Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, July 14, 2018

Myanmar Idol အကြောင်း ရေးထားတာတွေ့လို့ သဘောကျလို့ ဖတ်ရအောင် ကော်ပီကူးလာတာပါ။


MYANMAR IDOL

ကျနော်ရေးတာမဟုတ်သလို ဘယ်သူရေးမှန်းလည်း မသိပါဘူး။
မဆဲကြပါနဲ့ ကြောက်တတ်လို့ပါ။

ယနေ့Idol

မြန်မာပြည်မှာ အဆိုပြိုင်ပွဲတွေကို
ကြိုက်တဲ့အချိန် ကြိုက်တဲ့စံနဲ့ လုပ်ကြပါ

ဒါပေမယ့်
ပရိတ်သတ်က #ငွေကုန်ခံပေးပြီး
#ဆင်းမ်းကဒ်တခု #အကန့်အသတ်မရှိတဲ့
Voting စနစ်သာ သုံးလို့ ကတော့
မိန်းခလေး Winner ဖြစ်စရာအကြောင်း
မြင်ကို မမြင်ဘူးဗျ။

မိန်းခလေးပြိုင်ပွဲဝင်ဆိုရင်
ုပြည်တွင်းကမပြောနဲ့ 
ပြည်ပက
စီလိုင်းဒီအွန် တို့  လေဒီဂါဂါတို့ 
မာရီယာကာရေးတို့  ဝင်ပြိုင်တောင်
လည်ချောင်း ရော ဖင် ပါ ကွဲသွားမယ်
Winner တော့ သေတောင်မဖြစ်ဘူးမှတ်။

ဘာကြောင့်လည်းဆို
#မြန်မာမိန်းမပရိတ်သတ်တွေကြောင့်ဘဲဗျ။

အထူးသဖြင့် မြန်မာ အမျိုးသမီးတွေရဲ့
စိတ်အနေအထားကြောင့်ဘဲ။

ဥပမာ ကျနော်ဘဲ ဆိုပါတော့
အများပျော်အောင် Facebook မှာဖြစ်ဖြစ်
အပြင်မှာ သူငယ်ချင်းဆုံရင်ဖြစ်ဖြစ်
လုလုအောင်ဟေ့ !!!
မအေးသောင်းဟေ့ !!! စသဖြင့်
ရီစရာတွေရေးတင် ဟာသတွေလုပ်နေတာ

တကယ့်အပြင်လောကမှာ
လုလုအောင် မအေးသောင်း ဆိုရင်
ဘာမှကို မခံစားရတာဗျ။
( တကယ်ပြောတာ ဘာမှကို မခံစားရပါ )

ဒါ ကိုယ့်ဟာကိုယ်
ဂုဏ်တင်ပြောနေတာ မဟုတ်ပါဘူး။

#ယောက်ကျားအများစု ( အများစု )ရဲ့
ခံယူချက် စိတ်နေသဘောထားကို
ပြောပြတာ။

ကျားသဘာဝ တို့ 
Men’s Behaviour တို့
ယောက်ကျားစရိုက် တို့ ကြောင့်ဘဲဗျ။

ဝတ်မှုံရွှေရည် ဘယ်လိုလှလှ
ခင်သန်းနုဘယ်လို လှခဲ့လှခဲ့
မို့မို့မြင့်အောင် ဘာဖြစ်ဖြစ်

သူတို့ နဲ့  နီးနီးစပ်စပ်
တချို့တလေကလွဲပြီး
ဘယ် ပြင်ပယောက်ကျားမှ
သူတို့ ကို အရူးအမူး ဖြစ်မနေဘူးဗျ။

ဟော !!! မိန်းမတွေကျတော့ တမျိုး

ဟိုးးးးး ရွှေမန်းတင်မောင်ခေတ်

ရွှေမန်းတင်မောင်ကြီးကို ကြိုက်ကြလွန်းလို့ 
ရွှေဘီးတွေ ဆုချသူနဲ့
စိန်ရင်ထိုးကြီး ပေးရတာနဲ့ 

နောက်ဆုံး ဘာမှမပေးနိုင်သူက
ဇာတ်စင်ပေါ်တက် ဖက်နမ်းသူက
ရှိခဲ့ဖူးသေးတာ။

ဒီကြားထဲ တောဖက်က မိန်းမတယောက်က
ရွှေမန်းတင်မောင်ကြီးကို အပြင်မှတွေ့တော့
စိတ်တွေ ထိန်းမနိုင်တော့ဘဲ ငိုယိုပြီး
ရွှေမန်းတင်မောင် ဂွေးကျိ ပြေးညှစ်လေသတဲ့။
ကြားဖူးတာ ပြောပါတယ်။
မြင်တော့ မမြင်ဖူးဘူး သူ့ကို မီမှမမီလိုက်တာ။

ကျနော်က ခုမှ ၂၀ ကျော်ရုံလေး ရှိသေးတာ။
၂၀ ရဲ့ ၂ဆကို ၈ ကျော်တာ ပြောပါတယ်။

ဒီလိုဘဲ ရွှေဘခေတ် ဝင်းဦးခေတ်
ကျော်ဟိန်းခေတ်
ပြေငြိမ်းခေတ် ဒွေခေတ် လူမင်းခေတ်
စိုင်းစိုင်းခေတ် ရွှေထူးခေတ် စုံရောဘဲ။

သူတို့  မိန်းခလေးတွေဖက်ကချည်း
ဇွတ်တွေ ကြိုက်နေကြတာ။

ကြိုက်လိုက်ကြတာ ကြိုက်လိုက်ကြတာ
ဝင်းဦးသေလည်း ငို
ပြေငြိမ်းသေလည်းငို
ဒွေးသေလည်းငို
အို ငိုလို့ ကို မပြီးနိုင်တော့ဘူး။

တနေ့ ကတောင် ဒွေးသေတာ ၁၁ နှစ် ဆိုပြီး
လုပ်လိုက်ကြသေးတယ်။

ဘယ်ယောက်ကျားမှ ကြည်ကြည်ဌေး အလွမ်းပြေ
ထမလုပ်ကြဘူးးးးးးးးး

ဘယ်ယောက်ကျားမှ
ခင်ယုမေသေလို့  ငိုမှာ မဟုတ်ဘူး။

ဘယ်ယောက်ကျားမှ
လုလုအောင်သေလို့  ငိုမှာမဟုတ်ဘူးဗျ။

အားလုံးပုံမှန်ဘဲ။

ခုလည်း ဒီလိုဘဲ

အထူးသဖြင့် Voice Myanmar လို
Myanmar Idol လို

ကိုယ့်ပိုက်ဆံကုန်နိုင်ရင် ကုန်နိုင်သလောက်
Vote ပေးနိုင်တဲ့ စနစ်သုံးထားတဲ့
#ပိုက်ဆံခြူသီချင်းဆိုပြိုင်ပွဲတွေ
ကြိုက်သလောက်လုပ် သေအောင်လုပ်

ဘယ်လိုလုပ်လုပ်
ယောက်ကျားလေး အဆိုရှင်ဘဲ
Winner ရမှာ။

ဥပမာ ဒီနှစ်ဆို
ဟိုရုပ်ဆိုးဘိုးတော်ဦးသိန်းတန်ကအစ
Winner ကို ဝူခြံထက် ဖြစ်စေရေး
ဇွတ်ကြီးတွေ တွန်းတင်နေတယ်။

Winner ဖြစ်ရင် ဘာလုပ်မလဲ ?? မေးတယ်

ဟော !!!!!
ဝူခြံထက်က ပြန်ဖြေတယ်
ဘုရားထီးတင်မယ် တဲ့။

ပွဲက သိမ်းနေပြီ။
သိမ်းတာမှ ရိုးရိုးသိမ်းတာမဟုတ်
#ကြိုတင်စီစဉ်ပြီးမှကို သိမ်းတာ။

မြန်မာပြည်ဗျာ ဗုဒ္ဓဘာသာ အများစုဗျာ။
ဘုရားထီးတင်မယ် ပရဟိတလုပ်မယ် ဆို
စွန်းကျေနပ်တဲ့ သူတွေပေါတဲ့ နိုင်ငံ။

ဒါကို ကြိုသိတဲ့ အန်ကယ်နိုးကြီးက
သူ ကြိုက်သူ သူ Winner ဖြစ်စေချင်သူကို
တခါထဲကြိုပြီး မဲဆွယ်သလိုလို
ြိုကိုတင်စီရင်ချက်ချသလိုလို လုပ်လိုက်ပါလေရော။

တကယ်ရလည်း သူ့ ဟာသူ
ဘုရားထီးတင်ချင်လည်း တင်မယ်
အိမ်ဝယ်ချင် ဝယ်မယ်
ဟင်္သာတမှာ ဟာလီဒေဗစ်ဆင်ဆိုင်ကယ်
ဝယ်စီးပြီး
စော်ရှိတ်ချင်ရှိတ်မယ် ဒါသူ့ ကိစ္စလေ။

ဦးသိန်းတန်ရယ် ခင်ဗျားလောက်တော့
ကျနော်လည်း နပ်ပါတယ်ဗျ။

ခင်ဗျား မေးချင်သပ ဆို
ပြိုင်ပွဲဝင်တိုင်းကို မေးလေဗျာ။

ခုတော့ ကွက်ကြားမိုး။
ကိုယ့်ဖဲကိုယ် ကလဖန်ထိုး
ကိုယ်ဘဲချိုး
ကိုယ်ဘဲဝေ
ကိုယ်ဘဲထိုးသားဖဲ လှန်ကြည့်
ဖြစ်နေပြီဗျ။

စာကလေးဗေဒင်ဟောပေးတဲ့ ကုလားလို
သူဆွဲထုတ်စေချင်တဲ့ ဗေဒင်ကဒ်ကို
စာကလေးက ရွေးထုတ်နိုင်အောင်
လက်နဲ့  မသိမသာ
ရှေ့တွန်းထုတ်ပြသလို
ဖြစ်နေပြီဗျ။

တကယ်ဆို Voting စနစ် စပြီဆိုတဲ့
အဆင့်ရောက်ထဲက

ဦးသိန်းတန်တို့  လေးယောက်က
ဒိုင် အဖြစ်သာမက
ခုံသမာဓိလူကြီး
တရားသူကြီး နေရာရောက်သွားပြီ။

ဘယ်အကြောင်းနဲ့ မှ ပြိုင်ပွဲဝင် ၁၁ လုံးကို
#ကြိုတင်တရားစီရင်လို့ မရတော့ဘူး။

အားလုံးအပေါ် မျှနေရမှာ။

ခုတော့
ဒီမျက်နှာဖြူအဖိုးအိုကြီးကြောင့်
( ဝိုင်အိုလက်ပေါင်ဒါကြောင့် )
ဝူခြံထက် တယောက်မှအပ
ကျန်တဲ့ ပြိုင်ပွဲဝင်အားလုံး ( အားလုံး )
ပြိုင်ပွဲပြီးဖို့  ၇ ဆင့်လောက် အလိုထဲက
စိတ်ဓါတ်တွေကျကုန်ကြတယ်။

ဒိုင်ဖြစ်ပြီး ဘာလို့  ဘက်လိုက်တာလဲ??

ဒိုင်ဖြစ်ပြီး ဘာလို့  တခြားပြိုင်ပွဲဝင်ကို
ဖိချင်တာလဲ ??

Vote ပေးတာ နည်းလမ်းမကျဘူးထင်ရင်
Myanmar Idol ပွဲစီစဉ်သူကို
ငွေမခြူ ဖို့  တနိုင်ငံလုံးသိအောင်
TVကနေ ဒိုင်လုပ်ရင်း ပြောလိုက်ပါလား
ဦးသိန်းတန်ရယ် ????

ဟူးးးးးးး ခုတော့ ငွေ ငွေ ငွေ

Myanmar Idol ကလည်း ငွေခြူ

ပရိတ်သတ်ကလည်း ငွေနဲ့ ဖိ

ပြိုင်ပွဲဝင်တွေက အလူးအလဲ။



ဆိုတော့ ဆက်ပြောရရင်

ယောက်ကျားတွေက မနှစ်ကဆို
ဘီလီ ဘီလီ လုပ်နေကြတယ်။

တကယ်က ဘီလီ့ရဲ့ တကယ့် အမာခံမှအပ
( ကျနော် အပါအဝင် )
ဘယ်နှာဗူးယောက်ကျားမှ ဘီလီကို
Vote တွေ သောင်းချီ သိန်းချီဖိုးမပေးဘူးဗျ။

မိန်းမတွေကတော့ အဲ့လိုမဟုတ်ဘူးရယ်။

သူတို့ မှာ
သားငယ်ဝက်သိုးဖက်တီးကို
ဗူးချင်တာကတမျိုး
ဘီလီလေး ဖွေးဥလှပနေတာကို မနာလိုတာတမျိုး
၂ မျိုးပေါင်းပြီး
သားငယ်ကို ဝိုင်းပြီး Vote တွေ ပေးကြရောဗျ။

အိမ်မှာသာ
ယောက်ကျားနဲ့ ရန်ဖြစ်ချင်ဖြစ်မယ်
သားငယ်ကိုကျ Vote ပေးမပျက်ဘူး။

ကိုယ်ကသာ ဖက်တီးမကြီး
ခလေး၆ယောက်အမေ ဖြစ်နေတာ
သားငယ်ကို ချစ်တုံးကြီး ချစ်တုံးကြီးဆိုတာကို
ချိုင်းမွေးတွေ လူကြားမှာ နှုတ်ရင်း
ပြောချင် လုပ်ချင်သေးတာ။

အဲ့ချိန်မှာ ယောက်ကျားတွေက
ဘီယာသောက် ကွမ်းစား ဂေါက်ရိုက်
Dinnerစား KTV သွားနဲ့ 
ငွေတွေကို #အကျိုးရှိရှိသုံးပြီး
ဘီလီ့ကို Vote ဖို့ ကျ တော့
ပိုက်ပိုက်မသုံးတော့ဘူးဗျ။




ဒီနှစ်လည်း ဒီလိုပါဘဲ

ချမ်းမြေ့မောင်ချိုလေး ချောတယ်
မောင်ချိုလေး လှတယ်
မောင်ချိုလေး အသံကောင်းတယ်
မောင်ချိုလေး ချစ်စရာအမူအရာရှိတယ်
မောင်ချိုလေး ဖွေးဥနေတယ်
မောင်ချိုလေး ယဉ်ကျေးတယ်
မောင်ချိုလေး ဘာသာတရားကိုင်းရှိုင်းတယ်
မောင်ချိုလေး မင်းသမီးဖြစ်ထိုက်တယ်
အိုဗျာ မောင်ချိုလေး ဘာဖြစ်ဖြစ်

ဟို ပေစောင်းစောင်း ဝူခြံထက်
ဦးသိန်းတန်ကြီးရဲ့ ဝူခြံထက်
မမတို့  ညလေးတို့ ရဲ့ ဝူခြံထက်
တရားထိုင်ပြတဲ့ ဝူခြံထက်ကို

ဒီ Myanmar Idol Season 3 မှာ
ဘယ်လိုမှ မကျော်နိုင်ဘူးဗျ။

ဘာလို့ လဲ ??? မမေးနဲ့  ရှင်းနေတာကြီး

နဂိုထဲကမှ မိန်မလူဦးရေက
ယောက်ကျားလူဦးရေထက်များတဲ့ မြန်မာပြည်မှာ

ယောက်ကျားတွေက လေနဲ့ ဘဲ အားပေးတတ်ပြီး

မိန်းမတွေကတော့ သူတို့ ကြိုက်စိတ်ရော ( ဗူး )
မောင်ချိုကို မနာလိုစိတ်ပါပေါင်းပြီး
အိမ်ကယောက်ကျားကိုပါ အပေါင်ဆိုင်ပို့ ငွေယူ
ရတဲ့ပိုက်ဆံနဲ့  ဝူုခြံထက်ကို
ဝိုင်း Vote ကြမှာမို့ ဘဲဗျ။

မယုံစောင့်ကြည့်
ဒီ Mynmar Idol Season 3 မှာ
ဝူခြံထက်သည် “””Winner “” ပါ။

ချမ်းမြေ့မောင်ချို သည် Winner မဖြစ်သော်လည်း
ဒီပြိုင်ပွဲပြီးတာနဲ့ 
ဝတ်မှုန်ရွှေရီ တို့  ရွှေမှုန်ရတီ တို့ လို
ချမ်းမြေ့မောင်ချို ( ကိကီ ) ဆိုပြီး
နာမည်ကြီး မင်းသမီးတယောက်
ဖြစ်လာပါအုံးမယ်ဗျ

ငိငိ ဖြေးဖြေးတော့ ဆဲနော် မမကြီးတို့ 

Copied

အဲ့ဒါတွေကြောင့်
ယွကျားတွေထက်မိန်းမတွေ
ဗူးပိုသန်တယ်ဆိုတာ
သက်သေပြလိမ့်မယ်

မယုံရင်
ယွကျားကိုပေးတဲ့ Like n Comment
မိန်းကလေးတွေကိုပေးတဲ့ Like n Comment ကို
Show လတ်

No comments:

Post a Comment