Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 1, 2018

အောင်ရဲထွေးအမှုတရားခံများ၏ ကျေးဇူးတင်လွှာ။


လူသတ်မှုဖြစ်သော်ငြားလည်းနှလုံးရောဂါဖြင့်သေသယောင်
အမှုတည်ဆောက်ပေးသောမြန်မာနိုင်ငံ ရဲတပ်ဖွဲ့အား၎င်း၊

စစ်ဆေးရမည့် သက်သေ၂၀ကျော်ရှိသော်လည်း အကုန်မစစ်ဆေးဘဲ
ကြေအေးလွှာကို မငြူမဆူလက်ခံပေးပါသော တိုင်းဥပဒေချုပ် ဦးဟန်ထူးနှင့်တကွ
အကြံပေး ဥပဒေအရာရှိကြီးများအား၎င်း၊

ကြီးသည့်အမှုငယ်အောင်၊ငယ်သောအမှုပပျောက်အောင်
ကန်တော့ကြေးအနဲငယ်မျှဖြင့်လူသတ်မှုဖြစ်ငြားသော်လည်း
လက်ခံကြေအေးပေး၍ ကွင်းလုံးကျွတ်လွှတ်ပေးလိုက်သော ခရိုင်တရားသူကြီးအား၎င်း၊

နောက်တနေ့မြန်မာ့အလင်းသတင်းစာတွင်ကွင်းလုံးကျွတ်လွှတ်တာမှန်နေသယောင်
ဆောင်းပါးရေးပေးတဲ့ ဆရာကျော်ဝင်းနီ ကလောင်ရှင်အား၎င်း၊

နောက်တနေ့ကြေးမုံသတင်းစာတွင်သက်သေအထင်အရှားမရှိပါက
အပြစ်မရှိသယောင်ဆောင်းပါးရေးပေးပါသော ဆရာ မောင်စာဂ ကလောင်ရှင်အား၎င်း၊

နောက်တနေ့ သတင်းစာထဲတွင်ကွင်းလုံးကျွတ်လွှတ်သင့်ကြောင်း ဆောင်းပါးများ အချိန်ကိုက် ထည့်ပေးတဲ့ နိုင်ငံပိုင်သတင်းစာ ကြေးမုံနှင့် မြန်မာ့အလင်း အယ်ဒီတာ နဲ့ အယ်ဒီတာချုပ်များအား၎င်း၊

လွတ်လွတ်ချင်း နိုင်ငံခြားသို့ထွက်ခွာသွားနိုင်အောင် passport ကအစ ကူညီဆောင်ရွက်ပေးသော ပြည်ထဲရေး ရဲဝန်ထမ်းများ၊လဝက ဝန်ထမ်းများ၊လေကြောင်းလိုင်းများ အားလုံး အားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။

ဒိအပြင်......
ကွင်းလုံးကျွတ်လွတ်အောင် အစစ အရာရာ ပုံဖော်ဆောင်ရွက်ပေးတဲ့
တရားရေး၊ပြည်ထဲရေး အကြီးအကဲကြီးများအားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်းနှင့်
ကျေးဇူးတင်ထိုက်သူ အားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း တနယ်တကျေးရှိ Five Stars Hotel တစ်ခုမှ ကျေးဇူးတင်စကား
ပြောကြားလိုက်ရပါတယ်။

=============
Credit: Wint Nwe Khaing

No comments:

Post a Comment