Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, August 27, 2018

ျမန္မာ့ဒ႑ာရီထဲက ပီယေဆးေဖာ္နည္း

အမယ္ေလး သူ႔နည္းက ေၾကာက္စရာ

ဒီတစ္ေခါက္ Friday Horror က႑မွာ အက္ဒ္မင္က ထူးထူးျခားျခားအေၾကာင္းအရာေလးကို တင္ဆက္ေပးခ်င္ပါတယ္။ အက္ဒ္မင္တို႔ ျမန္မာလူမ်ိဳးေတြမွာ အထက္လမ္း၊ ေအာက္လမ္း ဂမီၻရပညာေတြ၊ နကၡတ္အစီအရင္ေတြရွိတာ ေယာင္းတုိ႔လည္းၾကားဖူးမွာပါ။ ဒီလိုအစီအရင္ေတြထဲမွာ လူခ်စ္လူခင္ေပါမ်ားဖုိ႔ ဒါမွမဟုတ္ ကိုယ္ခ်စ္တဲ့သူက ကိုယ့္ကိုျပန္ခ်စ္လာေစဖို႔ စီရင္ရတဲ့ ပီယေဆးအစီအရင္ေတြအမ်ားႀကီး႐ွိပါတယ္။ အဲဒီထဲကမွ စိတ္ဝင္စားစရာေကာင္းတဲ့ အစီအရင္တစ္ခုကို ေဖာ္ျပေပးမယ္ေနာ္…

ဒီပီယေဆးေဖာ္နည္းက အႏၱရာယ္မ်ားၿပီး ရႈပ္ေထြးပါတယ္။ ဂမီၻရပညာရွင္တစ္ေယာက္က ဦးေဆာင္ၿပီး ေဖာ္ေပးမွာျဖစ္မွာပါ။ အဲဒီနည္းကေတာ့ ေဆးပုေလြစီရင္တဲ့နည္းျဖစ္ပါတယ္။ ေဆးပုေလြစီရင္ဖို႔အတြက္လိုအပ္တဲ့ ပစၥည္းေတြက –

သနပ္ဝါး

သခ်ႋဳင္းက သံ

သခ်ဳႋင္းက ေျမဖေယာင္း

က်ီးမနားထန္းရြက္

လူေသေတြမွာ စည္းတဲ့ ေျခမႀကိဳး လက္မႀကိဳး

အစိမ္းေသအေလာင္း (အစိမ္းေသဆိုတာက ဖ်ားနာေရာဂါနဲ႔ မဟုတ္ဘဲ မေတာ္တဆမႈ၊ လူသတ္မႈနဲ႔ ေသဆံုးသူကိုေခၚတာပါ)

စၿပီးေတာ့လုပ္ရမွာက ပုေလြတစ္ခုလုပ္ရမွာမို႔ ပုေလြလုပ္တတ္ဖို႔လုိပါတယ္။ ေဆးပုေလြ စီရင္ဖုိ႔အတြက္ ပထမဆံုး သနပ္ဝါးနဲ႔ ပုေလြရိုးလုပ္ၿပီး သခ်ဳႋင္းက သံနဲ႔ အေပါက္ေဖာက္ရပါမယ္။အဲဒီေနာက္သခ်ႌဳင္းက ေျမဖေယာင္းနဲ႔ လွ်ာခင္လုပ္ၿပီး က်ီးမနားထန္းရြက္နဲ႔ အပိတ္လုပ္ရပါမယ္။ ၿပီးရင္ လူေသေတြမွာ စည္းတဲ့ ေျခမႀကိဳး လက္မႀကိဳးနဲ႔ ပုေလြကို စည္းရပါမယ္။ ပုေလြရၿပီဆုိရင္ေတာ့ ခုနစ္ရက္ ဥပုသ္ေစာင့္ရမွာပါ။

ဥပုဒ္ေစာင့္ၿပီးၿပီဆိုရင္ေတာ့ ဂမီၻရဆရာ သတ္မွတ္ေပးတဲ့ ေန႔ေကာင္းရက္သာမွာ

“ဥံဳ – ကတ္ကတ္သြား ၊ ဥံဳ ဥံဳ ကၠတိပိေသာသြားဟ၊ဥံဳ သံဗုေဒၶသြားဟ ဥံဳ” ဆိုတဲ့ ဂါထာကို ပုေလြအေပၚဖက္ကေရး …
“ ဥံဳ နတ္သရဲ၊ နမာတာ၊ ေနာလာ၊ ဆရာလာ၊ ထဆရာထ ရဲစြဲသြားဟ” ဆိုတဲ့ ဂါထာကို ပုေလြေပါက္ေအာက္ကေနေရးရပါမယ္..

ၿပီးရင္ေတာ့ သစ္ေစးသရိုးကိုင္ပါ။ ပုေလြရသြားၿပီဆုိရင္ အစိမ္းေသအေလာင္း႐ွိတဲ့အိမ္ကိုသြားပါ။ ပုေလြကိုအစိမ္းေသအေလာင္း ထည့္ထားတဲ့ အေခါင္းထဲ လူမသိေအာင္ထည့္ရပါမယ္။

အေခါင္းေျမက်ၿပီဆုိရင္ ညသန္းေခါင္ သခ်ႋဳင္းကိုသြားရပါမယ္။ ထမင္းျဖဴနီ၊ သားစိမ္း၊ ငါးစိမ္းေတြနဲ႔ သခ်ဳႋင္းေစာင့္ေတြကို ေကၽြးေမြးရပါမယ္။ (အစီအရင္လုပ္ေနတုန္း မေႏွာင့္ယွက္ေအာင္လုိ႔ပါ။) အေစာင့္ဆုိတာ လူအေစာင့္မဟုတ္ဘူးေနာ္။ မျမင္ရတဲ့ အေစာင့္ေတြေျပာတာပါ။

 ၿပီးရင္ေတာ့ ပုေလြထည့္ထားတဲ့ အေလာင္းကိုေဖာ္ရပါမယ္။ ၿပီးေတာ့ အစိမ္းေသအေလာင္းကို ဂမီၻရဆရာက သူ႔ပညာနဲ႔ အသက္သြင္းၿပီး စီရင္ထားတဲ့ပုေလြကို မႈတ္ခုိင္းရပါလိမ့္မယ္။ ဒီလုိအစီအရင္ေတြလုပ္ေနစဥ္အတြင္းမွာ သခ်ဳႋင္းက သရဲေတြက အမ်ိဳးမ်ိဳးေျခာက္လွန္႔ ေႏွာင့္ယွက္ပါလိမ့္မယ္။ ဒီလိုေျခာက္လွန္႔ရင္လည္း မေၾကာက္ဘဲ ဆက္လုပ္ပါ။

အေလာင္းက ပုေလြမႈတ္ၿပီးသြားရင္ေတာ့ အေလာင္းလက္ထဲက ပုေလြကိုလုၿပီး ေျပးရမွာပါ။ အဲဒီလုိေျပးရင္လည္း ဘယ္လုိပဲေျခာက္လွန္႔သည္ျဖစ္ျဖစ္ အသံၾကားသည္ျဖစ္ျဖစ္  ေနာက္ကို လံုးဝလွည့္မၾကည့္ဘဲ၊ ေျပးေနတာကိုမရပ္ဘဲ  သခ်ဳႋင္းအျပင္ေရာက္ေအာင္ ေျပးရပါမယ္။ အားလံုးေအာင္ျမင္ရင္ေတာ့ ေဆးပုေလြရပါၿပီ။

ဒီလိုရၿပီဆိုရင္ေတာ့ ကိုယ့္ Crush အိမ္ေရွ႕ကို သြားၿပီးသူ႔နာမည္ကို ရြတ္ပါ ၿပီးရင္ ဒီပုေလြကို မႈတ္လုိက္ပါ။ ပုေလြသံၾကားတာနဲ႔ Crush က ကိုယ့္ေနာက္ကိုေျပးလုိက္လာသည္အထိ ခ်စ္သြားပါၿပီတဲ့။

ဒါကေတာ့ အက္ဒ္မင္တုိ႔႐ိုးရာယံုၾကည္မႈ အယူအဆေတြထဲက တစ္ခုျဖစ္တဲ့ ပီယေဆးေဖာ္နည္းပဲျဖစ္ပါတယ္ေနာ္။ ဒါက ရုိးရာယံုၾကည္မႈသက္သက္ပဲျဖစ္လုိ႔ အက္ဒ္မင္က ဗဟုသုတအျဖစ္ေျပာျပတာပါ။ လံုးဝ မစမ္းသပ္ၾကည့္နဲ႔ေနာ္။ အက္ဒ္မင္လည္း မစမ္းဘူး ေၾကာက္လုိ႔ 😛

ေယာင္းတုိ႔ေပ်ာ္ရႊင္ၾကပါေစ။

Reference – ဒဂုန္ခင္ခင္ေလး ေမွာ္ဆရာမွတ္တမ္းဝတၳဳမ်ား
Sugar Cane (For Her Myanmar)
# Unicode Version ျဖင့္ ဖတ္ပါ #


    အမယ်လေး သူ့နည်းက ကြောက်စရာ

ဒီတစ်ခေါက် Friday Horror ကဏ္ဍမှာ အက်ဒ်မင်က ထူးထူးခြားခြားအကြောင်းအရာလေးကို တင်ဆက်ပေးချင်ပါတယ်။ အက်ဒ်မင်တို့ မြန်မာလူမျိုးတွေမှာ အထက်လမ်း၊ အောက်လမ်း ဂမ္ဘီရပညာတွေ၊ နက္ခတ်အစီအရင်တွေရှိတာ ယောင်းတို့လည်းကြားဖူးမှာပါ။ ဒီလိုအစီအရင်တွေထဲမှာ လူချစ်လူခင်ပေါများဖို့ ဒါမှမဟုတ် ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုပြန်ချစ်လာစေဖို့ စီရင်ရတဲ့ ပီယဆေးအစီအရင်တွေအများကြီးရှိပါတယ်။ အဲဒီထဲကမှ စိတ်ဝင်စားစရာကောင်းတဲ့ အစီအရင်တစ်ခုကို ဖော်ပြပေးမယ်နော်…

ဒီပီယဆေးဖော်နည်းက အန္တရာယ်များပြီး ရှုပ်ထွေးပါတယ်။ ဂမ္ဘီရပညာရှင်တစ်ယောက်က ဦးဆောင်ပြီး ဖော်ပေးမှာဖြစ်မှာပါ။ အဲဒီနည်းကတော့ ဆေးပုလွေစီရင်တဲ့နည်းဖြစ်ပါတယ်။ ဆေးပုလွေစီရင်ဖို့အတွက်လိုအပ်တဲ့ ပစ္စည်းတွေက –

သနပ်ဝါး

သင်္ချိုင်းက သံ

သချုႋင်းက မြေဖယောင်း

ကျီးမနားထန်းရွက်

လူသေတွေမှာ စည်းတဲ့ ခြေမကြိုး လက်မကြိုး

အစိမ်းသေအလောင်း (အစိမ်းသေဆိုတာက ဖျားနာရောဂါနဲ့ မဟုတ်ဘဲ မတော်တဆမှု၊ လူသတ်မှုနဲ့ သေဆုံးသူကိုခေါ်တာပါ)

စပြီးတော့လုပ်ရမှာက ပုလွေတစ်ခုလုပ်ရမှာမို့ ပုလွေလုပ်တတ်ဖို့လိုပါတယ်။ ဆေးပုလွေ စီရင်ဖို့အတွက် ပထမဆုံး သနပ်ဝါးနဲ့ ပုလွေရိုးလုပ်ပြီး သချုႋင်းက သံနဲ့ အပေါက်ဖောက်ရပါမယ်။အဲဒီနောက်သင်္ချီုင်းက မြေဖယောင်းနဲ့ လျှာခင်လုပ်ပြီး ကျီးမနားထန်းရွက်နဲ့ အပိတ်လုပ်ရပါမယ်။ ပြီးရင် လူသေတွေမှာ စည်းတဲ့ ခြေမကြိုး လက်မကြိုးနဲ့ ပုလွေကို စည်းရပါမယ်။ ပုလွေရပြီဆိုရင်တော့ ခုနစ်ရက် ဥပုသ်စောင့်ရမှာပါ။

ဥပုဒ်စောင့်ပြီးပြီဆိုရင်တော့ ဂမ္ဘီရဆရာ သတ်မှတ်ပေးတဲ့ နေ့ကောင်းရက်သာမှာ

“ဥုံ – ကတ်ကတ်သွား ၊ ဥုံ ဥုံ က္ကတိပိသောသွားဟ၊ဥုံ သံဗုဒ္ဓေသွားဟ ဥုံ” ဆိုတဲ့ ဂါထာကို ပုလွေအပေါ်ဖက်ကရေး …
“ ဥုံ နတ်သရဲ၊ နမာတာ၊ နောလာ၊ ဆရာလာ၊ ထဆရာထ ရဲစွဲသွားဟ” ဆိုတဲ့ ဂါထာကို ပုလွေပေါက်အောက်ကနေရေးရပါမယ်..

ပြီးရင်တော့ သစ်စေးသရိုးကိုင်ပါ။ ပုလွေရသွားပြီဆိုရင် အစိမ်းသေအလောင်းရှိတဲ့အိမ်ကိုသွားပါ။ ပုလွေကိုအစိမ်းသေအလောင်း ထည့်ထားတဲ့ အခေါင်းထဲ လူမသိအောင်ထည့်ရပါမယ်။

အခေါင်းမြေကျပြီဆိုရင် ညသန်းခေါင် သင်္ချိုင်းကိုသွားရပါမယ်။ ထမင်းဖြူနီ၊ သားစိမ်း၊ ငါးစိမ်းတွေနဲ့ သချုႋင်းစောင့်တွေကို ကျွေးမွေးရပါမယ်။ (အစီအရင်လုပ်နေတုန်း မနှောင့်ယှက်အောင်လို့ပါ။) အစောင့်ဆိုတာ လူအစောင့်မဟုတ်ဘူးနော်။ မမြင်ရတဲ့ အစောင့်တွေပြောတာပါ။

 ပြီးရင်တော့ ပုလွေထည့်ထားတဲ့ အလောင်းကိုဖော်ရပါမယ်။ ပြီးတော့ အစိမ်းသေအလောင်းကို ဂမ္ဘီရဆရာက သူ့ပညာနဲ့ အသက်သွင်းပြီး စီရင်ထားတဲ့ပုလွေကို မှုတ်ခိုင်းရပါလိမ့်မယ်။ ဒီလိုအစီအရင်တွေလုပ်နေစဉ်အတွင်းမှာ သချုႋင်းက သရဲတွေက အမျိုးမျိုးခြောက်လှန့် နှောင့်ယှက်ပါလိမ့်မယ်။ ဒီလိုခြောက်လှန့်ရင်လည်း မကြောက်ဘဲ ဆက်လုပ်ပါ။

အလောင်းက ပုလွေမှုတ်ပြီးသွားရင်တော့ အလောင်းလက်ထဲက ပုလွေကိုလုပြီး ပြေးရမှာပါ။ အဲဒီလိုပြေးရင်လည်း ဘယ်လိုပဲခြောက်လှန့်သည်ဖြစ်ဖြစ် အသံကြားသည်ဖြစ်ဖြစ်  နောက်ကို လုံးဝလှည့်မကြည့်ဘဲ၊ ပြေးနေတာကိုမရပ်ဘဲ  သချုႋင်းအပြင်ရောက်အောင် ပြေးရပါမယ်။ အားလုံးအောင်မြင်ရင်တော့ ဆေးပုလွေရပါပြီ။

ဒီလိုရပြီဆိုရင်တော့ ကိုယ့် Crush အိမ်ရှေ့ကို သွားပြီးသူ့နာမည်ကို ရွတ်ပါ ပြီးရင် ဒီပုလွေကို မှုတ်လိုက်ပါ။ ပုလွေသံကြားတာနဲ့ Crush က ကိုယ့်နောက်ကိုပြေးလိုက်လာသည်အထိ ချစ်သွားပါပြီတဲ့။

ဒါကတော့ အက်ဒ်မင်တို့ရိုးရာယုံကြည်မှု အယူအဆတွေထဲက တစ်ခုဖြစ်တဲ့ ပီယဆေးဖော်နည်းပဲဖြစ်ပါတယ်နော်။ ဒါက ရိုးရာယုံကြည်မှုသက်သက်ပဲဖြစ်လို့ အက်ဒ်မင်က ဗဟုသုတအဖြစ်ပြောပြတာပါ။ လုံးဝ မစမ်းသပ်ကြည့်နဲ့နော်။ အက်ဒ်မင်လည်း မစမ်းဘူး ကြောက်လို့ 😛

ယောင်းတို့ပျော်ရွှင်ကြပါစေ။

Reference – ဒဂုန်ခင်ခင်လေး မှော်ဆရာမှတ်တမ်းဝတ္ထုများ
Sugar Cane (For Her Myanmar)

No comments:

Post a Comment