Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, August 2, 2018

ခင္မာျမင့္တုိ႔ အဖြဲ႔ကုိ ေထာင္ဒဏ္ ၁၀ ႏွစ္အထိခ်မွတ္ႏုိင္တဲ့ ပုဒ္မနဲ႔ စြဲခ်က္ တင္ျပီ


ရုပ္ရွင္သရုပ္ေဆာင္သီဟတင္စုိးက အဓမၼျပဳက်င့္တယ္ဆုိၿပီး လီဆယ္တုိင္ၾကားခဲ့တဲ့ အိမ္အကူ ေဒၚခင္မာျမင့္အပါအ၀င္ ပြဲစား ေဒၚညိဳနဲ ထြက္ေျပးတိမ္းေရွာင္ေနဆဲ ထြန္းေတာက္အိမ္အကူအက်ိဳးဆာင္ ပုိင္ရွင္ ေဒၚျမင့္တို႔ကုိ ဒီေန႔ ၾသဂုတ္လ ၁ ရက္ေန႔ က ေထာင္ဒဏ္ဆယ္ႏွစ္အထိ ခ်မွတ္ႏုိင္တဲ့ ၿခိမ္းေျခာက္ေငြေတာင္းခံမႈ ပုဒ္မ ၃၈၉ နဲ႔ တရားစြဲတင္လုိက္ၿပီလုိ႔သိရပါတယ္။

ေဒၚခင္မာျမင့္နဲ႔ ေဒၚညိဳတုိ႔ကုိ ဒီေန႔ေန႔လယ္ပိုင္းက သဃၤန္းကၽြန္းၿမိဳ႕နယ္တရားရုံးမွာ ဒုတိယအႀကိမ္ရုံးထုတ္ရမန္ယူၿပီးေနာက္ အင္းစိန္အက်ဥ္းေထာင္ကုိ ပို႔ေဆာင္လုိက္ၿပီးေနာက္ထပ္ရုံးခ်ိန္းကုိ ၾသဂုတ္လ ၁၅ ရက္ေန႔ကုိ ျပန္လည္ခ်ိန္းဆုိထားေၾကာင္းသိရပါတယ္။

လက္ရွိေတာ့ ခင္မာျမင့္က သီဟတင္စုိးကုိ တုိင္ၾကားထားတဲ့ အဓမၼျပဳက်င့္မႈကုိ ပိတ္သိမ္းဖုိ႔အတြက္ ရဲတပ္ဖြဲ႕က ဥပေဒအၾကံျပဳခ်က္ေတာင္းခံထားၿပီး အမႈပိတ္သိမ္းၿပီးရင္ ပုဒ္မ ၂၁၁ လိမ္လည္စြပ္စြဲတုိင္ၾကားမႈနဲအမႈဖြင့္သြားမွာ ျဖစ္တယ္လုိ႔ သိရပါတယ္။

“အခုေလာေလာဆယ္မွာ မဇင္မာဦးက တရားလိုလုပ္ၿပီး အမႈဖြင့္ထားတဲ့ ပုဒ္မ ၃၈၉ နဲ႔ တရားစြဲတင္လိုက္ၿပီး။ သီဟတင္စုိးအမႈပိတ္ဖုိ႔ကုိ ဥပေဒအႀကံျပဳခ်က္တာင္းထားတယ္။ ရဲကေန တရားလုိလုပ္ၿပီး ပုဒ္မ ၂၁၁ နဲ႔ အမႈစြဲတင္မယ္” လုိ႔ သဃၤန္းကၽြန္းၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးကုိကိုဦးက ေျပာပါတယ္။

ခင္မာျမင့္ဟာ ပဲခူးအမွတ္ (၃)ရဲစခန္းမွာလည္း မုဒိန္းမႈနဲ႔ အမ်ိဳးသားတစ္ေယာက္ကုိ တုိင္ၾကားထားပါေသးတယ္။ သရုပ္ေဆာင္သီဟတင္စုိးကုိ မုဒိမ္းမႈနဲ႕ အေရးယူေပးဖို႕ အတြက္ ဇူလိုင္လ ၁၄ ရက္ေန႔က အမႈဖြင့္တုိင္ၾကားခဲ့ပါတယ္။
hlataw



# Unicode Version ျဖင့္ ဖတ္ပါ #
ရုပ်ရှင်သရုပ်ဆောင်သီဟတင်စိုးက အဓမ္မပြုကျင့်တယ်ဆိုပြီး လီဆယ်တိုင်ကြားခဲ့တဲ့ အိမ်အကူ ဒေါ်ခင်မာမြင့်အပါအဝင် ပွဲစား ဒေါ်ညိုနဲ ထွက်ပြေးတိမ်းရှောင်နေဆဲ ထွန်းတောက်အိမ်အကူအကျိုးဆာင် ပိုင်ရှင် ဒေါ်မြင့်တို့ကို ဒီနေ့ သြဂုတ်လ ၁ ရက်နေ့ က ထောင်ဒဏ်ဆယ်နှစ်အထိ ချမှတ်နိုင်တဲ့ ခြိမ်းခြောက်ငွေတောင်းခံမှု ပုဒ်မ ၃၈၉ နဲ့ တရားစွဲတင်လိုက်ပြီလို့သိရပါတယ်။

ဒေါ်ခင်မာမြင့်နဲ့ ဒေါ်ညိုတို့ကို ဒီနေ့နေ့လယ်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှာ ဒုတိယအကြိမ်ရုံးထုတ်ရမန်ယူပြီးနောက် အင်းစိန်အကျဉ်းထောင်ကို ပို့ဆောင်လိုက်ပြီးနောက်ထပ်ရုံးချိန်းကို သြဂုတ်လ ၁၅ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားကြောင်းသိရပါတယ်။

လက်ရှိတော့ ခင်မာမြင့်က သီဟတင်စိုးကို တိုင်ကြားထားတဲ့ အဓမ္မပြုကျင့်မှုကို ပိတ်သိမ်းဖို့အတွက် ရဲတပ်ဖွဲ့က ဥပဒေအကြံပြုချက်တောင်းခံထားပြီး အမှုပိတ်သိမ်းပြီးရင် ပုဒ်မ ၂၁၁ လိမ်လည်စွပ်စွဲတိုင်ကြားမှုနဲအမှုဖွင့်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

“အခုလောလောဆယ်မှာ မဇင်မာဦးက တရားလိုလုပ်ပြီး အမှုဖွင့်ထားတဲ့ ပုဒ်မ ၃၈၉ နဲ့ တရားစွဲတင်လိုက်ပြီး။ သီဟတင်စိုးအမှုပိတ်ဖို့ကို ဥပဒေအကြံပြုချက်တာင်းထားတယ်။ ရဲကနေ တရားလိုလုပ်ပြီး ပုဒ်မ ၂၁၁ နဲ့ အမှုစွဲတင်မယ်” လို့ သင်္ဃန်းကျွန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကိုကိုဦးက ပြောပါတယ်။

ခင်မာမြင့်ဟာ ပဲခူးအမှတ် (၃)ရဲစခန်းမှာလည်း မုဒိန်းမှုနဲ့ အမျိုးသားတစ်ယောက်ကို တိုင်ကြားထားပါသေးတယ်။ သရုပ်ဆောင်သီဟတင်စိုးကို မုဒိမ်းမှုနဲ့ အရေးယူပေးဖို့ အတွက် ဇူလိုင်လ ၁၄ ရက်နေ့က အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။
hlataw

No comments:

Post a Comment