CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, August 23, 2018
တောင်ကြီး ၄ လောင်းပြိုင်ဖြစ်စဉ်
တောင်ကြီးမယ် ၄ လောင်းပြိုင်ဖြစ်စဉ်ကို ပို့စ်တင်ဖူးပါတယ်။ ပုံမှန်အားဖြင့် မှုခင်းကိစ္စတွေကို ကျနော်တင်လေ့တင်ထမရှိပါ။ သို့သော် ခုကိစ္စမယ်တော့ ပြောစရာလေးတွေကို နံပတ်တပ်ပြောမယ်။
(၁) အဲ့နေ့ညကတော့ မှုခင်းဖြစ်ရပ်နေရာကို ရောက်သွားခဲ့ပါတယ်။ ကျနော်ဘာလို့ရောက်သွားလဲဆိုတာကို တချို့အူကြောင်ကျားတွေက အပြစ်ရှာသေးရဲ့။ အဲ့သလို အပြစ်ရှာသူတွေထဲမယ် တပ်က မိန်းမမှုနဲ့ပြုတ်လာတဲ့ ချစ်ကိုကို (ယခင်အကောင့် ကိုရင်လူထွက် ငပိချက်) ပါသလို ဒီမိုဖက်ကလည်း ဇာနည်ထိုက်ဆိုလားပါလေရဲ့။ ကျနော်လည်း ကိုယ့်အကြောင်းနဲ့ကိုယ် ဝင်ထွက်လို့ရတဲ့ အခြေအနေတစ်ခုရှိတာကို ဒီငတိတွေ မသိရှာတာပါ။ ဒီဟာမယ် တကဲ့ဖြစ်ရပ်နဲ့ ပြင်ပက ကောလဟာလတွေ မတူတာတွေများနေတာ တွေ့ရလို့ ကျနော် ပို့စ် တင်ဖြစ်တာပါ။ ဥပမာ အလောင်းတွေ အပိုင်းပိုင်းပြတ်နေတယ် လို့ မသိသူတွေက စဖွပါတယ်။ သေသူတွေမယ် သုံးယောက်က အများဆုံး ဒါးဒဏ်ရာ ၃ ချက်နဲ့သေပါတယ်။ အများဆုံးဒဏ်ရာရတာက သမီးလေးပါ။ ဗိုက်ကို ၄ ချက် ရင်ဘတ် ၉ ချက် နောက်ကျော ၂ ချက် လက်ဖျံ ၁ ချက် ထိုးသွင်း ပြတ်ရှဒဏ်ရာတွေပါ။ ကျန်သူတွေက ထိုးသွင်းဒဏ်ရာ အများဆုံး ၄ ချက် အနည်းဆုံး ၁ ချက်နဲ့ သေတာဖြစ်တယ်။ အလောင်းကောက်မရဘူးဆိုတာက ရမ်းသမ်းပြောသူတွေရဲ့ ရမ်းသမ်းစကားတွေပါ။ ဒီမယ် ဇာနည်ထိုက်ဆိုတဲ့ အကောင့်က ရမ်းသမ်းစကားတွေကို အတည်ပြုယုံမက ကျနော့်ကိုပါ စော်ကားလာတာတွေရှိလာတော့ စိတ်မကောင်းဖြစ်ရသလို ရယ်လည်းရယ်ချင်မိတယ်။ ခမျာမယ် မြေပြင်သတင်းတွေမသိပဲ ကြားစကားနဲ့ ဆရာလုပ်နေတယ်ဆိုတာကို သိသွားလို့ပါ။ ကိုယ်တိုင်မသိပဲ ပို့တဲ့မက်ဆေ့ ကြားရတဲ့စကားနဲ့ဆရာကြီး လုပ်ချင်နေရင်တော့ မိုးသီးဇွန်တပည့် ဂိုရှယ်လေးလို ငပေါဖြစ်သွားလိမ့်မယ်ဆိုတာ သတိပေးပါစေညီလေးရေ။ (တပ်ပြုတ် ချစ်ကိုကို (ခ) ငပိချက်ကိုတော့ လောလောဆယ်မအားသေးလို့ မပြောသေးဘူး။ ကြည့်နေတယ် ညီလေး။)
ကျန်တဲ့ဟာတော့နောက်မှ ဆက်ရေးပါမယ်။ နံပတ်(၄)လောက်ဆို တရားခံအကြောင်းပါနိုင်မယ်ထင်ရဲ့
ခုတော့ ခနနားဦးမယ်။
မိုးဇေညိမ်း
တောင်ကြီး ၄ လောင်းပြိုင်ဖြစ်စဉ်
Reviewed by MP4 YoU
on
August 23, 2018
Rating: 5
Reviewed by MP4 YoU
on
August 23, 2018
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment