Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 29, 2018

ပလိပ်စက်ရုံ အလုပ်သမား ၂၀၀ ခန့် ဆန္ဒပြ

ပလိပ်​မြို့က ပန်​ဒါချည်​မျှင်​အထည်​နဲ့ အ​ချောကိုင်​စက်​ရုံ အလုပ်​သမားတွေ ၂၀၁၈ ဇူလိုင်လ ၂၉ ရက်နေ့က ဆန္ဒပြစဉ်/ Photo: Khaymani Win/RFA
မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ်၊ ပလိပ်မြို့က ပန်ဒါချည်မျှင်အထည်နဲ့ အချောကိုင်စက်ရုံမှာ အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူညီချက်စာချုပ်ကို ဒီလကုန်နောက်ဆုံးထားချုပ်ဆိုဖို့နဲ့ သတ်မှတ်ရက်အတွင်း စာချုပ်ချုပ်ဆိုခြင်း မရှိတဲ့ အလုပ်သမားတွေကို အလုပ်ကနေ ထုတ်ပယ်မယ်ဆိုတဲ့ အလုပ်ရှင်ဘက်က ကြေညာချက်ကို အလုပ်သမား ၂၀၀ ခန့်က ဒီနေ့ ကန့်ကွက်ဆန္ဒပြပါတယ်။

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ဟာ အလုပ်သမားတွေကို အကာအကွယ်မပေးနိုင်တာကြောင့် ချုပ်ဆိုဖို့ကို ငြင်းဆန်တာလို့ အခြေခံအလုပ်သမားအဖွဲ့အစည်း(၁)ရဲ့ အတွင်းရေးမှူး ဒေါ်ဇာခြည်ဝင်း က ပြော ပါတယ်။

အလုပ်ကနေထုတ်ပယ်ထားတဲ့ ဝန်ထမ်းတွေကို ပြန်လည်ခန့်ထားဖို့၊ ဥပဒေမဲ့လုပ်ရပ်တွေ  အမြန်ဆုံးရပ်တန့်ပေးဖို့၊ ဥပဒေချိုးဖောက်နေတဲ့ အလုပ်ရှင်ကို အလုပ်သမားဝန်ကြီးဌာနအနေနဲ့ အမြန်ဆုံးအရေးယူဆောင်ရွက်ပေးဖို့၊ လွှဲပြောင်းခံ နိုင်ငံ့ဝန်ထမ်းတွေ လုပ်ငန်းခွင် အာမခံချက်ရရှိဖို့ ဆိုတဲ့အချက်တွေကိုလည်း ဆန္ဒပြအလုပ်သမားတွေ က တောင်းဆိုကြပါတယ်။

အလုပ်သမားတွေရဲ့ တောင်းဆိုချက်ဟာ ဥပဒေနဲ့မညီဘူးလို့ ပန်ဒါချည်မျှင်အထည်နဲ့ အချောကိုင်စက်ရုံက အထွေထွေမန်နေဂျာ ဒေါ်တင်တင်ရွှေ က ပြောပါတယ်။

ပန်ဒါချည်မျှင်အထည်နဲ့ အချောကိုင်စက်ရုံမှာ အလုပ်သမား တစ်ထောင်ကျော်ရှိပြီး ၆၀၀ ခန့်ကတော့ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် ချုပ်ဆိုပြီးဖြစ်တယ်လို့ သိရပါတယ်။

အဲဒီစက်ရုံကို အရင် စက်မှုဝန်ကြီးဌာနက ပိုင်ဆိုင်တာဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ ပန်ဒါကုမ္ပဏီထံ ငှားရမ်းခဲ့ရာ ဝန်ကြီးဌာနလက်ထက်ကတည်းက လုပ်ကိုင်ခဲ့တဲ့ ဝန်ထမ်းတွေကိုလည်း ပန်ဒါကုမ္ပဏီထံ လွှဲပြောင်းပေးခဲ့ တာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese

No comments:

Post a Comment