Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 2, 2018

နလဗိန်းတုံး ဆိုသည်​မှာ ...



လူသတ်​တရားခံ ဖမ်းမိလျှင်
ထောင်​ကျသည်​ဟုထင်​ခြင်း

ဆီဆိုင်တိုင်း ဆီဂါလံပြည့်သည်ဟု
ထင်ခြင်း...

အိုင်​​ဒေါတွင်​ အဆို​ကောင်းမည့်​သူသာ
အနိုင်​ရမည်​ဟု ထင်​ခြင်း...

မင်းသမီးများ၏ အရွယ်​အစားများကို
အစစ်​ဟုထင်​ခြင်း....

FB ထဲမှာ ဒီပုံကိုရှယ်ရင် ငွေဝင်တယ်..
ဆိုတာကိုယုံခြင်း...

သစ်သားစည်ထဲ ​ဂေါ်လီနှိုက်​ဖွင့်တဲ့
ထီကို မိမိ​နံပါတ်​ ​ပေါက်​မည်​ဟုထင်ခြင်း...

လောင်းကစားဒိုင်ချုပ်ကို
ရဲကဖမ်းမိမည်ထင်ခြင်း....

နွားနို့ကိုရေမရောဘူးဟုယုံခြင်း

YBS ပုံးထဲထည့်​သမျှ နှစ်​ရာတန်​ချည်းပဲ
ဟု ယုံကြည်​ခြင်း ...

ဖမ်းမိတဲ့ ဆေးပြားအများပိုင်ရှင်က
ဂျပန်ဖိနပ်ဖင်ပြတ်စွပ်ကျယ်အစုတ်နဲ့
တောသားဖြစ်နေတာကိုယုံခြင်း...

တောင်ကြီးမှာ မုန့်ဟင်းခါးစားခြင်း...

ကျိုက်ထီးရိုးမှာ စပါးကြီးသည်းခြေဝယ်ခြင်း....

ရန်ကုန်မှာ ခိုတောင်မုန့်တီစားခြင်း....

ဂန့်ဂေါ ဘက်ကလူ..မဲမနိုင်လို့
အမတ်မဖြစ်ရင်သူ့သမီးတွေကို
လာယူလှည့်လို့ပြောတာကိုယုံခြင်း....

အချို့မှုန့်လုံးဝ မသုံးတဲ့
စားသောက်ဆိုင်ဆိုတာကိုယုံခြင်း

ဟန်းနီးမွန်းခရီး.လကမ္ဘာကိုခရီးထွက်မယ်
ဆိုတာကိုယုံခြင်း...

တရုတ်ပစ္စည်းကို ထိုင်ဝမ် လို့
့ပြောရောင်းတာကိုယုံခြင်း...

ရွေးကောက်ပွဲမတိုင်ခင်ကခင်းသော မဲဆွယ်
ကွန်ကရစ်လမ်းများသည် ဟိုပါတီပိုင်ငွေဖြင့်
ကျခံသည်ဟုထင်ခြင်း

အကြော်သည်က ဆီသန့်နဲ့ကြော်ပါသည်
ဆိုတာကိုယုံခြင်း....

ယောက်ျားတွေ ချိတ်ထမီဝတ်ကြရင်
အမျိုးသမီးစင်ပေါ်ရောက်မလာနိုင်တော့ပါဟု
ဗေဒင်ယတြာဆရာပြောတာကိုယုံပြီး
လိုက်လုပ်ခြင်း...

ဘဏ်များသည် လူအားလုံးအား
ဗဟိုဘဏ်ကချမှတ်ထားသည့်
စည်းမျဉ်းများအတိုင်း တပြေးညီကျင့်သုံးပြီး
ချေးငွေထုတ်ချေးသည်ဟုထင်ခြင်း....

ငါးလောင်းပြိုင်လူသတ်မှုပေါ်တော့မည်
ဟုပြောခဲ့သူကိုယုံခြင်း...

SME ချေးငွေသည် တစ်ကယ့်
SME သမားများဆီရောက်မည်ဟုထင်ခြင်း...

ဘုန်းကြီးကျောင်းစက်ရေတွင်းတူးလို့ဆိုပြီး
ရေပိုက်ဖိုးလှည့်လည်အလှူခံတာကိုထည့်ခြင်း....

ပုဂံမှာနိုင်ငံခြားသားဆီက
နေကာမျက်မှန်ဝယ်ခြင်း....

မီးပွိုင့်တွင်အလှူခံထည့်ခြင်း....

ဗိုလ်ချုပ်ဈေးမှာ အင်္ကျီဝယ်ခြင်း....

အွန်​လိုင်း​ပေါ်မှ ဆံပင်ပေါက်ဆေးကိုယုံခြင်း..

ငါးဖယ်ချဉ်ကိုပဲခူးလမ်းဘေးတွေ့ကရာနေရာမှ
ဝယ်ခြင်း......

ဖန်ပြားကိုဖြတ်လာသောရေသောက်ခြင်း...

Fame ထုတ်ဆေး ၅၀၀၀ တန်မျိုးကို
ငါးသောင်းပေးဝယ်သောက်ခြင်း.....

Showroom များမှပေးသောဂရံတီကဒ်ပါ
အချက်များကိုယုံခြင်း

MLM ဝင်လျှင်​ သူ​ဌေးဖြစ်​မည်​ဟုထင်​ခြင်း.....

ပတ်​စပို့ရုံးက ပွဲစားမှ အစ အဆုံး
၂၀၀၀ ပဲ​ပေးဆိုတာယုံခြင်း...

ခေါင်းရွက်ဗျတ်ထိုးသည်ထံမှာ
ဆတ်သားဝယ်ခြင်း....

မြန်မာဘောပွဲကြည့်ပြီး
ဖလားရမယ်ထင်ခြင်း.....

သမ္မတအောက်မှာပြည်ထဲရေးရှိတယ်
ထင်ခြင်း....

ကြေးအိုးကိုဝက်ရှောင်လို့ကြက်သားနှင့်
စားခြင်း....

အရက်ဖြတ်လိုက်ပြီဆိုသည်ကိုယုံခြင်း....

ဝက်အူချောင်းကိုဆိတ်အူနဲ့သွပ်တယ်လို့
ထင်ခြင်း...

ကြော်ငြာကောင်းကောင်းနဲ့
တစ်ပိသာ ၆၀၀၀ ကျပ်ရောင်းတာကို
ပဲဆီသန့်ဟုယုံခြင်း...

ဟို မယ်​သီလရှင်​ ​ရေဘူး​သောက်​တာနဲ့
၉၆ပါးရောဂါပျောက်တယ်ဆိုတာကိုယုံခြင်း

ခရီးသွားရင်း ဂျိုးကြော် စနှိုက်ကြော်ဝယ်စားခြင်း....

Water taxi သည် မြန်မည်ဟုထင်ခြင်း...

ကိုယ်ပိုင်ခုခံပိုင်ခွင့်အတွက်
သေနတ်ဝယ် ကိုင်ခွင့်ရ​တော့မည်​ဟု ထင်ခြင်း...

ကျောင်းကဆရာမတွေ
ကျူရှင်မသင်တော့ဘူးဟုထင်ခြင်း ...

မိမိလှူလိုက်သောသွေးသည် လိုအပ်သည့်
လူနာထံသို့ အခမဲ့ရောက်သွားသည် ဟု
ထင်ခြင်း...

နာမည်ကြီးရှေ့နေငှါးတိုင်း/ပြောတိုင်း
အမှုမှလွတ်မည်ဟုယုံခြင်း.....

တာယာအသစ်များမှ MFD များကိုယုံခြင်း...

ထန်းသီးမုန့်ကို ထန်းသီးမှချည်းလုပ်သည်ဟုထင်ခြင်း..

ထန်းရည်ကိုရေမရောပင်ကျစစ်စစ်ဟု ယုံခြင်း....

ရောင်းတမ်းငရုပ်သီးမှုန့်များတွင် လွှစာမှုန့်မပါဟုထင်ခြင်း...

ပျားရည်စစ်လျှင်ခွေးမစား ဆိုသည်ကိုယုံခြင်း...

အဘတို့ဆောက်ခဲ့တဲ့ဆည် ဧကဘယ်နှသိန်း
ရေရနိုင်တယ်လို့ပြောတာကိုယုံခြင်း..

နှစ်ထပ်တိုက် တစ်လုံး..ကါးနှစ်စီးမီးလောင်သွားတာကို မီးသတ်ကတွက်တဲ့ဆုံးရှုံးမှုတန်ဖိုး ၁၅ သိန်းဆိုတာကိုယုံခြင်း...

ဖုန်းအော်ပရေတာများသည် အင်တာနက် ဒေတာ သုံးစွဲခကို ပြောသည့်အတိုင်းကောက်ခံသည်ဟုယုံခြင်း...

မြန်မာ့အားကစားကမ္ဘာကိုလွှမ်းမယ်ဆိုတာကိုယုံခြင်း...

လာဘ်ပေးရန်မလို ဟူသောစာကို ယုံခြင်း.....

ဝိုင်းမန့်ကြတာလေးတွေလည်း
ထပ်ဖြည့်​ပေးပါ့မယ်​ ...
နိုင်​ငံ​ရေး ဘာသာ​ရေး မပါ​ကြေး
အ​ပျော်​သ​ဘော​လောက်​​ပေါ့ဗျာ 😄😄😄

၅၂၈ edit
မူရင်း Si thu kyaw

No comments:

Post a Comment