Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, August 2, 2018

သံဃာမေလ်ာ့တဲ့ေက်ာင္းတိုက္ႀကီး


မဟာဝိဟာရေက်ာင္းတိုက္၏ ၾကည္ညိဳစရာ အခ်က္မ်ား

(၁)ရဟန္း(၁၃၀၀)ေက်ာ္တို႔ ရွိမွန္းေတာင္ မသိရျခင္း။ဆြမ္းေလာင္းမွသာရွိမွန္းသိျခင္း။
(၂)ဆြမ္းေလာင္းစဥ္ မိမိစာဝါကိုမျပတ္ေလ့လာေနျခင္း။ (ဟိုေငးဒီေငး ျခင္းမရွိ)
(၃)ေခါင္းအံုး/ေစာင္/ျခင္ေထာင္မရွိ။
မေဆာင္ထားျခင္း။ ၃ ထည္ေသာသကၤန္းကိုသာအသံုးျပဳ၍ ဒုကုဋ္ကို ေစာင္အျဖစ္ အသံုးျပဳျခင္း။
(၄)ေငြမကိုင္ရျခင္း
(၅)ဆပ္ျပာကိုလည္းအေမႊးဆပ္ျပာသံုးစြဲခြင့္မျပဳ။
ကာေပၚလစ္ဆပ္ျပာ၊ ေရႊဝါဆပ္ျပာသာသံုးစြဲ ခြင့္ေပးျခင္း။
(၆)ပိုးထည္ယပ္ေတာင္/ဖိနပ္ေပးမသံုး။
(၇)ဆြမ္းစားလွ်င္ ပတၱပိုဏ္ဆြမ္းသာ ဘုန္းေပးျခင္း။
(၈)ထိုဝိနည္းအားလံုးတို႔ကို ဆရာေတာ္ႀကီးႏွင့္ တပည့္ရဟန္းေပါင္း(၁၃၀၀)ေက်ာ္ကအညီအၫြတ္လိုက္နာက်င့္သံုးျခင္း။
သီးသန္႔အခန္းမရွိျခင္း။ စာသင္စာခ် တေျပးညီသီတင္းသံုးျခင္း။

ထိုမွ်ဝိနည္းေလးစားတဲ့ ရဟန္းေတာ္ေတြထဲက ရဟန္းတစ္ပါးကို ရဟန္းခံခြင့္ရတဲ့
ကြ်န္ေတာ္တို႔ မိသားစုေလး အတိုင္းမသိဝမ္းသာပီတိေတြနဲ႔ မနက္ျဖန္မွေတြရမယ့္ သားရဟန္းကို သိ္မ္ဆင္းေလာင္းရင္း ဖူးျမင္ရမွာျဖစ္လို႔
ဝမ္းသာပီတိ ေတြ ျဖစ္ေနမိပါေတာ့တယ္။
ကိုရဲထြဋ္





#Unicode Version#
မဟာဝိဟာရကျောင်းတိုက်၏ ကြည်ညိုစရာ အချက်များ

(၁)ရဟန်း(၁၃၀၀)ကျော်တို့ ရှိမှန်းတောင် မသိရခြင်း။ဆွမ်းလောင်းမှသာရှိမှန်းသိခြင်း။

(၂)ဆွမ်းလောင်းစဉ် မိမိစာဝါကိုမပြတ်လေ့လာနေခြင်း။ (ဟိုငေးဒီငေး ခြင်းမရှိ)

(၃)ခေါင်းအုံး/စောင်/ခြင်ထောင်မရှိ။

မဆောင်ထားခြင်း။ ၃ ထည်သောသင်္ကန်းကိုသာအသုံးပြု၍ ဒုကုဋ်ကို စောင်အဖြစ် အသုံးပြုခြင်း။

(၄)ငွေမကိုင်ရခြင်း

(၅)ဆပ်ပြာကိုလည်းအမွှေးဆပ်ပြာသုံးစွဲခွင့်မပြု။

ကာပေါ်လစ်ဆပ်ပြာ၊ ရွှေဝါဆပ်ပြာသာသုံးစွဲ ခွင့်ပေးခြင်း။

(၆)ပိုးထည်ယပ်တောင်/ဖိနပ်ပေးမသုံး။

(၇)ဆွမ်းစားလျှင် ပတ္တပိုဏ်ဆွမ်းသာ ဘုန်းပေးခြင်း။

(၈)ထိုဝိနည်းအားလုံးတို့ကို ဆရာတော်ကြီးနှင့် တပည့်ရဟန်းပေါင်း(၁၃၀၀)ကျော်ကအညီအညွတ်လိုက်နာကျင့်သုံးခြင်း။

သီးသန့်အခန်းမရှိခြင်း။ စာသင်စာချ တပြေးညီသီတင်းသုံးခြင်း။

ထိုမျှဝိနည်းလေးစားတဲ့ ရဟန်းတော်တွေထဲက ရဟန်းတစ်ပါးကို ရဟန်းခံခွင့်ရတဲ့

ကျွန်တော်တို့ မိသားစုလေး အတိုင်းမသိဝမ်းသာပီတိတွေနဲ့ မနက်ဖြန်မှတွေရမယ့် သားရဟန်းကို သိမ်ဆင်းလောင်းရင်း ဖူးမြင်ရမှာဖြစ်လို့

ဝမ်းသာပီတိ တွေ ဖြစ်နေမိပါတော့တယ်။
ကိုရဲထွဋ်

No comments:

Post a Comment