရာစိတ္ေတာင္မရွိဘဲ ရပ္ၾက
ရပါတယ္။

(ခုဒၵကပါဌ၊ ႒၊ ၉၉)
Credit: သာမေဏေက်ာ္
ပီဋကတ္ေတာ္လာ သိမွတ္စရာ

#Unicode Version#

၁။ မြန်မြန်ပြန်သွားချင်လို့။
မှန်ပါတယ်။ သန့်ရှင်းစင်ကြယ်တဲ့လူဟာ ကျင်ကြီးကျင်ငယ်
ရှိရာအရပ်ကိုလာရသလို နတ်တွေကတစ်စုံတစ်ခုအကျိုးကို
ပဲ အကြောင်းပြုပြီး လူ့ပြည်ကိုလာကြပါတယ်။ ပင်ကိုယ်အား
ဖြင့် နတ်တွေအဖို့ လူ့ပြည်ဟာ အနံ့ဆိုးလွန်းလို့ ရွံစရာဖြစ်ပါ
တယ်။ လူ့ပြည်မှာနတ်တွေ မပျော်ကြပါ။ ဒါကြောင့်နတ်တွေ
ဟာ လာရင်းကိစ္စကိုပြုလုပ်ပြီး မြန်မြန်ပြန်လိုလို့ မထိုင်ကြခြင်း
ဖြစ်ပါတယ်။

၂။ သွားခြင်းဆိုတဲ့ ဣရိယာပုသ်ကြောင့် ပင်ပန်းတာကိုပယ်
ဖျောက်လိုလို့ ထိုင်ကြတာပါ။ နတ်တွေမှာ ပင်ပန်းတာမရှိပါ။
အဲဒါကြောင့်လည်းမထိုင်ကြပါ။

၃။ ဘုရားရှင်ကိုဝိုင်းရံပြီး ရပ်နေတဲ့ မဟာသာဝကတွေကို
မြတ်နှိုးလို့လည်း မထိုင်ကြပါ။(တစ်နည်း) ဘုရားရှင်အပေါ်
ရိုသေလို့ပဲ မထိုင်ကြပါ။

မှန်ပါတယ်ထိုင်လိုတဲ့နတ်တွေမှာ နေရာဖြစ်ပေါ်ပါတယ်။
ထိုင်တာကိုအလိုမရှိလို့ ထိုင်ဖို့ရာစိတ်တောင်မရှိဘဲ ရပ်ကြ
ရပါတယ်။

(ခုဒ္ဒကပါဌ၊ ဋ္ဌ၊ ၉၉)
Credit: သာမဏေကျော်
ပီဋကတ်တော်လာ သိမှတ်စရာ

No comments:

Post a Comment