Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, August 25, 2018

“ခင္ဗ်ားကသာ ေငြေတြအမ်ားၾကီး ကုန္က်ခံျပီး ေက်ာင္းၾကီးေတြ ေဆာက္လွဴထားတာ၊ ခင္ဗ်ားကုိယ္ေတာ္ေတြက စာမက်က္ပဲ ျခင္းခတ္ျပီး အခ်ိန္ျဖဳန္းေနတာပဲ” တဲ႔


မစုိးရိမ္ေက်ာင္းဒကာႀကီးကုိ သူ႔မိတ္ေဆြေတြက ေျပာၾကတယ္။ “ခင္ဗ်ားကသာ ေငြေတြအမ်ားၾကီး ကုန္က်ခံျပီး ေက်ာင္းၾကီးေတြ ေဆာက္လွဴထားတာ၊ ခင္ဗ်ားကုိယ္ေတာ္ေတြက စာမက်က္ပဲ ျခင္းခတ္ျပီး အခ်ိန္ျဖဳန္းေနတာပဲ” တဲ႔။

ဒါနဲ႔ ေက်ာင္းဒကာၾကီးက ေဟ.. ဟုတ္လား၊ ဒါဆုိ ငါလည္း လိုက္ၾကည့္မယ္ဆုိျပီး သူ႔မိတ္ေဆြေတြနဲ႔ ေက်ာင္းကိုလိုက္သြားတယ္။ ေက်ာင္းေရာက္လုိ႔ သူ႔မိတ္ေဆြေတြလုိက္ျပတဲ႔ေနရာ သြားၾကည့္ေတာ့ ဦးဇင္းေတြ ျခင္းခတ္ေနတာ ေတြ႕ရတယ္။

သူ႔မိတ္ေဆြေတြကလည္း လက္ေတြ႕ျမင္ျပီမလားဆုိတဲ႔ မ်က္ႏွာထားနဲ႔ေပ့ါ။ ဒါနဲ႔ ေက်ာင္းဒကာၾကီးက သူ႔မိတ္ေဆြေတြကုိ ေက်ာင္းေပၚေခၚသြားတယ္။ ေက်ာင္းေပၚေရာက္ေတာ့ သံဃာေတြ ရာႏွင့္ခ်ီျပီး စာ၀ါလိုက္ေနၾကတာ ေတြ႕ရတယ္။ ဒီေတာ့ ေက်ာင္းဒကာၾကီးက ေမးလိုက္တယ္

ခင္ဗ်ားတုိ႔ ေစာေစာကျမင္ခဲ႔တဲ႔ ျခင္းခတ္ေနတဲ႔ ကုိယ္ေတာ္ ဘယ္ႏွစ္ပါးေလာက္ရွိလဲ”
“ဆယ္ပါးေလာက္ေတာ့ ရွိမွာေပ့ါ”
“ဟုတ္ျပီ အခု ခင္ဗ်ားတုိ႔ေရွ႕မွာ စာ၀ါလိုက္ေနတဲ႔ သံဃာေတြ ဘယ္ႏွစ္ပါးေလာက္ ရွိလဲ”
“ရာႏွင့္ခ်ီၿပီး ရွိပါတယ္”
“ကဲ .. ဘယ္ဟာက ပုိမ်ားလဲ၊ ခင္ဗ်ားတုိ႔က ျခင္းခတ္ေနတဲ႔ ကုိယ္ေတာ္ေတြပဲ ၾကည့္ေတာ့ ျခင္းခတ္တဲ႔ ကုိယ္ေတာ္ပဲ ျမင္မွာေပ့ါ။ စာ၀ါလိုက္ေနတဲ႔ သံဃာေတြကုိလည္း ၾကည့္တတ္ေအာင္ ႀကိဳးစားပါ” လုိ႔ ဆုံးမတယ္။
ဒီအျဖစ္အပ်က္ေလးကုိ လူအေတာ္မ်ားမ်ားလည္း ၾကားဖူးလိမ့္မယ္ ထင္ပါတယ္။ဆုိလိုုတာကေတာ့ မိမိဘယ္လုိျမင္သလဲဆုိတာ မိမိဘယ္လုိၾကည့္သလဲဆုိတဲ႔အေပၚမွာလည္း မူတည္ပါတယ္။

ျဖစ္ရပ္ (၂)
ပ်ံလြန္ေတာ္မူသြားၿပီျဖစ္တဲ႔ မစိုးရိမ္တုိက္သစ္ဆရာေတာ္ ဦးရာဇဓမၼာဘိ၀ံသဟာ တစ္ေန႔မွာ ေက်ာင္းလာတဲ႔ ဒကာ ဒကာမေတြကုိ မဟိဒၶိေက်ာင္းေပၚ လိုက္ျပတယ္။

အခ်ိန္က သံဃာေတြ အနားယူက်ိန္းစက္တဲ႔ ေန႔ခင္း ၁၂ နာရီႏွင့္ တစ္နာရီၾကား။ ေက်ာင္းေပၚေရာက္ေတာ့ သံဃာအမ်ားစု က်ိန္းစက္ေနခ်ိန္မွာ တစ္ခ်ိဳ႕ကုိယ္ေတာ္ေတြက မက်ိန္းပဲ စာေတြက်က္ေနတာ ေတြ႕ရေတာ့ ဒကာမေတြလည္း ၾကည္ညိဳၿပီး ၀မ္းသာအားရနဲ႔ စာက်က္ေနတဲ႔ ကုိယ္ေတာ္ေတြကုိ ဦးခ်တယ္။ အဲဒါကုိ ျမင္တဲ႔ဆရာေတာ္က ဘာေျပာလဲဆုိေတာ့…

အဲဒီကုိယ္ေတာ္ေတြက ေလ့က်င့္ခန္းစာေမးပြဲက်လို႔ မအိပ္ပဲ စာက်က္ရမယ္လို႔ ငါ ဒဏ္ခ်ထားတာ။ ဒါေၾကာင့္ စာက်က္ေနတာ။ သူတုိ႔ကုိ ဦးမခ်နဲ႔။ ဟုိ အိပ္ေနတဲ႔ကိုယ္ေတာ္ေတြကို ဦးခ်”လို႔ ေျပာလိုက္တယ္။

တစ္ခါတစ္ရံမွာ ကုိယ့္ရဲ႕အျမင္၊ ကုိယ့္ရဲ႕အထင္ေလးေပၚမူတည္ၿပီး လူတစ္ေယာက္ရဲ႕ တန္ဖုိးကုိ ေကာက္ခ်က္ဆြဲလို႔ မရဘူး။

ျဖစ္ရပ္ (၃)
စာေရးဆရာသိန္းေဖျမင့္လို႔ ေျပာလိုက္ရင္ “တက္ဘုန္းႀကီး” ကုိ အေတာ္မ်ားမ်ား ေျပးျမင္မိၾကလိမ့္မယ္ထင္ပါတယ္။ သူ႔ေခတ္အခါက သူ ျမင္ေတြ႕ ၾကားသိရတဲ႔ မေကာင္းတဲ႔ဘုန္းႀကီးေတြရဲ႕အေၾကာင္းကို အေျခခံျပီး တက္ဘုန္းႀကီးဆုိတဲ႔စာအုပ္ ေရးသားခဲ႔ရာမွာ အဲဒီစာအုပ္ အေတာ္ေလး ေအာင္ျမင္ခဲ႔သလို သူကုိယ္တုိင္လည္း အခ်ိဳ႕ေသာ ရဟန္း၊ ရွင္၊ လူေတြရဲ႕ ေ၀ဘန္မႈဒဏ္ကုိ အလူးအလဲ ခံခဲ႔ရတယ္။

တစ္ေန႔မွာေတာ့ ဆရာသိန္းေဖျမင့္ဟာ သေဘၤာနဲ႔ ေရေၾကာင္းခရီးတစ္ခု သြားရင္း သူထုိင္တဲ႔ေနရာေဘးနားမွာ ဘုန္းႀကီးတစ္ပါး ထုိင္လိုက္လာတာကုိ သတိထားမိတယ္။ ဘုန္းႀကီးကုိ အကဲခတ္ၾကည့္ေတာ့ သကၤန္း႐ုံထားၿပီး ေဘးမွာလည္း သပိတ္တစ္လုံးခ်ထားတာကုိ သူေတြ႕ရတယ္။

ညခင္းေရာက္လုိ႔ ခရီးသည္အမ်ားစု အိပ္ၾကတဲ့ခ်ိန္မွာ အဲဒီဘုန္းႀကီးက မက်ိန္းပဲ ထုိင္ေနသတဲ့။ ဆရာသိန္းေဖျမင့္ ညခင္းတစ္ေရးႏိုးတဲ႔အခ်ိန္မွာ ၾကည့္လုိက္ေတာ့ ဘုန္းႀကီးက ထုိင္ျမဲထိုင္လွ်က္။ မနက္ခင္း မုိးလင္းလို႔ ၾကည့္လုိက္ေတာ့လည္း ထုိင္ေနတာပဲ ေတြ႕ရေတာ့ သူလည္း မေနႏိုင္ေတာ့ပဲ ေမးမိတယ္

“အရွင္ဘုရား မက်ိန္းဘူးလား”
“ဒကာဦးဇင္းက က်ိန္းလို႔မျဖစ္ဘူး”
“ဘာျဖစ္လို႔လဲ ဘုရား”
“ဦးဇင္းတို႔ရဲ႕၀ိနည္းမွာ ရဟန္းဆုိတာ မာတုဂါမေတြနဲ႔ တစ္မိုးတစ္ရံတည္း (သတ္ပုံမွားရင္ ျပင္ေပးပါ) ေအာက္မွာ မအိပ္ေကာင္းဘူး။ အခု ဒီသေဘၤာေပၚမွာလည္း မာတုဂါမေတြ ပါေနတဲ႔အတြက္ တစ္ကယ္လုိ႔ ဦးဇင္းက အိပ္မယ္ဆုိရင္ အာပါတ္သင့္လိမ့္မယ္။ ဒါေၾကာင့္ မအိပ္တာပါ”

ဘုန္းႀကီးရဲ႕အေျဖစကားကို ၾကားရခ်ိန္မွာ ဆရာသိန္းေဖျမင့္ရဲ႕ စိတ္ထဲ အေတာ္ေလး အံ႔ၾသတုန္လႈပ္သြားတယ္။ “သာသနာေတာ္မွာ ဒီေလာက္အထိ ၀ိနည္းေလးစားတဲ႔ဆရာေတာ္ေတြလည္း ရွိေသးပါလား” ဆုိတဲ့အသိနဲ႔ စိတ္ထဲမွာလည္း ေလးစား ၾကည္ညိဳမိတယ္။

ဒါေၾကာင့္ သူေရးခဲ႔တဲ႔ တက္ဘုန္းႀကီးစာအုပ္ရဲ႕ ေနာက္ဆက္တြဲလည္းျဖစ္၊ အဲဒီစာအုပ္ကို ျပန္ျဖည္တဲ႔သေဘာမ်ိဳးလည္းျဖစ္တဲ႔ “တက္ေခတ္ တက္လူ တက္ဘုန္းႀကီး” ဆုိတဲ့ စာအုပ္ကို ေရးသားခဲ႔ပါတယ္။ ဒါေပမဲ့ စာအုပ္ မထုတ္ေ၀ႏုိင္ခင္မွာပဲ ဆရာသိန္းေဖျမင့္ ကြယ္လြန္သြားတဲ့အတြက္ စာအုပ္အျဖစ္ ထုတ္ေ၀ႏုိင္ခဲ့ျခင္း မရွိပါ။

ေလာကမွာ တစ္ခ်ိဳ႕အျဖစ္အပ်က္ေလးေတြဟာ စကားလုံးေပါင္းမ်ားစြာထက္ ပုိၿပီး မိမိတုိ႔ရဲ႕ အေတြးအျမင္ႏွင့္ ခံယူခ်က္ေတြကုိ ေျပာင္းလဲေစႏုိင္ပါတယ္။

..စာသင္သားေလးမ်ား၏ဘ၀ပံုရိပ္မ်ား…
Original Writ
# Unicode Version ျဖင့္ ဖတ္ပါ #
မစိုးရိမ်ကျောင်းဒကာကြီးကို သူ့မိတ်ဆွေတွေက ပြောကြတယ်။ “ခင်ဗျားကသာ ငွေတွေအများကြီး ကုန်ကျခံပြီး ကျောင်းကြီးတွေ ဆောက်လှူထားတာ၊ ခင်ဗျားကိုယ်တော်တွေက စာမကျက်ပဲ ခြင်းခတ်ပြီး အချိန်ဖြုန်းနေတာပဲ” တဲ့။

ဒါနဲ့ ကျောင်းဒကာကြီးက ဟေ.. ဟုတ်လား၊ ဒါဆို ငါလည်း လိုက်ကြည့်မယ်ဆိုပြီး သူ့မိတ်ဆွေတွေနဲ့ ကျောင်းကိုလိုက်သွားတယ်။ ကျောင်းရောက်လို့ သူ့မိတ်ဆွေတွေလိုက်ပြတဲ့နေရာ သွားကြည့်တော့ ဦးဇင်းတွေ ခြင်းခတ်နေတာ တွေ့ရတယ်။

သူ့မိတ်ဆွေတွေကလည်း လက်တွေ့မြင်ပြီမလားဆိုတဲ့ မျက်နှာထားနဲ့ပေ့ါ။ ဒါနဲ့ ကျောင်းဒကာကြီးက သူ့မိတ်ဆွေတွေကို ကျောင်းပေါ်ခေါ်သွားတယ်။ ကျောင်းပေါ်ရောက်တော့ သံဃာတွေ ရာနှင့်ချီပြီး စာဝါလိုက်နေကြတာ တွေ့ရတယ်။ ဒီတော့ ကျောင်းဒကာကြီးက မေးလိုက်တယ်

ခင်ဗျားတို့ စောစောကမြင်ခဲ့တဲ့ ခြင်းခတ်နေတဲ့ ကိုယ်တော် ဘယ်နှစ်ပါးလောက်ရှိလဲ”
“ဆယ်ပါးလောက်တော့ ရှိမှာပေ့ါ”
“ဟုတ်ပြီ အခု ခင်ဗျားတို့ရှေ့မှာ စာဝါလိုက်နေတဲ့ သံဃာတွေ ဘယ်နှစ်ပါးလောက် ရှိလဲ”
“ရာနှင့်ချီပြီး ရှိပါတယ်”
“ကဲ .. ဘယ်ဟာက ပိုများလဲ၊ ခင်ဗျားတို့က ခြင်းခတ်နေတဲ့ ကိုယ်တော်တွေပဲ ကြည့်တော့ ခြင်းခတ်တဲ့ ကိုယ်တော်ပဲ မြင်မှာပေ့ါ။ စာဝါလိုက်နေတဲ့ သံဃာတွေကိုလည်း ကြည့်တတ်အောင် ကြိုးစားပါ” လို့ ဆုံးမတယ်။
ဒီအဖြစ်အပျက်လေးကို လူအတော်များများလည်း ကြားဖူးလိမ့်မယ် ထင်ပါတယ်။ဆိုလိုတာကတော့ မိမိဘယ်လိုမြင်သလဲဆိုတာ မိမိဘယ်လိုကြည့်သလဲဆိုတဲ့အပေါ်မှာလည်း မူတည်ပါတယ်။

ဖြစ်ရပ် (၂)
ပျံလွန်တော်မူသွားပြီဖြစ်တဲ့ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးရာဇဓမ္မာဘိဝံသဟာ တစ်နေ့မှာ ကျောင်းလာတဲ့ ဒကာ ဒကာမတွေကို မဟိဒ္ဓိကျောင်းပေါ် လိုက်ပြတယ်။

အချိန်က သံဃာတွေ အနားယူကျိန်းစက်တဲ့ နေ့ခင်း ၁၂ နာရီနှင့် တစ်နာရီကြား။ ကျောင်းပေါ်ရောက်တော့ သံဃာအများစု ကျိန်းစက်နေချိန်မှာ တစ်ချို့ကိုယ်တော်တွေက မကျိန်းပဲ စာတွေကျက်နေတာ တွေ့ရတော့ ဒကာမတွေလည်း ကြည်ညိုပြီး ဝမ်းသာအားရနဲ့ စာကျက်နေတဲ့ ကိုယ်တော်တွေကို ဦးချတယ်။ အဲဒါကို မြင်တဲ့ဆရာတော်က ဘာပြောလဲဆိုတော့…

အဲဒီကိုယ်တော်တွေက လေ့ကျင့်ခန်းစာမေးပွဲကျလို့ မအိပ်ပဲ စာကျက်ရမယ်လို့ ငါ ဒဏ်ချထားတာ။ ဒါကြောင့် စာကျက်နေတာ။ သူတို့ကို ဦးမချနဲ့။ ဟို အိပ်နေတဲ့ကိုယ်တော်တွေကို ဦးချ”လို့ ပြောလိုက်တယ်။

တစ်ခါတစ်ရံမှာ ကိုယ့်ရဲ့အမြင်၊ ကိုယ့်ရဲ့အထင်လေးပေါ်မူတည်ပြီး လူတစ်ယောက်ရဲ့ တန်ဖိုးကို ကောက်ချက်ဆွဲလို့ မရဘူး။

ဖြစ်ရပ် (၃)
စာရေးဆရာသိန်းဖေမြင့်လို့ ပြောလိုက်ရင် “တက်ဘုန်းကြီး” ကို အတော်များများ ပြေးမြင်မိကြလိမ့်မယ်ထင်ပါတယ်။ သူ့ခေတ်အခါက သူ မြင်တွေ့ ကြားသိရတဲ့ မကောင်းတဲ့ဘုန်းကြီးတွေရဲ့အကြောင်းကို အခြေခံပြီး တက်ဘုန်းကြီးဆိုတဲ့စာအုပ် ရေးသားခဲ့ရာမှာ အဲဒီစာအုပ် အတော်လေး အောင်မြင်ခဲ့သလို သူကိုယ်တိုင်လည်း အချို့သော ရဟန်း၊ ရှင်၊ လူတွေရဲ့ ဝေဘန်မှုဒဏ်ကို အလူးအလဲ ခံခဲ့ရတယ်။

တစ်နေ့မှာတော့ ဆရာသိန်းဖေမြင့်ဟာ သင်္ဘောနဲ့ ရေကြောင်းခရီးတစ်ခု သွားရင်း သူထိုင်တဲ့နေရာဘေးနားမှာ ဘုန်းကြီးတစ်ပါး ထိုင်လိုက်လာတာကို သတိထားမိတယ်။ ဘုန်းကြီးကို အကဲခတ်ကြည့်တော့ သင်္ကန်းရုံထားပြီး ဘေးမှာလည်း သပိတ်တစ်လုံးချထားတာကို သူတွေ့ရတယ်။

ညခင်းရောက်လို့ ခရီးသည်အများစု အိပ်ကြတဲ့ချိန်မှာ အဲဒီဘုန်းကြီးက မကျိန်းပဲ ထိုင်နေသတဲ့။ ဆရာသိန်းဖေမြင့် ညခင်းတစ်ရေးနိုးတဲ့အချိန်မှာ ကြည့်လိုက်တော့ ဘုန်းကြီးက ထိုင်မြဲထိုင်လျှက်။ မနက်ခင်း မိုးလင်းလို့ ကြည့်လိုက်တော့လည်း ထိုင်နေတာပဲ တွေ့ရတော့ သူလည်း မနေနိုင်တော့ပဲ မေးမိတယ်

“အရှင်ဘုရား မကျိန်းဘူးလား”
“ဒကာဦးဇင်းက ကျိန်းလို့မဖြစ်ဘူး”
“ဘာဖြစ်လို့လဲ ဘုရား”
“ဦးဇင်းတို့ရဲ့ဝိနည်းမှာ ရဟန်းဆိုတာ မာတုဂါမတွေနဲ့ တစ်မိုးတစ်ရံတည်း (သတ်ပုံမှားရင် ပြင်ပေးပါ) အောက်မှာ မအိပ်ကောင်းဘူး။ အခု ဒီသင်္ဘောပေါ်မှာလည်း မာတုဂါမတွေ ပါနေတဲ့အတွက် တစ်ကယ်လို့ ဦးဇင်းက အိပ်မယ်ဆိုရင် အာပါတ်သင့်လိမ့်မယ်။ ဒါကြောင့် မအိပ်တာပါ”

ဘုန်းကြီးရဲ့အဖြေစကားကို ကြားရချိန်မှာ ဆရာသိန်းဖေမြင့်ရဲ့ စိတ်ထဲ အတော်လေး အံ့သြတုန်လှုပ်သွားတယ်။ “သာသနာတော်မှာ ဒီလောက်အထိ ဝိနည်းလေးစားတဲ့ဆရာတော်တွေလည်း ရှိသေးပါလား” ဆိုတဲ့အသိနဲ့ စိတ်ထဲမှာလည်း လေးစား ကြည်ညိုမိတယ်။

ဒါကြောင့် သူရေးခဲ့တဲ့ တက်ဘုန်းကြီးစာအုပ်ရဲ့ နောက်ဆက်တွဲလည်းဖြစ်၊ အဲဒီစာအုပ်ကို ပြန်ဖြည်တဲ့သဘောမျိုးလည်းဖြစ်တဲ့ “တက်ခေတ် တက်လူ တက်ဘုန်းကြီး” ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့ပါတယ်။ ဒါပေမဲ့ စာအုပ် မထုတ်ဝေနိုင်ခင်မှာပဲ ဆရာသိန်းဖေမြင့် ကွယ်လွန်သွားတဲ့အတွက် စာအုပ်အဖြစ် ထုတ်ဝေနိုင်ခဲ့ခြင်း မရှိပါ။

လောကမှာ တစ်ချို့အဖြစ်အပျက်လေးတွေဟာ စကားလုံးပေါင်းများစွာထက် ပိုပြီး မိမိတို့ရဲ့ အတွေးအမြင်နှင့် ခံယူချက်တွေကို ပြောင်းလဲစေနိုင်ပါတယ်။

..စာသင်သားလေးများ၏ဘဝပုံရိပ်များ…
Original Writ

No comments:

Post a Comment