Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, August 9, 2018

သမိုင္းဓာတ္ပုံတစ္ခုေၾကာင့္ က်ိဳက္ထီး႐ိုးဘုရားေတာင္ေပၚ အမ်ိဳးသမီးတက္ေရာက္ခြင့္ရွိ၊မရွိ အျငင္းပြားမူမ်ားရွိေန

သမိုင္းသုေတသီကို အႀကီးက်ယ္ ဆႏၵျပမလား?

ေဒါက္တာသန႔္ျမင့္ဦးရဲ႕facebookမွာ 1865ခုႏွစ္က က်ိဳက္ထီး႐ိုးလို႔ေရးသားထားတဲ့ဓါတ္ပုံပါ…ပုံထဲမွာ အနီနဲ႔ဝိုင္းထားတဲ့သူေတြဟာ (က်ေနာ္ဝိုင္းထားတာပါ မူရင္းမဟုတ္)အမ်ိဳးသမီးတဦးနဲ႔ မိန္းကေလးငယ္တဦးလို႔ ယူဆရၿပီးသူတို႔ဟာ ဒီေန႔ခတ္မွာအမ်ိဳးသမီးမဝင္ရလို႔သတ္မွတ္ထားတဲ့ ေတာင္ထြတ္ေပၚမွာရွိေနတာပါ…

ဒါဆိုေရွးအရင္ေခတ္ေတြတုန္းက က်ိဳက္ထီး႐ိုးေစတီေက်ာက္တုံးအနီးထိအမ်ိဳးသမီးေတြဝင္ေရာက္ဖူးေျမႇာ္ခြင့္ရွိခဲ့သလားဆိုတာ စဥ္းစားစရာျဖစ္ပါတယ္…သိတဲ့မီတဲ့သူေတြရွိရင္ အကိုးအကားနဲ႔ ရွာေဖြေဖာ္ထုတ္ၾကေစခ်င္ပါတယ္… အရင္ကရရင္အခုလည္းရသင့္ပါတယ္

အမ်ိဳးသမီးေတြကို တဆင့္ႏွိမ့္ခြဲျခားဆက္ဆံတာေတြပေပ်ာက္ဖို႔ ဒီလိုယုတၱိမတန္တဲ့အယူသည္းမႈေတြကိုလည္း ဖယ္ရွားေတာ္လွန္ၾကရပါမယ္…

တဖက္မွာလည္း ငါ သူ တပါး ေယာက်ား မိန္းမမရွိ ႐ုပ္နဲ႔နာမ္သာရွိတယ္ဆိုတဲ့ ဗုဒၶအဘိဓမၼာကို

က်ား/မ အသားအေရာင္လူမ်ိဳး ဘာသာခြဲျခားမႈေတြအေျခခံထားတဲ့အယူသည္းမႈေတြက

ေလွာင္ေျပာင္သလိုျဖစ္ေနတာကို ကာကြယ္ႏိုင္ဖို႔ ဒီလိုအခ်က္ေတြကိုျပဳျပင္သင့္ပါတယ္…

Photo ; Thant Myint-U
Shwe Hmone@Gabarmyay Media

#Unicode Version#
သမိုင်းသုတေသီကို အကြီးကျယ် ဆန္ဒပြမလား?

ဒေါက်တာသန့်မြင့်ဦးရဲ့facebookမှာ 1865ခုနှစ်က ကျိုက်ထီးရိုးလို့ရေးသားထားတဲ့ဓါတ်ပုံပါ…ပုံထဲမှာ အနီနဲ့ဝိုင်းထားတဲ့သူတွေဟာ (ကျနော်ဝိုင်းထားတာပါ မူရင်းမဟုတ်)အမျိုးသမီးတဦးနဲ့ မိန်းကလေးငယ်တဦးလို့ ယူဆရပြီးသူတို့ဟာ ဒီနေ့ခတ်မှာအမျိုးသမီးမဝင်ရလို့သတ်မှတ်ထားတဲ့ တောင်ထွတ်ပေါ်မှာရှိနေတာပါ…

ဒါဆိုရှေးအရင်ခေတ်တွေတုန်းက ကျိုက်ထီးရိုးစေတီကျောက်တုံးအနီးထိအမျိုးသမီးတွေဝင်ရောက်ဖူးမြှော်ခွင့်ရှိခဲ့သလားဆိုတာ စဉ်းစားစရာဖြစ်ပါတယ်…သိတဲ့မီတဲ့သူတွေရှိရင် အကိုးအကားနဲ့ ရှာဖွေဖော်ထုတ်ကြစေချင်ပါတယ်… အရင်ကရရင်အခုလည်းရသင့်ပါတယ်

အမျိုးသမီးတွေကို တဆင့်နှိမ့်ခွဲခြားဆက်ဆံတာတွေပပျောက်ဖို့ ဒီလိုယုတ္တိမတန်တဲ့အယူသည်းမှုတွေကိုလည်း ဖယ်ရှားတော်လှန်ကြရပါမယ်…

တဖက်မှာလည်း ငါ သူ တပါး ယောကျား မိန်းမမရှိ ရုပ်နဲ့နာမ်သာရှိတယ်ဆိုတဲ့ ဗုဒ္ဓအဘိဓမ္မာကို

ကျား/မ အသားအရောင်လူမျိုး ဘာသာခွဲခြားမှုတွေအခြေခံထားတဲ့အယူသည်းမှုတွေက

လှောင်ပြောင်သလိုဖြစ်နေတာကို ကာကွယ်နိုင်ဖို့ ဒီလိုအချက်တွေကိုပြုပြင်သင့်ပါတယ်…

Photo ; Thant Myint-U
Shwe Hmone@Gabarmyay Media

No comments:

Post a Comment