Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, July 21, 2018

အြန္လိုင္းတြင္ ပါး႐ိုက္ေနသည့္ သူနာျပဳမေလးရဲ႕ နာမည္ႀကီးဗြီဒီယိုဖိုင္တစ္ခုရဲ႕ ေနာက္ဆက္တြဲသတင္း

ထားဝယ္အမ်ိဳးသမီးေလးတစ္ဦးက ထားဝယ္အမ်ိဳးသားလူငယ္တစ္ဦးအား ပါးရိုက္ေနသည့္ ရုပ္သံဖိုင္တစ္ခု ေဖ့စ္ဘြတ္လူမႈ႕ကြန္ရက္ စာမ်က္ႏွာေပၚတြင္ ဇူလိုင္လ ၁၂ ရက္တြင္ က်ယ္က်ယ္ပ်ံ႔ပ်ံ႔ ျပန္႕ႏွံ႕ခဲ့သည္။

ယင္းရုပ္သံဖိုင္က လူမႈ႕ကြန္ရက္ သံုးစြဲသူမ်ားၾကား တမဟုတ္ျခင္ ပ်ံ႕ႏွံ႕သြားျပီးေနာက္ ယခင္းေန႔ရက္မ်ားအတြင္း ထားဝယ္ေဒသအတြင္း လူအေျပာအမ်ားဆံုး သတင္းတစ္ခု ျဖစ္ခဲ့သည္။

အခ်ိဳ႕က ထားဝယ္မွ ျမန္မာဘာသာသို႔ ျပန္ဆိုေဖာ္ျပသည္အထိ ရွိလာခဲ့သည္။

ထို႔ေနာက္ လူမႈ႔ကြန္ရက္ အသံုးျပဳသည့္ ထားဝယ္ေဒသခံ အသိုင္းအဝိုင္းက အဆိုပါ အမ်ိဳးသမီးငယ္ကို ျပင္းျပင္းထန္ထန္ ေဝဖန္မႈ႔မ်ားရွိခဲ့ျပီး ဆဲဆိုမႈ႕မ်ားအထိ ရွိခဲ့သည္။ ရုပ္သံဖိုင္ပါ အမ်ိဳးသမီးငယ္၏ ဓါတ္ပံုမ်ားကို ေဖာ္ျပျပီး ဆဲဆိုေဝဖန္ခဲ့ၾကသည္။

အခ်ိဳ႕လူငယ္မ်ားကမူ အဆိုပါ အမ်ိဳးသမီးအား ၾကမ္းတမ္းေသာ စကားလံုုးမ်ားျဖင့္ ဆဲေရးတိုင္းထြာကာ အမ်ိဳးသမီး၏ အသက္ကိုပင္ ျခိမ္းေျခာက္ထားသည့္ ရုပ္သံဖိုင္မ်ားကို လူမႈ႕ကြန္ရက္ေပၚ တင္ခဲ့ၾကသည္။

"အမကေတာ့ ဘယ္သူမ်ားတယ္ မွန္တယ္ဆိုတာ ျပႆနာ တစ္စံုလံုး ေသခ်ာသိျပီးမွ ေျပာလို႔ရမယ္။ ေလာေလာဆယ္ေတာ့ ဒီဗီဒီယိုကို တင္လိုက္တဲ့ သူက မွားတယ္လို႔ ေျပာရမယ္" ဟု ထားဝယ္အမ်ိဳးသမီးသမဂၢအေထြေထြအတြင္းေရးမွဴး ေဒၚမာလာက ေျပာသည္။

သို႔ေသာ္၄င္း ဗြီဒီယိုဖိုင္အား မည္သူ စတင္၍ လူမႈ႕ကြန္ရက္ေပၚ တင္ခဲ့သည္ကို မသိရွိရေသးေပ ။

အမ်ိဳးသမီးငယ္မွာ ထားဝယ္ သူနာျပဳသင္တန္းေက်ာင္းမွ ဒုတိယႏွစ္ သင္တန္းေက်ာင္းသူျဖစ္ျပီး ဗီဒီယိုဖိုင္ စတင္ျပန္႕ႏွံ႕ခဲ့သည့္ ဇူလိုင္လ ၁၂ ရက္ေန႔၏ ညေန ၄ နာရီကတည္းက သင္တန္းေက်ာင္းမွ ထြက္ခြာသြားခဲ့ေၾကာင္း ေက်ာင္းအုပ္ဆရာမၾကီးထံမွ သိရသည္။

 ေက်ာင္းစည္းကမ္းအရ ညေန ၄ နာရီတြင္ အျပင္ထြက္လ်င္ ညေန ၆ နာရီမတိုင္မီ ေက်ာင္းသို႔ အေရာက္ျပန္ ရမည္ျဖစ္သည္။

"အဲဒီေန႕ကတည္းက အေတြ႕ဘူး ။ ေက်ာင္းစည္းမ်ဥး္စည္းကမ္းအရ အေၾကာင္းျပခ်က္ ခိုင္လံုမႈ႕မရွိဘဲ ပ်က္ကြက္ရင္ ေက်ာင္းတက္လို႔ကို မရဘူး" ဟု ေက်ာင္းအုပ္ဆရာမၾကီးက ဇူလိုင္လ ၁၄ ရပ္ေန႔ ညေနတြင္ ေျပာသည္။

အမ်ိဳးသမီးငယ္၏ မိဘအုပ္ထိန္းသူထံ သြားေရာက္ စံုစမ္းခဲ့ရာ မိဘမ်ားမွာ သမီးျဖစ္သူ အိမ္သို႔ ေရာက္မလာေၾကာင္း ။ သမီးျဖစ္သူႏွင့္ ေတြ႕ဆံုကာ ဂဃဏဏ ေဆြးေႏြးခြင့္ မရမခ်င္း တပ္မံ ေျဖၾကားျခင္း မျပဳလိုဟု ေျဖလိုက္သည္။

လက္ရွိတြင္ သမီးျဖစ္သူႏွင့္ အဆက္အသြယ္ မရေသးဟု အမ်ိဳးသမီး၏ မိဘမ်ားက ဇူလိုက္လ ၁၄ ရက္ေန႔ မြန္းလြဲ ၁၂ နာရီတြင္ ေျပာသည္။

ဗြီဒီယိုဖိုင္ပါ အခင္းအက်င္းအရ ကိုယ္ထိလက္ေရာက္ ေစာ္ကားခံရေနရသူ အမ်ိဳးသားက တစ္စံုတစ္ရာ မတံု႕ျပန္ႏိုင္ရန္ အမ်ိဳးသမီးဘက္မွ လူငယ္အုပ္စုခ်ီ ရွိေနႏိုင္ေၾကာင္း သံုးသပ္ၾကသည္။ အမ်ိဳးသမီးဘက္မွ လူငယ္ ၁၆ ဦးႏွင့္ အထက္ ရွိေနသည္ဟု လူမႈ႕ကြန္ရက္တြင္ သတင္းျပန္႔ေနသည္။

ကိုယ္ထိလက္ေရာက္ ေစာ္ကားခံရ ေနရသည့္ အမ်ိဳးသားအား တနသၤာရီအပတ္စဥ္မွ သြားေရာက္ေတြ႕ဆံုခဲ့ရာ ၄င္းအမ်ိဳးသားက တစ္စံုတရာ ေျဖဆိုရန္ ျငင္းဆန္ခဲ့သည္။

ယခုကိစၥတြင္ ျပႆနာ အရင္းအျမစ္ကို ေသခ်ာစံုစမ္းရန္ လိုအပ္ျပီး ေနာက္တြင္ ယခုကဲ့သို႔ မျဖစ္လာေစရန္ ျပႆနာမ်ား ေျဖရွင္းရာတြင္ အခ်င္းခ်င္းညွိႏိႈင္း၍ျဖစ္ေစ ၊ တရားဥပေဒအရ ျဖစ္ေစ ေျဖရွင္းျခင္းက အေကာင္းဆံုးျဖစ္ေၾကာင္း ေဒၚမာလာက ေျပာသည္။

ျပႆနာေျဖရွင္းနည္းမ်ားစြာရွိရာ ယခုကဲ့သို႔ေသာ ေျဖရွင္းနည္းမွာ မမွန္ကန္သည့္ နည္းလမ္းျဖစ္ျပီး အၾကမ္းဖက္မွန္သမၽွကိုမႈ ဆန္႔က်င့္ေၾကာင့္ ၄င္းက ေျပာသည္။

လူမႈကြန္ရက္ေပၚ ျပန္႔ႏွံ႔သြားသည့္ ဗြီဒီယိုဖိုင္ ေနာက္ဆက္တြဲ ဂရက္ မ်ားကို ထိုအမ်ိဳးသမီး ခံႏိုင္ရည္မရွိ ျဖစ္လာႏိုင္ေၾကာင္း ထားဝယ္အမ်ိဳးသမီး သမဂၢ အေထြေထြ အတြင္းေရးမွဴး ေဒၚမာလာက ေျပာသည္။

"အခုအခ်ိန္မွာ သူ႕(အမ်ိဳးသမီးငယ္) ကို အားေပးႏွစ္သိမ့္မႈေတြ လုပ္ေပးဖို႔ လိုအပ္မယ္လို႔ေတာ့ ထင္တယ္" ဟု ေဒၚမာလာက ဆိုသည္။
Ref : ျပည္တြင္း News

# Unicode Version ျဖင့္ ဖတ္ပါ #
ထားဝယ်အမျိုးသမီးလေးတစ်ဦးက ထားဝယ်အမျိုးသားလူငယ်တစ်ဦးအား ပါးရိုက်နေသည့် ရုပ်သံဖိုင်တစ်ခု ဖေ့စ်ဘွတ်လူမှု့ကွန်ရက် စာမျက်နှာပေါ်တွင် ဇူလိုင်လ ၁၂ ရက်တွင် ကျယ်ကျယ်ပျံ့ပျံ့ ပြန့်နှံ့ခဲ့သည်။

ယင်းရုပ်သံဖိုင်က လူမှု့ကွန်ရက် သုံးစွဲသူများကြား တမဟုတ်ခြင် ပျံ့နှံ့သွားပြီးနောက် ယခင်းနေ့ရက်များအတွင်း ထားဝယ်ဒေသအတွင်း လူအပြောအများဆုံး သတင်းတစ်ခု ဖြစ်ခဲ့သည်။

အချို့က ထားဝယ်မှ မြန်မာဘာသာသို့ ပြန်ဆိုဖော်ပြသည်အထိ ရှိလာခဲ့သည်။

ထို့နောက် လူမှု့ကွန်ရက် အသုံးပြုသည့် ထားဝယ်ဒေသခံ အသိုင်းအဝိုင်းက အဆိုပါ အမျိုးသမီးငယ်ကို ပြင်းပြင်းထန်ထန် ဝေဖန်မှု့များရှိခဲ့ပြီး ဆဲဆိုမှု့များအထိ ရှိခဲ့သည်။ ရုပ်သံဖိုင်ပါ အမျိုးသမီးငယ်၏ ဓါတ်ပုံများကို ဖော်ပြပြီး ဆဲဆိုဝေဖန်ခဲ့ကြသည်။

အချို့လူငယ်များကမူ အဆိုပါ အမျိုးသမီးအား ကြမ်းတမ်းသော စကားလုံးများဖြင့် ဆဲရေးတိုင်းထွာကာ အမျိုးသမီး၏ အသက်ကိုပင် ခြိမ်းခြောက်ထားသည့် ရုပ်သံဖိုင်များကို လူမှု့ကွန်ရက်ပေါ် တင်ခဲ့ကြသည်။

"အမကတော့ ဘယ်သူများတယ် မှန်တယ်ဆိုတာ ပြဿနာ တစ်စုံလုံး သေချာသိပြီးမှ ပြောလို့ရမယ်။ လောလောဆယ်တော့ ဒီဗီဒီယိုကို တင်လိုက်တဲ့ သူက မှားတယ်လို့ ပြောရမယ်" ဟု ထားဝယ်အမျိုးသမီးသမဂ္ဂအထွေထွေအတွင်းရေးမှူး ဒေါ်မာလာက ပြောသည်။

သို့သော်၎င်း ဗွီဒီယိုဖိုင်အား မည်သူ စတင်၍ လူမှု့ကွန်ရက်ပေါ် တင်ခဲ့သည်ကို မသိရှိရသေးပေ ။

အမျိုးသမီးငယ်မှာ ထားဝယ် သူနာပြုသင်တန်းကျောင်းမှ ဒုတိယနှစ် သင်တန်းကျောင်းသူဖြစ်ပြီး ဗီဒီယိုဖိုင် စတင်ပြန့်နှံ့ခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့၏ ညနေ ၄ နာရီကတည်းက သင်တန်းကျောင်းမှ ထွက်ခွာသွားခဲ့ကြောင်း ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။

 ကျောင်းစည်းကမ်းအရ ညနေ ၄ နာရီတွင် အပြင်ထွက်လျင် ညနေ ၆ နာရီမတိုင်မီ ကျောင်းသို့ အရောက်ပြန် ရမည်ဖြစ်သည်။

"အဲဒီနေ့ကတည်းက အတွေ့ဘူး ။ ကျောင်းစည်းမျဥ်းစည်းကမ်းအရ အကြောင်းပြချက် ခိုင်လုံမှု့မရှိဘဲ ပျက်ကွက်ရင် ကျောင်းတက်လို့ကို မရဘူး" ဟု ကျောင်းအုပ်ဆရာမကြီးက ဇူလိုင်လ ၁၄ ရပ်နေ့ ညနေတွင် ပြောသည်။

အမျိုးသမီးငယ်၏ မိဘအုပ်ထိန်းသူထံ သွားရောက် စုံစမ်းခဲ့ရာ မိဘများမှာ သမီးဖြစ်သူ အိမ်သို့ ရောက်မလာကြောင်း ။ သမီးဖြစ်သူနှင့် တွေ့ဆုံကာ ဂဃဏဏ ဆွေးနွေးခွင့် မရမချင်း တပ်မံ ဖြေကြားခြင်း မပြုလိုဟု ဖြေလိုက်သည်။

လက်ရှိတွင် သမီးဖြစ်သူနှင့် အဆက်အသွယ် မရသေးဟု အမျိုးသမီး၏ မိဘများက ဇူလိုက်လ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီတွင် ပြောသည်။

ဗွီဒီယိုဖိုင်ပါ အခင်းအကျင်းအရ ကိုယ်ထိလက်ရောက် စော်ကားခံရနေရသူ အမျိုးသားက တစ်စုံတစ်ရာ မတုံ့ပြန်နိုင်ရန် အမျိုးသမီးဘက်မှ လူငယ်အုပ်စုချီ ရှိနေနိုင်ကြောင်း သုံးသပ်ကြသည်။ အမျိုးသမီးဘက်မှ လူငယ် ၁၆ ဦးနှင့် အထက် ရှိနေသည်ဟု လူမှု့ကွန်ရက်တွင် သတင်းပြန့်နေသည်။

ကိုယ်ထိလက်ရောက် စော်ကားခံရ နေရသည့် အမျိုးသားအား တနင်္သာရီအပတ်စဉ်မှ သွားရောက်တွေ့ဆုံခဲ့ရာ ၎င်းအမျိုးသားက တစ်စုံတရာ ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။

ယခုကိစ္စတွင် ပြဿနာ အရင်းအမြစ်ကို သေချာစုံစမ်းရန် လိုအပ်ပြီး နောက်တွင် ယခုကဲ့သို့ မဖြစ်လာစေရန် ပြဿနာများ ဖြေရှင်းရာတွင် အချင်းချင်းညှိနှိုင်း၍ဖြစ်စေ ၊ တရားဥပဒေအရ ဖြစ်စေ ဖြေရှင်းခြင်းက အကောင်းဆုံးဖြစ်ကြောင်း ဒေါ်မာလာက ပြောသည်။

ပြဿနာဖြေရှင်းနည်းများစွာရှိရာ ယခုကဲ့သို့သော ဖြေရှင်းနည်းမှာ မမှန်ကန်သည့် နည်းလမ်းဖြစ်ပြီး အကြမ်းဖက်မှန်သမျှကိုမှု ဆန့်ကျင့်ကြောင့် ၎င်းက ပြောသည်။

လူမှုကွန်ရက်ပေါ် ပြန့်နှံ့သွားသည့် ဗွီဒီယိုဖိုင် နောက်ဆက်တွဲ ဂရက် များကို ထိုအမျိုးသမီး ခံနိုင်ရည်မရှိ ဖြစ်လာနိုင်ကြောင်း ထားဝယ်အမျိုးသမီး သမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဒေါ်မာလာက ပြောသည်။

"အခုအချိန်မှာ သူ့(အမျိုးသမီးငယ်) ကို အားပေးနှစ်သိမ့်မှုတွေ လုပ်ပေးဖို့ လိုအပ်မယ်လို့တော့ ထင်တယ်" ဟု ဒေါ်မာလာက ဆိုသည်။

Ref : ပြည်တွင်း News အြန္လိုင္းတြင္ ပါး႐ိုက္ေနသည့္ သူနာျပဳမေလးရဲ႕ နာမည္ႀကီးဗြီဒီယိုဖိုင္တစ္ခုရဲ႕ ေနာက္ဆက္တြဲသတင္း

No comments:

Post a Comment