Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 4, 2018

ဘယ်အစိုးရမဆို ကိုယ့်ကိုကိုယ် အမွှန်းတင်ကြပြီး၊အမွှန်းတင်တာကိုယုံသွားရင် ဒုက္ခရောက်မယ်လို့ ဒေါက်တာဦးမြင့် က ပြော


ရန်ကုန်၊သြဂုတ်၎
ဘယ်အစိုးရမဆို ကိုယ့်ကိုကိုယ် အမွှန်းတင်ကြပြီး၊အမွှန်းတင်တာကိုယုံသွားရင် ဒုက္ခရောက်မယ်လို့ ဒေါက်တာဦးမြင့် က ပြောပါတယ်။
မြန်မာ့စီးပွားရေးအခြေအနေတွေနဲ့ပါတ်သတ်လို့ ဦးမြင့်က အခုလို ရည်ညွှန်း ပြောဆိုလိုက်တာပါ။
"ငွေကျပ်လဲလှယ်နှုန်း ဘာတွေဖြစ်နေသလဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောပွဲမှာ ဒေါက်တာ ဦးမြင့်(ဘောဂဗေဒပညာရှင်) က အဲ့ဒီစကားကိုထည့်သွင်းပြောခဲ့တာပါ။
လက်ရှိအချိန်မှာတော့ ကမ္ဘာ့ဘဏ်၊အာရှဖွံ့ဖြိုးရေးဘဏ် စတာတွေက မြန်မာ့ရဲ့စီးပွားရေးအခြေအနေနဲ့ ပါတ်သတ်လို့ ဖွံ့ဖြိုးတိုးတက်မှုနှုန်း မြန်နေတယ်၊စီးပွားရေးတက်နေတယ် လို့ပြောကြားနေပါတယ်။
အဲ့ဒီ့လို ပြောကြားတာတွေကို အစိုးရတာဝန်ရှိသူတွေက ကိုးကားပြီး မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်းမြန်နေတယ်၊စီးပွားရေးတက်နေတယ်လို့ ထုတ်ဖော်ပြောကြားတာတွေလုပ်နေပါတယ်။
ဦးမြင့်က ဘယ်အစိုးရမဆို ကိုယ့်ကိုကိုယ် အမွှန်းတင်ကြတယ် ဆိုတဲ့ စကားကို ၂ကြိမ်ထက်မနည်း ထည့်ပြောပြီး၊တိုင်းပြည်မှာဒုက္ခရောက်နေတာတွေအများကြီးပဲဆိုတဲ့ စကားလဲ ပြောသွားပါတယ်။
လက်ရှိအချိန်မှာ မြန်မာငွေကျပ်လတန်ဖိုး ကျနေပြီး၊ငွေလဲနှုန်းများ တက်နေကြောင်း ၊ငွေလဲနှုန်းမတည်ငြိမ်တာတွေကို လအလိုက် နှစ်အလိုက် နှိုင်းယှဉ် ပြသွားတာတွေ လုပ်ခဲ့ပြီး၊မနေ့ကပင် ပြင်ပတွင် တစ်ဒေါ်လာ အရောင်း ၁၄၆၂ကျပ်၊အဝယ် ၁၄၅၆ ကျပ် ဖြစ်နေကြောင်း၊သို့သော်လည်း ဗဟိုဘဏ်က ထုတ်ပြန်မှုမှာတော့ ၁၄၃၁ကျပ်လို့ သာဖော်ပြထားကြောင်း ဦးမြင့်က ဆိုပါတယ်။
လက်ရှိဗဟိုဘဏ် ဥက္ကဌ အသစ်ကို ဘာကြောင့် ခန့်တာလဲ၊ဘယ်လိုအရည်အချင်းမျိုးရှိလို့လဲ၊ဗဟိုဘဏ်ဥက္ကဌ ဒီအခြေအနေမှာ ဘာလုပ်နေလဲ ဒါကိုသူမသိတာကြောင့် ဘယ်လို အရည်အချင်းမျိုးရှိသလဲ၊ဘာလုပ်နေသလဲဆိုတာ ကို တာဝန်ရှိသူတွေက ထုတ်ပြဖို့လိုတယ်လို့ပြောပါတယ်။
"မဟုတ်က ဟုတ်ကတွေ ဖြစ်မှာစိုးလို့ တင်ပြရတာဖြစ်ပါတယ်၊အစိုးရ လုပ်ချင်လုပ်မလုပ်ချင်နေ၊တင်ပြရမှာက ကျွန်တော်တို့အလုပ်ပါ "လို့
ဒေါက်တာ ဦးမြင့်(ဘောဂဗေဒပညာရှင်) က ဆက်ပြောပါတယ်။
ဗဟိုဘဏ် ရဲ့လုပ်ဆောင်ချက်ကို အရှိန်မြှင့်ဖို့၊ဒီလိုဖြစ်နေတဲ့ အခြေအနေတွေကို ထိန်းဖို့၊ဆောင်ရွက်ဖို့ နည်းလမ်းတွေကိုလဲ ဦးမြင့်က ပြောကြားသွားပါသေးတယ်။
ကမ္ဘာ့ဘဏ်၊အာရှဖွံ့ဖြိုးရေးဘဏ် စတာတွေက မြန်မာ့ရဲ့စီးပွားရေးအခြေအနေနဲ့ ပါတ်သတ်လို့ ပြောကြားချက်ကို ထောက်ခံသူရှိသလို၊ကန့်ကွက်သူတွေလည်းရှိနေကြပါတယ်။
ကန့်ကွက်သူတွေက လုပ်ငန်းတွေ အဆင်မပြေတာ၊စီးပွားရေးမကောင်းတာ ကိုပြသပြီး ကန့်ကွက်ကြတာပါ။
ထောက်ခံသူတွေက ကမ္ဘာ့ဘဏ်၊အာရှဖွံ့ဖြိုးရေးဘဏ် ရဲ့ ပြောကြားချက်က မမှားဘူး လို့ ပြောကြပါတယ်။
PN-051
Source: Popular News Journal.

No comments:

Post a Comment