Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, June 26, 2018

ကမၻာ့အံ့ဖြယ္စာရင္းဝင္Golden Rock အား ဘူမိေဗဒအျမင္ျဖင့္ ေလ့လာေသာ္

ကမၻာ့အံ့ဖြယ္စာရင္းဝင္ ျမန္မာႏိုင္ငံ မြန္ျပည္နယ္ရွိ ဆံေတာ္ရွင္ က်ိဳက္ထီးရိုးေစတီေတာ္ ၾကီး ႏွင့္ပတ္သက္ျပီး သမိုင္းရာဇဝင္ ဒ႑ာရီမ်ားရွိခဲ့သည္ကိုေတာ့
လူတိုင္းသိပါသည္။ ျမတ္စြာဘုရား၏ ဆံေတာ္ကို ဌာပနာပူေဇာ္ရန္အတြက္ ရေသ့ၾကီး အရွင္ တိသ က ဘုရင္ၾကီးအားေပးအပ္ရာ ေဇာ္ဂ်ီႏွင့္ နဂါးမိဘတို႕မွ
ေပါက္ဖြားခဲ့ေသာ ထိုေခတ္ကာလ မြန္ဘုရင္ၾကီး၏ တန္ခိုးေတာ္ျဖင့္ ပင္လယ္ေရေအာက္မွ (ရေသ့ၾကီး၏ ဦးေခါင္း ပံုသ႑န္တူ) ေက်ာက္တံုးၾကီး
ကို နတ္သိၾကားတို႕က ကူညီကာ ေတာင္ေပၚသို႕ အေရာက္တင္ေပးခဲ့ပံု။

သယ္ေဆာင္လာေသာ ေလွသည္ပင္လွ်င္ ေက်ာက္ျဖစ္သြားပံု (ေက်ာက္သဗၼာန္)
စသျဖင့္ သိၾကပါသည္။ က်ေနာ့္ အေနျဖင့္ ထို သမိုင္းတို႕ကို ဘာမွ် မေျပာလိုပါ ။

သို႕ေသာ္ Geologist တေယာက္အေနျဖင့္ ဤမွ် ၾကီးမားေလးလံလွေသာ(တန္ ၆၀ဝ ေက်ာ္) ေက်ာက္တံုးၾကီးကို ေတာင္ေပၚသို႕ သယ္လာသည္
ဆိုသည္ကို က်ေနာ့့္္အေနျဖင့္ သိပ္ လက္မခံလိုပါ။

အစကတည္းက အတူတူရွိေနခဲ့ေသာ ေအာက္ေျခေက်ာက္ျပင္ႏွင့္ အေပၚကေက်ာက္တံုး တို႕သည္ ထိယံုထိတင္ယံုတင္ ၊ ဆက္စပ္မေနပဲ
တလွဳပ္လွဳပ္ျဖင့္ တည္ေနႏိုင္သည့္ ထူးဆန္းဘြယ္ အေနအထားအေၾကာင္းကိုသာ non-Geologists မ်ားအားအေထြေထြဗဟုသုတအလို႕ငွာ
Geological process သေဘာအရ ရွင္းျပလိုသျဖင့္ ဤပို႕စ္ကိုေရးပါသည္။

မပါမျပီးေသာ အခ်က္မ်ားျဖင့္ အတိုဆံုး ေျပာျပပါမည္။ျမန္မာ့သမိုင္းကိုေျပာလွ်င္ ပ်ဴ တေကာင္းေခတ္က စရသကဲ့သို႕
က်ိဳက္ထီးရီုးေက်က္တံုးၾကီး အေၾကာင္းေျပာလွ်င္ ကမၻာေျမၾကီးအစက စရပါမည္။ ကမၻာၾကီး၏အစ မွာ စၾကဝဠာအတြင္း အလြန္တရာ ပူေလာင္စြာ
မိမိကိုယ္ကို ဗဟိုျပဳ လည္ပတ္ေနေသာ ေက်ာက္ရည္ပူၾကီးမ်ား ( Magmaဟုေခၚ) တေျဖးေျဖးေအးခဲလာျခင္းက စပါသည္။

ထိုေက်ာက္ရည္ပူၾကီးမ်ားသည္ေျမျပင္ေပၚေရာက္ ေအးခဲသြားေသာအခါ မီးသင့္ေက်ာက္ျဖစ္လာျပီး ထိုမီးသင့္ေက်ာက္ (Igneous Rock) ၏မ်က္ႏွာျပင္တို႕အား မိုးေရ ေလ
ေနတို႕က သက္ေရာက္တိုက္စားရာက တေျဖးေျဖး ရာသီဥတုဒဏ္ေၾကာင့္ (Weathering process) အက္ေၾကာင္းမ်ား ျဖစ္ေပၚလာသည္။

တခါတရံေျမေအာက္ တြန္းကန္မွဳမ်ားေၾကာင့္ ေက်ာက္သားတြင္း ဖိအားမ်ား အေျပာင္းအလဲျဖစ္သည္။ ( Pressure relase ဟုေခၚသည္ ။ )
တခါတရံလည္း ကမၻာေျမေအာက္ထဲက ေနာက္ထပ္ ေက်ာက္ရည္ပူမ်ား (မီးေတာင္ေပါက္ကြဲမွဳေၾကာင့္) တိုးထြက္လာကာ ေျမျပင္ေပၚသို႕
ထပ္ေရာက္လာတတ္သည္။

ထိုအေၾကာင္းေၾကာင္း တို႕ေၾကာင့္ေက်ာက္သားစိုင္သည္ အက္ကြဲေၾကာင္းမ်ားျဖစ္လာသည္။ အက္ကြဲပံုသည္ အ ေပၚေအာက္ႏွင့္ ေဘးတိုက္ အခ်ိဳးညီခ်င္ညီ မညီခ်င္မညီေပ။
ေျမျပင္ႏွင့္ အျပိဳင္ အက္ေၾကာင္းမ်ားျဖင့္ အေပၚေအာက္ အက္ကြဲေၾကာင္းမ်ား နီးကပ္ပါက ၾကက္သြန္နီ အခြံကြာသကဲ့သို႕ရွိ၏။(လူအနီရပ္ေနေသာပံု
မွာၾကည့္ပါ) (ဤျဖစ္စဥ္ကို ဘူမိေဗဒတြင္ Exfoliation ဟုေခၚပါသည္။)

ထိုအက္ကြဲေၾကာင္းမ်ား အတြင္း မိုးေရမ်ားဝင္၊ေအးလြန္းေသာရာသီတြင္ မိုးေရက ေရခဲျဖစ္။ ေရခဲျဖစ္ေသာအခါ ထုထည္ၾကီးလာ (ေရခဲေသတၲာထဲတြင္ ခြက္အျပည့္ေရျဖည့္ထည့္
ထား။ ေအးခဲသြားေသာအခါ ေရခဲက အေပၚသို႕ေမာက္လွ်ံေနသည္ကိုေတြ႕ရမည္) ေသာအခါ ေက်ာက္ကို သပ္လွ်ိဳခြဲသကဲ့သို႕ျဖစ္လာ၏အပူအေအးေၾကာင့္ က်ံဳ႕ျခင္း ပြျခင္းမ်ားထပ္တလဲလဲျဖစ္ လာ၏

( ပံု ၁ ႏွင့္ ၂) ။ထိုျဖစ္စဥ္ ၾကိမ္ဖန္မ်ားစြာ ျဖစ္လတ္ေသာ္ မူလေက်ာက္ခံုၾကီးသည္ပံုတြင္ျပထားသလို သရက္သီးမွည့္ကို ဟိုဘက္သည္ဘက္ ဒါးျဖင့္
လွီးထားသလို ေလးေထာင့္စိတ္မ်ား ကြဲထြက္လာပါေတာ့သည္ ။

အခ်ိဳ႕ကတင္က်န္ရစ္ကာ အခ်ိဳ႕ကေအာက္ျပဳတ္က်သြား၏။ ကြဲထြက္ လာေသာေလးေထာင့္တံုးမ်ား၏ အစြန္းေဒါင့္ခ်ိဳးမ်ားမွာ (ႏွစ္ ေပါင္း သိန္းသန္းအတြင္း)
ရာသီဥတု တိုက္စားခံရရန္ပိုမိုလြယ္ကူကာ တစတစ လံုးဝန္းလာပါေတာ့သည္ (ပံု-၃) ။

က်ိဳက္ထီးရီုးေစတီေတာ္၏ေက်ာက္တံုးၾကီးႏွင့္ေအာက္ခံေက်ာက္ျပင္တို႕သည္လည္း ထိုျဖစ္စဥ္မ်ိဳးမွ ေပၚေပါက္လာေသာ
အေနအထားသာျဖစ္ပါသည္။ မူလက ဧရာမေက်ာက္တံုးၾကီးမွကြဲလာေသာ ညီအကိုမ်ားသာျဖစ္ပါသည္။

ေရႊအတိခ်ထားသျဖင့္ မျမင္ရေတာ့ျငား ေက်ာက္နမူနာCoring sample တူးယူကာၾကည့္ပါက
ႏွမ္းဖတ္ေက်ာက္ (Granite) မ်ားအတူတူပင္ျဖစ္ပါသည္။ ကာလရွည္ၾကာတိုက္စားခံရျပီး အစြန္းေထာင့္မ်ား လံုးဝန္းလာခဲ့ျခင္းသာျဖစ္ပါသည္ ။
ပင္လယ္ေအာက္မွ တေနရာမွ လူေတြ သယ္မလာျခင္း၊ အျမင့္ တေနရာမွျပဳတ္က်လာကာ ထိုေနရာေရာက္မွ ထူးထူးျခားျခား ရပ္တန္႕သြားျခင္းမ်ား
လံုးဝမဟုတ္ပါေၾကာင္း။

လွဳပ္လီလွဳပ္လဲ့ ျပဳတ္က်လုခမန္း ဆန္းျပားစြာ တည္ေနသည္ကေတာ့ အလြန္ တရာ တိုက္ဆိုင္မွဳမ်ားပင္ျဖစ္ပါေၾကာင္း။
ဒါကိုပင္ ဗုဒၶဆံေတာ္ရွင္၏တန္ခိုးေၾကာင့္ ဟု ဆိုလွ်င္လည္းဆိုႏိုင္ပါသည္။ သိပၸံနိယာမအရေတာ့ အေျဖရွိပါသည္။

ေက်ာက္တံုးၾကီး၏ ဟန္ခ်က္ဗဟိုအမွတ္သည္ ေက်ာက္တံုးၾကီး၏ ေအာက္ေျခနားတြင္ရွိျပီး ဟန္ခ်က္ဗဟိုမွတ္မွ ဆြဲခ်ေသာမ်ဥ္းက ေအာက္ေျခေက်ာက္ျပင္ေပၚ
တြင္ ရွိေနျခင္းေၾကာင့္ လွဳပ္ေနေသာ္လည္း တဘက္သို႕ က်မသြားျခင္းျဖစ္ပါသည္ (ပံု-၄) …. ရခိုင္မေလးမ်ား မန္းသူေလးမ်ား ေရအိုးေတြ ေခါင္းေပၚ
တင္ကာ စက္ဘီးပင္ မစီးပါသေလာ။

သို႕ေသာ္ ေက်ာက္တံုးႏွင့္ ေက်ာက္ျပင္ ထိစပ္ေနေသာ အလြန္ေသးငယ္သည့္ ဧရိယာအား ရာသီဥတုက ထပ္မံတိုက္စားေသာေၾကာင့္ မ်က္ႏွာျပင္ပြန္းပဲ့ေသးငယ္လာလွ်င္၊ ယခု
အနည္းငယ္ေလ်ာေစာင္းေနရာမွ ထပ္၍ေစာင္းလာလွ်င္ေတာ့ ေၾကာက္စရာ အေျခအေနရွိပါလိမ့္မည္။ သို႕ေသာ္ ထိုအေနအထားမွာ က်ေနာ္တို႕
လူ႕သက္တမ္းတြင္ မျဖစ္ႏိုင္သေလာက္ရွိပါသည္။

ထိုျဖစ္စဥ္မ်ိဳးတြင္ အဘယ္ေၾကာင့္ က်န္ေသာ ေက်ာက္တံုးကက်န္ေနေပ်ာက္ပ်က္သြားေသာ ေက်ာက္တံုးမ်ားကေပ်ာက္သြားရပါသနည္း
ဟုေမးေသာ္ အေျဖကား ေက်ာက္ကိုဖြဲ႕စည္းခဲ့ေသာတြင္းထြက္ ( minerals )မ်ား၏ ဖြဲ႕စည္းပံု ပမာဏအခ်ိဳးမတူျခင္း၊ ေရာေႏွာ
သမေနမွဳမတူျခင္း ၊ တြင္းထြက္ တခုခ်င္း၏ Specific Gravity မတူညီျခင္းေၾကာင့္ဟုေျဖရပါမည္။ (ဆႏြင္းမကင္း တတံုးႏွင့္တတံုး ပါဝင္ေသာ ေထာပတ္ပမာဏ
ဘိန္းေစ့ပမာဏ စပ်စ္သီးပမာဏ တထပ္တည္းမတူႏိုင္သကဲ့သို႕)။ က်ိဳက္ထီးရိုးေတာင္တဝိုက္ ျပဳတ္က်ေနေသာ ေက်ာက္တံုးၾကီးငယ္မ်ားစြာကိုျမင္ၾကေပမည္။

အားလံုးသည္ တခ်ိန္က တဆက္တစပ္တည္း ဧရာမေက်ာက္ေတာင္ၾကီးတခုသာျဖစ္ခဲ့ပါသည္။ က်ိဳက္ထီးရိုးတဝိုက္
ထို အေနအထားမ်ိဳး ေမးတင္ေနေသာ ေက်ာက္တံုးၾကီးငယ္မ်ားစြာရွိပါသည္။ ေတာထဲဆင္းၾကည့္ၾကပါ ။ သို႕ေသာ္ အျမင့္ဆံုး အၾကီးဆံုး
အထူးျခားဆံုး ေက်ာက္တံုးၾကီးကိုမွ ေရွးမြန္တို႕ကေရြးခ်ယ္ကာ ဆံေတာ္ကိုဌာပနာလ်က္ ခက္ခဲစြာ ေစတီတည္ထားခဲ့သည္ဟုဟာ
က်ေနာ္ျမင္ပါသည္။

က်ိဳက္ထီးရိုးကဲ့သို႕ ေစတီတည္မထားေသာေၾကာင့္ ဘာသာေရးအရ ကမၻာမေက်ာ္ေသာ္လည္း tourists မ်ားလည္ပတ္ၾကသည့္ ထူးဆန္းစြာ
တည္ေနေသာ ကမၻာအရပ္ရပ္က ေက်ာက္တံုးမ်ားနမူနာပံုမ်ား ႏွင့္ အျခားေသာဘူမိျဖစ္စဥ္ျပ ရူပေဗးသေဘာတရားပံုမ်ားကို စာဖတ္သူတို႕ေတြးေတာဆင္ျခင္
ျမင္သာေအာင္ ေဖာ္ျပထားပါသည္။

က်ေနာ္ သံုးသပ္ေရးသားခ်က္ မွားယြင္းလွ်င္ geologists မ်ား၊ အျခားပညာရွင္မ်ား ေထာက္ျပသင္ၾကားေပးပါရန္ ၾကိဳတင္ပန္ၾကားအပ္ပါသည္။ဟိုတေန႕က ကိုထြန္းေဝ (ဂ်ပန္) တင္ထားေသာ
Golden Rock အား အင္၈်င္နီယာ ရွဳေဒါင့္မွသံုးသပ္ေသာ ပို႕စ္ကိုဖတ္အျပီး အၾကံရသျဖင့္ ဘူမိေဗဒရွဳ႕ေဒါင့္မွေရးပါသည္။

ပံု ၉ ပံုကို အားလံုး ၾကည့္ရွဳေလ့လာေစလိုပါသည္။ ဤပို႕စ္သည္ ဗုဒၶဘာသာ မြန္သမိုင္းႏွင့္ တန္ခိုးၾကီး က်ိဳက္ထီးရိုးေစတီေတာ္ၾကီးအား မည္သိူ႕မွ်ေစာ္ကားျခင္းမရွိ။ ဘုရားဖူးမ်ားအေနျဖင့္
ေစတီထဲက ဘုရားရွင္၏ဆံေတာ္ကိုရည္မွန္း ဘုရားကိုယ္ေတာ္တိုင္ရွိေနသကဲ့သို႕ စိတ္ညႊတ္ကာ ဆြမ္းကပ္တရားထိုင္လုပ္ေသာ သဒၵါေၾကာင့္ ကုသိူလ္မ်ားရနိုင္ပါသည္။

က်ေနာ့္ဆိုလိုရင္းက နတ္သိၾကားမ်ားပင္လယ္ထဲက သယ္လာသည္ဆိုျခင္းကို ဘူမိေဗဒအျမင္ျဖင့္ စဥ္စားၾကည့္ၾကဖို႕သာျဖစ္ပါသည္။ သိပၸံနည္းက်သံုးသပ္ၾကည့္ျခင္းျဖစ္ေၾကာင္း ပညာရွိသူတိုင္း လက္ခံမည္ဟုယံုၾကည္ပါသည္။ ( က်ေနာ္က်ိဳက္ထီးရိုးေရာက္ရင္ ေက်ာက္တံုးၾကီးကို တခါမွ တြန္းမၾကည့္ဘူး။ ကိုယ့္လက္ထက္က်မွျပဳတ္က်သြားရင္ ကမၻာေက်ာ္သြားမယ္။ ငရဲလည္းၾကီးမွာဟုေျပာဘူးေသာ
မိတ္ေဆြ ကိုႏု Maung Nu အားအမွတ္ရလ်က္… )။
Min Aung Khing

#Unicode Version#
ကမ္ဘာ့အံ့ဖွယ်စာရင်းဝင် မြန်မာနိုင်ငံ မွန်ပြည်နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ကြီး နှင့်ပတ်သက်ပြီး သမိုင်းရာဇဝင် ဒဏ္ဍာရီများရှိခဲ့သည်ကိုတော့
လူတိုင်းသိပါသည်။ မြတ်စွာဘုရား၏ ဆံတော်ကို ဌာပနာပူဇော်ရန်အတွက် ရသေ့ကြီး အရှင် တိသ က ဘုရင်ကြီးအားပေးအပ်ရာ ဇော်ဂျီနှင့် နဂါးမိဘတို့မှ
ပေါက်ဖွားခဲ့သော ထိုခေတ်ကာလ မွန်ဘုရင်ကြီး၏ တန်ခိုးတော်ဖြင့် ပင်လယ်ရေအောက်မှ (ရသေ့ကြီး၏ ဦးခေါင်း ပုံသဏ္ဍန်တူ) ကျောက်တုံးကြီး
ကို နတ်သိကြားတို့က ကူညီကာ တောင်ပေါ်သို့ အရောက်တင်ပေးခဲ့ပုံ။

သယ်ဆောင်လာသော လှေသည်ပင်လျှင် ကျောက်ဖြစ်သွားပုံ (ကျောက်သဗ္မာန်)
စသဖြင့် သိကြပါသည်။ ကျနော့် အနေဖြင့် ထို သမိုင်းတို့ကို ဘာမျှ မပြောလိုပါ ။

သို့သော် Geologist တယောက်အနေဖြင့် ဤမျှ ကြီးမားလေးလံလှသော(တန် ၆၀ဝ ကျော်) ကျောက်တုံးကြီးကို တောင်ပေါ်သို့ သယ်လာသည်
ဆိုသည်ကို ကျနော့််အနေဖြင့် သိပ် လက်မခံလိုပါ။

အစကတည်းက အတူတူရှိနေခဲ့သော အောက်ခြေကျောက်ပြင်နှင့် အပေါ်ကကျောက်တုံး တို့သည် ထိယုံထိတင်ယုံတင် ၊ ဆက်စပ်မနေပဲ
တလှုပ်လှုပ်ဖြင့် တည်နေနိုင်သည့် ထူးဆန်းဘွယ် အနေအထားအကြောင်းကိုသာ non-Geologists များအားအထွေထွေဗဟုသုတအလို့ငှာ
Geological process သဘောအရ ရှင်းပြလိုသဖြင့် ဤပို့စ်ကိုရေးပါသည်။

မပါမပြီးသော အချက်များဖြင့် အတိုဆုံး ပြောပြပါမည်။မြန်မာ့သမိုင်းကိုပြောလျှင် ပျူ တကောင်းခေတ်က စရသကဲ့သို့
ကျိုက်ထီးရီုးကျေက်တုံးကြီး အကြောင်းပြောလျှင် ကမ္ဘာမြေကြီးအစက စရပါမည်။ ကမ္ဘာကြီး၏အစ မှာ စကြဝဠာအတွင်း အလွန်တရာ ပူလောင်စွာ
မိမိကိုယ်ကို ဗဟိုပြု လည်ပတ်နေသော ကျောက်ရည်ပူကြီးများ ( Magmaဟုခေါ်) တဖြေးဖြေးအေးခဲလာခြင်းက စပါသည်။

ထိုကျောက်ရည်ပူကြီးများသည်မြေပြင်ပေါ်ရောက် အေးခဲသွားသောအခါ မီးသင့်ကျောက်ဖြစ်လာပြီး ထိုမီးသင့်ကျောက် (Igneous Rock) ၏မျက်နှာပြင်တို့အား မိုးရေ လေ
နေတို့က သက်ရောက်တိုက်စားရာက တဖြေးဖြေး ရာသီဥတုဒဏ်ကြောင့် (Weathering process) အက်ကြောင်းများ ဖြစ်ပေါ်လာသည်။

တခါတရံမြေအောက် တွန်းကန်မှုများကြောင့် ကျောက်သားတွင်း ဖိအားများ အပြောင်းအလဲဖြစ်သည်။ ( Pressure relase ဟုခေါ်သည် ။ )
တခါတရံလည်း ကမ္ဘာမြေအောက်ထဲက နောက်ထပ် ကျောက်ရည်ပူများ (မီးတောင်ပေါက်ကွဲမှုကြောင့်) တိုးထွက်လာကာ မြေပြင်ပေါ်သို့
ထပ်ရောက်လာတတ်သည်။

ထိုအကြောင်းကြောင်း တို့ကြောင့်ကျောက်သားစိုင်သည် အက်ကွဲကြောင်းများဖြစ်လာသည်။ အက်ကွဲပုံသည် အ ပေါ်အောက်နှင့် ဘေးတိုက် အချိုးညီချင်ညီ မညီချင်မညီပေ။
မြေပြင်နှင့် အပြိုင် အက်ကြောင်းများဖြင့် အပေါ်အောက် အက်ကွဲကြောင်းများ နီးကပ်ပါက ကြက်သွန်နီ အခွံကွာသကဲ့သို့ရှိ၏။(လူအနီရပ်နေသောပုံ
မှာကြည့်ပါ) (ဤဖြစ်စဉ်ကို ဘူမိဗေဒတွင် Exfoliation ဟုခေါ်ပါသည်။)

ထိုအက်ကွဲကြောင်းများ အတွင်း မိုးရေများဝင်၊အေးလွန်းသောရာသီတွင် မိုးရေက ရေခဲဖြစ်။ ရေခဲဖြစ်သောအခါ ထုထည်ကြီးလာ (ရေခဲသေတ္တာထဲတွင် ခွက်အပြည့်ရေဖြည့်ထည့်
ထား။ အေးခဲသွားသောအခါ ရေခဲက အပေါ်သို့မောက်လျှံနေသည်ကိုတွေ့ရမည်) သောအခါ ကျောက်ကို သပ်လျှိုခွဲသကဲ့သို့ဖြစ်လာ၏အပူအအေးကြောင့် ကျုံ့ခြင်း ပွခြင်းများထပ်တလဲလဲဖြစ် လာ၏

( ပုံ ၁ နှင့် ၂) ။ထိုဖြစ်စဉ် ကြိမ်ဖန်များစွာ ဖြစ်လတ်သော် မူလကျောက်ခုံကြီးသည်ပုံတွင်ပြထားသလို သရက်သီးမှည့်ကို ဟိုဘက်သည်ဘက် ဒါးဖြင့်
လှီးထားသလို လေးထောင့်စိတ်များ ကွဲထွက်လာပါတော့သည် ။

အချို့ကတင်ကျန်ရစ်ကာ အချို့ကအောက်ပြုတ်ကျသွား၏။ ကွဲထွက် လာသောလေးထောင့်တုံးများ၏ အစွန်းဒေါင့်ချိုးများမှာ (နှစ် ပေါင်း သိန်းသန်းအတွင်း)
ရာသီဥတု တိုက်စားခံရရန်ပိုမိုလွယ်ကူကာ တစတစ လုံးဝန်းလာပါတော့သည် (ပုံ-၃) ။

ကျိုက်ထီးရီုးစေတီတော်၏ကျောက်တုံးကြီးနှင့်အောက်ခံကျောက်ပြင်တို့သည်လည်း ထိုဖြစ်စဉ်မျိုးမှ ပေါ်ပေါက်လာသော
အနေအထားသာဖြစ်ပါသည်။ မူလက ဧရာမကျောက်တုံးကြီးမှကွဲလာသော ညီအကိုများသာဖြစ်ပါသည်။

ရွှေအတိချထားသဖြင့် မမြင်ရတော့ငြား ကျောက်နမူနာCoring sample တူးယူကာကြည့်ပါက
နှမ်းဖတ်ကျောက် (Granite) များအတူတူပင်ဖြစ်ပါသည်။ ကာလရှည်ကြာတိုက်စားခံရပြီး အစွန်းထောင့်များ လုံးဝန်းလာခဲ့ခြင်းသာဖြစ်ပါသည် ။
ပင်လယ်အောက်မှ တနေရာမှ လူတွေ သယ်မလာခြင်း၊ အမြင့် တနေရာမှပြုတ်ကျလာကာ ထိုနေရာရောက်မှ ထူးထူးခြားခြား ရပ်တန့်သွားခြင်းများ
လုံးဝမဟုတ်ပါကြောင်း။

လှုပ်လီလှုပ်လဲ့ ပြုတ်ကျလုခမန်း ဆန်းပြားစွာ တည်နေသည်ကတော့ အလွန် တရာ တိုက်ဆိုင်မှုများပင်ဖြစ်ပါကြောင်း။
ဒါကိုပင် ဗုဒ္ဓဆံတော်ရှင်၏တန်ခိုးကြောင့် ဟု ဆိုလျှင်လည်းဆိုနိုင်ပါသည်။ သိပ္ပံနိယာမအရတော့ အဖြေရှိပါသည်။

ကျောက်တုံးကြီး၏ ဟန်ချက်ဗဟိုအမှတ်သည် ကျောက်တုံးကြီး၏ အောက်ခြေနားတွင်ရှိပြီး ဟန်ချက်ဗဟိုမှတ်မှ ဆွဲချသောမျဉ်းက အောက်ခြေကျောက်ပြင်ပေါ်
တွင် ရှိနေခြင်းကြောင့် လှုပ်နေသော်လည်း တဘက်သို့ ကျမသွားခြင်းဖြစ်ပါသည် (ပုံ-၄) …. ရခိုင်မလေးများ မန်းသူလေးများ ရေအိုးတွေ ခေါင်းပေါ်
တင်ကာ စက်ဘီးပင် မစီးပါသလော။

သို့သော် ကျောက်တုံးနှင့် ကျောက်ပြင် ထိစပ်နေသော အလွန်သေးငယ်သည့် ဧရိယာအား ရာသီဥတုက ထပ်မံတိုက်စားသောကြောင့် မျက်နှာပြင်ပွန်းပဲ့သေးငယ်လာလျှင်၊ ယခု
အနည်းငယ်လျောစောင်းနေရာမှ ထပ်၍စောင်းလာလျှင်တော့ ကြောက်စရာ အခြေအနေရှိပါလိမ့်မည်။ သို့သော် ထိုအနေအထားမှာ ကျနော်တို့
လူ့သက်တမ်းတွင် မဖြစ်နိုင်သလောက်ရှိပါသည်။

ထိုဖြစ်စဉ်မျိုးတွင် အဘယ်ကြောင့် ကျန်သော ကျောက်တုံးကကျန်နေပျောက်ပျက်သွားသော ကျောက်တုံးများကပျောက်သွားရပါသနည်း
ဟုမေးသော် အဖြေကား ကျောက်ကိုဖွဲ့စည်းခဲ့သောတွင်းထွက် ( minerals )များ၏ ဖွဲ့စည်းပုံ ပမာဏအချိုးမတူခြင်း၊ ရောနှော
သမနေမှုမတူခြင်း ၊ တွင်းထွက် တခုချင်း၏ Specific Gravity မတူညီခြင်းကြောင့်ဟုဖြေရပါမည်။ (ဆနွင်းမကင်း တတုံးနှင့်တတုံး ပါဝင်သော ထောပတ်ပမာဏ
ဘိန်းစေ့ပမာဏ စပျစ်သီးပမာဏ တထပ်တည်းမတူနိုင်သကဲ့သို့)။ ကျိုက်ထီးရိုးတောင်တဝိုက် ပြုတ်ကျနေသော ကျောက်တုံးကြီးငယ်များစွာကိုမြင်ကြပေမည်။

အားလုံးသည် တချိန်က တဆက်တစပ်တည်း ဧရာမကျောက်တောင်ကြီးတခုသာဖြစ်ခဲ့ပါသည်။ ကျိုက်ထီးရိုးတဝိုက်
ထို အနေအထားမျိုး မေးတင်နေသော ကျောက်တုံးကြီးငယ်များစွာရှိပါသည်။ တောထဲဆင်းကြည့်ကြပါ ။ သို့သော် အမြင့်ဆုံး အကြီးဆုံး
အထူးခြားဆုံး ကျောက်တုံးကြီးကိုမှ ရှေးမွန်တို့ကရွေးချယ်ကာ ဆံတော်ကိုဌာပနာလျက် ခက်ခဲစွာ စေတီတည်ထားခဲ့သည်ဟုဟာ
ကျနော်မြင်ပါသည်။

ကျိုက်ထီးရိုးကဲ့သို့ စေတီတည်မထားသောကြောင့် ဘာသာရေးအရ ကမ္ဘာမကျော်သော်လည်း tourists များလည်ပတ်ကြသည့် ထူးဆန်းစွာ
တည်နေသော ကမ္ဘာအရပ်ရပ်က ကျောက်တုံးများနမူနာပုံများ နှင့် အခြားသောဘူမိဖြစ်စဉ်ပြ ရူပဗေးသဘောတရားပုံများကို စာဖတ်သူတို့တွေးတောဆင်ခြင်
မြင်သာအောင် ဖော်ပြထားပါသည်။

ကျနော် သုံးသပ်ရေးသားချက် မှားယွင်းလျှင် geologists များ၊ အခြားပညာရှင်များ ထောက်ပြသင်ကြားပေးပါရန် ကြိုတင်ပန်ကြားအပ်ပါသည်။ဟိုတနေ့က ကိုထွန်းဝေ (ဂျပန်) တင်ထားသော
Golden Rock အား အင်၈ျင်နီယာ ရှုဒေါင့်မှသုံးသပ်သော ပို့စ်ကိုဖတ်အပြီး အကြံရသဖြင့် ဘူမိဗေဒရှု့ဒေါင့်မှရေးပါသည်။

ပုံ ၉ ပုံကို အားလုံး ကြည့်ရှုလေ့လာစေလိုပါသည်။ ဤပို့စ်သည် ဗုဒ္ဓဘာသာ မွန်သမိုင်းနှင့် တန်ခိုးကြီး ကျိုက်ထီးရိုးစေတီတော်ကြီးအား မည်သိူ့မျှစော်ကားခြင်းမရှိ။ ဘုရားဖူးများအနေဖြင့်
စေတီထဲက ဘုရားရှင်၏ဆံတော်ကိုရည်မှန်း ဘုရားကိုယ်တော်တိုင်ရှိနေသကဲ့သို့ စိတ်ညွှတ်ကာ ဆွမ်းကပ်တရားထိုင်လုပ်သော သဒ္ဒါကြောင့် ကုသိူလ်များရနိုင်ပါသည်။

ကျနော့်ဆိုလိုရင်းက နတ်သိကြားများပင်လယ်ထဲက သယ်လာသည်ဆိုခြင်းကို ဘူမိဗေဒအမြင်ဖြင့် စဉ်စားကြည့်ကြဖို့သာဖြစ်ပါသည်။ သိပ္ပံနည်းကျသုံးသပ်ကြည့်ခြင်းဖြစ်ကြောင်း ပညာရှိသူတိုင်း လက်ခံမည်ဟုယုံကြည်ပါသည်။ ( ကျနော်ကျိုက်ထီးရိုးရောက်ရင် ကျောက်တုံးကြီးကို တခါမှ တွန်းမကြည့်ဘူး။ ကိုယ့်လက်ထက်ကျမှပြုတ်ကျသွားရင် ကမ္ဘာကျော်သွားမယ်။ ငရဲလည်းကြီးမှာဟုပြောဘူးသော
မိတ်ဆွေ ကိုနု Maung Nu အားအမှတ်ရလျက်… )။

Min Aung Khing

No comments:

Post a Comment