Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 9, 2018

ဥတ္တရကုရု ​(ခေါ်)​မြောက်ကျွန်း​နေသူများ အကြောင်း

ဥတ္တရကုရု ခေါ်သော မြောက်ကျွန်း၌နေထိုင်ကြသည့် လူတို့သည် အမြဲ နိစ္စ ငါးပါးသီလကို လုံခြုံကြသည်။
ယင်း ငါးပါးသီလ လုံခြုံသူတို့၏ ဓမ္မတာ သိဒ္ဓိကြောင့် အောက်ပါဝိသေသန အကျိုးထူးများကို ခံစားကြရပါသည် ။

(၁) အိုးအိမ်တိုက်တာ ( နေစရာအတွက် အထူးဆောက်နေဖွယ် မလို၊ သစ်ပင်များက နေထိုင်မှုအတွက် ကိစ္စပြီး စေသည်.။ )

(၂) မြောက်ကျွှန်းနေလူတို့ မှာ ရှည်ခြင်း ၊ ပုခြင်းစသော အပြစ်မျိုးကင်းသည် ၊
လုံးရပ် သဏ္ဍာန်နှင့် ပြည့်စုံ၍ ကိုယ်လုံးကိုယ်ဖန် အရပ် အမောင်းတူညီ ကြသည် ။

(၃)ဇရာ ရောဂါ အနှိပ်အစက်မခံရ၍ ဆံပင်ဖြူခြင်း သွားကျိုးခြင်း အရေတွန့်ခြင်းအင်အား ကုန်ခမ်းခြင်းမရှိပေ ။

(၄)အသက်မွေးဝမ်းကျောင်း အတွက် အာဟာရ ပရိယေသန ဒုက္ခကင်းသည် ။

(၅)မှက်၊ ခြင်၊ ယင် ၊ကြမ်းပိုး စသော သတ္တဝါ ကိုက်ခဲမှု မခံရ ။

(၆) စားသောက်မှုအတွက် ဝယ်ရ၊ သွားရ၊ ချက်ရသော ဒုက္ခမျိုး ကင်းသည်၊ အခွံမပါ
ဖွဲ ကင်းသော သလေးဆန် ကို အာဟာရ အဖြစ် သုံးဆောင်ရသည်၊ ပကတိ ထင်းမီး
ဖြင့် ချက်မနေရ၊ ဇောတိက မည်သော ရတနာ ကျောက်တုံးပေါ် တင်လိုက်လျှင် က ချက်ပြီး ဖြစ်၏၊ ဟင်း နှင့် ဟင်းလျှာ အတွက် သီးခြား စီမံနေစရာမလို၊ စားလိုသူက အချဉ် တမ်းတလျှင် အချဉ် ၊ အချိုတမ်းတလျှင် အချိုအရသာပေါ်လာ၏။

(၇)အထက်ဖော်ပြပါ အဟာရ ကို မှီဝဲသောကြောင့် နှုနာ၊ ပွေး၊ ညှင်း၊ တင်းတိပ်နာ၊ ချောင်းဆိုး ပန်းနာ၊ မြစ်ချောက်နာ၊ အရှုးရောဂါ နှင့် အိုနာများ ကင်းဝေသည် ။

(၈) မြောက်ကျွန်းနေလူ အချင်းချင်း မနာလို ဝန်တို စိတ်ကင်းရှင်း ကြသည် ။

(၉) ရာသီဥတု မျှတသည်။ အပူလွန်ကဲမှု၊ အအေးလွန်ကဲမှု ရာသီဒဏ် မခံရ ။

(၁၀) မြောက်ကျွှန်း၌ တန်ခိုးကြီးသော ဘုရား ပစ္စေကဗုဒ္ဓါ တို့ ဆွမ်းခံကြွမြဲ ဓမ္မတာ ဖြစ်၍ထူးခြားသည် ။

(၁၁) မြောက်ကျွှန်း၌ ကုန်းသူ၊ ကွသူ၊ ကောက်သူ၊ ကွေးသူ၊ ခွင်သူ၊ လေငန်းဆွဲသူ၊ အင်္ဂါချို့တဲ့သူ၊ ဣနြေ္ဒချို့တဲ့သူ မရှိချေ ။

(၁၂)အမျိုးသမီးများ ၆ ပြစ်ကင်း၍ အရုပ်ဆိုးသူ မရှိ၊ ၁၆ နှစ် အရွယ် ထင်မှတ်ရသည်၊ အမျိုးသားများ ၂၅ နှစ် အရွယ်မှာ တည်သည် ။

(၁၃)သားသမီးငယ်များ က မိဘတို့ ကို နားပုနားဆာ မလုပ်ကြ၊ တွယ်ကပ်၍ မနေကြ ။

(၁၄) မြောက်ကျွန်းနေလူတို့ ကာမကိစ္စ တစ်သက်လုံးမှာ ( ၇ ) ရက်သာ ခံစားကြသည်။

(၁၅)ကိုယ်ဝန်တည်ရခြင်း ဒုက္ခ၊ လွယ်ရခြင်း ဒုက္ခ၊ ဖွားရခြင်း ဒုက္ခ တို့မှလည်း ကင်းသည်။

(၁၆) မိဘ တို့က ရင်သွေးငယ် အတွက် ကြောင့်ကြ စိုက်နေစရာမလို၊ ကလေးများ ဆော့ ကစားရာ အိပ်ပျော်ရာမှာထား၍ လိုရာသွားနိုင်သည်။
တွေ့သူက အစားကျွေး နို့တိုက်သည်။ ကလေးများ ကံကြောင့် လက်ညှိုးမှ နို့ထွက်သည် ။

(၁၇)အဝတ်အတွက် ပူစရာ မလို၊ ပဒေသာ ပင်မှ ရသည် ။

(၁၈) ရေချိုးသည့် အခါ စုပေါင်းရေချိုး ကြသည်၊ အဝတ်ကို စုပုံထားသည်၊
ပထမ ရေချိုးပြီး သူက အပေါ်ဆုံးမှ အဝတ်ကို ယူဝတ်သည်။
ငါ့ဟာ သူ့ ဟာ ငြင်းခုံမှု မရှိ ။

(၁၉ ) သေသူ အတွက် ကျန်ရစ်သူများ ပူဆွေးသောက မဖြစ်၊ မငိုကျွေးပေ ။

(၂၀) အပုပ်နံ့မရှိ၊ သုသာန်သင်္ချိုင်း ထားစရာမလို၊ သေသူ၏ ရုပ်ကလာပ် ကို အဝတ်ဖြင့်​ထုပ်ပတ်၍ ချထားရသည်၊ ကုသိုလ်ကံ အဟုန်ကြောင့် ဖြစ်ပေါ်လာသော ငှက်ကြီး များက တခြား ကျွန်းသို့ ယူဆောင်သွားကြသည် ။

(၂၁) သေပြီးနောက် နတ်ပြည်ရောက်သည်၊ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ မဖြစ်ချေ ။

(၂၂) အနှစ်တစ်ထောင် သက်တမ်း မြဲသည် ။

(သာရတ္ထဒီပနီ ဋီကာမှ ​ကောက်​နှုတ်​​ဖော်​ပြသည်​)
Credit : နမ့်​ခုံး သူ

No comments:

Post a Comment