Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, July 13, 2018

အစာအိမ္ေအာင့္ျခင္း ႏွင့္ ေရွာင္သင့္ ေဆာင္သင့္သည္မ်ား

အစာအိမ္ေအာင့္ျခင္းက အျဖစ္မ်ားေသာ အေတြ႕ရမ်ားေသာ ေရာဂါပါ။ ကြၽန္ေတာ္တို႔ေန႔စဥ္စားေသာက္ေသာ အစားအစာမ်ားကို အစာအိမ္က ေခ်ဖ်က္ေပးပါတယ္။ အစာအိမ္မွာျဖစ္ႏိုင္တဲ့ ေရာဂါေတြကေတာ့အမ်ားႀကီးပါ။ အစာအိမ္ေရာင္တာ၊ အစာအိမ္အနာျဖစ္တာ၊ အစာအိမ္မွာအလုံးျဖစ္တာ၊ အစာအိမ္ကင္ဆာ အစာအိမ္ေအာင့္တာ စသျဖင့္ အမ်ားႀကီးျဖစ္ႏိုင္ပါတယ္။

ကိုယ့္ပတ္ဝန္းက်င္မွာလည္း အဲဒီလူနာေတြမ်ားပါတယ္ ။ ဘာေတြေရွာင္သင့္လဲ? ဟုတ္ပါတယ္ ေရွာင္ရတာေတြ မ်ားပါတယ္ အဲဒါေတြမေရွာင္ရင္ ေလ်ာ့မစားရင္ ခဏခဏ ျပန္ေအာင့္တတ္ပါတယ္။ အဓိကကေတာ့ ေဆးလိပ္ အရက္ ကို ေရွာင္ရပါမယ္။

လက္ရွိ ေအာင့္ေနရင္ ပိုၿပီးေရွာင္သင့္ပါတယ္။ အစားအေသာက္ကေတာ့ အပူ အစပ္ အခ်ဥ္ လက္သုပ္စာေတြ အျပင္ ေကာ္ဖီ လက္ဖက္ရည္ ပါေရွာင္ရပါတယ္ ။ အစာကို ေပ်ာ့ေပ်ာ့ နဲ႔ နဲနဲ စီပဲ စားသင့္ပါတယ္ နဲနဲနဲ႔ အႀကိမ္အေရ အတြက္ မ်ားမ်ား စားရပါတယ္။ အစာမခံ သင့္ပါဘူး ။ အထူးသျဖင့္ stress မ်ားသူေတြ အလုပ္မ်ားသူေတြပိုၿပီး ဂ႐ုစိုက္ရပါတယ္ ။

အစာကို အခ်ိန္မွန္မွန္စားျခင္း၊ အစာကိုေၾကညက္စြာဝါးစားျခင္းတို႔သည္ သင္၏ အစာအိမ္က်န္းမာေရး ကို မ်ားစြာအေထာက္အကူျဖစ္သည္။ လတ္ဆတ္တဲ့အသီးေတြ၊ ဟင္းသီးဟင္း႐ြက္ေတြကို ပိုစားပါ။ အစာကိုအခ်ိန္မွန္စားပါ။ အမ်ိဳးအစား မွန္စားပါ။ တစ္ခါစား မမ်ားေစရပါ။ အရက္ မေသာက္သင့္ပါ။ ေဆးလိပ္ျဖတ္ပါ။ စိတ္ဖိအား ေလွ်ာ့ဖို႔လိုသူက ေလွ်ာ့ခ်ပါ။ အစာေပ်ာ့ေပ်ာ့စားပါ။ စားၿပီးလမ္းေလွ်ာက္ေပးပါ။ အပူအစပ္မ်ားမစားပါနဲ႔။ ေရမ်ားမ်ား ေသာက္ပါ။  အစာစားတဲ့အခါ အဆီနည္းပါေစ၊ အဝႀကီးတစ္ခါတည္းမစားပါနဲ႔။

O ေသြး အမ်ိဳးအစား ရွိသူေတြ ဟာလည္း အစာအိမ္ေအာင့္ တာသူမ်ားေတြထက္ပိုျဖစ္တတ္လို႔ သိရပါတယ္။ ဒါေတြ မေရွာင္ရင္ ခဏ ခဏ ျဖစ္မယ္ ၊ ၾကာလာရင္ အစာအိမ္ မွာ အနာပါျဖစ္လာႏိုင္ပါတယ္ ။ ေသြးထြက္တာ အစာအိမ္ ေပါက္တာေတြပါျဖစ္လာရင္ေတာ့ အရမ္းဆိုးသြားပါၿပီ။  ေနာက္တစ္ခု ကေတာ့ အစာအိမ္မွာ H.pylori ဆိုတဲ့ ဘက္တီးရီးယားပိုး ရွိေနရင္လည္း မၾကာခဏ အစာအိမ္ေအာင့္ တတ္ပါတယ္ ။ လိုအပ္တဲ့ ကုသမႈကို အခ်ိန္ျပည့္တဲ့ အထိ တိတိက်က် ကုသမႈခံယူရပါတယ္။

က်န္းမာၾကပါေစ
Dr Lynn

#Unicode Version#
အစာအိမ်အောင့်ခြင်းက အဖြစ်များသော အတွေ့ရများသော ရောဂါပါ။ ကျွန်တော်တို့နေ့စဉ်စားသောက်သော အစားအစာများကို အစာအိမ်က ချေဖျက်ပေးပါတယ်။ အစာအိမ်မှာဖြစ်နိုင်တဲ့ ရောဂါတွေကတော့အများကြီးပါ။ အစာအိမ်ရောင်တာ၊ အစာအိမ်အနာဖြစ်တာ၊ အစာအိမ်မှာအလုံးဖြစ်တာ၊ အစာအိမ်ကင်ဆာ အစာအိမ်အောင့်တာ စသဖြင့် အများကြီးဖြစ်နိုင်ပါတယ်။

ကိုယ့်ပတ်ဝန်းကျင်မှာလည်း အဲဒီလူနာတွေများပါတယ် ။ ဘာတွေရှောင်သင့်လဲ? ဟုတ်ပါတယ် ရှောင်ရတာတွေ များပါတယ် အဲဒါတွေမရှောင်ရင် လျော့မစားရင် ခဏခဏ ပြန်အောင့်တတ်ပါတယ်။ အဓိကကတော့ ဆေးလိပ် အရက် ကို ရှောင်ရပါမယ်။

လက်ရှိ အောင့်နေရင် ပိုပြီးရှောင်သင့်ပါတယ်။ အစားအသောက်ကတော့ အပူ အစပ် အချဉ် လက်သုပ်စာတွေ အပြင် ကော်ဖီ လက်ဖက်ရည် ပါရှောင်ရပါတယ် ။ အစာကို ပျော့ပျော့ နဲ့ နဲနဲ စီပဲ စားသင့်ပါတယ် နဲနဲနဲ့ အကြိမ်အရေ အတွက် များများ စားရပါတယ်။ အစာမခံ သင့်ပါဘူး ။ အထူးသဖြင့် stress များသူတွေ အလုပ်များသူတွေပိုပြီး ဂရုစိုက်ရပါတယ် ။

အစာကို အချိန်မှန်မှန်စားခြင်း၊ အစာကိုကြေညက်စွာဝါးစားခြင်းတို့သည် သင်၏ အစာအိမ်ကျန်းမာရေး ကို များစွာအထောက်အကူဖြစ်သည်။ လတ်ဆတ်တဲ့အသီးတွေ၊ ဟင်းသီးဟင်းရွက်တွေကို ပိုစားပါ။ အစာကိုအချိန်မှန်စားပါ။ အမျိုးအစား မှန်စားပါ။ တစ်ခါစား မများစေရပါ။ အရက် မသောက်သင့်ပါ။ ဆေးလိပ်ဖြတ်ပါ။ စိတ်ဖိအား လျှော့ဖို့လိုသူက လျှော့ချပါ။ အစာပျော့ပျော့စားပါ။ စားပြီးလမ်းလျှောက်ပေးပါ။ အပူအစပ်များမစားပါနဲ့။ ရေများများ သောက်ပါ။  အစာစားတဲ့အခါ အဆီနည်းပါစေ၊ အဝကြီးတစ်ခါတည်းမစားပါနဲ့။

O သွေး အမျိုးအစား ရှိသူတွေ ဟာလည်း အစာအိမ်အောင့် တာသူများတွေထက်ပိုဖြစ်တတ်လို့ သိရပါတယ်။ ဒါတွေ မရှောင်ရင် ခဏ ခဏ ဖြစ်မယ် ၊ ကြာလာရင် အစာအိမ် မှာ အနာပါဖြစ်လာနိုင်ပါတယ် ။ သွေးထွက်တာ အစာအိမ် ပေါက်တာတွေပါဖြစ်လာရင်တော့ အရမ်းဆိုးသွားပါပြီ။  နောက်တစ်ခု ကတော့ အစာအိမ်မှာ H.pylori ဆိုတဲ့ ဘက်တီးရီးယားပိုး ရှိနေရင်လည်း မကြာခဏ အစာအိမ်အောင့် တတ်ပါတယ် ။ လိုအပ်တဲ့ ကုသမှုကို အချိန်ပြည့်တဲ့ အထိ တိတိကျကျ ကုသမှုခံယူရပါတယ်။

ကျန်းမာကြပါစေ
Dr Lynn

No comments:

Post a Comment