Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, August 29, 2018

မိသားစု( ၃ )ဦး ဆိုင္ကယ္စီးလာရာမွ ကားရထားႏွင့္ တိုက္မိ၍( ၂ )ႏွစ္အရြယ္သားေလးႏွင့္ခင္ပြန္း ေသဆံုး

ပဲခူးတိုင္းေဒသႀကီး သာယာဝတီခရိုင္
နတၲလင္းျမိဳ႕နယ္ႏွင့္ ဇီးကုန္းျမိဳ႕နယ္ႀကား၌ ယေန႔ညေန( ၃ )နာရီ (၃၀) မိနစ္ ) အခ်ိန္က ကားရထားႏွင့္ ဆိုင္ကယ္တိုက္မိရာက လူ ( ၂ ) ဦး ေသဆုံးျပီး ( ၁ ) ဦး ဒဏ္ရာရရွိခဲ့ေႀကာင္းး သတင္းရရွိသည္။

ျပည္ – လက္ပံတန္း ခရီးတို RBE ကားရထားဟာ နတၲလင္းျမိဳ႕နယ္ နတၲလင္းဘူတာႏွင့္ ဇီးကုန္း ဘူတာႀကား မုိင္တိုင္အမွတ္ ၁၂၁ / ၂၁ – ၂၂ ႀကားသုိ႔ ျဖတ္ေမာင္းလာစဥ္ ရန္ကုန္ – ျပည္လမ္းမွ သူေနထိုင္ရာ အေရွ႕အလယ္ဦးသူရြာသုိ႕ ျပန္လာေသာ ကုိမင္းမင္းေဌး အသက္ ၂၀ ႏွစ္ ( ဘ ) ဦးႀကည္စုိး ေမာင္းႏွင္လာသည့္ Luojia 110 ဆိုင္ကယ္ႏွင့္ မီးရထားလမ္းကုိ ျဖတ္စဥ္ တိုက္မိခဲ့၍
ဆိုင္ကယ္ေမာင္းႏွင္သူ ကုိမင္းမင္းေဌး အသက္ (၂၀ ) ႏွစ္ မွာ နား ၂ဖက္ ေသြးထြက္ဒဏ္ရာ ၊ ဘယ္ဘက္ေပါင္က်ိ ဳ း ဒဏ္ရာျဖစ္ အခင္းျဖစ္ေနရာတြင္ ေသဆုံးခဲ့ျပီး ၊ သားျဖစ္သူ ေမာင္ေအာင္ေကာင္းျမတ္ အသက္ ( ၂ ) ႏွစ္နဲ႕ ( ၄ ) လ မွာလည္း ငယ္ထိပ္ေပါက္ျပဲ ဒဏ္ရာျဖင့္ အခင္းျဖစ္ေနရာ၌ပင္ ေသဆုံးခဲ့သည္။

ေမာင္ေအာင္ေကာင္းျမတ္၏ မိခင္ျဖစ္သူ မေအးေအးနိူင္ အသက္ ( ၂၉ ) ႏွစ္မွာေတာ့ ဝဲေမးရိုးက်ိ ဳ း ဒဏ္ရာ ၁ ခ်က္ ၊ ယာဘက္ေမးရိုးေပါက္ျပဲ ဒဏ္ရာ ၁ ခ်က္ျဖင့္ စုိးရိမ္ရေသာ အေျခအေနမွာ ရွိသျဖင့္ နတၲလင္းျမိဳ႕နယ္ ဟိတကာရီလူမႈကူညီေရးအသင္းယာဥ္ျဖင့္ ေသဆုံးသူ ၂ ဦးးႏွင့္ ဒဏ္ရာရရွိသူ မေအးေအးနိူင္တို႔အား နတၲလင္းျမိဳ႕နယ္ ျပည္သူ႔ေဆးရံုႀကီးသုိ႔ ပုိ႔ေဆာင္ေပးခဲ့သည္။

ဆိုင္ကယ္ေမာင္းႏွင္သူ ကုိမင္းမင္းေဌး ( ေသဆုံး ) ႏွင့္ သားျဖစ္သူ ေမာင္ေအာင္ေကာင္းျမတ္ ( ေသဆုံး ) တို႕အားဓမၼတာအတိုင္း ေသ
ဆုံးျခင္း ဟုတ္ / မဟုတ္ စစ္ေဆးေပးပါရန္ ဒုရဲမႈး ေဇာ္မုိးမွ တရား
လိုျပဳလုပ္ တိုင္တန္းသျဖင့္ နတၲလင္းျမိဳ႕မ ရဲစခန္းမွ ေသမႈေသခင္း
အမွတ္စဥ္ ၁၁ / ၁၈ ျဖင့္ အမႈဖြင့္လွစ္ေဆာင္ရြက္ ထားရွိကာ အမႈအား စခန္းမႈးဒုရဲမႈး ေဇာ္မုိးမွ စစ္ေဆး ေဆာင္ရြက္လ်က္ ရွိေႀကာင္း
သတင္းသိရွိသည္။

ကားရထားအား ေမာင္းႏွင္လာသူတို႔မွာစက္ေခါင္းေမာင္းသူမွာ
ဦးေက်ာ္ေက်ာ္ ၊ရထားထိန္း ဦးရဲဝင္းေနာင္တို႔ ျဖစ္ျပီးရထားလုံျခံဳေရး
ရဲဒုတက ေအးမင္းထြန္းတို႔ စုေပါင္း ၃ ဦး ျဖစ္ေႀကာင္းႏွင့္
အမွတ္ ( ၆၁၀ ) အစုန္ ရထားစက္ေခါင္း အမွတ္ RBE – 2523 ဟု သတင္းရရွိပါသည္။

သတင္းႏွင့္ ဓာတ္ပုံ-ဝဇင္ၾကည္၊ လွဝင္း(ေခ်ာင္းေစာက္)
ကုိလွဝင္း ( ေခ်ာင္းေစာက္ )

#Unicode Version#
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်
နတ္တလင်းမြို့နယ်နှင့် ဇီးကုန်းမြို့နယ်ကြား၌ ယနေ့ညနေ( ၃ )နာရီ (၃၀) မိနစ် ) အချိန်က ကားရထားနှင့် ဆိုင်ကယ်တိုက်မိရာက လူ ( ၂ ) ဦး သေဆုံးပြီး ( ၁ ) ဦး ဒဏ်ရာရရှိခဲ့ကြောင်းး သတင်းရရှိသည်။

ပြည် – လက်ပံတန်း ခရီးတို RBE ကားရထားဟာ နတ္တလင်းမြို့နယ် နတ္တလင်းဘူတာနှင့် ဇီးကုန်း ဘူတာကြား မိုင်တိုင်အမှတ် ၁၂၁ / ၂၁ – ၂၂ ကြားသို့ ဖြတ်မောင်းလာစဉ် ရန်ကုန် – ပြည်လမ်းမှ သူနေထိုင်ရာ အရှေ့အလယ်ဦးသူရွာသို့ ပြန်လာသော ကိုမင်းမင်းဌေး အသက် ၂၀ နှစ် ( ဘ ) ဦးကြည်စိုး မောင်းနှင်လာသည့် Luojia 110 ဆိုင်ကယ်နှင့် မီးရထားလမ်းကို ဖြတ်စဉ် တိုက်မိခဲ့၍
ဆိုင်ကယ်မောင်းနှင်သူ ကိုမင်းမင်းဌေး အသက် (၂၀ ) နှစ် မှာ နား ၂ဖက် သွေးထွက်ဒဏ်ရာ ၊ ဘယ်ဘက်ပေါင်ကျိ ု း ဒဏ်ရာဖြစ် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ၊ သားဖြစ်သူ မောင်အောင်ကောင်းမြတ် အသက် ( ၂ ) နှစ်နဲ့ ( ၄ ) လ မှာလည်း ငယ်ထိပ်ပေါက်ပြဲ ဒဏ်ရာဖြင့် အခင်းဖြစ်နေရာ၌ပင် သေဆုံးခဲ့သည်။

မောင်အောင်ကောင်းမြတ်၏ မိခင်ဖြစ်သူ မအေးအေးနိူင် အသက် ( ၂၉ ) နှစ်မှာတော့ ဝဲမေးရိုးကျိ ု း ဒဏ်ရာ ၁ ချက် ၊ ယာဘက်မေးရိုးပေါက်ပြဲ ဒဏ်ရာ ၁ ချက်ဖြင့် စိုးရိမ်ရသော အခြေအနေမှာ ရှိသဖြင့် နတ္တလင်းမြို့နယ် ဟိတကာရီလူမှုကူညီရေးအသင်းယာဉ်ဖြင့် သေဆုံးသူ ၂ ဦးးနှင့် ဒဏ်ရာရရှိသူ မအေးအေးနိူင်တို့အား နတ္တလင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။

ဆိုင်ကယ်မောင်းနှင်သူ ကိုမင်းမင်းဌေး ( သေဆုံး ) နှင့် သားဖြစ်သူ မောင်အောင်ကောင်းမြတ် ( သေဆုံး ) တို့အားဓမ္မတာအတိုင်း သေ
ဆုံးခြင်း ဟုတ် / မဟုတ် စစ်ဆေးပေးပါရန် ဒုရဲမှုး ဇော်မိုးမှ တရား
လိုပြုလုပ် တိုင်တန်းသဖြင့် နတ္တလင်းမြို့မ ရဲစခန်းမှ သေမှုသေခင်း
အမှတ်စဉ် ၁၁ / ၁၈ ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက် ထားရှိကာ အမှုအား စခန်းမှုးဒုရဲမှုး ဇော်မိုးမှ စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း
သတင်းသိရှိသည်။

ကားရထားအား မောင်းနှင်လာသူတို့မှာစက်ခေါင်းမောင်းသူမှာ
ဦးကျော်ကျော် ၊ရထားထိန်း ဦးရဲဝင်းနောင်တို့ ဖြစ်ပြီးရထားလုံခြုံရေး
ရဲဒုတက အေးမင်းထွန်းတို့ စုပေါင်း ၃ ဦး ဖြစ်ကြောင်းနှင့်
အမှတ် ( ၆၁၀ ) အစုန် ရထားစက်ခေါင်း အမှတ် RBE – 2523 ဟု သတင်းရရှိပါသည်။

သတင်းနှင့် ဓာတ်ပုံ-ဝဇင်ကြည်၊ လှဝင်း(ချောင်းစောက်)
ကိုလှဝင်း ( ချောင်းစောက် )

No comments:

Post a Comment