Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 4, 2018

ဖော်မလင်


မရေးတော့ဘူးလို့ပဲ.. ဒါပေမယ့်... အများစု စိတ်ထဲမှာ ပေါ့ပေါ့တန်တန် သဘောထား နေကြတဲ့ အတွက်... ရေးရတာပါ...

....

ဖော်မလင်ဆိုတာ ရေထဲမှာ ဖော်မယ်ဒီဟိုက်ဆိုတဲ့ အငွေ့ တစ်မျိုး ပျော်ဝင်နေတဲ့ အရည် ပါ... ဈေးကွက်ထဲမှာ တွေ့ရတဲ့ အရည်က 37% ရေထဲမှာ ပျော်နေတဲ့ ဟာပါ... အဲဒီ ဖော်မယ်ဒီဟိုက် ၁၀% ပျော်နေတဲ့ အရည်ကို ဖော်မလင် ခေါ်ပါတယ်... သူ့ကို အသုံးပြုကြတာက... ကြမ်းခင်းဆေး ထုတ်တဲ့ နေရာ.. အဝတ်အထည် ထုတ်လုပ်ရာ.. သစ်သားထည် ထုတ်လုပ်ရာ... ပိုးသတ်ဆေး.. ဓါတ်ခွဲခန်းတွေနဲ့... ကြာရှည်ခံအောင် လုပ်တဲ့ နေရာ တွေမှာ သုံးတယ်...
သူက အဆိပ်ပဲ.. အငွေ့ကလည်း အဆိပ်ပဲ.. အန္တရာယ် ကြီးတယ်... ဘာ အန္တရာယ် တွေကြီးသလဲ...

....

ဖော်မလင် ထည့်ထားတဲ့ ဆေးပုံးပေါ်မှာ.. အန္တရာယ် အမှတ်အသား ၄ မျိုး ဖော်ပြပေးရတယ်...

၁။ Corrosive
၂။ acute poisoning
၃။ Irritant
၎။ Health hazard, mutagenicity, carcinogen, reproductive toxicity, target organ toxicity, aspiration hazard.
ဆိုပြီး ပုံ ၄ ပုံ နဲ့ ဖော်ပြထားရတယ်... မဖော်ပြရင်.. ဒါ ဥပဒေကို ချိုးဖောက်တာပဲ...

.......

ဖော်မလင်က လူမှာ ဘာဖြစ်တတ်သလဲ...

၁။ အငွေ့ ကို ရှူ တာမှာ ပဲ... ရှူတာများရင်... ဖော်မယ်ဒီဟိုက် ဒဏ်ကို သိပ်မခံနိုင်ရင် လည်ပင်းနာမယ်.. ချောင်းဆိုးမယ်.. မျက်လုံးတွေ ယားမယ် မျက်ရည်ပူကျမယ်.. နှာခေါင်းသွေးယိုတာ ဖြစ်နိုင်ပါတယ်...ဒီလို ဖြစ်လာမယ်ဆိုရင်.. ဆရာဝန်နဲ့ ပြသင့်ပါတယ်..

၂။ ပေါင် ၁၅၀ လေးတဲ့ လူတစ်ယောက် အတွက် ဖော်မလင် တစ်အောင်စ ဒါမှမဟုတ် တစ်ပိုင့်လောက် သောက်မိရင် ချက်ချင်းသေပါတယ်..

၃။ ဖော်မလင် ပါဝင်မှုက 1 ppm ဆိုရင် လူတစ်ချို့က အနံ့ ကို စပြီး သတိပြုမိတတ်ပါတယ်.. ၂-၃ ppm ဆိုရင် အငွေ့က မျက်လုံးမှာ ခိုးလိုးခုလု ဖြစ်စေပါပြီ... ၄-၅ ppm ဆိုရင်.. မျက်လုံး ကသိကအောက် ဖြစ်လာပါပြီ.. မျက်ရည် စလည်စ ပြုလာပါပြီ... ၁၀ ppm ဆိုရင် မျက်ရည်ပူတွေ ကျလာပါပြီ... အငွေ့ဒဏ်ကို ခဏလောက်ပဲ ခံနိုင်ပါတော့တယ်.. ၁၀-၂၀ ppm ဆိုရင် အသက်ရှူရတာ တောင် ခက်လာပါပြီ.. နှာခေါင်းနဲ့ လည်ချောင်းမှာ ပူစပ်ပူလောင် ဖြစ်လာပါပြီ... ၅၀-၁၀၀ ppm ဆိုရင်တော့.. တော်တော်ကို ဆိုးဆိုးရွားရွား ဖြစ်ပါပြီ...

၎။ အသက်ကြီးသူ တွေနဲ့ ကလေးငယ်တွေဟာ ဖော်မလင် ရဲ့ ဒဏ်ကို ခံနိုင်ရည် နည်းပါတယ်... သူတို့ မှာ ဖြစ်ရင် ပိုပြီး ဆိုးဆိုးရွားရွား ဖြစ်တတ်ပါတယ်..

၅။ ဖော်မလင်ဟာ.. ကင်ဆာ ဖြစ်စေနိုင်တဲ့ ဓါတုပစ္စည်း ဖြစ်ကြောင်းကို အတော်စောစောကတည်းက သိကြပါတယ်...

၆။ မျိုးပွားအင်္ဂါ ကို ထိခိုက်စေတဲ့ အတွက် မြုံခြင်း ပန်းသေပန်းညှိုး ဖြစ်ခြင်း ဖြစ်စေတတ်ပါတယ်..

၇။ ကိုယ်ဝန်ဆောင်တွေမှာ သန္ဓေသားကို ထိခိုက်စေတတ်တဲ့ အတွက်.. သားပျက် သားလျှောခြင်း ကိုယ်အင်္ဂါမစုံ သန္ဓေသား မွေးဖွားခြင်း စသည်တို့ ဖြစ်စေတတ်ပါတယ်...

၈။ နိုင်ငံ အများစုမှာ ဖော်မလင်ကို ကြမ်းခင်းဆေး၊ သုတ်ဆေး သစ်သားဘုတ်ပြား ဓါတ်ခွဲခန်းသုံး ပစ္စည်းများ ထုတ်လုပ်ရာမှာ သုံးပြီး အငွေ့ကိုယ်တိုင်က အန္တရာယ် များပြားတဲ့ အတွက် လုပ်ငန်းခွင် အန္တရာယ် အနေနဲ့ အထူးဂရုပြုကြပါတယ်...

........

တကယ်တော့ ဖော်မလင်ဟာ အဆိပ်ပါ... အရည်တင်မက သူက ထွက်တဲ့ အငွေ့ကလည်း အဆိပ်ပါ... ဒီ လို အဆိပ်ကို အစားအသောက် ထဲ ထည့်ပြီး... ရောင်းဝယ် ဖောက်ကားတာဟာ... ဝိသမလောဘ ဖြစ်သလို... လူတွေကို အဆိပ်နည်းနည်းချင်း ခပ် သတ်တာနဲ့ တူပါတယ်...

......

အစားအသောက်မှာ ဖော်မလင် သုံးစွဲထုတ်လုပ်သူများကို မေတ္တာ ရပ်ခံချင်တာက... ဒီလို လုပ်တာဟာ လူတွေ ကို အဆိပ်ခပ်သတ်နေတယ်ဆိုတာကို သိပါ.... အခြားသော ကြာရှည်ခံဆေး တွေ အမြောက်အမြား ရှိပါတယ်.. လေ့လာကြပါ...

.....

ဒေသ ဆိုင်ရာ အာဏာပိုင်များကို မေတ္တာ ရပ်ခံချင်တာက... ဖော်မလင် သုံးစွဲ ထုတ်လုပ်သူများ မိမိ ဒေသတွင်းမှာ ရှိတယ်ဆိုရင်... လက်သင့်မခံကြစေလိုပါ... ခင်မင်ရင်းစွဲ ရှိသော်လည်း... ဒီလို ဖော်မလင် သုံးပြီး အစားအသောက် ထုတ်လုပ်တာက မိတ်ဆွေချင်း အဆိပ်ခတ်သူ ဖြစ်ပါတယ်... မိမိဒေသတွင်းက ကလေးသူငယ်များရဲ့ မျက်နှာကို ကြည့်ကြဖို့ မေတ္တာ ရပ်ခံလိုပါတယ်...

.....

မုန်းလိုက မုန်းစေ....

Credit : Pyei Phy
9Plus Myanmar

No comments:

Post a Comment