Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 19, 2018

ရန်ကုန်ဘူတာကြီး ကိစ္စ


ရန်ကုန်ဘူတာကြီး ကိစ္စ

မြစ်ကြီးနားမှ ခရီးသည် အမျိုးသမီး ၂ဦး သတင်းနှင့်ပတ်သက်၍
သတင်းထုတ်ပြန်
မြန်မာ့မီးရထားဖြင့် ခရီးသွားမည့် ခရီးသွားပြည်သူ များ
စိတ်ချမ်းသာ စေရန် အကြီးအကဲများ ဆောင်ရွက် လျှက်ရှိကြောင်း
အောက်ပါ စာပိုဒ် သည်
မြန်မာ့မီးရထား ဌါန မှ MD ကိုယ်တိုင်ရေးသားထားသော post တစ်ခုပါ
Facebook စာမျက်နှာတစ်ခုမှာ'မြစ်ကြီးနားမှ
ခရီးသည်အမျိုးသမီး ၂ ဦး' "ရန်ကုန်မြို့
လယ်ခေါင်ကြီးမှာဓါးပြတိုက်ခံရတယ်'ဆိုတဲ့သတင်းလေး
တွေ့လိုက်မိပါတယ်...
'ဘူတာဝန်ထမ်းမဟုတ်သောအပြာဝတ် လူ ၆ ဦး'မှပစ္စည်း
သယ်ပေးပြီးငွေအဆမတန်တောင်းခြိမ်းခြောက်သည့်ပုံစံမျိုး
ပြုလုပ်ခဲ့ကြောင်းရေးသားထားတာပါ..
ဒါနဲ့ပတ်သက်လို့" ပြည်သူ့လုံခြုံရေးနဲ့ပတ်သက်နေတာ
ကြောင့်" သိသိချင်း ချက်ချင်းပဲ အရေးယူဆောင်ရွက်ခဲ့
ပါတယ်....
ဒီလူတွေဟာအရပ်အခေါ် "ဂမ်ဘား"လို့ခေါ်တဲ့ ကြုံရာလုပ်
ကိုင်စားသောက်သူတွေပါ.. ၂ ကိုဖမ်းမိထားပြီး ၄ ဦးကိုလည်း
ဖေါ်ထုတ်ရရှိပြီးဖြစ်တာကြောင့် ထိရောက်စွာအရေးယူသွားမှာပါ...
"မမ" ဟာပြည်သူကိုဝန်ဆောင်မှုပေးနေရတဲ့ ဌာနတခုပါ...
မကောင်းမှုမှန်သမျှအတွက် လက်ပိုက်ကြည့်နေမည်မဟုတ်
ပါ...
သတင်းတင်ပေးတဲ့ သူတွေကိုလည်းအပြစ်မမြင်ပါ..ဌာနဂုဏ်
သိက္ခာ ကျသည်လို့လည်းမခံယူပါ....
ဌာနနှင့်ပူးပေါင်းဆောင်ရွက်တယ်လို့ခံယူပါတယ်...ယခင် ဌာန နဲ့ပတ်သက်ပြီး တင်ခဲ့တဲ့ ဖြစ်စဉ်များအားလုံးအတွက် လည်းအရေးယူဆောင်ရွက်ပြီးဖြစ်ပါတယ်...
" မကောင်းမှုဟူသည်ဆိပ်ကွယ်ရာမှာမရှိပါကြောင်း" ......
Credit Ma Ma Htar



No comments:

Post a Comment