Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, July 28, 2018

သီေပါမင္း၏ အေထြးဆုံးသမီး စတုတၳသမီးေတာ္ရဲ႕ အထီးက်န္ရက္စြဲမ်ား

ကုန္းေဘာင္မင္းဆက္၏ ေနာက္ဆံုး မင္းဆက္ျဖစ္သည့္ သီေပါမင္း ႏွင့္ မိဖုရားေခါင္ႀကီး စုဘုရားလတ္တုိ႔၏ သမီးေတာ္ေလးဦးအနက္ အငယ္ဆံုးသမီးျဖစ္သူ အသွ်င္ထိပ္စုျမတ္ ဘုရားေလး (စတုတၳသမီးေတာ္)သည္ သီေပါမင္းတရားႀကီး၏ အခ်စ္ဆံုးသမီးေတာ္တစ္ပါးျဖစ္သည္။ စတုတၳသမီးေတာ္သည္ အဂၤလိပ္ဘာသာစကားကို ကြၽမ္းက်င္စြာ ေရးသားေျပာဆုိႏုိင္သူ ျဖစ္ၿပီး မဟုတ္မခံစိတ္ရွိ၍ မ်ိဳးခ်စ္ စိတ္ဓာတ္ျပည့္ဝေသာ ထက္ျမက္ သူတစ္ဦးလည္းျဖစ္သည္။

သီေပါမင္း နတ္ရြာစံၿပီး ေနာက္ ၁၉၁၉ ဧၿပီတြင္ မိဖုရား ေခါင္ႀကီး စုဘုရားလတ္ႏွင့္အတူ ပထမသမီးေတာ္၊ တတိယသမီးေတာ္ႏွင့္ စတုတၳသမီးေတာ္တို႔သည္ ရတနာဂီရိမွ ျမန္မာႏုိင္ငံသို႔ ျပန္လည္ ေရာက္ရွိလာခဲ့သည္။ ရန္ကုန္ၿမိဳ႕တြင္ မယ္ေတာ္ႏွင့္အတူေနထိုင္ စံျမန္းစဥ္ ၁၉၂၀ တြင္ ကိုကိုႏုိင္ဆိုသည့္ အမ်ိဳးသားႏွင့္ ထိမ္းျမားလက္ထပ္ခဲ့ၿပီး သားေတာ္ေလးပါးႏွင့္ သမီးေတာ္ႏွစ္ပါးထြန္းကားခဲ့သည္။ မယ္ေတာ္စုဘုရားလတ္ နတ္ရြာစံၿပီးေနာက္ စတုတၳသမီးေတာ္သည္ ျမနန္းစံ ေက်ာ္ ေရႊနန္းေတာ္ရွိရာ မႏၲေလး ၿမိဳ႕သို႔ ေျပာင္းေရႊ႕စံျမန္းခဲ့သည္။

စတုတၳသမီးေတာ္မွာ သီေပါမင္းႏွင့္ စုဘုရားလတ္တုိ႔ ပါေတာ္မူၿပီးေနာက္ အိႏၵိယႏုိင္ငံတြင္ ဖြားျမင္ခဲ့သူျဖစ္ၿပီး ပါေတာ္မူၿပီး ျမန္မာ ႏုိင္ငံသို႔ ျပန္ေရာက္ၿပီးေနာက္ စတုတၳသမီးေတာ္ႏွင့္ တတိယသမီးေတာ္တုိ႔သာ ေရႊနန္းေတာ္ အေျခစိုက္ရာ မႏၲေလးၿမိဳ႕ႀကီးသို႔ ေျပာင္းေရႊ႕စံျမန္းႏုိင္ခဲ့သည္။

စတုတၳသမီးေတာ္သည္ ျမန္မာႏုိင္ငံ ျပန္ေရာက္ၿပီးေနာက္ ၁၉၃၀ တြင္ နယ္ခ်ဲ႕ၿဗိတိသွ်အစိုးရ ထံ ခမည္းေတာ္ပိုင္ဆုိင္ခဲ့သည့္ ထီးနန္းကို ျပန္လည္ေတာင္းခံခဲ့ ျခင္း၊ အဖိုးတန္ နန္းစဥ္ ရတနာ ပစၥည္းမ်ားကို တိက်ေသာ စာရင္း ဇယားမ်ားႏွင့္တကြ ျပန္လည္ ေတာင္းခံခဲ့ျခင္း၊ စတုတၳသမီး ေတာ္ အေရးေတာ္ပံု စာတမ္းကို ျပတ္သားစြာ ထုတ္ေဝၿပီး အဂၤလိပ္အစိုးရထံ ပို႔ေဆာင္ခဲ့ျခင္း စသည္ တုိ႔အပါအဝင္ ဦးဘရင္ ေခါင္း ေဆာင္ေသာ တုိ႔ဘုရင္ဂိုဏ္းလႈပ္ ရွားမႈမ်ား ေပၚေပါက္လာျခင္း ေၾကာင့္ မႏၲေလးတြင္ စံျမန္းေန ေသာ စတုတၳသမီးေတာ္ကို သူပုန္ မင္းသမီးဟု ၿဗိတိသွ်အစိုးရတို႔က သတ္မွတ္ခဲ့ၿပီး ေမာ္လၿမိဳင္ၿမိဳ႕သို႔ နယ္ႏွင္ဒဏ္ပုိ႔ခဲ့သည္။

စတုတၳသမီးေတာ္က ေမာ္လၿမိဳင္ၿမိဳ႕သို႔ ေျပာင္းေရႊ႕စံျမန္း ျခင္းမျပဳ၍ အဂၤလိပ္အစိုးရက လစာေငြေထာက္ပံ့ျခင္းကို ျဖတ္ေတာက္ ရပ္ဆုိင္းခဲ့ျပန္သျဖင့္ စကၠဴပန္းမ်ား ေရာင္းျခင္း၊ ၿခံစိုက္ပ်ိဳးျခင္းလုပ္ငန္းျဖင့္ ဘဝကို ျဖတ္သန္းခဲ့သည္ဟု Mawlamyine Royal Societyအဖြဲ႕တည္ေထာင္သူ စတုတၳသမီးေတာ္၏ ျမစ္ေတာ္ ေတာ္ျမတ္စိုးက ေျပာၾကားသည္။

သီေပါမင္းပါေတာ္မူၿပီး ၂ ႏွစ္အၾကာ ၁၈၈၇ တြင္ ေမြးဖြားခဲ့ သည့္ စတုတၳသမီးေတာ္သည္ ေမာ္လၿမိဳင္ၿမိဳ႕၌ ငါးႏွစ္ခန္႔ စံျမန္းၿပီးေနာက္ ၁၉၃၆ မတ္လ ၃ ရက္တြင္ ကြယ္လြန္ခဲ့သည္။ စတုတၳသမီးေတာ္၏ သား သမီးမ်ားအနက္ သားေတာ္ ေတာ္ ဘုရား သက္ေတာ္ (၉၃)ႏွစ္ႏွင့္ သမီးေတာ္ ထိပ္စုဘုရားႀကီး သက္ေတာ္ (၉၅)ႏွစ္ ႏွစ္ပါးမွာ ယေန႔အခ်ိန္ထိ သက္ရွိထင္ရွားရွိေန ေသးေၾကာင္း၊ ေတာ္ဘုရား၏ ေျမးေတာ္ျဖစ္ၿပီး စတုတၳသမီးေတာ္၏ ျမစ္ေတာ္စပ္သူ ေတာ္ျမတ္စိုးကဘြားေတာ္၏ အုတ္နန္းျပာသာဒ္ ေတာ္ႏွင့္ စံအိမ္ေတာ္ပ်က္စီးမႈမရွိေအာင္ ဦးေဆာင္လုပ္ကိုင္ေန ေၾကာင္း ေတာ္ျမတ္စိုးထံမွ သိရ သည္။

စံအိမ္ေတာ္ႏွင့္ အုတ္နန္း ျပာသာဒ္ကို အစိုးရက တာဝန္ယူ ထိန္းသိမ္းမႈ ယေန႔အခ်ိန္အထိ မျပဳလုပ္ေပးေသာ္လည္း စတုတၳ သမီးေတာ္၏ ျမစ္ေတာ္ ၄၀ ေက်ာ္ရွိသည့္အနက္ တစ္ဦးျဖစ္သူ ေတာ္ျမတ္စိုးက ေမာ္လၿမိဳင္ ၿမိဳ႕ခံမ်ားႏွင့္ ပူးေပါင္းကာ တာဝန္ ယူထိန္းသိမ္းသြားမည္ဟု ဆုိ သည္။

‘‘ထိန္းသိမ္းမႈ လုပ္ငန္းကို ၂၀၁၆ ဇြန္လေလာက္က စေနပါ ၿပီ။ ထိန္းသိမ္းမယ္။ ကုန္က်စရိတ္ကို အလွဴရွင္ေတြ လာလွဴရင္ လာလွဴလို႔ရေပမယ့္ ကြၽန္ေတာ္တို႔က လိုက္အလွဴမခံပါဘူး။ ကြၽန္ေတာ့္ဝင္ေငြနဲ႔ ကြၽန္ေတာ္ထိန္း သိမ္းသြားဖို႔ စီစဥ္ထားပါတယ္’’ဟု ေတာ္ျမတ္စိုးက ထိန္းသိမ္းမႈလုပ္ ငန္းပိုင္းကို ရွင္းျပသည္။

၂၀၁၇ မတ္လ ၃ ရက္တြင္ စတုတၳသမီးေတာ္ နတ္ရြာစံသြား သည္မွာ (၈၁)ႏွစ္္ရွိၿပီျဖစ္၍ ျမစ္ ေတာ္ ေတာ္ျမတ္စိုးႏွင့္ ေမာ္လ ၿမိဳင္ၿမိဳ႕ခံမ်ား ပူးေပါင္းကာ ထိုေန႔တြင္ ဆရာေတာ္သံဃာေတာ္မ်ား အား ဆြမ္းကပ္ျခင္း၊ တရားေတာ္နာေရစက္ခ်အမွ်ေပးေဝျခင္း၊ ဧည့္ခံေကြၽးေမြးျခင္းတုိ႔ ျပဳလုပ္မည္ျဖစ္ၿပီး အုတ္နန္းျပာသာဒ္ေတာ္ တြင္လည္း ပရိတ္တရားေတာ္နာ ေမတၱာပို႔ ေရစက္ခ် အမွ်ေပးေဝ ျခင္းကိုပါ ျပဳလုပ္မည္ျဖစ္သည္။

စတုတၳသမီးေတာ္၏ ျမစ္ ေတာ္တစ္ဦးျဖစ္သူ ေဒၚေဒဝီသန္႔ စင္ကလည္း ေဆြေတာ္မ်ိဳးေတာ္ မ်ားႏွင့္ ဆင္းသက္လာသည့္ မ်ိဳး ဆက္မ်ားကို ၾကည့္႐ႈေစာင့္ေရွာက္ ရန္ အစိုးရတြင္ တာဝန္ရွိေၾကာင္း ေျပာၾကားသည္။

‘‘ေဒၚေလးတုိ႔မွာ တာဝန္ရွိ တာေပါ့။ ကိုယ့္အဘြားအရင္းပဲ ေလ။ အဲဒါကို ဘယ္သူမွ တာဝန္ ယူၿပီးေတာ့ မလုပ္ႏုိင္ၾကဘူး။ ေဆြေတာ္မ်ိဳးေတာ္ကို စိတ္ဝင္စား တယ္ဆို ဒီဘုရင္နဲ႔ မိဖုရားကိုပဲ စိတ္ဝင္စားလုိ႔မရဘူး။ သူတို႔က ဆင္းသက္လာတဲ့ မ်ိဳးဆက္ေတြ ကိုၾကည့္ဖို႔ တာဝန္ရွိတယ္။ ဒါ အစိုးရပိုင္း။ ေနာက္တစ္ခုက ၾကည့္ဖို႔ တာဝန္ရွိတယ္ဆုိတာ လည္း သူေဌးျဖစ္လုပ္ဖို႔ ေျပာတာ မဟုတ္ဘူး။ ဘုရင္စနစ္ ျပန္ ေတာင္းေနတာမဟုတ္ဘူး။ အခု လို ပ်က္စီးတာေတြ၊ သမုိင္းနဲ႔ဆုိင္ တဲ့ဟာေတြ ျပန္ၿပီးၾကည့္႐ႈေပးဖို႔ ေပါ့။ ေဒၚေလးတုိ႔ ေဆြေတာ္မ်ိဳး ေတာ္ေတြက ခ်မ္းသာတာမဟုတ္ ဘူးေလ။ အားလံုး ကိုယ့္ဟာကိုယ္ ရွာေဖြစားေသာက္ေနရတာ’’ဟု ေျပာၾကားသည္။

စတုတၳသမီးေတာ္သည္ ကံ ေတာ္မကုန္မီ ႏွစ္မ်ားအတြင္း ေမာ္လၿမိဳင္စံအိမ္ႀကီးတြင္ အထီး က်န္စြာ စံျမန္းခဲ့ရသည္။ အဂၤလိပ္အစိုးရက သားေတာ္၊ သမီးေတာ္ တုိ႔ကို စံအိမ္ေတာ္တြင္ စံျမန္းခြင့္ မျပဳဘဲ သာသနာျပဳေက်ာင္းမ်ား တြင္ ေနေစခဲ့သည္။ စိတ္ထက္ ေသာ စတုတၳသမီးေတာ္ကုိ အဂၤလိပ္အစိုးရက အထီးက်န္ေအာင္ ဖန္တီးထားရွိခဲ့သျဖင့္ စတုတၳ သမီးေတာ္၏ ေမာ္လၿမိဳင္တြင္ စံျမန္းရသည့္ ေန႔ရက္မ်ားမွာ ဝမ္းနည္းေၾကကြဲဖြယ္ အတိျဖစ္ခဲ့ရ သည္။

ထို႔အျပင္ ကံေတာ္ကုန္သည့္ အခ်ိန္တြင္လည္း ၎၏ အုတ္ ျပာသာဒ္မွာ တစ္ၿမိဳ႕တစ္နယ္ျဖစ္ သည့္ ေမာ္လၿမိဳင္တြင္သာ ထားရွိ ရၿပီး ႐ုပ္ကလာပ္ေတာ္ကို မႏၲေလး သို႔လည္း သယ္ေဆာင္ခြင့္မျပဳ၊ မယ္ေတာ္စုဘုရားလတ္ အုတ္ဂူ အနီးတြင္လည္း ထားရွိျမႇဳပ္ႏွံရန္ အဂၤလိပ္အစိုးရက ခြင့္မျပဳခဲ့ေပ။

သီေပါမင္းတရားႀကီး အုတ္ ျပာသာဒ္မွာ ရတနာဂီရိတြင္ ပထမ သမီးေတာ္ အုတ္ျပာသာဒ္ႏွင့္အတူထားရွိၿပီး ဒုတိယသမီးေတာ္ႏွင့္ တတိယ သမီးေတာ္တုိ႔၏ အုတ္ ျပာသာဒ္မွာလည္း ရန္ကုန္တြင္ မယ္ေတာ္စုဘုရားလတ္ အုတ္ျပာသာဒ္ႏွင့္အတူ စံျမန္းခြင့္ရခဲ့ ေသာ္လည္း စတုတၳသမီးေတာ္မွာ မူ ေမာ္လၿမိဳင္တြင္သာ ထီးတည္း လဲေလ်ာင္းစံျမန္းခဲ့ရၿပီး ၎၏ ကံ ေတာ္ကုန္ေသာ သားေတာ္၊ သမီး ေတာ္အခ်ိဳ႕၏ အုတ္ျပာသာဒ္မ်ား ရွိ၍သာ ေျဖသိမ့္ဖြယ္ရာျဖစ္ခဲ့ရ သည္။

စတုတၳသမီးေတာ္သည္ ရဲရင့္ထက္ျမက္ေသာ အမ်ိဳးသမီးတစ္ဦးျဖစ္ၿပီး အဂၤလိပ္အစိုးရ လက္ထက္က ျပည္ႏွင္ဒဏ္ေပးခံ ရသည့္ သမီးေတာ္တစ္ပါးလည္း ျဖစ္သည္။ ထို႔အျပင္ အိႏၵိယႏုိင္ငံတြင္ ဖြားျမင္ေသာေၾကာင့္ အိႏၵိယ အစားအစာ ခ်က္ျပဳတ္ေကြၽးေလ့ ရွိၿပီး အိႏၵိယအစားအစာ ႏွစ္သက္သူတစ္ဦးလည္းျဖစ္သည္ဟု ၎၏ ျမစ္ေတာ္တစ္ဦးျဖစ္သူ ေဒၚေဒဝီခင္က ဆုိသည္။

ေမာ္လၿမိဳင္ၿမိဳ႕ ေဈးႀကီးအနီးႏွင့္ ေဘာလံုးအားကစားကြင္းအနီးရွိ စတုတၳသမီးေတာ္အိမ္ ေတာ္သည္ ေရွ႕ေဟာင္းႏွစ္ထပ္ တိုက္ပံုစံျဖစ္ၿပီး စတုတၳသမီးေတာ္၏ မိသားစုေျခာက္ဦး၊ အထိန္း ေတာ္ငါးဦး၊ လူပ်ိဳေတာ္ငါးဦး၊ ထမင္းခ်က္ႏွစ္ဦး၊ မာလီႏွစ္ဦး ေနထိုင္ႏိုင္သည္အထိ က်ယ္ဝန္း ၿပီး အိမ္ေတာ္ကို ေရွးမူမပ်က္ထား ရွိကာ မျပဳျပင္ဘဲ အစိုးရစာသင္ ေက်ာင္း ျပဳလုပ္ထားသည္။ အိမ္ ေတာ္သည္ ႏွစ္ထပ္အျမင့္ရွိၿပီး အေပၚထပ္ကို ယခင္အတုိင္းထား ရွိရန္ ပိတ္ထားၿပီး ေအာက္ထပ္တြင္ စာသင္ခန္းမ်ား ျပဳလုပ္ထားသည္။

‘‘စတုတၳသမီးေတာ္အိမ္ ေတာ္ကို အဂၤလိပ္အစိုးရပိုင္တယ္ ေလ။ ဘြားေတာ္ (စတုတၳသမီး ေတာ္)ကို ေမာ္လၿမိဳင္ကို ျပည္ႏွင္ ဒဏ္ေပးေတာ့ ဒီအိမ္ေတာ္မွာ အဂၤလိပ္အစိုးရက ေနစရာေပးခဲ့ တယ္။ ဘြားေတာ္ဆံုးသြားေတာ့ က်န္ရွိတဲ့ မိသားစုေတြ ရန္ကုန္ ေျပာင္းလာၾကတယ္။ အဲဒီေနာက္ ပိုင္း အိမ္ေတာ္ကို ေက်ာင္းလုပ္ခဲ့ တယ္’’ဟု စတုတၳသမီးေတာ္၏ ေျမးေတာ္ ေဒၚေဒဝီခင္ (ထိပ္စုဘုရားႀကီးသမီး)က ေျပာသည္။

အိမ္ေတာ္အတြင္း ေရွးအႏု ပညာ လက္ရာမ်ား မရွိေသာ္လည္း လူတစ္ရပ္ေက်ာ္ အျမင့္ရွိသည့္ ကြၽန္းဗီ႐ိုတစ္ခုရွိေၾကာင္းႏွင့္ ယခုအခ်ိန္တြင္ ကြၽန္းဗီ႐ိုမွာ ေပ်ာက္ဆံုးလ်က္ရွိေၾကာင္း စတုတၳသမီးေတာ္၏ ဒုတိယ ေျမာက္သမီးေတာ္ ထိပ္စုဘုရား ႀကီးက ဆုိထားသည္။

စတုတၳသမီးေတာ္ အုတ္နန္း ျပာသာဒ္ေတာ္ကို ျပဳျပင္ထိန္းသိမ္းရန္ အစိုးရသေဘာဆႏၵရွိမွ သာ ျပဳလုပ္ေပးမည္ျဖစ္ၿပီး ေရွ႕ဆက္ျပဳျပင္ထိန္းသိမ္းမႈ ျပဳလုပ္ေပးရန္ အစိုးရကို ေတာင္းဆုိမႈ ျပဳလုပ္မည္မဟုတ္ေၾကာင္း ထိပ္စုဘုရားႀကီးက ဆုိသည္။

(ရည္ၫႊန္း- ဆရာဝင္းၿငိမ္းဘာသာျပန္သည့္ နန္းက်ဘုရင္)
 သႏာၱလႈိင္ (7Day Daily)
# Unicode Version ျဖင့္ ဖတ္ပါ #
ကုန်းဘောင်မင်းဆက်၏ နောက်ဆုံး မင်းဆက်ဖြစ်သည့် သီပေါမင်း နှင့် မိဖုရားခေါင်ကြီး စုဘုရားလတ်တို့၏ သမီးတော်လေးဦးအနက် အငယ်ဆုံးသမီးဖြစ်သူ အသျှင်ထိပ်စုမြတ် ဘုရားလေး (စတုတ္ထသမီးတော်)သည် သီပေါမင်းတရားကြီး၏ အချစ်ဆုံးသမီးတော်တစ်ပါးဖြစ်သည်။ စတုတ္ထသမီးတော်သည် အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာ ရေးသားပြောဆိုနိုင်သူ ဖြစ်ပြီး မဟုတ်မခံစိတ်ရှိ၍ မျိုးချစ် စိတ်ဓာတ်ပြည့်ဝသော ထက်မြက် သူတစ်ဦးလည်းဖြစ်သည်။

သီပေါမင်း နတ်ရွာစံပြီး နောက် ၁၉၁၉ ဧပြီတွင် မိဖုရား ခေါင်ကြီး စုဘုရားလတ်နှင့်အတူ ပထမသမီးတော်၊ တတိယသမီးတော်နှင့် စတုတ္ထသမီးတော်တို့သည် ရတနာဂီရိမှ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ ရန်ကုန်မြို့တွင် မယ်တော်နှင့်အတူနေထိုင် စံမြန်းစဉ် ၁၉၂၀ တွင် ကိုကိုနိုင်ဆိုသည့် အမျိုးသားနှင့် ထိမ်းမြားလက်ထပ်ခဲ့ပြီး သားတော်လေးပါးနှင့် သမီးတော်နှစ်ပါးထွန်းကားခဲ့သည်။ မယ်တော်စုဘုရားလတ် နတ်ရွာစံပြီးနောက် စတုတ္ထသမီးတော်သည် မြနန်းစံ ကျော် ရွှေနန်းတော်ရှိရာ မန္တလေး မြို့သို့ ပြောင်းရွှေ့စံမြန်းခဲ့သည်။

စတုတ္ထသမီးတော်မှာ သီပေါမင်းနှင့် စုဘုရားလတ်တို့ ပါတော်မူပြီးနောက် အိန္ဒိယနိုင်ငံတွင် ဖွားမြင်ခဲ့သူဖြစ်ပြီး ပါတော်မူပြီး မြန်မာ နိုင်ငံသို့ ပြန်ရောက်ပြီးနောက် စတုတ္ထသမီးတော်နှင့် တတိယသမီးတော်တို့သာ ရွှေနန်းတော် အခြေစိုက်ရာ မန္တလေးမြို့ကြီးသို့ ပြောင်းရွှေ့စံမြန်းနိုင်ခဲ့သည်။

စတုတ္ထသမီးတော်သည် မြန်မာနိုင်ငံ ပြန်ရောက်ပြီးနောက် ၁၉၃၀ တွင် နယ်ချဲ့ဗြိတိသျှအစိုးရ ထံ ခမည်းတော်ပိုင်ဆိုင်ခဲ့သည့် ထီးနန်းကို ပြန်လည်တောင်းခံခဲ့ ခြင်း၊ အဖိုးတန် နန်းစဉ် ရတနာ ပစ္စည်းများကို တိကျသော စာရင်း ဇယားများနှင့်တကွ ပြန်လည် တောင်းခံခဲ့ခြင်း၊ စတုတ္ထသမီး တော် အရေးတော်ပုံ စာတမ်းကို ပြတ်သားစွာ ထုတ်ဝေပြီး အင်္ဂလိပ်အစိုးရထံ ပို့ဆောင်ခဲ့ခြင်း စသည် တို့အပါအဝင် ဦးဘရင် ခေါင်း ဆောင်သော တို့ဘုရင်ဂိုဏ်းလှုပ် ရှားမှုများ ပေါ်ပေါက်လာခြင်း ကြောင့် မန္တလေးတွင် စံမြန်းနေ သော စတုတ္ထသမီးတော်ကို သူပုန် မင်းသမီးဟု ဗြိတိသျှအစိုးရတို့က သတ်မှတ်ခဲ့ပြီး မော်လမြိုင်မြို့သို့ နယ်နှင်ဒဏ်ပို့ခဲ့သည်။

စတုတ္ထသမီးတော်က မော်လမြိုင်မြို့သို့ ပြောင်းရွှေ့စံမြန်း ခြင်းမပြု၍ အင်္ဂလိပ်အစိုးရက လစာငွေထောက်ပံ့ခြင်းကို ဖြတ်တောက် ရပ်ဆိုင်းခဲ့ပြန်သဖြင့် စက္ကူပန်းများ ရောင်းခြင်း၊ ခြံစိုက်ပျိုးခြင်းလုပ်ငန်းဖြင့် ဘဝကို ဖြတ်သန်းခဲ့သည်ဟု Mawlamyine Royal Societyအဖွဲ့တည်ထောင်သူ စတုတ္ထသမီးတော်၏ မြစ်တော် တော်မြတ်စိုးက ပြောကြားသည်။

သီပေါမင်းပါတော်မူပြီး ၂ နှစ်အကြာ ၁၈၈၇ တွင် မွေးဖွားခဲ့ သည့် စတုတ္ထသမီးတော်သည် မော်လမြိုင်မြို့၌ ငါးနှစ်ခန့် စံမြန်းပြီးနောက် ၁၉၃၆ မတ်လ ၃ ရက်တွင် ကွယ်လွန်ခဲ့သည်။ စတုတ္ထသမီးတော်၏ သား သမီးများအနက် သားတော် တော် ဘုရား သက်တော် (၉၃)နှစ်နှင့် သမီးတော် ထိပ်စုဘုရားကြီး သက်တော် (၉၅)နှစ် နှစ်ပါးမှာ ယနေ့အချိန်ထိ သက်ရှိထင်ရှားရှိနေ သေးကြောင်း၊ တော်ဘုရား၏ မြေးတော်ဖြစ်ပြီး စတုတ္ထသမီးတော်၏ မြစ်တော်စပ်သူ တော်မြတ်စိုးကဘွားတော်၏ အုတ်နန်းပြာသာဒ် တော်နှင့် စံအိမ်တော်ပျက်စီးမှုမရှိအောင် ဦးဆောင်လုပ်ကိုင်နေ ကြောင်း တော်မြတ်စိုးထံမှ သိရ သည်။

စံအိမ်တော်နှင့် အုတ်နန်း ပြာသာဒ်ကို အစိုးရက တာဝန်ယူ ထိန်းသိမ်းမှု ယနေ့အချိန်အထိ မပြုလုပ်ပေးသော်လည်း စတုတ္ထ သမီးတော်၏ မြစ်တော် ၄၀ ကျော်ရှိသည့်အနက် တစ်ဦးဖြစ်သူ တော်မြတ်စိုးက မော်လမြိုင် မြို့ခံများနှင့် ပူးပေါင်းကာ တာဝန် ယူထိန်းသိမ်းသွားမည်ဟု ဆို သည်။

‘‘ထိန်းသိမ်းမှု လုပ်ငန်းကို ၂၀၁၆ ဇွန်လလောက်က စနေပါ ပြီ။ ထိန်းသိမ်းမယ်။ ကုန်ကျစရိတ်ကို အလှူရှင်တွေ လာလှူရင် လာလှူလို့ရပေမယ့် ကျွန်တော်တို့က လိုက်အလှူမခံပါဘူး။ ကျွန်တော့်ဝင်ငွေနဲ့ ကျွန်တော်ထိန်း သိမ်းသွားဖို့ စီစဉ်ထားပါတယ်’’ဟု တော်မြတ်စိုးက ထိန်းသိမ်းမှုလုပ် ငန်းပိုင်းကို ရှင်းပြသည်။

၂၀၁၇ မတ်လ ၃ ရက်တွင် စတုတ္ထသမီးတော် နတ်ရွာစံသွား သည်မှာ (၈၁)နှစ်ရှိပြီဖြစ်၍ မြစ် တော် တော်မြတ်စိုးနှင့် မော်လ မြိုင်မြို့ခံများ ပူးပေါင်းကာ ထိုနေ့တွင် ဆရာတော်သံဃာတော်များ အား ဆွမ်းကပ်ခြင်း၊ တရားတော်နာရေစက်ချအမျှပေးဝေခြင်း၊ ဧည့်ခံကျွေးမွေးခြင်းတို့ ပြုလုပ်မည်ဖြစ်ပြီး အုတ်နန်းပြာသာဒ်တော် တွင်လည်း ပရိတ်တရားတော်နာ မေတ္တာပို့ ရေစက်ချ အမျှပေးဝေ ခြင်းကိုပါ ပြုလုပ်မည်ဖြစ်သည်။

စတုတ္ထသမီးတော်၏ မြစ် တော်တစ်ဦးဖြစ်သူ ဒေါ်ဒေဝီသန့် စင်ကလည်း ဆွေတော်မျိုးတော် များနှင့် ဆင်းသက်လာသည့် မျိုး ဆက်များကို ကြည့်ရှုစောင့်ရှောက် ရန် အစိုးရတွင် တာဝန်ရှိကြောင်း ပြောကြားသည်။

‘‘ဒေါ်လေးတို့မှာ တာဝန်ရှိ တာပေါ့။ ကိုယ့်အဘွားအရင်းပဲ လေ။ အဲဒါကို ဘယ်သူမှ တာဝန် ယူပြီးတော့ မလုပ်နိုင်ကြဘူး။ ဆွေတော်မျိုးတော်ကို စိတ်ဝင်စား တယ်ဆို ဒီဘုရင်နဲ့ မိဖုရားကိုပဲ စိတ်ဝင်စားလို့မရဘူး။ သူတို့က ဆင်းသက်လာတဲ့ မျိုးဆက်တွေ ကိုကြည့်ဖို့ တာဝန်ရှိတယ်။ ဒါ အစိုးရပိုင်း။ နောက်တစ်ခုက ကြည့်ဖို့ တာဝန်ရှိတယ်ဆိုတာ လည်း သူဌေးဖြစ်လုပ်ဖို့ ပြောတာ မဟုတ်ဘူး။ ဘုရင်စနစ် ပြန် တောင်းနေတာမဟုတ်ဘူး။ အခု လို ပျက်စီးတာတွေ၊ သမိုင်းနဲ့ဆိုင် တဲ့ဟာတွေ ပြန်ပြီးကြည့်ရှုပေးဖို့ ပေါ့။ ဒေါ်လေးတို့ ဆွေတော်မျိုး တော်တွေက ချမ်းသာတာမဟုတ် ဘူးလေ။ အားလုံး ကိုယ့်ဟာကိုယ် ရှာဖွေစားသောက်နေရတာ’’ဟု ပြောကြားသည်။

စတုတ္ထသမီးတော်သည် ကံ တော်မကုန်မီ နှစ်များအတွင်း မော်လမြိုင်စံအိမ်ကြီးတွင် အထီး ကျန်စွာ စံမြန်းခဲ့ရသည်။ အင်္ဂလိပ်အစိုးရက သားတော်၊ သမီးတော် တို့ကို စံအိမ်တော်တွင် စံမြန်းခွင့် မပြုဘဲ သာသနာပြုကျောင်းများ တွင် နေစေခဲ့သည်။ စိတ်ထက် သော စတုတ္ထသမီးတော်ကို အင်္ဂလိပ်အစိုးရက အထီးကျန်အောင် ဖန်တီးထားရှိခဲ့သဖြင့် စတုတ္ထ သမီးတော်၏ မော်လမြိုင်တွင် စံမြန်းရသည့် နေ့ရက်များမှာ ဝမ်းနည်းကြေကွဲဖွယ် အတိဖြစ်ခဲ့ရ သည်။

ထို့အပြင် ကံတော်ကုန်သည့် အချိန်တွင်လည်း ၎င်း၏ အုတ် ပြာသာဒ်မှာ တစ်မြို့တစ်နယ်ဖြစ် သည့် မော်လမြိုင်တွင်သာ ထားရှိ ရပြီး ရုပ်ကလာပ်တော်ကို မန္တလေး သို့လည်း သယ်ဆောင်ခွင့်မပြု၊ မယ်တော်စုဘုရားလတ် အုတ်ဂူ အနီးတွင်လည်း ထားရှိမြှုပ်နှံရန် အင်္ဂလိပ်အစိုးရက ခွင့်မပြုခဲ့ပေ။

သီပေါမင်းတရားကြီး အုတ် ပြာသာဒ်မှာ ရတနာဂီရိတွင် ပထမ သမီးတော် အုတ်ပြာသာဒ်နှင့်အတူထားရှိပြီး ဒုတိယသမီးတော်နှင့် တတိယ သမီးတော်တို့၏ အုတ် ပြာသာဒ်မှာလည်း ရန်ကုန်တွင် မယ်တော်စုဘုရားလတ် အုတ်ပြာသာဒ်နှင့်အတူ စံမြန်းခွင့်ရခဲ့ သော်လည်း စတုတ္ထသမီးတော်မှာ မူ မော်လမြိုင်တွင်သာ ထီးတည်း လဲလျောင်းစံမြန်းခဲ့ရပြီး ၎င်း၏ ကံ တော်ကုန်သော သားတော်၊ သမီး တော်အချို့၏ အုတ်ပြာသာဒ်များ ရှိ၍သာ ဖြေသိမ့်ဖွယ်ရာဖြစ်ခဲ့ရ သည်။

စတုတ္ထသမီးတော်သည် ရဲရင့်ထက်မြက်သော အမျိုးသမီးတစ်ဦးဖြစ်ပြီး အင်္ဂလိပ်အစိုးရ လက်ထက်က ပြည်နှင်ဒဏ်ပေးခံ ရသည့် သမီးတော်တစ်ပါးလည်း ဖြစ်သည်။ ထို့အပြင် အိန္ဒိယနိုင်ငံတွင် ဖွားမြင်သောကြောင့် အိန္ဒိယ အစားအစာ ချက်ပြုတ်ကျွေးလေ့ ရှိပြီး အိန္ဒိယအစားအစာ နှစ်သက်သူတစ်ဦးလည်းဖြစ်သည်ဟု ၎င်း၏ မြစ်တော်တစ်ဦးဖြစ်သူ ဒေါ်ဒေဝီခင်က ဆိုသည်။

မော်လမြိုင်မြို့ ဈေးကြီးအနီးနှင့် ဘောလုံးအားကစားကွင်းအနီးရှိ စတုတ္ထသမီးတော်အိမ် တော်သည် ရှေ့ဟောင်းနှစ်ထပ် တိုက်ပုံစံဖြစ်ပြီး စတုတ္ထသမီးတော်၏ မိသားစုခြောက်ဦး၊ အထိန်း တော်ငါးဦး၊ လူပျိုတော်ငါးဦး၊ ထမင်းချက်နှစ်ဦး၊ မာလီနှစ်ဦး နေထိုင်နိုင်သည်အထိ ကျယ်ဝန်း ပြီး အိမ်တော်ကို ရှေးမူမပျက်ထား ရှိကာ မပြုပြင်ဘဲ အစိုးရစာသင် ကျောင်း ပြုလုပ်ထားသည်။ အိမ် တော်သည် နှစ်ထပ်အမြင့်ရှိပြီး အပေါ်ထပ်ကို ယခင်အတိုင်းထား ရှိရန် ပိတ်ထားပြီး အောက်ထပ်တွင် စာသင်ခန်းများ ပြုလုပ်ထားသည်။

‘‘စတုတ္ထသမီးတော်အိမ် တော်ကို အင်္ဂလိပ်အစိုးရပိုင်တယ် လေ။ ဘွားတော် (စတုတ္ထသမီး တော်)ကို မော်လမြိုင်ကို ပြည်နှင် ဒဏ်ပေးတော့ ဒီအိမ်တော်မှာ အင်္ဂလိပ်အစိုးရက နေစရာပေးခဲ့ တယ်။ ဘွားတော်ဆုံးသွားတော့ ကျန်ရှိတဲ့ မိသားစုတွေ ရန်ကုန် ပြောင်းလာကြတယ်။ အဲဒီနောက် ပိုင်း အိမ်တော်ကို ကျောင်းလုပ်ခဲ့ တယ်’’ဟု စတုတ္ထသမီးတော်၏ မြေးတော် ဒေါ်ဒေဝီခင် (ထိပ်စုဘုရားကြီးသမီး)က ပြောသည်။

အိမ်တော်အတွင်း ရှေးအနု ပညာ လက်ရာများ မရှိသော်လည်း လူတစ်ရပ်ကျော် အမြင့်ရှိသည့် ကျွန်းဗီရိုတစ်ခုရှိကြောင်းနှင့် ယခုအချိန်တွင် ကျွန်းဗီရိုမှာ ပျောက်ဆုံးလျက်ရှိကြောင်း စတုတ္ထသမီးတော်၏ ဒုတိယ မြောက်သမီးတော် ထိပ်စုဘုရား ကြီးက ဆိုထားသည်။

စတုတ္ထသမီးတော် အုတ်နန်း ပြာသာဒ်တော်ကို ပြုပြင်ထိန်းသိမ်းရန် အစိုးရသဘောဆန္ဒရှိမှ သာ ပြုလုပ်ပေးမည်ဖြစ်ပြီး ရှေ့ဆက်ပြုပြင်ထိန်းသိမ်းမှု ပြုလုပ်ပေးရန် အစိုးရကို တောင်းဆိုမှု ပြုလုပ်မည်မဟုတ်ကြောင်း ထိပ်စုဘုရားကြီးက ဆိုသည်။

(ရည်ညွှန်း- ဆရာဝင်းငြိမ်းဘာသာပြန်သည့် နန်းကျဘုရင်)
သန္တာလှိုင် (7Day Daily)

No comments:

Post a Comment