Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, September 8, 2018

အော် တောင်ဒဂုံရဲစခန်းရယ်


အော် တောင်ဒဂုံရဲစခန်းရယ်
တရားဥပဒေကို ဘယ်လိုစိုးမိုးလဲတော့မသိဘူး ဖြစ်ပုံကဒီလို
ညီမဝမ်းကွဲလေး ဆယ်တန်း ကျူရှင်ကိုစက်ဘီးလေးနဲ့ သွားချင်လို့ စက်ဘီးလေး ၃၀၀၀၀ တန်လေး ဝယ်စီးပါတယ်
စက်ဘီးက အတန်းချိန်ဆိုကျူရှင်ရှေ့မှာ ရပ်ထားနေကျ
အသစ်လေးမို့ သူခိုးကမျက်စိကျပြီး ဝင်ခိုးပါလေရော
ကျူရှင်ဆိုတော့ လူလဲများတော့ သူခိုးကိုစက်ဘီးနဲ့အတူ လက်ရဖမ်းမိခဲ့ပါတယ် (ကိုယ့်ဘာသာဖမ်းတာနော်)
အဲ့တော့ ကျူရှင်ဆရာရယ် ရပ်ကွက်ကတာဝန်ရှိသူတွေက သူခိုးကိုရဲစခန်းသွားအပ်ကြပါတယ် (ဘာမှ အားစိုက်စရာမလို ပြည်သူကလက်ထဲလာထည့်တာ )
အဲ့တော့ ရဲစခန်းက သက်သေအနေနဲ့ စက်ဘီးကိုခဏသိမ်းထားမယ်ဆိုတော့ OK ရတယ် သိမ်းဆိုပြီးထားလိုက်တာ လနဲ့ချီသွားတယ် ဘာသတင်းမှမကြား သူခိုးတောင် ပြန်လွတ်ပြီထင်တယ်
ရဲစခန်းကိုဖုန်းဆက်ပြီး စက်ဘီးလေးပြန်ယူလို့ရပြီလား မေးတော့ ယူလို့တော့ရတယ် ငွေ ၂၀၀၀၀ ပေးရမယ်လိုက် ခဏနေ ၃၀၀၀၀ ပေးရမယ်ပြောလိုက်နဲ့
ဘာအတွက်လဲမေးတော့ သက်သေခ ဘာခ ညာခ စုစုပေါင်း ၅၀၀၀၀ တဲ့
ကျူရှင်ဆရာကလဲ ညှိနှုင်းပေးရှာပါတယ် စက်ဘီးဝယ်တာမှ ၃၀၀၀၀ ရဲစခန်းက ပြန်ရွေးနေရတယ်ဆိုတော့
နောက်ဆုံးညှိမရ ဆရာလဲစိတ်ဆိုးပြီး ညီမလေးကို ငွေ၅၀၀၀၀ လာပေးလေရဲ့
မယူရက်ပါဘူး နောက်ဆုံးတော့ စက်ဘီးအရင်းဖိုး ဆရာပေးတဲ့ ၃၀၀၀၀ယူလိုက်ရပါတယ်
သင်ခန်းစာ ။ ။သူခိုးမိရင် ကိုယ့်ပစည်းသာအရပြန်ယူပါ
ဘယ်စခန်းမှ မခေါ်သွားပါနှင့်
စိတ်နာတယ် ဟုတ်တယ်
PS မကျေနပ်လို့ကိုတင်တာ ငွေ၃၀၀၀၀ နဲ့ ဘဝပျက်နေတာမဟုတ်ပါ
သန်လျင်မြို့ သတင်းစုံ

No comments:

Post a Comment