Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, August 17, 2018

ေရခ်ိဳးရင္း ဘာေၾကာင့္အေပါ့သြားသင့္တာလဲ နဲ႔ ဆီးရဲ႕အသုံးဝင္ပုံမ်ား

ကၽြန္ေတာ္တို႔လူေတာ္ေတာ္မ်ားမ်ားက သန္႔စင္ခန္းထဲလုပ္ျဖစ္တဲ့အရာေတြကိုဆို ထုတ္ေျပာၾကဖို႔ ေတာ္ေတာ္ေလး ရွက္႐ြံ႕ေနတတ္ၾကပါတယ္။ တကယ္ေတာ့ေရခ်ိဳးရင္းအေပါ့သြားတာက အရမ္းေကာင္းပါတယ္။

လူတိုင္းလိုလို အဲဒီလိုလုပ္တတ္ၾကေပမဲ့လည္း ဘယ္သူမွေတာ့ဝန္မခံခ်င္ၾကပါဘူး။

အဲဒီေတာ့ ေရခ်ိဳးရင္းဆီးသြားတာက ရွက္စရာမဟုတ္ေၾကာင္းနဲ႔ ဆီးရဲ႕အသုံးဝင္ပုံေတြကို ဒီေဆာင္းပါးေလးကေနတစ္ဆင့္ ေျပာျပေပးသြားခ်င္ပါတယ္။

၁။ ေရထိန္းသိမ္းရာေရာက္တယ္

ကဲ … တစ္ေန႔တစ္ေန႔ အေလးသြားတာမဟုတ္ဘဲ အေပါ့သြားဖို႔ခ်ည္းသီးသန္႔ အိမ္သာထဲ ဘယ္ႏွေခါက္မ်ားဝင္ေနမိလဲ စဥ္းစားၾကည့္လိုက္ရေအာင္။ တစ္ခါဝင္ၿပီးတိုင္းလည္း ေရတစ္ခါဆြဲခ်ၾကတယ္ေလ။ ပၽွမ္းမၽွအားျဖင့္ ေရခ်ိဳးရင္းဆီးသြားလိုက္မယ္ဆို လူတစ္ေယာက္က တစ္ေန႔ ေရပမာဏ (၁၅) လီတာကို ထိန္းသိမ္းၿပီးသားျဖစ္သြားပါတယ္။ လူဦးေရ အဆမတန္တိုးပြားလာတဲ့ ဒီေခတ္ႀကီးမွာ ေရအရင္းအျမစ္ သယံဇာတကို ထိန္းသိမ္းဖို႔တာဝန္လည္း ကၽြန္ေတာ္တို႔မွာရွိပါတယ္။ တစ္ေန႔ (၁၅) လီတာပဲ ေခၽြတာဦး။ တစ္ႏွစ္ဆို ဘယ္ေလာက္အေထာက္အကူျဖစ္သြားမလဲ စဥ္းစားၾကည့္ၾကေပါ့ေနာ္။

၂။ ဒဏ္ရာေတြကိုလည္း ကုသေပးႏိုင္တယ္

သိတဲ့သူေတြလည္း သိၾကမွာပါ။ ပညာရွင္တစ္ခ်ိဳ႕ကေတာ့ ကၽြန္ေတာ္တို႔ရဲ႕ဆီးဟာ အနာတရေတြကို ကုသေပးႏိုင္တယ္လို႔ ဆိုပါတယ္။ ေခ်ာ္လဲတာတို႔၊ မေတာ္တဆထိခိုက္မိတာမ်ိဳးတို႔ဆို အနားမွဘာမွမရွိရင္ ဆီးကို ေဆးၿမီးတိုအေနနဲ႔ သုံးလို႔ရတာေပါ့။ နာက်င္မႈကို သက္သာေစ႐ုံမကဘဲ တစ္႐ႈးေတြကိုလည္း သန္႔စင္ေစပါတယ္။

၃။ အလွအပအတြက္လည္း အသုံးဝင္တယ္

ဆီးကေလ … ၾကမ္းေထာ္ၿပီး အနီပိမ့္ေတြထေနတဲ့ အေရျပားေရာင္ေရာဂါမ်ိဳးနဲ႔ အေရျပားနီၿပီး ေရာင္အမ္းနာက်င္ျခင္းေတြအတြက္ပါ အသုံးဝင္တယ္ဆိုတာကို သိၿပီးၾကၿပီလားဟင္။ သင္သိၿပီးသားပါ။ အေရျပားလိမ္းခရင္မ္ (skin creams) နဲ႔ တျခား အေရျပားဆိုင္ရာကုသနည္း (skin treatments) ေတြမွာဆိုရင္လည္း ယူရီးယားဓာတ္ (urea) ကပါဝင္ပါတယ္။ အဆိုပါ ယူရီးယားဓာတ္က ကၽြန္ေတာ္တို႔မနက္ပိုင္း အေပါ့စစသြားတဲ့ ဆီး (၅) စကၠန္႔ေလာက္မွာပဲ ပါဝင္တာပါ။

၄။ ယားယံျခင္းေတြကို ေပ်ာက္ကင္းေစတယ္

ဆီးကယားယံျခင္းေတြကိုပါ ေပ်ာက္ကင္းႏိုင္တယ္ဆိုပဲ။ ေျခေထာက္နားတစ္ဝိုက္မွာျဖစ္တတ္တဲ့ ေပြး၊ ဝဲ၊ ၫွင္းတို႔လိုမ်ိဳးေတြကိုေပါ့။ အသုံးျပဳနည္းကလည္းလြယ္ပါတယ္။ ကိုယ္ျဖစ္တဲ့ဧရိယာေပၚမွာ ဆီးကိုသုတ္ထားလိုက္ၿပီး တစ္ညလုံး ထားလိုက္ပါ။ ရက္အနည္းငယ္ၾကာတဲ့အခါမွာေတာ့ ထူးျခားမႈကိုေတြ႕ရပါလိမ့္မယ္။ ဆိုေပမဲ့ ကိုယ့္ရဲ႕အနာက အရမ္းႀကီးေနၿပီဆိုရင္ေတာ့ ဆရာဝန္နဲ႔ျပတာ အေကာင္းဆုံးပါ။ ဆီးအသုံးျပဳၿပီး ကုလို႔ရတယ္ဆိုတာကိုေတာ့ မေမ့နဲ႔ေပါ့။

ေနာက္ဆုံးအေနနဲ႔ေျပာခ်င္တာကေတာ့ ဒီေဆာင္းပါးေလးမွာေဖာ္ျပခဲ့တဲ့ အေၾကာင္းအရာေတြဟာ ဗဟုသုတအေနနဲ႔သာ ေဖာ္ျပေပးျခင္းျဖစ္တဲ့အတြက္ ကၽြမ္းက်င္သူေတြနဲ႔မတိုင္ပင္ပဲ၊ မိမိဆီးအေျခအေနနဲ႔ ေရာဂါတစ္ခုခုရွိခဲ့မယ္ဆိုရင္လည္း ေရာဂါအေျခအေနကို ေသခ်ာမသိဘဲ စမ္းမလုပ္ၾကည့္ၾကဖို႔ ေမတၱာရပ္ခံခ်င္ပါတယ္။ ဗဟုသုတေတြ တိုးပြားၾကေစဖို႔ ရည္႐ြယ္ရင္း …
Po Mo Htoo Aung (႐ိုးရာေလး)

#Unicode Version#
ကျွန်တော်တို့လူတော်တော်များများက သန့်စင်ခန်းထဲလုပ်ဖြစ်တဲ့အရာတွေကိုဆို ထုတ်ပြောကြဖို့ တော်တော်လေး ရှက်ရွံ့နေတတ်ကြပါတယ်။ တကယ်တော့ရေချိုးရင်းအပေါ့သွားတာက အရမ်းကောင်းပါတယ်။

လူတိုင်းလိုလို အဲဒီလိုလုပ်တတ်ကြပေမဲ့လည်း ဘယ်သူမှတော့ဝန်မခံချင်ကြပါဘူး။

အဲဒီတော့ ရေချိုးရင်းဆီးသွားတာက ရှက်စရာမဟုတ်ကြောင်းနဲ့ ဆီးရဲ့အသုံးဝင်ပုံတွေကို ဒီဆောင်းပါးလေးကနေတစ်ဆင့် ပြောပြပေးသွားချင်ပါတယ်။

၁။ ရေထိန်းသိမ်းရာရောက်တယ်

ကဲ … တစ်နေ့တစ်နေ့ အလေးသွားတာမဟုတ်ဘဲ အပေါ့သွားဖို့ချည်းသီးသန့် အိမ်သာထဲ ဘယ်နှခေါက်များဝင်နေမိလဲ စဉ်းစားကြည့်လိုက်ရအောင်။ တစ်ခါဝင်ပြီးတိုင်းလည်း ရေတစ်ခါဆွဲချကြတယ်လေ။ ပျှမ်းမျှအားဖြင့် ရေချိုးရင်းဆီးသွားလိုက်မယ်ဆို လူတစ်ယောက်က တစ်နေ့ ရေပမာဏ (၁၅) လီတာကို ထိန်းသိမ်းပြီးသားဖြစ်သွားပါတယ်။ လူဦးရေ အဆမတန်တိုးပွားလာတဲ့ ဒီခေတ်ကြီးမှာ ရေအရင်းအမြစ် သယံဇာတကို ထိန်းသိမ်းဖို့တာဝန်လည်း ကျွန်တော်တို့မှာရှိပါတယ်။ တစ်နေ့ (၁၅) လီတာပဲ ချွေတာဦး။ တစ်နှစ်ဆို ဘယ်လောက်အထောက်အကူဖြစ်သွားမလဲ စဉ်းစားကြည့်ကြပေါ့နော်။

၂။ ဒဏ်ရာတွေကိုလည်း ကုသပေးနိုင်တယ်

သိတဲ့သူတွေလည်း သိကြမှာပါ။ ပညာရှင်တစ်ချို့ကတော့ ကျွန်တော်တို့ရဲ့ဆီးဟာ အနာတရတွေကို ကုသပေးနိုင်တယ်လို့ ဆိုပါတယ်။ ချော်လဲတာတို့၊ မတော်တဆထိခိုက်မိတာမျိုးတို့ဆို အနားမှဘာမှမရှိရင် ဆီးကို ဆေးမြီးတိုအနေနဲ့ သုံးလို့ရတာပေါ့။ နာကျင်မှုကို သက်သာစေရုံမကဘဲ တစ်ရှုးတွေကိုလည်း သန့်စင်စေပါတယ်။

၃။ အလှအပအတွက်လည်း အသုံးဝင်တယ်

ဆီးကလေ … ကြမ်းထော်ပြီး အနီပိမ့်တွေထနေတဲ့ အရေပြားရောင်ရောဂါမျိုးနဲ့ အရေပြားနီပြီး ရောင်အမ်းနာကျင်ခြင်းတွေအတွက်ပါ အသုံးဝင်တယ်ဆိုတာကို သိပြီးကြပြီလားဟင်။ သင်သိပြီးသားပါ။ အရေပြားလိမ်းခရင်မ် (skin creams) နဲ့ တခြား အရေပြားဆိုင်ရာကုသနည်း (skin treatments) တွေမှာဆိုရင်လည်း ယူရီးယားဓာတ် (urea) ကပါဝင်ပါတယ်။ အဆိုပါ ယူရီးယားဓာတ်က ကျွန်တော်တို့မနက်ပိုင်း အပေါ့စစသွားတဲ့ ဆီး (၅) စက္ကန့်လောက်မှာပဲ ပါဝင်တာပါ။

၄။ ယားယံခြင်းတွေကို ပျောက်ကင်းစေတယ်

ဆီးကယားယံခြင်းတွေကိုပါ ပျောက်ကင်းနိုင်တယ်ဆိုပဲ။ ခြေထောက်နားတစ်ဝိုက်မှာဖြစ်တတ်တဲ့ ပွေး၊ ဝဲ၊ ညှင်းတို့လိုမျိုးတွေကိုပေါ့။ အသုံးပြုနည်းကလည်းလွယ်ပါတယ်။ ကိုယ်ဖြစ်တဲ့ဧရိယာပေါ်မှာ ဆီးကိုသုတ်ထားလိုက်ပြီး တစ်ညလုံး ထားလိုက်ပါ။ ရက်အနည်းငယ်ကြာတဲ့အခါမှာတော့ ထူးခြားမှုကိုတွေ့ရပါလိမ့်မယ်။ ဆိုပေမဲ့ ကိုယ့်ရဲ့အနာက အရမ်းကြီးနေပြီဆိုရင်တော့ ဆရာဝန်နဲ့ပြတာ အကောင်းဆုံးပါ။ ဆီးအသုံးပြုပြီး ကုလို့ရတယ်ဆိုတာကိုတော့ မမေ့နဲ့ပေါ့။

နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ ဒီဆောင်းပါးလေးမှာဖော်ပြခဲ့တဲ့ အကြောင်းအရာတွေဟာ ဗဟုသုတအနေနဲ့သာ ဖော်ပြပေးခြင်းဖြစ်တဲ့အတွက် ကျွမ်းကျင်သူတွေနဲ့မတိုင်ပင်ပဲ၊ မိမိဆီးအခြေအနေနဲ့ ရောဂါတစ်ခုခုရှိခဲ့မယ်ဆိုရင်လည်း ရောဂါအခြေအနေကို သေချာမသိဘဲ စမ်းမလုပ်ကြည့်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ဗဟုသုတတွေ တိုးပွားကြစေဖို့ ရည်ရွယ်ရင်း …
Po Mo Htoo Aung (ရိုးရာလေး)

No comments:

Post a Comment