Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, August 20, 2018

မမွီဝဲ အပ္ေသာ မိန္းမငါးေယာက္...ဤငါးေယာက္ေသာ မိန္းမတို႔ကိုေဝးစြာေရွာင္က်ဥ္ရာ၏။

(1)အလြန္အဆင္းလွေသာမိန္းမ

(2)ခ်စ္ခင္ႏွစ္သက္သူမ်ားေသာမိန္းမ

(3)ကေခ်သည္သီခ်င္းသည္(အႏုပညာရွင္)

(4)သူတစ္ပါး၏မယား

(5)ဥစၥာကိုလို၍မိမိအားခ်ဥ္းကပ္သူမိန္းမ
……………………………
ဤငါးေယာက္ေသာမိန္းမတို႔ကိုေဝးစြာေရွာင္က်ဥ္ရာ၏။
*************************
ေရွးလြန္ေလျပီးေသာကာလ
ေကာသလမင္းသည္ဗာရာဏသီကိုတိုက္ခိုက္သိမ္းယူျပီးသည့္ေနာက္
ဗရာဏသီမင္း၏မိဘုရားကိုပါသိမ္းပိုက္လ်ွက္မိဘုရားႀကီးအျဖစ္တင္ေျမွာက္ကာတိုင္းျပည္သို႔ျပန္လာခဲ႔ေလသည္။

ထိုမိဘုရားႀကီး၌ဗရာဏသီမင္းႏွင့္ရေသာကိုယ္ဝန္ပါလာခဲ႔၏
ကာလအတိုင္းတာတစ္ခုသို႔ေရာက္ေသာ္သားေယာက်္ားေလးဖြားျမင္ေလသည္
ေကာသလမင္းႀကီးလည္းသားေယာက်္ားေလးမရွိသျဖင့္သားအရင္းကဲ႔သို႔ခ်စ္သျဖင့္
အရြယ္ေရာက္ေသာအခါဖခင္၏ဥစၥာျဖစ္ေသာဗာရာဏသီျပည္ကိုမင္းျပဳေစ၏။

ထိုအခါမိဘုရားႀကီးသည္ေကာသလမင္းႀကီးကိုခြင့္ပန္ႀကားျပီးလ်ွင္သားေတာ္ထံအလည္အပတ္သြားေလသည္
ခရီးအႀကား၌ရွိေသာနိဂံုးရြာတြင္အျခံအရံႏွင့္ခရီးတစ္ေထာက္နားခိုေလသည္
ထိုနိဂံုးရြာတြင္ပဥၥလအမည္ရေသာပုဏၰားလုလင္သည္ကားအလြန္ပင္အဆင္းလွပေလ၏
ထိုပုဏၰားသည္မိဖုရားအားလက္ေဆာင္ပဏၰာတို႔ကိုသြားေရာက္ဆက္သေလသည္

မိဖုရားႀကီးလည္းပဥၥာလလုလင္အားျမင္လ်ွင္ျမင္ျခင္းတပ္စြန္းေသာစိတ္ရွိသည္ျဖစ္၍ထိုလုလင္အားဖ်ားေယာင္းေသြးေဆာင္ကာယုတ္မာေသာအက်င့္ကိုက်င့္ေလေတာ့၏
ထိုအရပ္၌ႏွစ္ရက္သံုးရက္ေနျပီးမွသားေတာ္မင္းႀကီးထံသြားေရာက္ေလသည္
ျပန္လာေသာအခါတြင္လည့္ပဥၥလလုလင္ထံ၌ပင္ဝင္၍ယုတ္မာေသာေဖာက္ျပန္မႈကိုက်င့္ေလျပန္၏
ႏွစ္ရက္သံုးရက္ေနျပီးေသာအခါတြင္မွေကာသလမင္းႀကီးထံျပန္ေလ၏

ထိုအခါမွစ၍မိဘုရားႀကီးသည္သားေတာ္ထံသြားမည္ဟုမင္းႀကီးအားပန္ႀကားကာထိုနိဂံုးရြာ၌လခြဲႀကာေအာင္ယုတ္မာေသာအက်င့္ကိုက်င့္ေလ၏။ ။

ကုဏၰလဥႀသမင္းလည္းျဗဟၼဒတ္မင္း၏မယ္ေတာ္အေႀကာင္းေဟာႀကားျပီးေနာက္
အေဆြဖုႆ ယခုငါေျပာဆိုခဲ႔ေသာမိန္းမ
တို႔သာလ်ွင္ယုတ္မာေသာအက်င့္ကိုက်င့္ႀကသည္မဟုတ္
တစ္ပါးေသာမိန္းမတို႔သည္လည္းယုတ္မာေသာအက်င့္ကိုက်င့္ႀကကုန္သည္သာတည္း။

မိန္းမတို႔သည္ေျမႀကီးႏွင့္တူကုန္၏
မိန္းမတို႔သည္ျခေသၤ႔ႏွင့္ပမာတူ၏
မိန္းမတို႔သည္ေသမင္း၏ေက်ာ့ကြင္းလည္းျဖစ္ေပ၏
မိန္းမတို႔သည္သူခိုးႏွင့္တူကုန္၏
မိန္းမတို႔သည္ကုန္သည္ႏွင့္ပမာတူ၏
မိန္းမတို႔သည္ရကၡိဳက္ဘီလူးမႏွင့္တူ၏
မိန္းမတို႔သည္အဆိပ္သီးႏွင့္တူ၏။

မွတ္ခ်က္။ ။မိန္းမတိုင္းကိုမဆိုလိုပါ
ေလာက၌မိန္းမေကာင္းမ်ားလည္းရွိေပသည္။
 မိန္းမတို႔ အေၾကာင္း တေစ့တေစာင္း

#Unicode Version#
(1)အလွန်အဆင်းလှသောမိန်းမ
(2)ချစ်ခင်နှစ်သက်သူများသောမိန်းမ
(3)ကချေသည်သီချင်းသည်(အနုပဉာရှင်)
(4)သူတစ်ပါး၏မယား
(5)ဥစ္စာကိုလို၍မိမိအားချဉ်းကပ်သူမိန်းမ
……………………………
ဤငါးယောက်သောမိန်းမတို့ကိုဝေးစွာရှောင်ကျဉ်ရာ၏။
*************************
ရှေးလွန်လေပြီးသောကာလ
ကောသလမင်းသည်ဗာရာဏသီကိုတိုက်ခိုက်သိမ်းယူပြီးသည့်နောက်
ဗရာဏသီမင်း၏မိဘုရားကိုပါသိမ်းပိုက်လျှက်မိဘုရားကြီးအဖြစ်တင်မြှောက်ကာတိုင်းပြည်သို့ပြန်လာခဲ့လေသည်။

ထိုမိဘုရားကြီး၌ဗရာဏသီမင်းနှင့်ရသောကိုယ်ဝန်ပါလာခဲ့၏
ကာလအတိုင်းတာတစ်ခုသို့ရောက်သော်သားယောကျ်ားလေးဖွားမြင်လေသည်
ကောသလမင်းကြီးလည်းသားယောကျ်ားလေးမရှိသဖြင့်သားအရင်းကဲ့သို့ချစ်သဖြင့်
အရွယ်ရောက်သောအခါဖခင်၏ဥစ္စာဖြစ်သောဗာရာဏသီပြည်ကိုမင်းပြုစေ၏။

ထိုအခါမိဘုရားကြီးသည်ကောသလမင်းကြီးကိုခွင့်ပန်ကြားပြီးလျှင်သားတော်ထံအလည်အပတ်သွားလေသည်
ခရီးအကြား၌ရှိသောနိဂုံးရွာတွင်အခြံအရံနှင့်ခရီးတစ်ထောက်နားခိုလေသည်
ထိုနိဂုံးရွာတွင်ပဉ္စလအမည်ရသောပုဏ္ဏားလုလင်သည်ကားအလွန်ပင်အဆင်းလှပလေ၏
ထိုပုဏ္ဏားသည်မိဖုရားအားလက်ဆောင်ပဏ္ဏာတို့ကိုသွားရောက်ဆက်သလေသည်

မိဖုရားကြီးလည်းပဉ္စာလလုလင်အားမြင်လျှင်မြင်ခြင်းတပ်စွန်းသောစိတ်ရှိသည်ဖြစ်၍ထိုလုလင်အားဖျားယောင်းသွေးဆောင်ကာယုတ်မာသောအကျင့်ကိုကျင့်လေတော့၏
ထိုအရပ်၌နှစ်ရက်သုံးရက်နေပြီးမှသားတော်မင်းကြီးထံသွားရောက်လေသည်
ပြန်လာသောအခါတွင်လည့်ပဉ္စလလုလင်ထံ၌ပင်ဝင်၍ယုတ်မာသောဖောက်ပြန်မှုကိုကျင့်လေပြန်၏
နှစ်ရက်သုံးရက်နေပြီးသောအခါတွင်မှကောသလမင်းကြီးထံပြန်လေ၏

ထိုအခါမှစ၍မိဘုရားကြီးသည်သားတော်ထံသွားမည်ဟုမင်းကြီးအားပန်ကြားကာထိုနိဂုံးရွာ၌လခွဲကြာအောင်ယုတ်မာသောအကျင့်ကိုကျင့်လေ၏။ ။

ကုဏ္ဏလဥသြမင်းလည်းဗြဟ္မဒတ်မင်း၏မယ်တော်အကြောင်းဟောကြားပြီးနောက်
အဆွေဖုဿ ယခုငါပြောဆိုခဲ့သောမိန်းမ
တို့သာလျှင်ယုတ်မာသောအကျင့်ကိုကျင့်ကြသည်မဟုတ်
တစ်ပါးသောမိန်းမတို့သည်လည်းယုတ်မာသောအကျင့်ကိုကျင့်ကြကုန်သည်သာတည်း။

မိန်းမတို့သည်မြေကြီးနှင့်တူကုန်၏
မိန်းမတို့သည်ခင်္သြေ့နှင့်ပမာတူ၏
မိန်းမတို့သည်သေမင်း၏ကျော့ကွင်းလည်းဖြစ်ပေ၏
မိန်းမတို့သည်သူခိုးနှင့်တူကုန်၏
မိန်းမတို့သည်ကုန်သည်နှင့်ပမာတူ၏
မိန်းမတို့သည်ရက္ခိုက်ဘီလူးမနှင့်တူ၏
မိန်းမတို့သည်အဆိပ်သီးနှင့်တူ၏။

မှတ်ချက်။ ။မိန်းမတိုင်းကိုမဆိုလိုပါ
လောက၌မိန်းမကောင်းများလည်းရှိပေသည်။
မိန်းမတို့ အကြောင်း တစေ့တစောင်း

No comments:

Post a Comment