Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, June 9, 2018

တစ်​နှစ်​ခန့်​ကွဲကွာ​နေ​သောဇနီးအား ပြန်​​လည်​​ပေါင်းသင်းရန်​​ပြောရာက လက်​မခံသဖြင့်​ ခင်​ပွန်းဖြစ်​သူမှ လက်​လုပ်​မိုင်းဖြင့်ခွဲ


(နမူနာပုံဖြစ်​ပါသည်​)
ကော့ကရိတ်​ ဇွန်​ ၈

ကရင်​ပြည်​နယ်​၊ ​ကော့ကရိတ်​မြို့နယ်​တွင်​ ဇွန်​လ ၈ရက်​​နေ့ နံနက်​ပိုင်းက တစ်​နှစ်​ခန့်​ကွဲ
ကွာ​နေ​သော ဇနီးဖြစ်​သူကို ပြန်​လည်​​ပေါင်းသင်းရန်​ သွား​ရောက်​​ပြောသည်​ကို လက်​မခံ
၍ ''နင့်​ကိုငါသတ်​မည်''ဟု ခြိမ်း​ခြောက်​​ပြောဆိုပြီး အသင့်ယူ​ဆောင်​လာ​သော လက်​လုပ်​မိုင်းဖြင့်​ရှော့တိုက်​​ဖောက်​ခွဲရာက နှစ်​ဦးစလုံးဒဏ်​ရာများ ရရှိခဲ့​ကြောင်း သတင်းရရှိသည်​။

ဖြစ်​စဉ်​မှာ ဇွန်​လ ၈ ရက်​​နေ့နံနက်​ ၁နာရီ အချိန်​ခန့်​ ​ကော့ကရိတ်​မြို့နယ်​၊ တတန်​ကူး​ကျေးရွာအုပ်​စု၊ဆင်​ကုန်း​ကျေးရွာ​နေ တင်​ဝင်း​အောင်​၊ (၂၅-နှစ်​)သည်​ လွန်​ခဲ့သည့်​ တစ်​နှစ်​ ခန့်​က လင်​မယားခြင်းစကားများပြီး ကွဲကွာ​နေသည့်ဇနီးဖြစ်​သူ မစန္ဒာလင်း၊(၂၅-နှစ်​)နန်း​ကော်​တိုး​ကျေးရွာ၊ ​ကော့ကရိတ်​မြို့နယ်​​ ​နေထိုင်​သူအား ပြန်​လည်​​ပေါင်းသင်းရန်​အတွက်​သွား​ရောက်​​ခေါ်ယူခဲ့ရာ ဇနီးဖြစ်​သူက မ​ပေါင်းသင်းနိုင်​​ကြောင်း ​ပြန်​လည်​​ပြောကြားခဲ့သဖြင့်​တင်​ဝင်း​အောင်​မှ ဇနီးဖြစ်​သူအား ''နင့်​ကိုငါသတ်​မည်​''ဟုခြိမ်း​ခြောက်​​ပြောဆိုကာ အသင့်​ပါလာ​သော အရှည်​​ခြောက်​လက်​မခန့်​၊ လုံးပတ်​တစ်​ကျပ်​လုံးခန့်​ရှိ RC​ကော်​ပိုက်​အတွင်းယမ်းနှင့်​ ​ကေဗွီ​ကြေးကြိုးအပိုင်းအစများ​ရော​နှောထည့်​ကာ ဓာတ်​ခဲအ​သေးသုံးလုံးဖြင့်​ ဖြူးတပ်​၍ ​ရှော့တိုက်​ရာမှ ၎င်းတို့နှစ်​ဦးအနီးတွင်​ ​ပေါက်​ကွဲသွားခဲ့ပြီး အဆိုပါ​ပေါက်​ကွဲမှု​ကြောင့်​တင်​ဝင်း​အောင်​တွင်​ ယာလက်​​ပေါက်​ပြဲ စုတ်​ပြတ်​၊ ဝဲလက်​​ချောင်းများ ပြတ်​ရှ(မစိုးရိမ်​ရ)ဒဏ်​ရာများရရှိ၍ မစန္ဒာလင်းတွင်​ ယာ​ပေါင်​​ပေါက်​ပြဲ၊ ရင်​ဘတ်​​ပေါက်​ပြဲ(မစိုးရိမ်​ရ)ဒဏ်​ရာများအသီး သီးရရှိခဲ့ခြင်းဖြစ်​သည်​။

အဆိုပါဖြစ်​စဉ်​အား ​ကော့ကရိတ်​ခရိုင်​ရဲတပ်​ဖွဲ့မှူး ဒုတိယရဲမှူးကြီး လင်းထွဋ်​မြင့်​အနီးကပ်​ကြပ်​တ်​၍ မြို့နယ်​ရဲတပ်​ဖွဲ့မှူး၊ စခန်းမှူးတို့ ပါဝင်​​သော ရဲတပ်​ဖွဲ့ဝင်​များ၊ အမှတ်​(၉၁၅) စစ်​​မြေပြင်​အင်​ဂျင်​နီယာတပ်​၊ တပ်​ခွဲ(၃)မှဗိုလ်​ကြီး ​အောင်​ဖြိုးဦးစီးသည့်​ တပ်​မ​တော်​သားများ၊ ​ကျေးရွာအုပ်​ချုပ်​​ရေးအဖွဲ့များပါဝင်​​သော ပူး​ပေါင်းအဖွဲ့တို့မှ အခင်းဖြစ်​​နေရာအားအ​သေးစိတ်​ စစ်​​ဆေးကာ ဒဏ်​ရာရရှိသူနှစ်​ဦးကို မှုခင်း​ဆေးစာဖြင့်​ ​ကော့ကရိတ်​​ဆေးရုံကြီးသို့ ပို့​ဆောင်​ထား​ကြောင်း သိရသည်​။

ဖြစ်​စဉ်​နှင့်​ပတ်​သက်​၍ တင်​ဝင်း​အောင်​အား ​ကော့ကရိတ်​မြို့မရဲစခန်း အမှုဖွင့်​အ​ရေးယူ
ထား​ကြောင်း သတင်းရရှိသည်​။

မင်းသူ(ဘားအံသတင်း)
ဘားအံသတင်း
https://www.facebook.com/Hpaannews.kayin/

No comments:

Post a Comment