Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 16, 2018

စစ်ကိုင်းတိုင်း ဘဏ္ဍာရေးဝန်ကြီး လိုက်ပါလာသည့်ကား အတိုက်ခံရ



စစ်ကိုင်း ၁၆ သြဂုတ်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး လိုက်ပါလာသည့်ကား သည် စစ်ကိုင်းမြို့ တင်းတိပ်ရပ်ကွက် တောင်ငူကုန်း၊ မကျီးစဉ်အရှေ့ရပ် မုံရွာ - စစ်ကိုင်းကားလမ်းမပေါ်တွင် သြဂုတ်လ ၁၆ ရက်နေ့ နံနက် (၈) နာရီကျော်အချိန်က တိုက်ခံရခြင်းဖြစ်သည် ။

ဖြစ်စဉ်မှာ ကျောက်တင်ကား (SKAT) က HIJET ယာဉ်အား ဝင်တိုက်ပြီး HIJET ယာဉ်မှ အရှိန်မထိန်းနိုင်ပဲ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး လိုက်ပါလာသည့်ကားအား တစ်ဆင့် တိုက်မိခဲ့ခြင်းဖြစ်သည်။

"ဝန်ကြီးကတော့ ဘာမှ သိပ်မဖြစ်ဘူး။ ဝန်ကြီးဦးစိုးဦးက ဒုသမ္မတ လာမှာဆိုလို့ သွားကြိုရင်း ခုလိုဖြစ်တာ ။ ကားကတော့ နောက်ပိုင်းတော်တော်ထိသွားတယ် ခုလောလောဆယ်တော့ ယာဉ်ထိန်းရဲက အရေးယူမှုလုပ်နေတယ်လို့သိရပါတယ် "ဟု တင်းတိပ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်က ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မဆင်မခြင်းမောင်းနှင်သော ကျောက်သယ်ကား ယာဉ် မောင်းအား ဥပဒေအရ အရေးယူဆောင်ရွက်ရန် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သူရိန်လင်း
Photo - Yaung Chyi
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews

No comments:

Post a Comment