CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Thursday, September 6, 2018
အဂၤါေတြရဲ႕ အားနည္းခ်က္၊ တနဂၤေႏြေတြရဲ႕ ဝဋ္ေၾကြး
အဂၤါေန႔ဖြားေတြရဲ႕အဆုိးဆုံး အားနည္းခ်က္ကေတာ့ လက္လြန္ေျခလြန္ ေပးကမ္းပစ္တတ္တာပါပဲ။ဘဝမွာ အေပးလြန္ၿပီးမွ ေနာင္တရ ၊ ျပန္လုိခ်င္မႈ ၊ ယူက်ံဳးမရ တသသ ျဖစ္ရမႈ ၊ နွေမ်ာတသ ..ျဖစ္ရမႈစသည္ျဖင့္ လက္လြန္ ကၽြံနစ္ ေဝဒနာ ျဖစ္ရတတ္သည့္ ကံမ်ဳိးကုိ ရင္မဆုိင္ရဖူးေသာ အဂၤါေန႔ဖြား ဟူ၍ မရွိနုိင္လုိ႔ေတာင္ ေျပာရေလာက္သည့္ အေနအထားပါပဲ။
အဂၤါေန႔ဖြားေတြဟာ အတိတ္ကုိ ျပန္လည္ခံစားနုိင္စြမ္း ျမင့္မားၾကပါတယ္။ ဒီအခ်င္းအရာကပဲ သူတုိ႔ဟာ ဘဝမွာသူတုိ႔ ဆုံးရႈံးသြားခဲ့ဖူးေသာ အတိတ္ကာလရဲ႕ အရိပ္မ်ား ၊ နစ္နာမႈမ်ားကုိ ဘယ္ေသာအခါမွ မေမ့ႏုိင္ေတာ့ဘဲ တနုံ႔နုံ႔ မ်ဳိသိပ္ ထိခုိက္ေနမိတတ္ၾကသူေတြ ျဖစ္လာၾကပါတယ္။ဒါေၾကာင့္ သင္ဟာ အဂၤါေန႔ဖြား တစ္ေယာက္ေယာက္ ျဖစ္လာခဲ့မယ္ဆုိရင္ ျဖစ္နုိင္သမွ် လက္မလြယ္မိပါေစနဲ႔။ သင္အမွန္တစ္ကယ္ စိတ္က ျပတ္သားႏုိင္တာကိုပဲ၊ ဒါမွမဟုတ္ သင္ဆုံးရႈံးခံနုိင္တာကုိပဲ လက္လြယ္ပါ။
နုိ႔မဟုတ္လုိ႔ကေတာ့ တစ္ဘဝလုံး ေမ့မရနုိင္တဲ့ ခံစားမႈအမာရြတ္ေတြ စြဲထင္က်န္ရစ္ခဲ့ပါလိမ့္မယ္။တနဂၤေႏြ သားသမီးေတြအတြက္ အႀကီးဆုံး အတိတ္၀ဋ္ေၾကြး ကံတစ္ခုကုိ ျပပါဆုိရင္ ကုိယ္တစ္ေယာက္တည္းကုိ အစုလုိက္ ျဖစ္ေသာ လူတစ္စုက ဝိုင္းဝန္းရန္ရွာ ခံရတတ္ျခင္း တစ္မ်ဳိးပါပဲ။ဒါေၾကာင့္ တနဂၤေႏြ သားသမီးေတြသည္ ဘဝမွာ အမ်ားနဲ႔တစ္ေယာက္ ရင္ဆုိင္ရတဲ့ ဘဝအခက္အခဲမ်ဳိးေတြ အလြန္ ၾကံဳလြယ္တတ္ၾကသူေတြပါ။ကုိယ္တစ္ေယာက္တည္းကုိ…လူတစ္စုက ညီညီညြတ္ညြတ္နဲ႔ ၀ိုင္းတုိက္ခုိက္ၾကတာမ်ဳိး (၀ဋ္ေၾကြးကံ) ပါလာၾကေသာ ေမြးေန႔နံအမ်ဳိးအစား တစ္ခုပါပဲ။အထူးသျဖင့္ တနဂၤေႏြ ေန႔ဖြား ျဖစ္တဲ့အျပင္ အထြန္းဖြား သုိ႔မဟုတ္ ပုတိဖြား ျဖစ္ေနခဲ့ရင္ ဒီကံကုိ ပုိမုိ ရင္ဆုိင္ၾကရပါတယ္။
ထုိ႔အတူ အမည္ရဲ႕ အဆုံးစာလုံးကုိ (ယ၊လ၊၀၊ရ) တုိ႔ျဖင့္ မွည့္ေခၚထားမိခဲ့ရင္လည္း ဥပမာ ေအးေအး၀င္း၊ျမတ္ေလးရည္၊ ေအးသီတာလင္း ၊ ေက်ာ္ျမတ္ေရႊ စသည္ျဖင့္ မွည့္ေခၚထားမိမယ္ဆုိရင္လည္း ဒီလိုကံ အေျခအေနဟာ ပုိမို ျမင့္တက္လာပါမယ္။ပုိျပီး ထူးဆန္းတာကေတာ့ တနဂၤေႏြသားသမီးလည္းျဖစ္ အဲဒီလို အမည္လည္း မွည့္ေခၚမိထားခဲ့မယ္ ဆုိရင္ဘဝခရီးလမ္းမွာ အယူအဆ မတုိက္ဆုိင္မႈေတြ ၊ ရည္ရြယ္ခ်က္ လုံး၀ ပ်က္ျပားသြားတာေတြ၊ အႀကီးအက်ယ္ တြက္ကိန္း လြဲသြားတာေတြကုိ မုခ်ကုိ ရင္ဆုိင္ရတတ္ျခင္းပါပဲ။အမ်ားနဲ႔အတူတကြ လက္တြဲဖုိ႔လည္း အလြန္ ခက္ခဲေစမယ့္ အမည္မ်ဳိး ေန႔နံမ်ဳိးလုိ႔သာ ဆုိပါရေစ။
ဖတ္မွတ္သုတရရုံမွ်
ေလးစားစြာျဖင့္ ကုိဖုန္း
သုေတသီ ေ၀သာလီေမာင္ဖုန္း။
ကုိစုိးမုိးထြန္း (ေဗဒင္ပညာသုေတသီ)
# Unicode Version ျဖင့္ ဖတ္ပါ #
အင်္ဂါနေ့ဖွားတွေရဲ့အဆိုးဆုံး အားနည်းချက်ကတော့ လက်လွန်ခြေလွန် ပေးကမ်းပစ်တတ်တာပါပဲ။ဘဝမှာ အပေးလွန်ပြီးမှ နောင်တရ ၊ ပြန်လိုချင်မှု ၊ ယူကျုံးမရ တသသ ဖြစ်ရမှု ၊ နှမျောတသ ..ဖြစ်ရမှုစသည်ဖြင့် လက်လွန် ကျွံနစ် ဝေဒနာ ဖြစ်ရတတ်သည့် ကံမျိုးကို ရင်မဆိုင်ရဖူးသော အင်္ဂါနေ့ဖွား ဟူ၍ မရှိနိုင်လို့တောင် ပြောရလောက်သည့် အနေအထားပါပဲ။
အင်္ဂါနေ့ဖွားတွေဟာ အတိတ်ကို ပြန်လည်ခံစားနိုင်စွမ်း မြင့်မားကြပါတယ်။ ဒီအချင်းအရာကပဲ သူတို့ဟာ ဘဝမှာသူတို့ ဆုံးရှုံးသွားခဲ့ဖူးသော အတိတ်ကာလရဲ့ အရိပ်များ ၊ နစ်နာမှုများကို ဘယ်သောအခါမှ မမေ့နိုင်တော့ဘဲ တနုံ့နုံ့ မျိုသိပ် ထိခိုက်နေမိတတ်ကြသူတွေ ဖြစ်လာကြပါတယ်။ဒါကြောင့် သင်ဟာ အင်္ဂါနေ့ဖွား တစ်ယောက်ယောက် ဖြစ်လာခဲ့မယ်ဆိုရင် ဖြစ်နိုင်သမျှ လက်မလွယ်မိပါစေနဲ့။ သင်အမှန်တစ်ကယ် စိတ်က ပြတ်သားနိုင်တာကိုပဲ၊ ဒါမှမဟုတ် သင်ဆုံးရှုံးခံနိုင်တာကိုပဲ လက်လွယ်ပါ။
နို့မဟုတ်လို့ကတော့ တစ်ဘဝလုံး မေ့မရနိုင်တဲ့ ခံစားမှုအမာရွတ်တွေ စွဲထင်ကျန်ရစ်ခဲ့ပါလိမ့်မယ်။တနင်္ဂနွေ သားသမီးတွေအတွက် အကြီးဆုံး အတိတ်ဝဋ်ကြွေး ကံတစ်ခုကို ပြပါဆိုရင် ကိုယ်တစ်ယောက်တည်းကို အစုလိုက် ဖြစ်သော လူတစ်စုက ဝိုင်းဝန်းရန်ရှာ ခံရတတ်ခြင်း တစ်မျိုးပါပဲ။ဒါကြောင့် တနင်္ဂနွေ သားသမီးတွေသည် ဘဝမှာ အများနဲ့တစ်ယောက် ရင်ဆိုင်ရတဲ့ ဘဝအခက်အခဲမျိုးတွေ အလွန် ကြုံလွယ်တတ်ကြသူတွေပါ။ကိုယ်တစ်ယောက်တည်းကို…လူတစ်စုက ညီညီညွတ်ညွတ်နဲ့ ဝိုင်းတိုက်ခိုက်ကြတာမျိုး (ဝဋ်ကြွေးကံ) ပါလာကြသော မွေးနေ့နံအမျိုးအစား တစ်ခုပါပဲ။အထူးသဖြင့် တနင်္ဂနွေ နေ့ဖွား ဖြစ်တဲ့အပြင် အထွန်းဖွား သို့မဟုတ် ပုတိဖွား ဖြစ်နေခဲ့ရင် ဒီကံကို ပိုမို ရင်ဆိုင်ကြရပါတယ်။
ထို့အတူ အမည်ရဲ့ အဆုံးစာလုံးကို (ယ၊လ၊ဝ၊ရ) တို့ဖြင့် မှည့်ခေါ်ထားမိခဲ့ရင်လည်း ဥပမာ အေးအေးဝင်း၊မြတ်လေးရည်၊ အေးသီတာလင်း ၊ ကျော်မြတ်ရွှေ စသည်ဖြင့် မှည့်ခေါ်ထားမိမယ်ဆိုရင်လည်း ဒီလိုကံ အခြေအနေဟာ ပိုမို မြင့်တက်လာပါမယ်။ပိုပြီး ထူးဆန်းတာကတော့ တနင်္ဂနွေသားသမီးလည်းဖြစ် အဲဒီလို အမည်လည်း မှည့်ခေါ်မိထားခဲ့မယ် ဆိုရင်ဘဝခရီးလမ်းမှာ အယူအဆ မတိုက်ဆိုင်မှုတွေ ၊ ရည်ရွယ်ချက် လုံး၀ ပျက်ပြားသွားတာတွေ၊ အကြီးအကျယ် တွက်ကိန်း လွဲသွားတာတွေကို မုချကို ရင်ဆိုင်ရတတ်ခြင်းပါပဲ။အများနဲ့အတူတကွ လက်တွဲဖို့လည်း အလွန် ခက်ခဲစေမယ့် အမည်မျိုး နေ့နံမျိုးလို့သာ ဆိုပါရစေ။
ဖတ်မှတ်သုတရရုံမျှ
လေးစားစွာဖြင့် ကိုဖုန်း
သုတေသီ ဝေသာလီမောင်ဖုန်း။
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
အဂၤါေတြရဲ႕ အားနည္းခ်က္၊ တနဂၤေႏြေတြရဲ႕ ဝဋ္ေၾကြး
Reviewed by MP4 YoU
on
September 06, 2018
Rating: 5
Reviewed by MP4 YoU
on
September 06, 2018
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment