CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, August 18, 2018
ပြည်နယ်တိုင်းအစိုးရကိုပဲဖြစ်စေ၊ ပြည်နယ်တိုင်းအစိုးရကနေ ပြည်ထောင်စု အစိုးရကိုပဲဖြစ်စေ ဖုံးကွယ်တာတွေ၊ ဝိုင်းလိမ်တာတွေ မလိုချင်ပါဘူး
“စစ်ကိုင်းတိုင်းက တင်တဲ့အစိုးရအစီရင်ခံစာ စာအုပ်လည်းယူလာပါတယ်။ မဟုတ်ပါဘူး ဒီဂဏန်းတွေ မြင်ဖူးပါတယ်ပေါ့။ ဒါနဲ့ အရင်လက အစီရင်ခံစာ ပြန်တောင်းကြည့်တယ်။ တိုက်ကြည့်လိုက်တယ်။
စာမျက်နှာ ၂၀၊ ၂၁ လောက်ပဲကွဲတယ်။ ဒီတိုင်းပဲ။ အရေအတွက်ကော ဖမ်းမိတဲ့အကြိမ်ရေကော၊ လူဦးရေကော၊ တန်ဖိုးကော၊ ကီလိုဂရမ်ကော ဒီတိုင်းပဲ။ ဒါဆိုရင်တော့ ဒို့ဝန်ကြီးချုပ်ကလည်း မဖတ်ဖူးလားမသိဘူး။
ငါ့ဆီတော့ လက်မှတ်ထိုးတင်တာပဲ။ အဲဒီတော့ ဌာနဆိုင်ရာကလည်း ကွန်ပျူတာကနေ ဒေါင်းလုဒ်ဆွဲချပြီး ထည့်တာပဲ။ ဒါပေါ်နေပြီ။ အဲဒီတော့ ဝန်ထမ်းတွေကို အဲလိုမဖြစ်စေချင်ဘူး။ မှန်မှန်ကန်ကန်ဖြစ်စေချင်တယ်။ မရှိလည်း မရှိတဲ့အတိုင်း၊ ရှိလည်းရှိတဲ့အတိုင်း။ သူတို့စိတ်ထဲမှာ ကျနော့်ကို ဒါတွေမဖတ်ဘူးများတွက်နေလားမသိဘူး။ ကျနော်ဖတ်ပါတယ်။ ကျနော် တော်တော်စိတ်မကောင်းဖြစ်တယ်”
....
“ပြည်နယ်တိုင်းအစိုးရကိုပဲဖြစ်စေ၊ ပြည်နယ်တိုင်းအစိုးရကနေ ပြည်ထောင်စု အစိုးရကိုပဲဖြစ်စေ အဲလို ဖုံးကွယ်တာတွေ၊ ဝိုင်းလိမ်တာတွေ မလိုချင်ပါဘူး။
ခင်ဗျားတို့သိပါတယ်။ တချိန်တုန်းကလည်း အောက်ကနေ အပေါ်ကို အားလုံးကောင်းပါသည်ခင်ဗျားဆိုပြီး လုပ်တာ ပျက်ရော။ အားလုံးကောင်းပါသည်ခင်ဗျားကို လက်မခံနိုင်ပါဘူး။ အားသာချက် အားနည်းချက်တော့ ရှိမှာပဲ။ အကောင်းအဆိုးတော့ ရှိမှာပဲ။ ဒါကိုလက်ခံပါတယ်”
==============
နိုင်ငံတော်သမ္မတဦးဝင်းမြင့်
==============
အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊တရားစီရင်ရေး မဏ္ဍိုင် ၃ ရပ်က တာဝန်ရှိ ပုဂ္ဂိုလ်မျာနှင့်တွေ့ဆုံပွဲ
သတင်းနှင့်ဓာတ်ပုံ – အောင်ကိုလတ်
DVB
ပြည်နယ်တိုင်းအစိုးရကိုပဲဖြစ်စေ၊ ပြည်နယ်တိုင်းအစိုးရကနေ ပြည်ထောင်စု အစိုးရကိုပဲဖြစ်စေ ဖုံးကွယ်တာတွေ၊ ဝိုင်းလိမ်တာတွေ မလိုချင်ပါဘူး
Reviewed by MP4 YoU
on
August 18, 2018
Rating: 5
Reviewed by MP4 YoU
on
August 18, 2018
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment