Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, August 22, 2018

မဆင္​မျခင္​​ေျပာသည္​့ဆိုးက်ိဳး

တစ္ခါတုန္းက ေသာဏအမည္႐ွိေသာ ဥပါသကာ တစ္ဦးသည္ မေထရ္ တစ္ပါးထံ ခ်ဥ္းကပ္၍ ဆြမ္းလုပ္ေကြၽးျခင္း ၊ တရားဓမၼမ်ား နာၾကားျခင္း ၊ တရားဓမၼမ်ား ေဆြးေႏြးျခင္း စသည္တို႔ကို အျမဲမျပတ္ ျပဳလုပ္ေလ့႐ွိ၏ ။ မေထရ္ျမတ္၏ တရားအဆံုးအမတို႔ကို ၾကားနာရဖန္မ်ား လာေသာ အခါ ေသာဏသည္ သတိသံေဝဂ ရ၍ တရားကို ျပင္းျပင္း ထန္ထန္ အားထုတ္ေလ၏ ။

တစ္ေန႔တြင္ ေသာဏသည္ အျခားၿမိဳ႕တစ္ၿမိဳ႕သို႔ ကုန္အေရာင္းအဝယ္
ကိစၥျဖင့္ သြားေသာ ကုန္သည္တစ္စုႏွင့္ အတူ လိုက္ပါသြားေလ၏ ။ ညေနေမွာင္စပ်ိဳးလာေသာအခါ လမ္းခရီး တစ္ေနရာတြင္ အိပ္စက္ အနားယူရန္ ရပ္နားလိုက္ၾကသည္ ။

တရားအားထုတ္ျခင္း၌ ေမြ႕ေလ်ာ္ေလ့႐ွိေသာ ေသာဏသည္
ကုန္သည္တို႔ႏွင့္ ေရာေရာေနွာေနွာ ဆူဆူညံညံ မအိပ္လိုသျဖင့္
မလွမ္းမကမ္း တစ္ေနရာသို႔ သြား၍ အိပ္ေလ၏ ။

နံနက္လင္းေသာအခါ ကုန္သည္တို႔သည္ ေသာဏကို ေခၚရန္
သတိမရၾကဘဲ ခရီးဆက္သြားၾက၏ ။ နံနက္လင္း၍ ေနေရာင္လာ
ေသာအခါမွ ေသာဏသည္ အိပ္ရာမွ ႏိုးလာသည္ ။ ကုန္သည္တို႔ကို
မေတြ႕ရ၍ ေဘးအနီးပတ္ဝန္းက်င္၌ လိုက္႐ွာ၏ ။ ေနာက္ဆံုးတြင္
ကုန္သည္တို႔ ဆက္လက္ ထြက္ခြာသြားၾကၿပီ ဆိုသည္ကို သိလိုက္ရၿပီး ေသာဏ သည္ ကုန္သည္တို႔ သြားသည့္ လမ္းအတိုင္း လ်င္ျမန္စြာ လိုက္သြားေလ ရာ လမ္းခရီးတစ္ေနရာ၌ ေညာင္ပင္ႀကီးတစ္ပင္ အနီးသို႔ ေရာက္ေလသည္ ။

ေသာဏသည္ ထိုေနရာ၌ အလြန္ထူးျခားေသာ အသြင္ သဏၭာန္႐ွိသည့္
ပုဂိၢဳလ္တစ္ဦးကို အံ့ဩဖြယ္ရာ ေတြ႕ေလ၏ ။ ထို ပုဂိၢဳလ္၏ ခႏၶာကိုယ္သည္
အလြန္ႀကီးမား၏ ။ ႐ုပ္ကလည္း အလြန္ ေၾကာက္မက္ဖြယ္ေကာင္း၏ ၊
ခႏၶာကိုယ္သည္လည္း အ႐ိုးၿပိဳင္းၿပိဳင္းထေန၏ ။ သူ၏ အသားမ်ားကို
သူကိုယ္တိုင္ ျပန္၍စားေန၏ ။ ေသာဏသည္ကား တရားဓမၼမ်ားကို
ႏွစ္ေပါင္းမ်ားစြာ အားထုတ္ထားသူျဖစ္၍ ေၾကာက္လန္္႕ျခင္း အလ်ဥ္းမ႐ွိေပ ။ ေၾကာက္လန္႔ျခင္း မျဖစ္သည္သာမက `` သင္ ဘယ္သူလဲ ´´ ဟုပင္
ေမးလိုက္ေသးသည္ ။

`` ကြၽန္ုပ္ဟာ ၿပိတၱာျဖစ္ပါတယ္ ´´ ဟု ျပန္ေျဖေလ၏ ။ `` ဘယ္လို
မေကာင္းမႈ အကုသိုလ္မ်ိဳးကို က်ဴးလြန္ခဲ့လို႔ အခုလို ဆင္းရဲဒုကၡေတြ
ခံစားေနရတာလဲ ´´ ဟု ေသာဏက ထပ္ေမးေလ၏ ၊

ထိုအခါ ၿပိတၱာႀကီးက `` အကြၽန္ုပ္သည္ ေ႐ွးဘဝတစ္ခုတုန္းက
ဘာ႐ုကစၦကၿမိဳ႕မွာ ကုန္သည္တစ္ေယာက္ ျဖစ္ခဲ့ပါတယ္ ။ အဲဒီဘဝမွာ
အကြၽန္ုပ္ဟာ သူမ်ားေတြရဲ႕ ပစၥည္းဥစၥာေတြကို လိမ္လည္ လွည့္ျဖားၿပီး
ရေအာင္ယူခဲ့ပါတယ္ ။ ဒါ့အျပင္ ဆြမ္းခံႂကြတဲ့ ရဟန္းသာမေဏေတြကိုလည္း
``သင္တို႔ရဲ႕ အသားကို ကိုယ္တိုင္ျပန္စားၾက ´´ လို႔ ေျပာဆို
ေစာ္ကားခဲ့မိပါတယ္ ။ အဲဒီလို မေကာင္းမႈ အကုသိုလ္ ကံေတြေၾကာင့္
အခုလို ဆင္းရဲဒုကၡေတြကို ခံစားေနရျခင္း ျဖစ္ပါတယ္ ´´ ဟု
ျပန္လည္ေျဖၾကားေလသည္ ။

ေသာဏသည္ ၿပိတၱာႀကီး၏ စကားကို ၾကားရေသာအခါ အလြန္
သတိသံေဝဂ ျဖစ္မိျပန္၏ ။ ထို႔အျပင္ အျခားသူမ်ားကို လိမ္လည္
လွည့္ျဖားလ်ွင္ ျဖစ္ေလရာဘဝတိုင္း၌ ႐ုပ္ဆိုးသူ ျဖစ္တတ္ေၾကာင္း ၊
ျမင့္ျမတ္ေသာ ပုဂိၢဳလ္တို႔ကို ႐ိုင္းပ်စြာ ေျပာဆိုေစာ္ကားလ်ွင္ ၿပိတၱာဘဝသို႔ ေရာက္တတ္ေၾကာင္း စသည္ျဖင့္ မေကာင္းမႈ အကုသိုလ္ကံ တို႔၏ ဆိုးဝါးေသာ အက်ိဳးဆက္တို႔ကို ဆက္လက္ ဆင္ျခင္မိေလသည္ ။
bomgsaw

Unicode Version
တစ်ခါတုန်းက သောဏအမည်ရှိသော ဥပါသကာ တစ်ဦးသည် မထေရ် တစ်ပါးထံ ချဉ်းကပ်၍ ဆွမ်းလုပ်ကျွေးခြင်း ၊ တရားဓမ္မများ နာကြားခြင်း ၊ တရားဓမ္မများ ဆွေးနွေးခြင်း စသည်တို့ကို အမြဲမပြတ် ပြုလုပ်လေ့ရှိ၏ ။ မထေရ်မြတ်၏ တရားအဆုံးအမတို့ကို ကြားနာရဖန်များ လာသော အခါ သောဏသည် သတိသံဝေဂ ရ၍ တရားကို ပြင်းပြင်း ထန်ထန် အားထုတ်လေ၏ ။

တစ်နေ့တွင် သောဏသည် အခြားမြို့တစ်မြို့သို့ ကုန်အရောင်းအဝယ်
ကိစ္စဖြင့် သွားသော ကုန်သည်တစ်စုနှင့် အတူ လိုက်ပါသွားလေ၏ ။ ညနေမှောင်စပျိုးလာသောအခါ လမ်းခရီး တစ်နေရာတွင် အိပ်စက် အနားယူရန် ရပ်နားလိုက်ကြသည် ။

တရားအားထုတ်ခြင်း၌ မွေ့လျော်လေ့ရှိသော သောဏသည်
ကုန်သည်တို့နှင့် ရောရောနှောနှော ဆူဆူညံညံ မအိပ်လိုသဖြင့်
မလှမ်းမကမ်း တစ်နေရာသို့ သွား၍ အိပ်လေ၏ ။

နံနက်လင်းသောအခါ ကုန်သည်တို့သည် သောဏကို ခေါ်ရန်
သတိမရကြဘဲ ခရီးဆက်သွားကြ၏ ။ နံနက်လင်း၍ နေရောင်လာ
သောအခါမှ သောဏသည် အိပ်ရာမှ နိုးလာသည် ။ ကုန်သည်တို့ကို
မတွေ့ရ၍ ဘေးအနီးပတ်ဝန်းကျင်၌ လိုက်ရှာ၏ ။ နောက်ဆုံးတွင်
ကုန်သည်တို့ ဆက်လက် ထွက်ခွာသွားကြပြီ ဆိုသည်ကို သိလိုက်ရပြီး သောဏ သည် ကုန်သည်တို့ သွားသည့် လမ်းအတိုင်း လျင်မြန်စွာ လိုက်သွားလေ ရာ လမ်းခရီးတစ်နေရာ၌ ညောင်ပင်ကြီးတစ်ပင် အနီးသို့ ရောက်လေသည် ။

သောဏသည် ထိုနေရာ၌ အလွန်ထူးခြားသော အသွင် သဏ္ဌာန်ရှိသည့်
ပုဂ္ဂိုလ်တစ်ဦးကို အံ့ဩဖွယ်ရာ တွေ့လေ၏ ။ ထို ပုဂ္ဂိုလ်၏ ခန္ဓာကိုယ်သည်
အလွန်ကြီးမား၏ ။ ရုပ်ကလည်း အလွန် ကြောက်မက်ဖွယ်ကောင်း၏ ၊
ခန္ဓာကိုယ်သည်လည်း အရိုးပြိုင်းပြိုင်းထနေ၏ ။ သူ၏ အသားများကို
သူကိုယ်တိုင် ပြန်၍စားနေ၏ ။ သောဏသည်ကား တရားဓမ္မများကို
နှစ်ပေါင်းများစွာ အားထုတ်ထားသူဖြစ်၍ ကြောက်လန့််ခြင်း အလျဉ်းမရှိပေ ။ ကြောက်လန့်ခြင်း မဖြစ်သည်သာမက `` သင် ဘယ်သူလဲ ´´ ဟုပင်
မေးလိုက်သေးသည် ။

`` ကျွန်ုပ်ဟာ ပြိတ္တာဖြစ်ပါတယ် ´´ ဟု ပြန်ဖြေလေ၏ ။ `` ဘယ်လို
မကောင်းမှု အကုသိုလ်မျိုးကို ကျူးလွန်ခဲ့လို့ အခုလို ဆင်းရဲဒုက္ခတွေ
ခံစားနေရတာလဲ ´´ ဟု သောဏက ထပ်မေးလေ၏ ၊

ထိုအခါ ပြိတ္တာကြီးက `` အကျွန်ုပ်သည် ရှေးဘဝတစ်ခုတုန်းက
ဘာရုကစ္ဆကမြို့မှာ ကုန်သည်တစ်ယောက် ဖြစ်ခဲ့ပါတယ် ။ အဲဒီဘဝမှာ
အကျွန်ုပ်ဟာ သူများတွေရဲ့ ပစ္စည်းဥစ္စာတွေကို လိမ်လည် လှည့်ဖြားပြီး
ရအောင်ယူခဲ့ပါတယ် ။ ဒါ့အပြင် ဆွမ်းခံကြွတဲ့ ရဟန်းသာမဏေတွေကိုလည်း
``သင်တို့ရဲ့ အသားကို ကိုယ်တိုင်ပြန်စားကြ ´´ လို့ ပြောဆို
စော်ကားခဲ့မိပါတယ် ။ အဲဒီလို မကောင်းမှု အကုသိုလ် ကံတွေကြောင့်
အခုလို ဆင်းရဲဒုက္ခတွေကို ခံစားနေရခြင်း ဖြစ်ပါတယ် ´´ ဟု
ပြန်လည်ဖြေကြားလေသည် ။

သောဏသည် ပြိတ္တာကြီး၏ စကားကို ကြားရသောအခါ အလွန်
သတိသံဝေဂ ဖြစ်မိပြန်၏ ။ ထို့အပြင် အခြားသူများကို လိမ်လည်
လှည့်ဖြားလျှင် ဖြစ်လေရာဘဝတိုင်း၌ ရုပ်ဆိုးသူ ဖြစ်တတ်ကြောင်း ၊
မြင့်မြတ်သော ပုဂ္ဂိုလ်တို့ကို ရိုင်းပျစွာ ပြောဆိုစော်ကားလျှင် ပြိတ္တာဘဝသို့ ရောက်တတ်ကြောင်း စသည်ဖြင့် မကောင်းမှု အကုသိုလ်ကံ တို့၏ ဆိုးဝါးသော အကျိုးဆက်တို့ကို ဆက်လက် ဆင်ခြင်မိလေသည် ။
bomgsaw

No comments:

Post a Comment