Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 5, 2018

ဦးစိုးသိန်း vs ဦးကျော်ဆန်း


တပတ်စဉ်ထဲပေမဲ့ ဝန်ကြီး အစောကြီးဖြစ်လို့ ထောင်ထောင်ထောင်ထောင်လုပ်နေတဲ့ ကျော်ဆန်းကို၊ ရာထူးအတက်နှေးလို့ဗိုလ်မှူးအဆင့်သာ ရသေးတဲ့ စိုးသိမ်းက အငြိုးထားခဲ့တယ်။

ကျော်ဆန်းဟာ နာမည်မကောင်းသဖြင့် ကျော်ဆန်းသားပိုင် MRTV4 မီဒီယာကို သုံးရင် အစိုးရပါနာမည်ပျက်မယ်လို့ သိန်းစိန်ကို ချွန်တွန်းလုပ်တယ်။

ကျော်ဆန်းသားပိုင် MRTV4 နဲ့ အပြိုင် Skynet မီဒီယာဆိုပြီး သားတပည့်ဖြစ်သူ ရွှေသံလွင်အား တဦးထဲချပေးတယ်။

ဘောလုံးပွဲများပြသခွင့်ရဖို့စာချုပ်ချုပ်တော့ ရွှေသံလွင်မှာ ငွေကြေးအရင်းအနှီးမရှိဖူးဆိုပြီး ဌာနဆိုင်ရာများနှင့် စက်မှုဘဏ်မှ ကျပ်ငွေဘီလီယံ ၅၀ လွှဲယူသုံးစွဲစေတယ်။ (ချေးယူခြင်းမဟုတ်ပါ။)

ရွေသံလွင်ကြွေးနစ်နေလို့ ကယ်တင်ရန် ကျော်ဆန်း၏ သမဝါယမ နာမည်ဖြင့် တရုတ်ထံမှ ဒေါ်လာသန်း ၂၀၀ ချေး၊ ဒေါ်လာသန်း ၁၀၀ တန်ဖိုးရှိ လက်ယာသုံးပစ္စည်းများကို သန်း ၂၀၀ ဖိုးပြ၍ ရွေသံလွင်လက်အောက်ခံကုမ္ပဏီများထံမှ တင်ဒါမခေါ်ဘဲဝယ်ယူ။

ချေးငွေအတွက် ကျော်ဆန်းကို လက်မှတ်ထိုးခိုင်းခဲ့တာတချက်၊
သန်းတရာလောက်သာတန်တဲ့ စက်ကိရိယာတွေကို သန်းနှစ်ရာပြ၍
တင်ဒါမခေါ်ဘဲဝယ်ယူတာကို လက်မှတ်ထိုးပေးရတာတချက်၊
လွှတ်တော်ထဲမှ ရွှေမန်းကခေါ်ကြိမ်း၍ လွှတ်တော်ထဲသွား အဆဲခံရချိန်မှာ ကျော်ဆန်းဘဲ သွားရှင်းရတာတချက်၊
ကျော်ဆန်း ကို တပြားမှ မပေးဘဲနာမည်ဖျက်သွားတယ်။

ဘုံးသွားတဲ့သန်း ၁၀၀ ထဲမှ တချို့ကို Skynet တည်ထောင်စဉ် ခဏယူထားသောဝန်ကြီးဌာနများကို အဆပ်ပြတယ်။

ကျန်တချို့ကို စိုးသိမ်းနှင့် ရွှေသံလွင်ခွဲဝေယူကြတယ်။

ကျော်ဆန်းကိုတော့ တပြားမှမပေးဘဲ ထောင်ချနိုင်ရန် လက်မှတ်သာထိုးခိုင်းခဲ့ပါတယ်။

ကျော်ဆန်း နိုင်ငံရေးကိုစိတ်ကုန်သွားစေတာ စိုးသိန်းလက်ချက်လို့ ကြံ့ဖွတ်ထဲမှာ ပြောနေကြတယ်...

(ခွက်ဒစ်။ စက်မှုဝန်ကြီးဌာနမှ အတွင်းသိတယောက်)

No comments:

Post a Comment