CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, August 22, 2018
The Singapore Lecture
ဒေါ်အောင်ဆန်းစုကြည်ကို စင်ကာပူမှာမနေ့ကလုပ်တဲ့ "The Singapore Lecture “ မိန့်ခွန်းအပြီးမှာ တက်ရောက်လာကြသူတွေအထဲက မေးခွန်းတွေ မေးကြပါတယ်။ အဲဒီအထဲက အချို့ကို ဘာသာပြန်ဖော်ပြလိုက်ပါတယ်။
Translated by NTA @ Naing Tun
===============================
မေး။ "အာဏာရလာပြီးတဲ့နောက် အစိုးရလုပ်အုပ်ချုပ်ရာမှာ ဘယ်အရာက သင့်ကို အံ့အားအသင့်စေခဲ့ဆုံး ဖြစ်ခဲ့ပါသလဲ?"
ဖြေ။ " ရိုးရိုးသားသားအမှန်အတိုင်းပြောရရင် ဘယ်ဟာကမှ ကျမကို အံ့အားမသင့်စေခဲ့ပါဘူး။ ဘာလို့လဲ ဆိုတော့ နှစ်ပေါငါး(၃၀)လောက် နိုင်ငံရေးလုပ်လာပြီးတဲ့နောက် ကျမအံ့အားသင့်စေတဲ့အရာ မရှိခဲ့ပါဘူး။ ကျမတို့ ကြ်ုတင်ပြင်ဆင်မှုတွေကိုလည်း ကောင်းကောင်း လုပ်နိုင်ခဲ့တယ်လေ။
အင်း..ဘယ်ဟာကို မှတ်မှတ်ရရအဖြစ်ဆုံးလို့ ပြောရမလား? အဲဒါဆိုရင်တော့ တခုရှိပါတယ်။ ကျမ ဧည့်သည်တွေကို လက်ခံတွေ့ဆုံရတဲ့အခါတိုင်း ကျမဝန်ထမ်းတွေက စာအုပ်အသေးလေးတအုပ် လာပေးတယ်။ အဲဒီစာအုပ်အထဲမှာ ဧည့်သည်နဲ့စကားပြောရင် ထည့်ပြောဖို့ အချက်ကလေးတွေ ရေးပေးထားတယ်။ ဘာပြီးဘာပြောပေါ့။ ကျမအနေနဲ့ ဒါဟာထူးဆန်းတယ်လို့ မြင်မိတယ်။ ကျမရှင်းရှင်းပြောရရင် အဲဒီစာအုပ်လေးကို မသုံးပါဘူး(ရယ်လျက်).."
မေး။ "စစ်တပ်ကို ဘယ်လိုနည်းနဲ့ နိုင်ငံရေးကနေ ဖယ်ထုတ်မလဲ?
ဖြေ။ "..လောလောဆယ်မှာ ကျမတို့ ၇၅%သာရွေးကောက်ခံဖြစ်ပါတယ်။ ကျမအမြဲပြောသလိုပေါ့ တို့မှာ အခွင့်အရေးက ၇၅% ပဲရှိတယ်၊ ဒါပေမယ့် တာဝန်က ၁၀၀% ရှိတယ်။ အဲလိုပဲ ကျမတို့ ခံယူပြီး ရှေ့ဆက် လုပ်ဆောင်ရမှာပါ။(လက်ခုပ်သံများ)
ဘယ်လိုမျိုး ဒီ၂၅%ကို ဖယ်ထုတ်မလဲ ဆိုရင် ပြည်သူလူထုမနာတဲ့ တိုင်းပြည်မနာတဲ့နည်းနဲ့ပဲ ဖယ်ထုတ်မှာပါ။ ဒီတိုင်းပြည်ဟာ နာလှပြီ။ ထပ်ပြီး လုထုအုံကြွမှုမျိုး အဖြစ်မခံနိုင်တော့ဘူး။ ဒါကြောင့် ဥပဒေအတွင်းက ညှိုနှိုင်းဆောင်ရွက်မှုတွေနဲ့ပဲ ရှေ့ဆက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်"
မေး။ "မြန်မာနိုင်ငံ စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှုဟာ အားလုံး၁၉၀ နိုင်ငံမှာ နံပါတ် ၁၇၁ ဖြစ်နေတဲ့အပေါ် စင်ကာပူမှ ရင်းနှီးမြှုပ်နှံမှုတွေ ပိုဝင်လာအောင် ဘယ်လိုတိုးတက်အောင်လုပ်ဖို့ရှိလဲ?
ဖြေ။ "..အဲလိုပြောတော့..ကျမတို့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဌကတော့ ရယ်သာရယ်နေတာ တော်တော်စိတ်ဆိုးနေပြီ (ရယ်လျက်)။
ကျမတို့ မကြာခင်က စီးပွားရေးကဏ္ဏမှာ ခေါင်းဆောင်အပြောင်းအလဲ လုပ်ခဲ့ပါတယ်။ အရှိန်အဟုန်မြှင့်ပြီးတော့လည်း လုပ်နေပါတယ်။ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဌအနေနဲ့ မြန်မာနိုင်ငံမှာအမှန်တကယ် လာရင်းနှီးမြှုပ်နှံမယ့် ဘယ်စီးပွားရေးသမားကိုမဆို အစွမ်းကုန် ကူညီပံ့ပိုးပေးပါလိမ့်မယ်။
နောက်..ကျမတို့ ဥပဒေတွေလည်းပြောင်းထားပါတယ်။
ဒါပေမယ့် ချက်ချင်းမြန်မြန်ကြီး အဲဒီဥပဒေတွေကို အကောင်အထည်ဖော်ဖို့တော့ မဖြစ်နိုင်ဘူးပေါ့။ ကျမတို့ အစွမ်းကုန်တော့ ကြိုးစားနေပါတယ်။
ဦးသောင်းထွန်းရေ..တနှစ်အတွင်း ဒီ စီးပွားရေးလုပ်ရတာလွယ်ကူမှုအဆင့် ဘယ်လောက်တက်နိုင်မယ် ထင်သလဲ?
ဦးသောင်းထွန်း။ "ကျနော်တို့ ပြီးခဲ့တဲ့အစိုးရတွေရဲ့ မကောင်းတာလုပ်ခဲ့တာတွေအပေါ် တာဝန်မယူနိုင်ပါဘူး။ ဒါပေမယ့် နံပါတ် ၁၇၁ ဆိုတာ ကောင်းတဲ့နေရာမဟုတ်ပါဘူး။ တိုးတက်အောင် ကျနော်တို့ လုပ်ဆောင်နေပါတယ်။
ပထမဆုံး ဒီလ ၁ရက်နေ့ကစပြီး ကုမ္ပဏီတွေ အွန်လိုင်း မှတ်ပုံတင်ပြီး အွန်လိုင်း ငွေပေးနိုင်ပါပြီ။ အဲဒီအချက်က လက်ရှိ နံပါတ် ၁၇၁ထက် ၁၀ ဂဏန်းလောက် တက်လာမယ်လို့ မျှော်လင့်ပါတယ်။ နောက် ကျနော်တို့ ဥပဒေအသစ်တွေလည်း ရေးပြီးပါပြီ။
ဒါကြောင့် စင်ကာပူကမိတ်ဆွေများကို ဖိတ်ခေါ်ပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေးလာလုပ်ကြပါ၊ အဲလိုလုပ်တဲ့အခါ လုပ်ရကိုင်ရလွယ်ကူလားဆိုတာ ကျနော့်ကို လာစမ်းသပ်ကြည့်နိုင်ကြပါတယ်လို့ ပြောချင်ပါတယ်။
မေး။ "စစ်တပ် နောက်တခါ အာဏာသိမ်းနိုင်ခြေရှိသလား?"
ဖြေ။ "..ဒါတော့ ကျမကို မေးမယ့်အစား စစ်တပ်ကို မေးရမှာပါ သူတို့ပိုဖြေနိုင်ပါလိမ့်မယ် (ရယ်လျက်)။
ကျမနိုင်ငံရေးသမားတယောက်အနေနဲ့ ဒီလိုမျိုးတွေကို တွေးပြီးတော့ ပူမနေပါဘူး။ တကယ်တမ်းပြောရရင် စစ်တပ်နဲ့ကျမတို့ဆက်ဆံရေးဟာ သိပ် မဆိုးလှပါဘူး။
ကျမတို့အစိုးရထဲမှာ စစ်တပ်က ဗိုလ်ချုပ်ကြီး ၃ယောက်ပါတယ်ဆိုတာလဲ မမေ့ပါနဲ့။ သူတို့၃ယောက်က သဘောမနောကောင်းတဲ့ ဗိုလ်ချုပ်ကြီးတွေပါ..(ရယ်လျက်)
မေး။ မြန်မာအစိုးရဝန်ထမ်းတွေကို စင်ကာပူကအစိုးရဝန်ထမ်းတွေလိုဖြစ်အောင် ဘယ်လိုပြုစုပျိုးထောင်မလဲ?
ဖြေ။ "..အဓိကပြဿနာကမြန်မာ့ ပညာရေးစနစ်ပါ။ နှစ်ပေါင်း ၃-၄ဆယ်လောက် စံမမှီခဲ့တဲ့ပညာရေးစနစ်ပါ။ ဒါမျိုးဆက်၂ခုလောက် ဆုံးရှုံးသွားတဲ့သဘောရှိပါတယ်။
ဒါကြောင့် ကျမတို့ ရွေးကောက်ပွဲမတိုင်ခင်က တွက်ကြည့်ဖူးတယ်။ NLDအာဏာရလာတဲ့အချိန်ကျရင် ပညာရေးခေတ်ကောင်းနဲ့ မှီခဲ့တဲ့ ပညာတတ် အစိုးရဝန်ထမ်းတွေဟာ ပင်စင်ယူသွားကြလောက်ပြီလို့။ အခုအဲဒီအတိုင်း တထေရာထဲ ဖြစ်နေတာပဲ။
ကျမတို့ကြိုးစားနေပါတယ်။ အမူအကျင့်ဟောင်းတွေ ဖက်တွယ်ထားဆဲဖြစ်ပြီး အရင်နည်းလမ်းအတိုင်းလုပ်နေကြတဲ့ လူအချို့ကိုစိတ်ဓာတ်ပြောင်းလဲပေးရတာ ကြီးမားတဲ့ စိန်ခေါ်မှုကြီးပါ။ ဒါပေမယ့် ကျမတို့လူမျိုးဟာ သင်လွယ်၊ တတ်လွယ် ရှိတဲ့ လူမျိုးဖြစ်ပါတယ်။ ဒီလိုပြုပြင်ပြောင်းလဲမှုတွေကို ကျမတို့ တချိန်လုံး လုပ်ဆောင်နေပါတယ်။ စင်ကာပူကလည်း ကူညီပါတယ်။ အဓိက ကတော့ ကျမတို့ ပြောခဲ့သလို လူငယ်မျိုးဆက်သစ်တွေဆီမှာ မျှော်လင့်ချက်ထားရမှာပါ။
ဒီနေရာမှာ ကျမတို့အစိုးရတက်လာကတည်းက ကြိုးစားပြီး တာဝန်ထမ်းဆောင်ခဲ့ကြတဲ့အစိုးရဝန်ထမ်းအားလုံးကို ကျေးဇူးတင်ကြောင်းလည်း ပြောချင်ပါတယ်။ “
မည်သူမဆိုခွင့်ပြုချက်မလို လွတ်လပ်စွာမျှဝေနိုင်သည်
NTA
မြအိန္ဒြာနွယ်
The Singapore Lecture
Reviewed by MP4 YoU
on
August 22, 2018
Rating: 5
Reviewed by MP4 YoU
on
August 22, 2018
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment