Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, July 7, 2018

ktv က စော်တွေကနေ ပြန်ပြီး စပွန် ပေးထားတဲ့ ချာတိတ်လေးတွေ


*******----ktv က စော်တွေကို စပွန်ပေးထားတဲ့ ဘဲရီးတွေထက်
အဲ့ဒီ ktv က စော်တွေကနေ ပြန်ပြီး စပွန် ပေးထားတဲ့
ချာတိတ်လေးတွေဆိုတာ ရှိသေးတယ် ၊
အဲ့ချာတိတ်တွေကိုနော် စော်တွေက အပြင်မယ်
အခန်းသတ်သတ်ငှားပြီးထားတာ
အဲ့ချာတိတ်တွေက အရက်သောက်လိုက် ဆေးချလိုက်
ညညဆို သူတို့စော် ပြန်အလာကို အခန်းထဲမယ်
တစ်ယောက်ထဲ ဂျို သွေးပြီးစောင့်လိုက်နဲ့ ဟုတ်နေတာပဲ
တစ်ခါတစ်ခါဆို ပုံမှန်ပြန်ချိန်ထက်နောက်ကျရင်
မင်းက ဘယ်ကောင်နဲ့လိုက်အိပ်နေတာလည်းဘာညာနက်
မေးမေးပြီး ရိုက်သေးတာ ၊
ဒီမျက်နှာလေးနက်လုပ်စားနေရတာ သိရဲ့နက်
အဲ့မျက်နှာလေးကိုပဲ ရွေးပြီး ထိုးတဲ့ကောင်က ရှိသေး
နောက်ရက်ဆို အဲ့ကောင်မလေးတွေမယ် မျက်နှာတွေ
ညိုမဲနေလို့ အလုပ်မဆင်းနိုင်ဘူး ၊
အဲ့လိုအလုပ်မဆင်းနိုင်ပြန်တော့လည်း မရဘူးဗျာ
မင်းအလုပ်မဆင်းရင် ပက်ဆံဘယ်လိုရမလဲ ၊
ငါသုံးစရာမရှိတော့ဘူး ၊ မိတ်ကပ်ထူထူဖို့သွား ဆိုတဲ့ပြီး
မရမက လိုက်ပို့တဲ့ကောင်တွေဗျာ၊
တစ်ကယ့်ကောင်တွေ
အဲ့မယ် ထူးခြားတာက ktv က စော်တွေက
ဒီချာတိတ်တွေဟာ သူတို့ကိုတစ်ကယ်ချစ်တယ်လို့
သတ်မှတ်ထားတဲ့ ယုံကြည်မှုပဲ ၊ တစ်ကယ်ယုံတာနော်
သိပ်အံ့သြဖို့ကောင်းတယ် စဉ်းစားကြည့်
ဘယ်ယောကျာ်းမှတော့ ကိုယ့်တစ်ကယ်ချစ်တဲ့စော်ကို
တစ်ခြားဘဲတွေက ဖက်နေတာ နမ်းနေတာ
ဟိုဒီလျှောက်ကိုင်နေတာကိုသိသိရက်နဲ့ခွင့်လွတ်နားလည်ပြီး
အရမ်းချစ်ပြနေဖို့ဆိုတာ ဖြစ်ရောဖြစ်နိုင်မလားပေါ့ ၊
ထားပါတော့ ဒါ သူတို့ကိစ္စ ။

အဓိကပြောချင်တာက ဘဲတစ်ဗွေအကြောင်း
အဲ့ဒီဘဲကို ရပ်ကွက်ထဲမယ် အရင်က ခဏခဏတွေ့ရတယ်
ဘာအလုပ်မှမလုပ်ဘူး အဒေါ်အိမ်မှာကပ်နေတယ်
ရပ်ကွက်ထဲက ဘော်ဒါတွေနဲ့ ဟိုဒီပတ်သွားလိုက်
တစ်ခါတစ်လေ ပွဲစားရောင်ရောင် ဘာရောင်ရောင်နဲ့
ကျောက်တွေရှာပြီး ပွဲတိုက်လိုက်နဲ့နေတာ
ပညာလည်း မတတ်ဘူး ၊ သုံးစရာပက်ဆံလည်း
တစ်ကျပ်မှ မရှိတဲ့ကောင် ၊ ဘယ်သူကမှလည်းဒီကောင့်ကို
လူရာမသွင်းဘူး ၊ အလကားကောင်ဆိုပြီး ပစ်ထားကြတာ
အဲ့ကောင်နော် တစ်ရက်မှာ ကျောက်ပွဲသွားတိုက်ရင်းနက်
အသက် ၄၀ ကျော် လောပန်းဘွားတော်တစ်ယောက်
သွားတွေ့တာ ၊ ဒီဘဲက တော်ကီတော့ကောင်းတယ် ၊
အဲ့လိုနက် ဘွားတော်ဆီ ကျောက် ခဏခဏ သွားပြရင်း
ကော်ပေါက်တိုးပြီး ဘွားတော်နက်ညိသွားတယ် ၊
ချက်ခြင်းပဲ ဘွားတော်ကို ကောက်ယူ
အရှင်မွေး နေ့ချင်းကြီးပြီးတော့
လန်ခရူဇာတွေဘာတွေနက် ဖြစ်သွားတယ် ၊
ရပ်ကွက်ထဲ ပြန်လာတယ်နော် လန်ခရူဇာနက်
ရေဘင်မျက်မှန်နက် ၊ ပက်ဆံကို သူများတွေလို
တစ်သောင်းတန် လေးငါးဆယ်ရွက်ပဲ ကိုင်သုံးတာမဟုတ်ဘူး
ဆယ်သိန်းအုပ် နှစ်အုပ်လောက်ကို
လက်ထဲမယ် ကိုင်ပြီး လဖေ့ရည်ဆိုင်ထဲ ဝင်လာတာ
သူ လဖေ့ရည်တစ်ခွက်သောက်မယ် ၊ ပြီးရင်
ဆိုင်ရှင်ကို လှန်းခေါ်တဲ့ပြီး တစ်ဆိုင်လုံးမှာသောက်နေတဲ့
တစ်ခြားလူတွေရဲ့ ဘေလ်တွေပါ
ဘယ်လောက်ကြလဲဆိုတဲ့ပြီး ရှင်းတာ ၊
သုံးလေးခါလောက် အဲ့လိုရှင်းပေးလိုက်တာနက်
ရပ်ကွက်ထဲက ဘဲတွေက သူ့ဆို ဘောစိဘောစိနက်
ဖြစ်ကုန်ကြတယ် ၊
ကဲ လိုရင်းက အခုမှလာမှာ ၊
အဲ့လိုနက် ဘွားတော်နဲ့အတူတူနေရင်းကနေ
တစ်ရက်မှာ အဖော်ကောင်းပြီး ktv ရောက်လာတယ်
သိပ်မကြာဘူး အဲ့ ktv က စော်တစ်ဗွေနက် ညိသွားတယ်
ရိုးရိုးညိတာတောင်မဟုတ်ဘူးဗျာ ၊ သူက အဲ့စော်ကို
သူ့အိမ်တွေဘာတွေခေါ်သွားပြီး ဘွားတော်နက်ပါ
ခပ်တည်တည်နက် မိတ်ဆက်ပေးတာ
ကျောင်းတုန်းကသူငယ်ချင်း
ခုမှပြန်တွေ့ကြတာဘာညာပေါ့ ၊
သိပ်မကြာဘူး ဘွားတော် သိသွားတယ်
အဲ့လိုနက် ဘွားတော်က အဲ့လိုမလုပ်ဖို့ ငိုယိုပြီးတောင်းပန်တာ
တောင်းပန်တာတောင် သာမန်ငိုယိုပြီးတောင်းပန်တာ
မဟုတ်ဘူးဗျာ ၊ ဆိုဖာခုံပေါ်မှာ ခြေကလိမ်ချိတ်ပြီးထိုင်နေတဲ့
ကိုရာဇာနေဝင်းကို သူ့ရှေ့မှာ ခွေခွေလေးထိုင်တဲ့ပြီး
အဲ့ကောင်ရဲ့ခြေသလုံးပေါ်ကို ပါးကလေးအပ်ပြီးတော့ကို
တောင်းပန်တာ ။ မြင်ယောင်ကြည့်
ဘယ်လောက် ရင်နာစရာကောင်းတဲ့မြင်ကွင်းလဲလို့

အဲ့မြင်ကွင်းကိုကြည့်ပြီး စိတ်မသက်သာလို့
ကျနော် သူတို့နားကနေ ထွက်လာခဲ့လိုက်တယ်
လင်မယားခြင်းပါဆင်နယ်တွေမယ် ကိုယ်က ဝင်ပါလို့လည်း
ကောင်းတာမဟုတ်ဘူး ၊ ထားတော့
အဲ့မယ်ဘာတွေဆက်ဖြစ်ကြလဲဆိုတာတော့
နောက်ပိုင်းမှ ပြန်ကြားရတာ

ဒီကောင်က ဘွားတော်ကို ဆောင့်တွန်းတဲ့ပြီး
ktv က သူ့စော်ကောင်မလေးဆီ ဖုန်းဆက်တယ်
ဘွားတော်ရှေ့မယ်ကို စပီကာဖွင့်ပြီးဆက်တာနော်
အေး ဆော့ ( ဆော့ဆိုတာကချင်လို အချစ်လို့ခေါ်တာ )
အေး ဆော့ပေါ့ ကိုယ်မင်းနဲ့တွေ့ချင်နေတာကို
ဒီမယ် ဘွားတော်က မလွှတ်ဘူး ၊ ခြေထောက်ကို
အတင်းဆွဲထားတာ ၊ အက်ဒါ ကိုယ်ဘာလုပ်ရမလဲပေါ့
အဲ့မယ် ကေတီဗီကစော်က
ဘာ အဲ့ဒီဘွားတော်က ဘာမို့ ငါ့ဘဲကိုဆွဲထားရတာလဲ
ပါး နှစ်ချက်လောက် ရိုက်လိုက်စမ်း ၊ ဆိုတဲ့ပြီး ပြန်ပြောတာ
ဟိုနလပိန်းတုံးကလည်း ဖုန်းကို ဘွားတော်နားတိုးကပ်ပြီး
ဆော့ ခုနက ဘာပြောတာလဲ ကိုယ်မကြားလိုက်လို့
ပြန်ပြောပါဦးဆိုတော့ ၊ ပါးနှစ်ချက်ရိုက်ခိုင်းတာဆိုတဲ့ပြီး
ဟိုဘက်က လှန်းအော်ရော ၊ အဲ့မယ် ဘွားတော်ကို
ဘယ်တစ်ချက် ညာတစ်ချက် ဖျန်းဖျန်းနက် ရိုက်တဲ့ပြီး
ကဲ ဆော့ ကြားတယ်နော် ကိုယ်ရိုက်လိုက်ပြီ ၊
ကိုယ်ဆော့ကို ဘယ်လောက်ချစ်တယ်ဆိုတာ ဆော့သိပြီနော်
ဆော့စကားဆို ကိုယ်အမြဲနားထောင်တယ်နော်
ကဲ နောက်ရော ဘာဆက်လုပ်ရဦးမလဲဆိုပြီး ထပ်မေးတာ
ရပြီ သူ့ကိုပစ်ထားပြီး ဆော့ဆီလာခဲ့တော့ဆိုမှ
ဘွားတော်ကို ဒီတိုင်းထားခဲ့ပြီး ၊ အဲ့စော်ဆီ လစ်တာ
ဒါက သာမန်နှိပ်စက်နည်း တစ်မျိုးပဲရှိသေးတာ
နောက် အဲ့ထက်ပိုဆိုးတဲ့ နှိပ်စက်နည်းတွေအကုန်သုံးပြီး
စုံပလုံစိနေအောင် နှိပ်စက်သေးတာ

နောက်ဆုံးတော့ ဘွားတော်လည်းမခံနိုင်တော့ဘူး
ရပ်ကွက်ထဲကအုပ်ချုပ်ရေးမှူးတွေဘာတွေခေါ်ပြီး
ကွဲဖို့ကွာဖို့လုပ်ရတော့တာ ၊ ဒါမက် ဟိုကောင်က
လက်မခံဘူးဗျာ ၊ ရှိသမျှပက်ဆံတွေ အိမ်တွေ ကားတွေ
ထားခဲ့ပြီး သွားမယ်ဆိုရင်တော့ ကွဲပေးမယ်တဲ့
အက်လိုမှမဟုတ်ရင် ဘယ်လိုမှ ကွဲမပေးနိုင်ဘူးဆိုတဲ့ပြီး
အပြတ်ငြင်းလွှတ်တာ ၊

စီးပွားရေးတွေလောကမယ် ဒီလောက်ချမ်းသာနေတဲ့
မိန်းမတစ်ယောက်ရဲ့အိုင်ကျူကို ဒီကောင် လျှော့တွက်
လွန်းတယ် ၊ ဘွားတော်က စောက်ရူးမှမဟုတ်တာ
ချစ်လွန်းလို့သာ ဒီလောက်ထိငြိမ်ပြီး သီးခံနေတာ

အဲ့လိုနက် တစ်ရက်မှာ
ဘွားတော်က အပြင်အဆက်အသွယ်တွေနက်
မူးယစ်ဆေးရအောင်ဝယ် ဟိုကောင့်အိတ်ထဲ
ပစ်ထည့်ထားတဲ့ပြီး ၊ သူ့ယောကျာ်းဟာ
မူးယစ်ဆေးရောင်းဝယ်သုံးစွဲနေသူတစ်ယောက်ပါလို့
သတင်းပေး ရဲခေါ်တဲ့ပြီး ဖမ်းခိုင်းလိုက်ရတော့တယ် ၊
ရဲတွေရောက်လာပြီး ရှာတော့ ဟိုကောင် ကားခနဲ့မိတာပဲ
သတင်းပေးက မိန်းမကိုယ်တိုင်ဖြစ်နေတော့
ဘယ်လိုမှ ငြင်းမရတော့ဘူး ၊
လက်ဝယ်တွေ့ရှိမှုရယ် ၊ သုံးစွဲမှုရယ် ၊
လက်ဝယ်တွေ့ရှိမှုဆိုတဲ့နေရာမယ် ပစ္စည်းကများတယ်
သုံးစွဲမှုဆိုတဲ့နေရာမယ်လည်း ဆီးစစ်ရတယ်မလား
အဲ့လို ဆီးစစ်တဲ့နေရာမယ်လည်း ၊ ပက်ဆံ ၁၅ သိန်း
လောက်မှ အကုန်မခံနိုင်ရင် ၊ ရေထည့်လွှတ်လိုက်ရင်တောင်
ဆီးကျတယ်ဆိုတဲ့ မြန်မာ့နည်းမြန်မာ့ဟန်
အဖန်ဇယားတွေကလည်း
ရှိသေးတယ်လေ ၊ အဲ့ဒီ ၁၅ သိန်းလည်း
ဘွားတော်က ထုတ်မပေးတော့ ဟိုကောင်လစ်တာပဲလေ
မရဘူး ၊ နောက်ဆုံးတော့ လက်ဝယ်တွေ့ရှိမှုရယ်
ဆီးကျတာရယ်ကြောင့် ၊ နှစ် ၂၀ ထိ ဂျေးထဲ
အောင်းသွားရတော့တယ် ၊

ဆိုတော့ ပညာမတတ်တဲ့လူတွေဆီ ထီပေါက်သလို
ဝုန်းခနဲ့ပက်ဆံရောက်လာရင် အဲ့ပက်ဆံ ဘယ်လောက်
ကြာကြာခံသလဲဆိုတာ လိုက်ကြည့် ၊
နဂိုအခံကိုယ်က ဆိုးချင်တဲ့ဗီဇရယ် ၊ ပက်ဆံရယ်
ပေါင်းလိုက်တော့ ဒီကောင်တွေဘဝက ခဏရယ်

အခွင့်အရေးဆိုတာကတော့ ကိုယ့်ဆီ
ရောက်လာချင်ရင်လည်း ရောက်လာမယ်
ရောက်လာချင်မှလည်း ရောက်လာမယ် ၊ ဒါမက်
ရောက်လာတဲ့အချိန်မှာ အဲ့ဒီအခွင့်အရေးကို
ကောင်းကောင်းအသုံးချနိုင်ဖို့တာကလည်း
ကိုယ့်အသိဉာဏ်က လယ်ဗယ်အဆင့်တစ်ခုမှာတော့
ရှိနေရမယ်မဟုတ်လား

Crd: Nay

No comments:

Post a Comment