Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, July 15, 2018

ဆင္းရဲဒုကၡႏွစ္မ်ိဳး အေၾကာင္း သိေကာင္းစရာ

ဆင္းရဲဒုကၡဆိုတာ ႏွစ္မ်ိဳးရွိတယ္။ ႏွစ္မ်ိဳးဆိုတာက ပညတ္ဆင္းရဲ ႏွင့္ ပရမတ္ဆင္းရဲ။
ပညတ္ဆင္းရဲဆိုတာ ပဋိသေႏၶေနရတာ ဆင္းရဲတယ္။ အိုရတာ ဆင္းရဲတယ္။ နာရတာ ဆင္းရဲတယ္။ ေသရတာ ဆင္းရဲတယ္။ ကိုယ္ဆင္းရဲရတယ္။ စိတ္ဆင္းရဲရတယ္-ဆိုတဲ့ ဆင္းရဲျခင္းမွန္သမွ် ပညတ္ဆင္းရဲလို႔ေခၚတယ္။
ပညတ္ဆင္းရဲကို လူတိုင္းသိၾကပါတယ္။ လူတိုင္းမသိတာက ပရမတ္ဆင္းရဲျဖစ္တယ္။
ပရမတ္ဆင္းရဲဆိုတာ သစၥာထိုက္တဲ့ ဒုကၡသစၥာျဖစ္တယ္။ ဒုကၡ-ဆိုတာ ဆင္းရဲျခင္း။ သစၥာ-ဆိုတာက မွန္ကန္ျခင္း။ အမွန္ဆင္းရဲတဲ့ ဒုကၡသစၥာ-ဆိုတာ ဘာလဲလို႔ၾကည့္လိုက္ေတာ့ ဒုကၡံ ေတဘူမကံ ၀ဋၬံ-လို႔ သျဂႋဳဟ္က်မ္းမွာ ျပထားတာကို ေတြ႔ရတယ္။
ေတဘူမကံ-ဘံုသံုးပါး၌ျဖစ္ေသာ၊ ၀ဋၬံ-၀ဋ္တရားသည္၊ ဒုကၡံ-ဒုကၡသစၥာမည္၏-တဲ့ ဘံုသံုးပါးမွာျဖစ္တဲ့ ၀ဋ္တရားဟာ ဒုကၡသစၥာ အစစ္အမွန္ပါပဲတဲ့။ ဒီစကားရပ္မွာ ဘံုသံုးပါးဆိုတာနဲ႔ ၀ဋ္သံုးပါးဆိုတာ အသိခက္ေနတယ္။
ဘံုသံုးပါးဆိုတာ-ပုထုဇဥ္အမ်ား က်င္လည္ရာဘံုဟာ ကာမဘံု၊ ရူပဘံု၊ အရူပဘံုလို႔ ဘံုသံုးပါးသာရွိတယ္။
ဘံုသံုးပါးကို အက်ယ္ခ်ဲ႔လိုက္လွ်င္ ၃၁-ဘံု ျဖစ္လာတယ္။
ဘံုသံုးပါးက ဘယ္လို ၃၁-ဘံု ျဖစ္သြားတာလဲဆိုေတာ့ ကာမဘံုအတြင္းမွာ အပါယ္ေလးဘံု(၄)၊ လူ႔ဘံု(၁)၊ နတ္ျပည္ေျခာက္ထပ္(၆)၊ အားလံုး ၁၁-ဘံုကို ကာမတရားရဲ႔ က်င္လည္ရာျဖစ္လို႔ ကာမဘံုလို႔ေခၚတယ္။
ရူပဘံု-ဆိုတာက ရုပ္ရွိတဲ့ ျဗဟၼာဘံုကို ေခၚတယ္။ ရုပ္ရွိတဲ့ ျဗဟၼာဘံုေပါင္းက ပထမစ်ာန္သံုးဘံု၊ ဒုတိယစ်ာန္သံုးဘံု၊ တတိယစ်ာန္သံုးဘံု၊ စတုတၳစ်ာန္ ခုနစ္ဘံုရယ္လို႔ ရူပ ၁၆-ဘံု ရွိတယ္။
အရူပ ရုပ္မရွိတဲ့ဘံုက ေလးဘံုရွိတယ္။ အားလံုး ၃၁-ဘံုရွိတယ္။
ပုထုဇဥ္သတၱ၀ါမွန္သမွ် ဒီ ၃၁-ဘံုက မထြက္ႏိုင္ဘူး။ တဘ၀ဆံုးသြားလွ်င္ တဘ၀ ဆက္တာပဲ။ ဆံုးျပီး ဆက္တာကို ဘ၀လို႔ေခၚတယ္။ ဘ၀ကို အရေကာက္ျပပါဆိုေတာ့ ရုပ္တရားနဲ႔ နာမ္တရားကိုသာ အရေကာက္လို႔ရတယ္။
ေယာက်္ား မိန္းမ လူ နတ္ စတဲ့ ပညတ္ကို အရမေကာက္ႏိုင္ဘူး။ ဒါေၾကာင့္ ၀ဋ္သံုးပါးဆိုတာလည္း ရုပ္နာမ္ကိုပဲ ဆိုလိုရင္းျဖစ္တယ္။ ဒီစကားရပ္ကို ပဋိစၥသမုပၸါဒ္ႏွင့္ တြက္ၾကည့္သင့္တယ္။ ပဋိစၥသမုပၸါဒ္အရ ၀ဋ္သံုးပါးဆိုတာ ကိေလသ၀ဋ္၊ ကမၼ၀ဋ္၊ ၀ိပါက၀ဋ္ ပါပဲ။
ကိေလသ၀ဋ္ဆိုတာ-အ၀ိဇၨာ၊ တဏွာ၊ ဥပါဒါန္ ဆိုတဲ့တရားေတြက စိတ္ဓာတ္ကို ညစ္ညဴးေအာင္ ျပဳလုပ္တတ္တဲ့အတြက္ ကိေလသ၀ဋ္လို႔ ေခၚတယ္။ အ၀ိဇၨာပစၥယာ သခၤါရာ-အရ အ၀ိဇၨာေၾကာင့္ျဖစ္လာတဲ့ သခၤါရအမည္ရတဲ့ ကံတရားရယ္၊
ဥပါဒါနပစၥယာ ဘေ၀ါ-အရ ဥပါဒါန္ေၾကာင့္ျဖစ္လာတဲ့ ကမၼဘ၀ရယ္၊ ဒီတရားႏွစ္ပါးကို ကမၼ၀ဋ္လို႔ေခၚတယ္။
ဥပါဒါနပစၥယာ ဘေ၀ါ-အရ ဥပါဒါန္ေၾကာင့္ျဖစ္တဲ့ဘ၀ကို ကမၼဘ၀၊ ဥပပတၱိဘ၀လို႔ ႏွစ္မ်ိဳးခြဲလိုက္တယ္။
ကမၼဘ၀ကို ကမၼ၀ဋ္ထဲ ထည့္ျပီးျပီ။ ၾကြင္းက်န္တဲ့ ဥပပတၱိဘ၀ႏွင့္ က်န္တဲ့ ၀ိညာဏ္၊ နာမ္ရုပ္၊ သဠာယတန၊ ဖႆ၊ ေ၀ဒနာ၊ ဇာတိ၊ ဇရာ စတဲ့ တရားေတြကိုေတာ့ ၀ိပါက၀ဋ္ထဲ ထည့္ပါတဲ့။
ဒါေၾကာင့္၀ဋ္သံုးပါးဆိုတာဟာ ပဋိစၥသမုပၸါဒ္ လည္ျပီးျဖစ္ေနပံု ျပတာပါပဲ။
အ၀ိဇၨာ၊ တဏွာ၊ ဥပါဒါန္၊ ဆိုတဲ့ ကိေလသ၀ဋ္ေၾကာင့္ ကံတည္းဟူေသာ သခၤါရျဖစ္တယ္။
သခၤါရဆိုတဲ့ ကမၼ၀ဋ္ေၾကာင့္ ၀ိညာဏ္၊ နာမ္ရုပ္ စတဲ့ ၀ိပါက၀ဋ္ျဖစ္တယ္။
၀ိညာဏ္၊ နာမ္ရုပ္ စတဲ့ ၀ိပါက၀ဋ္ေၾကာင့္ အ၀ိဇၨာ၊ တဏွာ၊ ဥပါဒါန္ ဆိုတဲ့ ကိေလသ၀ဋ္ျဖစ္တယ္။
ကိေလသ၀ဋ္ေၾကာင့္ ကမၼ၀ဋ္ျဖစ္၊ ကမၼ၀ဋ္ေၾကာင့္ ၀ိပါက၀ဋ္ျဖစ္၊ ဒီလိုရုပ္နာမ္မစဲ ထပ္တလဲလဲ ျဖစ္တာကို ၀ဋ္သံုးပါးလို႔ေခၚတာပဲ။
၀ဋ္သံုးပါးဆိုတာဟာ ရုပ္တရား နာမ္တရားပါပဲ။ ဒီရုပ္တရား နာမ္တရားက ဘယ္မွာျဖစ္တာလဲဆိုေတာ့ ဘံုသံုးပါးမွာျဖစ္တာပါပဲ။
ဒါေၾကာင့္ ဘံုသံုးပါးမွာျဖစ္တဲ့ ၀ဋ္သံုးပါးဆိုတာဟာ ရုပ္တရား နာမ္တရားပဲျဖစ္တယ္။ ရုပ္တရား နာမ္တရားဆိုတဲ့ ဒီ၀ဋ္သံုးပါးက ဘာလဲဆိုေတာ့ ဒုကၡသစၥာ=စစ္မွန္ေသာ ဆင္းရဲျခင္းျဖစ္တယ္။
( တည္ေတာ ဆရာေတာ္)

#Unicode Version#
ဆင်းရဲဒုက္ခဆိုတာ နှစ်မျိုးရှိတယ်။ နှစ်မျိုးဆိုတာက ပညတ်ဆင်းရဲ နှင့် ပရမတ်ဆင်းရဲ။
ပညတ်ဆင်းရဲဆိုတာ ပဋိသန္ဓေနေရတာ ဆင်းရဲတယ်။ အိုရတာ ဆင်းရဲတယ်။ နာရတာ ဆင်းရဲတယ်။ သေရတာ ဆင်းရဲတယ်။ ကိုယ်ဆင်းရဲရတယ်။ စိတ်ဆင်းရဲရတယ်-ဆိုတဲ့ ဆင်းရဲခြင်းမှန်သမျှ ပညတ်ဆင်းရဲလို့ခေါ်တယ်။
ပညတ်ဆင်းရဲကို လူတိုင်းသိကြပါတယ်။ လူတိုင်းမသိတာက ပရမတ်ဆင်းရဲဖြစ်တယ်။
ပရမတ်ဆင်းရဲဆိုတာ သစ္စာထိုက်တဲ့ ဒုက္ခသစ္စာဖြစ်တယ်။ ဒုက္ခ-ဆိုတာ ဆင်းရဲခြင်း။ သစ္စာ-ဆိုတာက မှန်ကန်ခြင်း။ အမှန်ဆင်းရဲတဲ့ ဒုက္ခသစ္စာ-ဆိုတာ ဘာလဲလို့ကြည့်လိုက်တော့ ဒုက္ခံ တေဘူမကံ ဝဋ္ဋံ-လို့ သြင်္ဂိုဟ်ကျမ်းမှာ ပြထားတာကို တွေ့ရတယ်။
တေဘူမကံ-ဘုံသုံးပါး၌ဖြစ်သော၊ ဝဋ္ဋံ-ဝဋ်တရားသည်၊ ဒုက္ခံ-ဒုက္ခသစ္စာမည်၏-တဲ့ ဘုံသုံးပါးမှာဖြစ်တဲ့ ဝဋ်တရားဟာ ဒုက္ခသစ္စာ အစစ်အမှန်ပါပဲတဲ့။ ဒီစကားရပ်မှာ ဘုံသုံးပါးဆိုတာနဲ့ ဝဋ်သုံးပါးဆိုတာ အသိခက်နေတယ်။
ဘုံသုံးပါးဆိုတာ-ပုထုဇဉ်အများ ကျင်လည်ရာဘုံဟာ ကာမဘုံ၊ ရူပဘုံ၊ အရူပဘုံလို့ ဘုံသုံးပါးသာရှိတယ်။
ဘုံသုံးပါးကို အကျယ်ချဲ့လိုက်လျှင် ၃၁-ဘုံ ဖြစ်လာတယ်။
ဘုံသုံးပါးက ဘယ်လို ၃၁-ဘုံ ဖြစ်သွားတာလဲဆိုတော့ ကာမဘုံအတွင်းမှာ အပါယ်လေးဘုံ(၄)၊ လူ့ဘုံ(၁)၊ နတ်ပြည်ခြောက်ထပ်(၆)၊ အားလုံး ၁၁-ဘုံကို ကာမတရားရဲ့ ကျင်လည်ရာဖြစ်လို့ ကာမဘုံလို့ခေါ်တယ်။
ရူပဘုံ-ဆိုတာက ရုပ်ရှိတဲ့ ဗြဟ္မာဘုံကို ခေါ်တယ်။ ရုပ်ရှိတဲ့ ဗြဟ္မာဘုံပေါင်းက ပထမဈာန်သုံးဘုံ၊ ဒုတိယဈာန်သုံးဘုံ၊ တတိယဈာန်သုံးဘုံ၊ စတုတ္ထဈာန် ခုနစ်ဘုံရယ်လို့ ရူပ ၁၆-ဘုံ ရှိတယ်။
အရူပ ရုပ်မရှိတဲ့ဘုံက လေးဘုံရှိတယ်။ အားလုံး ၃၁-ဘုံရှိတယ်။
ပုထုဇဉ်သတ္တဝါမှန်သမျှ ဒီ ၃၁-ဘုံက မထွက်နိုင်ဘူး။ တဘဝဆုံးသွားလျှင် တဘ၀ ဆက်တာပဲ။ ဆုံးပြီး ဆက်တာကို ဘဝလို့ခေါ်တယ်။ ဘဝကို အရကောက်ပြပါဆိုတော့ ရုပ်တရားနဲ့ နာမ်တရားကိုသာ အရကောက်လို့ရတယ်။
ယောကျ်ား မိန်းမ လူ နတ် စတဲ့ ပညတ်ကို အရမကောက်နိုင်ဘူး။ ဒါကြောင့် ဝဋ်သုံးပါးဆိုတာလည်း ရုပ်နာမ်ကိုပဲ ဆိုလိုရင်းဖြစ်တယ်။ ဒီစကားရပ်ကို ပဋိစ္စသမုပ္ပါဒ်နှင့် တွက်ကြည့်သင့်တယ်။ ပဋိစ္စသမုပ္ပါဒ်အရ ဝဋ်သုံးပါးဆိုတာ ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ် ပါပဲ။
ကိလေသဝဋ်ဆိုတာ-အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန် ဆိုတဲ့တရားတွေက စိတ်ဓာတ်ကို ညစ်ညူးအောင် ပြုလုပ်တတ်တဲ့အတွက် ကိလေသဝဋ်လို့ ခေါ်တယ်။ အဝိဇ္ဇာပစ္စယာ သင်္ခါရာ-အရ အဝိဇ္ဇာကြောင့်ဖြစ်လာတဲ့ သင်္ခါရအမည်ရတဲ့ ကံတရားရယ်၊
ဥပါဒါနပစ္စယာ ဘဝေါ-အရ ဥပါဒါန်ကြောင့်ဖြစ်လာတဲ့ ကမ္မဘဝရယ်၊ ဒီတရားနှစ်ပါးကို ကမ္မဝဋ်လို့ခေါ်တယ်။
ဥပါဒါနပစ္စယာ ဘဝေါ-အရ ဥပါဒါန်ကြောင့်ဖြစ်တဲ့ဘဝကို ကမ္မဘဝ၊ ဥပပတ္တိဘဝလို့ နှစ်မျိုးခွဲလိုက်တယ်။
ကမ္မဘဝကို ကမ္မဝဋ်ထဲ ထည့်ပြီးပြီ။ ကြွင်းကျန်တဲ့ ဥပပတ္တိဘဝနှင့် ကျန်တဲ့ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဇာတိ၊ ဇရာ စတဲ့ တရားတွေကိုတော့ ဝိပါကဝဋ်ထဲ ထည့်ပါတဲ့။
ဒါကြောင့်ဝဋ်သုံးပါးဆိုတာဟာ ပဋိစ္စသမုပ္ပါဒ် လည်ပြီးဖြစ်နေပုံ ပြတာပါပဲ။
အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ ဆိုတဲ့ ကိလေသဝဋ်ကြောင့် ကံတည်းဟူသော သင်္ခါရဖြစ်တယ်။
သင်္ခါရဆိုတဲ့ ကမ္မဝဋ်ကြောင့် ဝိညာဏ်၊ နာမ်ရုပ် စတဲ့ ဝိပါကဝဋ်ဖြစ်တယ်။
ဝိညာဏ်၊ နာမ်ရုပ် စတဲ့ ဝိပါကဝဋ်ကြောင့် အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန် ဆိုတဲ့ ကိလေသဝဋ်ဖြစ်တယ်။
ကိလေသဝဋ်ကြောင့် ကမ္မဝဋ်ဖြစ်၊ ကမ္မဝဋ်ကြောင့် ဝိပါကဝဋ်ဖြစ်၊ ဒီလိုရုပ်နာမ်မစဲ ထပ်တလဲလဲ ဖြစ်တာကို ဝဋ်သုံးပါးလို့ခေါ်တာပဲ။
ဝဋ်သုံးပါးဆိုတာဟာ ရုပ်တရား နာမ်တရားပါပဲ။ ဒီရုပ်တရား နာမ်တရားက ဘယ်မှာဖြစ်တာလဲဆိုတော့ ဘုံသုံးပါးမှာဖြစ်တာပါပဲ။
ဒါကြောင့် ဘုံသုံးပါးမှာဖြစ်တဲ့ ဝဋ်သုံးပါးဆိုတာဟာ ရုပ်တရား နာမ်တရားပဲဖြစ်တယ်။ ရုပ်တရား နာမ်တရားဆိုတဲ့ ဒီဝဋ်သုံးပါးက ဘာလဲဆိုတော့ ဒုက္ခသစ္စာ=စစ်မှန်သော ဆင်းရဲခြင်းဖြစ်တယ်။
 ( တည်တော ဆရာတော်)

No comments:

Post a Comment