Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, June 28, 2018

ဗုဒၶဘာသာ သမုိင္း အက်ဥ္း

ဗုဒၶဘာသာ တုိ႔ အတြက္ သိသင္႔ သိထုိက္ တဲ႔ ဗုဒၶ၀င္ အက်ဥ္း ( သုိ႔ ) ဗုဒၶ ဘာသာ အေၾကာင္း သိေကာင္း စရာ အက်ဥ္း ေလး ပါ။ သိလုိ သူမ်ား အတြက္ ရည္ရြယ္ ကာ ေရးသား ပူေဇာ္ လုိက္ပါသည္။

ဘုရား အေလာင္း ေတာ္ သည္ - ၆၂၄ - ဘီစီ တြင္ ( ျမန္မာ လလုိ - ၀ါဆုိ လျပည့္၊ ၾကာသာပေတး ေန႔ တြင္ ) မယ္ေတာ္ မာယာ ၀မ္းၾကာ တုိက္ တြင္ သေႏၶယူ ပါသည္။ ဘုရားေလာင္း သည္ - ၆၂၃ - ဘီစီ၊ ( ျမန္မာ လလုိ - ကဆုန္ လျပည့္၊ ေသာၾကာ ေန႔ ) တြင္ နီေပါ ႏုိင္ငံ၊ လုမၺိနီ ဥယ်ာဥ္ ၌ မယ္ေတာ္ မာယာ ေဒ၀ီ၊ ခမည္းေတာ္ သုေဒၶါ ဒန မင္းႀကီး တုိ႔မွ ေမြးဖြား ခဲ႔ ပါသည္။ ဘုရား ေလာင္း နာမည္ မွာ သိဒၶတၳ ျဖစ္ပါ သည္။ ၁၆ - ႏွစ္ မွ ၂၉ ႏွစ္ အထိ နန္း စည္းစိမ္ ကုိ ခံစား ပါသည္။

ဘီစီ - ၅၉၄ - ( ျမန္မာ လ လုိ - ၀ါဆုိ လျပည့္၊ တနလၤာ ေန႔ ) တြင္ အိမ္ရာ တည္ေထာင္ လူ႔ေဘာင္ ခြါ ကာ ေတာထြက္ ေတာ္မူ ပါသည္။ ( သက္ေတာ္ ၂၉ - ႏွစ္ အရြယ္ ျဖစ္ ပါသည္။ )

၂၉ - ႏွစ္ မွ ၃၅ - ႏွစ္ အထိ ဒုကၠရ စရိယာ - ပင္ပန္းေသာ အက်င္႔ က်င္႔ ခဲ႔ ရပါ သည္။ ဘီစီ - ၅၈၈ - ( ျမန္မာ လလုိ - ကဆုန္ လျပည့္၊ ဗုဒၶဟူး ေန႔ ) တြင္ သဗၺညဳတ ဉာဏ္ေတာ္ ကုိ ရရွိ ေတာ္မူ ပါသည္။ ( သက္ေတာ္ ၃၅ - ႏွစ္ အရြယ္ ျဖစ္ပါ သည္။ )

၄င္းဘီစီ - ၅၈၈ - ( ျမန္မာ လလုိ - ၀ါဆုိ လျပည့္ စေနေန႔ ) တြင္ ပထမ ဆုံး ေသာ ဓမၼစၾကာ သုတ္ေတာ္ ကုိ ဗာရာဏသီ ၿမိဳ႕အနီး မိဂဒါ ၀ုန္ ေတာ မွာ ေဟာေတာ္ မူ ပါသည္။ ( မွတ္ခ်က္ ။ ။ ဗုဒၶဂယာ ႏွင္႔ မိဂဒါ ၀ုန္ေတာ သည္ - ၁၈ - ယူဇနာ / မုိင္ အားျဖင္႔ - ၁၄၄ - မုိင္ ေ၀းပါ သည္။ )

ဓမၼစၾကာ တရားပြဲ မွာ လူသား အေနနဲ႔ ပဥၥ၀ဂၢီ ငါးဦး သာ ပါ၀င္ ပါသည္။ ၄င္း တရားပြဲ မွာ အရွင္ ေကာ႑ည သည္ အ႐ုဏ္ မတတ္ မီ ေသာတာပန္ တည္ပါ သည္။
ေနာက္ ဆက္လက္ ၿပီး ဘုရားရွင္ က - အနတၱ လကၡဏ သုတ္ကုိ ေဟာေသာ အခါ ပဥၥ၀ဂၢီ ရဟန္း ေတာ္ ငါးဦး စလုံး ရဟႏၱာ ျဖစ္ေတာ္မူ ၾကပါ သည္။

ဘီစီ - ၅၈၈ - တြင္ ဘုရားရွင္ သည္ ပထမဆုံး သာသနာ ျပဳ ခရီးစဥ္ ကုိ စတင္ ခဲ႔ပါသည္။

ဘီစီ - ၅၄၃ - ( ျမန္မာ လလုိ - ကဆုန္ လျပည့္၊ အဂၤါ ေန႔ ) တြင္ ဘုရား ရွင္ သက္ေတာ္ ( ၈၀ )၊ ၀ါေတာ္ ( ၄၅ ) တြင္ ကုသိနာ႐ုံ၊ အင္ၾကင္း ေတာ ၌ ပရိနိဗၺာန္ ျပဳေတာ္မူ ပါသည္။ ကဆုန္ လဆုပ္ ( ၅ ) ရက္၊ တနဂၤေႏြေန႔ တြင္ အေလာင္း ေတာ္ ကုိ မီး ပူေဇာ္ ပါ သည္။

ပထမ သဂၤါယနာ -

ဘုရားရွင္ သက္ေတာ္ ( ၃၅ - မွ - ၈၀ ) အတြင္း၊ ၀ါေတာ္ အေန အားျဖင္႔ ( ၄၅ ) ၀ါ အတြင္း ေဟာၾကား ခဲ႔ေသာ ပိဋကတ္ ေတာ္မ်ား ကုိ တစ္စု တစ္ေ၀း တည္း စီစဥ္ ဖုိ႔ရန္ ဘုရားရွင္ ပရိနိဗၺာန္ ျပဳၿပီး တစ္လ အၾကာ - ဘီစီ - ၅၄၃ - မွာ ပထမ ဆုံး သဂၤါယနာ ကုိ ရာဇၿဂိဳလ္ ၿမိဳ႕၊ သတၱပဏၰိ လႈိဏ္ဂူ ၌ ပိဋကတ္ေတာ္ မ်ား ကုိ စုေပါင္း ရြတ္ဆုိျခင္း ဟူေသာ သဂၤါယနာ တင္ၾက ပါသည္။ ပထမ သဂၤါယနာ တင္ပြဲ မွာ ဦးေဆာင္ ဆရာေတာ္ သည္ အရွင္ မဟာ ကႆပ ျဖစ္၍ အရွင္ ဥပါလိ မေထရ္ က ၀ိနည္း အရာ တာ၀န္ယူ ၍၊ အရွင္ အာနႏၵာ က သုတၱန္ အရာ တာ၀န္ ယူ ပါသည္၊ အဖြဲ႔၀င္ သံဃာ ေတာ္ ( ၅၀၀ ) ျဖစ္ပါ သည္။ ၀ါေခါင္ လဆုပ္ ( ၅ ) က စတင္ က်င္းပကာ ( ၇ ) လ ၾကာ ပါသည္။ အေထာက္ အပံ႔ ဒကာေတာ္ သည္ အဇာ တသတ္ မင္း ျဖစ္ ပါသည္။ ( မွတ္ခ်က္ ။ ။ ဗုဒၶ ပရိနိဗၺာန္ ျပဳၿပီး ပထမ သဂၤါ ယနာ တင္ခ်ိန္ က စတင္ ၍ ( အဂၤလိပ္ လုိ - B.E ) သုန္း ကာ ဗုဒၶ သာသနာ ႏွစ္ ကုိ စတင္ ေရတြက္ ပါသည္။ “သဂၤါယနာ” ဟူသည္ စုေပါင္း ရြတ္ဆုိ ျခင္း ဟု အဓိပၸါယ္ ရပါ သည္။ )

ဘုရားရွင္ ေဟာၾကား ခဲ႔ေသာ ပိဋကတ္ ေတာ္ တုိ႔ကုိ အရွင္ မဟာ ကႆပ စေသာ မေထရ္ အဆက္ဆက္ တုိ႔ ဆက္ ကာ ဆက္ကာ ေဆာင္ယူ ထိန္းသိမ္း ခဲ႔တဲ႔ အစဥ္ အလာ ကုိ အစြဲျပဳ ၍ “ေထရိက”၊ ေနာက္ မေထရ္ အစဥ္ အဆက္ တုိ႔ ထိန္း သိမ္း ခဲ႔ေသာ ဗုဒၶ အယူ ၀ါဒ အေန အားျဖင္႔ “ေထရ ၀ါဒ သာသနာ” အျဖစ္ အမည္ တြင္ ခဲ႔ပါသည္။

ဒုတိယ သဂၤါယနာ -

( BC - 443 / B.E - 100 ) သာသနာႏွစ္ ( ၁၀၀ ) အေရာက္ မွာ ေ၀သာလီ ၿမိဳ႕၊ ၀ါဠဳကာ႐ုံ ေက်ာင္း မွာ ဒုတိယ သဂၤါ ယနာ တင္ ပါသည္။ ဦးေဆာင္ ဆရာေတာ္ သည္ အရွင္ ယသ ျဖစ္ ပါသည္။ အရွင္ သဗၺမိ မေထရ္ ႏွင္႔ အရွင္ ေရ၀တ မေထရ္ တုိ႔က အဓိက တာ၀န္ ယူ ကာ ပိဋကတ္ ေတာ္ မ်ား ကုိ ရြတ္ဆုိ ၾကပါ သည္။ အဖြဲ႔ ၀င္ သံဃာေတာ္ ( ၇၀၀ ) ျဖစ္ပါ သည္။ ( ၈ ) လ ၾကာပါ သည္။ အေထာက္ အပံ႔ ေပးေသာ ဒကာ သည္ ကာလာ ေသာက မင္း ျဖစ္ပါသည္။

တတိယ သဂၤါယနာ -

( BC - 249 / B.E - 300 ) သာသနာ ႏွစ္ ( ၃၀၀ ) အေရာက္ မွာ ပါဋလိ ပုတ္ ၿမိဳ႕ေတာ္၊ အေသာ ကာ ႐ုံ ေက်ာင္း ၌ ၏ တတိယ သဂၤါ ယနာ တင္ ပါသည္။ ဦးေဆာင္ ဆရာေတာ္ မွာ အရွင္ မဟာ ေမာဂၢလိ ပုတၱ တိႆ မေထရ္ ျဖစ္၍ အရွင္ မဟာ ကႆပ မေထရ္ ႏွင္႔ ကာက႑ ၏ သားျဖစ္ ေသာ အရွင္ ယသ မေထရ္ တုိ႔က အဓိက တာ၀န္ ယူ ေဆာင္ရြက္ ပါသည္။ အဖြဲ႔၀င္ သံဃာေတာ္ အေရ အတြက္ မွာ ( ၁၀၀၀ ) ျဖစ္ပါ သည္။ ဤ သံဂၤါ ယနာ တင္ပြဲ ၌ ၀ိနည္း ေရးရာ မ်ား ကုိ အဓိက ထားကာ ေဆြးေႏြး ျခင္း ျပဳလုပ္ ၾကပါသည္။ အေထာက္ အပံ႔ မင္း မွာ အေသာက မင္းႀကီး ျဖစ္ပါ သည္။ ဤ တတိယ သဂၤါ ယနာ သည္ ( ၉ ) လ ၾကာပါ သည္။

တတိယ သဂၤါ ယနာ တင္ၿပီး ခ်ိန္ ကစၿပီး ( ၉ ) တုိင္း ( ၉ ) ဌာန တုိ႔သုိ႔ အရွင္ မဟာ ေမာဂၢလိ ပုတၱ တိႆ မေထရ္ ႏွင္႔ အေသာက မင္းႀကီး တုိ႔ တာ၀န္ ယူ ကာ သာသနာ ျပဳ ေစလႊတ္ ေတာ္မူ ပါသည္။

( ၉ ) တုိင္း ( ၉ ) ဌာနႏွင္႔ သာသနာျပဳ မေထရ္ မ်ား -

၁။ ကသၼီရ ႏွင္႔ ဂႏၶာရ အရပ္ = အရွင္ မဇၥ်ႏၱိက မေထရ္ ဦးေဆာင္ ကာ ႂကြ။
၂။ မဟႎသက အရပ္ = အရွင္ မဟာ ေဒ၀ မေထရ္ ဦးေဆာင္ ကာ ႂကြ။
၃။ ၀န၀ါသိ အရပ္= အရွင္ ရကၡိတ မေထရ္ ဦးေဆာင္ ကာ ႂကြ။
၄။ အပရႏ ၱအရပ္ = အရွင္ ေယာနက ဓမၼ ရကၡိတ မေထရ္ ဦးေဆာင္ ကာ ႂကြ။
၅။ မဟာရ႒ အရပ္ = အရွင္ မဟာ ဓမၼ ရကၡိတ မေထရ္ ဦးေဆာင္ ကာ ႂကြ။
၆။ ေယာနက အရပ္ = အရွင္ မဟာ ရကၡိတ မေထရ္ ဦးေဆာင္ ကာ ႂကြ။
၇။ ဟိမ၀ႏ ၱာ အရပ္ = အရွင္ မဇၥ်ိမ မေထရ္ ဦးေဆာင္ ကာ ႂကြ။
၈။ သု၀ဏၰဘူမိ အရပ္ = အရွင္ ေသာဏ မေထရ္ ႏွင္႔ အရွင္ ဥတၱရ မေထရ္ တုိ႔ ဦးေဆာင္ ကာ ႂကြ။
၉။ တမၺပဏၰိ ( သီဟုိဠ္ ) အရပ္ = အရွင္ မဟိႏၵ မေထရ္ ဦးေဆာင္ ကာ ႂကြ။

စတုတၳ သဂၤါယနာ -

( B.C 94 / B.E 450 ) သာသနာ ေတာ္ သကၠရဇ္ ( ၄၅၀ ) အေရာက္ တြင္ သီဟုိဠ္၊ မလယ ဇနပုဒ္၊ အာေလာက လႈိဏ္ တြင္ စတုတၳ သဂၤါ ယနာ တင္ပါ သည္။ ဦးေဆာင္ ဆရာေတာ္ မွာ မဟာ ဓမၼ ရကၡိတ မေထရ္ ျဖစ္၍ အဖြဲ႔၀င္ ဆရာေတာ္ အေရ အတြက္ သည္ ( ၅၀၀ ) ျဖစ္ ပါသည္။ ( ၁ ) ႏွစ္ အခ်ိန္ ယူ ကာ သဂၤါ ယနာ တင္ခဲ႔ ၾကပါ သည္။ အေထာက္ အပံ့ ေပးေသာ ဒကာ သည္ ၀ဋၬ ဂါမဏိ မင္း ျဖစ္ ပါ သည္။ ဤ စတုတၳ သဂၤါ ယနာ တြင္ ပိဋကတ္ ေတာ္ မ်ား ကုိ ေပရြက္ တြင္ အကၡရာ ေရးျခင္း ျဖင္႔ သဂၤါ ယနာ တင္ခဲ႔ ၾကပါ သည္။

ႏုိင္ငံမ်ား ႏွင္႔ ဗုဒၶ သာသနာ ေရာက္ရွိ ပုံ -

ဗုဒၶ ဘာသာ နဲ႔ ျမန္မာ ႏုိင္ငံ -
ျမန္မာ ႏုိင္ငံ မွာ 3rd Century A.D - တြင္ ဗုဒၶ သာသနာ စတင္ ေရာက္ရွိ ပါသည္။

ဗုဒၶ ဘာသာ နဲ႔ တ႐ုတ္ ႏုိင္ငံ -
တ႐ုတ္ ႏုိင္ငံ မွာ 1st Century A.D - တြင္ ဗုဒၶ ဘာသာ စတင္ ေရာက္ရွိ ပါသည္။

ဗုဒၶ ဘာသာ နဲ႔ ဗီယက္နမ္ ႏုိင္ငံ -
ဗီယက္နမ္ ႏုိင္ငံ မွာ A.D 189 - တြင္ ဗုဒၶ ဘာသာ စတင္ ေရာက္ရွိ ပါ သည္။ တ႐ုတ္ မွ တဆင္႔ ေရာက္ရွိ ျခင္း ျဖစ္ပါ သည္။

ဗုဒၶ ဘာသာ ႏွင္႔ ကုိရီးယား ႏုိင္ငံ -
ကုိရီးယား ႏုိင္ငံ မွာ A.D 372 - ႏွစ္ တြင္ ဗုဒၶ ဘာသာ စတင္ ေရာက္ရွိ ပါသည္။

ဗုုဒၶဘာသာ ႏွင္႔ ဂ်ပန္ ႏုိင္ငံ -
ဂ်ပန္ ႏုိင္ငံ သုိ႔ A.D ၅၅၂၊ သာသနာ ေတာ္ႏွစ္ - ၁၀၉၅ - တြင္ ဗုဒၶ သာသနာ စတင္ ေရာက္ရွိ ပါသည္။

ဗုဒၶ ဘာသာ ႏွင္႔ ကေမၻာဒီယား ႏုိင္ငံ -
ကေမၻာဒီးယား ႏုိင္ငံ သုိ႔ A.D - ၅ - ရာစု တြင္ ဗုဒၶ ဘာသာ စတင္ ေရာက္ရွိ ပါသည္။

ဗုဒၶ ဘာသာ ႏွင္႔ ထုိင္း ႏုိင္ငံ -
ထုိင္း ႏုိင္ငံ သုိ႔ A.D - ၆ - ရာစု၊ သာသနာ ေတာ္ႏွစ္ - ၁၃၀၀ - တြင္ ဗုဒၶ သာသနာ စတင္ ေရာက္ရွိ ပါသည္။

ဗုဒၶ ဘာသာ ႏွင္႔ အင္ဒုိနီးရွား ႏုိင္ငံ -
အင္ဒုိနီးရွား ႏုိင္ငံ သုိ႔ A.D - ၆ - ရာစု တြင္ ဗုဒၶ သာသနာ ေရာက္ရွိ ပါသည္။

ဗုဒၶ ဘာသာ ႏွင္႔ တိဗက္ ႏုိင္ငံ-
တိဗက္ ႏုိင္ငံ သုိ႔ A.D - ၇ - ရာစု တြင္ ဗုဒၶ သာသနာ စတင္ ေရာက္ရွိ ပါသည္။

ဗုဒၶ ဘာသာ ႏွင္႔ ႐ုရွား ႏုိင္ငံ-
႐ုရွား ႏုိင္ငံ သုိ႔ A.D - ၁၇ - ရာစု တြင္ ဗုဒၶ သာသနာ စတင္ ေရာက္ရွိ ပါသည္။

အိႏၵိယ ႏုိင္ငံ ႏွင္႔ ဗုဒၶ သာသနာ -
အိႏၵိယ ႏုိင္ငံ တြင္ A.D - ၆ - ရာစု ေလာက္က စၿပီး ဗုဒၶ သာသနာ တေျဖးေျဖး ကြယ္ေပ်ာက္ သြားခဲ႔ ပါသည္။

ျမန္မာ ႏုိင္ငံ ပုဂံ ဗုဒၶ သာသနာ -
ျမန္မာ ႏုိင္ငံ ပုဂံ သုိ႔ A.D - ၁၁ - ရာစု ေလာက္တြင္ ဗုဒၶ သာသနာ ေရာက္ရွိ ပါသည္။ အရွင္ အရဟံ ႏွင္႔ အေနာ္ရထာ မင္းႀကီး တုိ႔ ဦးစီး ကာ ျမန္မာ ျပည္ ဗုဒၶ သာသနာ ပုိမုိ စည္ပင္ ျပန္႔ပြား ေအာင္ လုပ္ေဆာင္ ခဲ႔ ၾက ပါသည္။

ပဥၥမ သဂၤါယနာ -

A.D - ၁၈၇၁ / ဗုဒၶ သာသနာ ေတာ္ ႏွစ္ -၂၄၁၅ -ခု / ျမန္မာ သကၠရစ္ - ၁၂၃၂ -ခုႏွစ္၊ တန္ေဆာင္ မုန္း လ တြင္ ျမန္မာ ႏုိင္ငံ၊ မႏၱေလး ေတာင္ေျခ တြင္ ပဥၥမ သဂၤါယနာ တင္ ပါသည္။ ဦးေဆာင္ ဆရာေတာ္ မွာ မႏၱေလး၊ ဒကၡိဏာ ရာမ ေက်ာင္းတုိက္ ဆရာေတာ္ အရွင္ ဇာဂရာ ဘိ၀ံသ မေထရ္ ျဖစ္၍၊ အဖြဲ႔၀င္ ဆရာေတာ္ အေရ အတြက္ မွာ ၂၄၀၀ - ျဖစ္ပါ သည္။ အေထာက္ အပံ႔ ဒကာ မွာ မင္းတုန္း မင္း ႀကီး ျဖစ္ပါ သည္။ ဤ ပဥၥမ သဂၤါယနာ တြင္ ပိဋကတ္ ေတာ္ မ်ား ကုိ ေက်ာက္ ထက္ အကၡရာ တင္ျခင္း ျဖင္႔ သဂၤါ ယနာ တင္ခဲ႔ ၾကပါ သည္။ ေက်ာက္ ခ်ပ္ ေရ - ၇၂၉ - ခ်ပ္ ရွိပါသည္။ ေက်ာက္ ထက္ အကၡရာ တင္ရာ ၌ ၾကာခ်ိန္ မွာ ( ၇ ) ႏွစ္၊ ( ၆ ) လ ႏွင္႔ ( ၁၄ ) ရက္ ၾကာပါ သည္။

ဗုဒၶ သာသနာ ေတာ္ အလံ ႏွင္႔ သမုိင္း -
A.D - ၁၈၈၀ - ခုႏွစ္ တြင္ ဗုဒၶ သာသနာ႔ အလံ ကုိ အေမရိကန္ ႏုိင္ငံသား စစ္ဗုိလ္ႀကီး - Henry Steel Olcott - က စတင္ တီထြင္ ခဲ႔ျခင္း ျဖစ္ပါ သည္။

အဂၤလန္ ႏုိင္ငံ ၌ ပထမ ဆုံး ေသာ ဗုဒၶ သာသနာ႔ အဖြဲ႔အစည္း -
A.D - ၁၈၈၁ - ခုႏွစ္ တြင္ အဂၤလန္ ႏုိင္ငံ တြင္ - ပါဠိ က်မ္းစာ အဖြဲ႔ အစည္း - ဆုိၿပီး ပထမ ဆုံး ေသာ ပိဋကတ္ အဖြဲ႔ အစည္း အဂၤလန္ ႏုိင္ငံ တြင္ စတင္ ေပၚေပါက္ ခဲ႔ ပါသည္။ တည္ေထာင္ သူ မွာ - T.W. Rhys Davids - ျဖစ္ပါ သည္။ သူသည္ မူရင္း ခရစ္စ္ ယာန္ ဘာသာ ၀င္ ျဖစ္ ပါသည္။

ဗုဒၶ ဘာသာ အိႏၵိယ ႏုိင္ငံ တြင္ ျပန္လည္ ေမြးဖြား ျခင္း -
A.D - ၁၈၉၁ - ခုႏွစ္ တြင္ သီရိ လကၤာ ႏုိင္ငံ မွ အနာ ဂါရိက ဓမၼပါလ သူေတာင္စင္ ႀကီး ဦးေဆာင္ ကာ အိႏိၵယ ႏုိင္ငံ၊ ဗုဒၶ ဂယာ မွာ မဟာ ေဗာဓိ အဖြဲ႔ အစည္း ဆုိၿပီး ဗုဒၶ ဘာသာ ျပန္လည္ တည္ေထာင္ ပါ သည္။ A.D - ၁၉၅၆ - ခု တြင္ အိႏိၵယ ႏုိင္ငံသား Dr. B.R Ambedkar - ဦးေဆာင္ ၿပီး အိႏိၵယ ႏုိင္ငံ တြင္ ဗုဒၶ သာသနာ ပုိမုိ ျပန္႔ပြား ေအာင္ လုပ္ေဆာင္ ခဲ႔ ပါ သည္။ ၁၉၅၆ - ခု၊ ေအာက္တုိဘာ - ၁၄ - ရက္ တြင္ အိႏိၵယ ႏုိင္ငံ သား ( ၁ ) သန္း ခန္႔ ဗုဒၶဘာသာ အျဖစ္ သုိ႔ ကူးေျပာင္း ၾက ပါသည္။

ဆ႒ သဂၤါယနာ -

A.D ၁၉၅၄ - ၅၆ / ဗုဒၶ သာသနာ ေတာ္ ႏွစ္ ၂၄၉၈ - ခု၊ ျမန္မာ သကၠရဇ္ ၁၃၁၆ - ခု၊ ကဆုန္ လျပည့္ ေန႔ တြင္ ျမန္မာ ႏုိင္ငံ၊ ရန္ကုန္ ၿမိဳ႕၊ ကမၻာ ေအး၊ မဟာ ပါသာဏ လႈိဏ္ဂူ ၌ ဆ႒ သဂၤါ ယနာ တင္ ပါသည္။ ဦးေဆာင္ ဆရာေတာ္ မွာ ေညာင္ရမ္း ဆရာေတာ္ အရွင္ ေရ၀တ မေထရ္ ျဖစ္၍၊ အဓိက တာ၀န္ ယူ ရြတ္ဖတ္ သရဇၥ်ာယ္ ေသာ မေထရ္ မ်ား မွာ မဟာစည္ ဆရာေတာ္ ႏွင္႔ မင္းကြန္း ဆရာေတာ္ တုိ႔ ျဖစ္ ပါသည္။ အဖြဲ႔၀င္ ဆရာေတာ္ အေရ အတြက္ မွာ ေထရ၀ါဒ ( ၅ )ႏုိင္ငံ ( သီရိလကၤာ၊ ျမန္မာ၊ ထုိင္း၊ ေလာ၊ ကေမၻာဒီယား ) တုိ႔မွ ( ၂၅၀၀ ) ေသာ မေထရ္ တုိ႔ ျဖစ္ပါ သည္။ အျခား ေသာ ႏုိင္ငံ ( ၂၄ ) ႏုိင္ငံ တုိ႔မွ လည္း အကူ အညီ မ်ား ေပးၾက ပါသည္။ အေထာက္ အပံ႔ ဒကာ မွာ ၀န္ႀကီး ခ်ဳပ္ ဦးႏု ႏွင္႔ ျမန္မာ ျပည္သူ၊ ျပည္သား မ်ား ျဖစ္ ပါသည္။ ( မွတ္ခ်က္ ။ ။ ဤ ဆ႒ သဂၤါယနာ တင္ပြဲ မွာ ပါဠိေတာ္ တင္ မက အ႒ ကထာ၊ ဋီကာ မ်ား ကုိပါ ျပန္လည္ စစ္ေဆး ဆုံးျဖတ္ ျခင္း ျဖင္႔ သဂၤါ ယနာ တင္ျခင္း ျဖစ္ပါ သည္။ )

အိႏၵိယ ႏုိင္ငံ ႏွင္႔ ၀ိပႆနာ -
A.D - ၁၉၆၅ ၊ ဗုဒၶ သာသနာ ေတာ္ ႏွစ္ - ၂၅၁၂ - ခုႏွစ္ တြင္ ဆရာႀကီး ဦး ဂုိအင္ကာ ဦးေဆာင္ ၿပီး အိႏၵိယ ႏုိင္ငံ တြင္ ဗုဒၶ ဘာသာ ၀ိပႆနာ တရား ျပန္လည္ အျမစ္ တြယ္ေအာင္ လုပ္ေဆာင္ ပါသည္။

ပထမ ဆုံးေသာ ဗုဒၶ ဘာသာ ၀က္ဘ္ဆုိက္ -
A.D - ၁၉၉၈ - ေမလ တြင္ Nibbana.com - ဟူေသာ ပထမ ဆုံး ဗုဒၶဘာသာ ၀က္ဘ္ဆုိက္ ကုိ အဂၤလန္ ႏုိင္ငံ ကေန ဖန္တီး ႏုိင္ခဲ႔ ပါသည္။

အာဖဂန္နစၥတန္ မွ ( Bamiyan ) ဗမီယန္ ဗုဒၶ ဆင္းတု ေတာ္ -
A.D - ၂၀၀၁၊ မတ္လ တြင္ အာဖဂန္နစၥတန္ မွ ကမၻာ႔ အံဖြယ္ ရပ္ေတာ္မူ ဗုဒၶ ဆင္းတု ေတာ္ အား တာလီဘန္ တုိ႔ ၏ ဖ်က္ဆီး ျခင္း ကုိ ခံခဲ႔ ရပါ သည္။

မွာ ပါရေစ ။ ။ အထက္ ပါ ဗုဒၶ၀င္ ( သုိ႔ ) ဗုဒၶ ဘာသာ အေၾကာင္း သိေကာင္း စရာ အက်ဥ္း သည္ " ေမေမ႔ လျပည့္၀န္း ေလး " စုစည္း ထားေသာ ဗုဒၶ ဘာသာ နဲ႔ ပတ္သက္ တဲ႔ အခ်က္ အလက္ မ်ား ကုိ တင္ျပ ျခင္း ျဖစ္ပါသည္။ တခ်ိဳ႕ ေနရာ မ်ား မွာ မူကြဲ စသည္ အားျဖင္႔ ကြဲလြဲ ေနျခင္း ရွိေကာင္း ရွိႏုိင္ ပါသည္။ အခု " ေမေမ႔ လျပည့္၀န္း ေလး " တင္ျပ တဲ႔ မူ သည္ ေထရ ၀ါဒ မေထရ္ မ်ား လက္ခံ ထားေသာ ဘီစီ၊ ေအဒီ ႏွစ္ မ်ား ျဖစ္ ပါ သည္။
U Thar Myat ( ဦး သာျမတ္ )
#Unicode Version#
ဗုဒ္ဓဘာသာ တို့ အတွက် သိသင့် သိထိုက် တဲ့ ဗုဒ္ဓဝင် အကျဉ်း ( သို့ ) ဗုဒ္ဓ ဘာသာ အကြောင်း သိကောင်း စရာ အကျဉ်း လေး ပါ။ သိလို သူများ အတွက် ရည်ရွယ် ကာ ရေးသား ပူဇော် လိုက်ပါသည်။

ဘုရား အလောင်း တော် သည် - ၆၂၄ - ဘီစီ တွင် ( မြန်မာ လလို - ဝါဆို လပြည့်၊ ကြာသာပတေး နေ့ တွင် ) မယ်တော် မာယာ ဝမ်းကြာ တိုက် တွင် သန္ဓေယူ ပါသည်။ ဘုရားလောင်း သည် - ၆၂၃ - ဘီစီ၊ ( မြန်မာ လလို - ကဆုန် လပြည့်၊ သောကြာ နေ့ ) တွင် နီပေါ နိုင်ငံ၊ လုမ္ဗိနီ ဥယျာဉ် ၌ မယ်တော် မာယာ ဒေဝီ၊ ခမည်းတော် သုဒ္ဓေါ ဒန မင်းကြီး တို့မှ မွေးဖွား ခဲ့ ပါသည်။ ဘုရား လောင်း နာမည် မှာ သိဒ္ဓတ္ထ ဖြစ်ပါ သည်။ ၁၆ - နှစ် မှ ၂၉ နှစ် အထိ နန်း စည်းစိမ် ကို ခံစား ပါသည်။

ဘီစီ - ၅၉၄ - ( မြန်မာ လ လို - ဝါဆို လပြည့်၊ တနင်္လာ နေ့ ) တွင် အိမ်ရာ တည်ထောင် လူ့ဘောင် ခွါ ကာ တောထွက် တော်မူ ပါသည်။ ( သက်တော် ၂၉ - နှစ် အရွယ် ဖြစ် ပါသည်။ )

၂၉ - နှစ် မှ ၃၅ - နှစ် အထိ ဒုက္ကရ စရိယာ - ပင်ပန်းသော အကျင့် ကျင့် ခဲ့ ရပါ သည်။ ဘီစီ - ၅၈၈ - ( မြန်မာ လလို - ကဆုန် လပြည့်၊ ဗုဒ္ဓဟူး နေ့ ) တွင် သဗ္ဗညုတ ဉာဏ်တော် ကို ရရှိ တော်မူ ပါသည်။ ( သက်တော် ၃၅ - နှစ် အရွယ် ဖြစ်ပါ သည်။ )

၎င်းဘီစီ - ၅၈၈ - ( မြန်မာ လလို - ဝါဆို လပြည့် စနေနေ့ ) တွင် ပထမ ဆုံး သော ဓမ္မစကြာ သုတ်တော် ကို ဗာရာဏသီ မြို့အနီး မိဂဒါ ဝုန် တော မှာ ဟောတော် မူ ပါသည်။ ( မှတ်ချက် ။ ။ ဗုဒ္ဓဂယာ နှင့် မိဂဒါ ဝုန်တော သည် - ၁၈ - ယူဇနာ / မိုင် အားဖြင့် - ၁၄၄ - မိုင် ဝေးပါ သည်။ )

ဓမ္မစကြာ တရားပွဲ မှာ လူသား အနေနဲ့ ပဉ္စဝဂ္ဂီ ငါးဦး သာ ပါဝင် ပါသည်။ ၎င်း တရားပွဲ မှာ အရှင် ကောဏ္ဍည သည် အရုဏ် မတတ် မီ သောတာပန် တည်ပါ သည်။
နောက် ဆက်လက် ပြီး ဘုရားရှင် က - အနတ္တ လက္ခဏ သုတ်ကို ဟောသော အခါ ပဉ္စဝဂ္ဂီ ရဟန်း တော် ငါးဦး စလုံး ရဟန္တာ ဖြစ်တော်မူ ကြပါ သည်။

ဘီစီ - ၅၈၈ - တွင် ဘုရားရှင် သည် ပထမဆုံး သာသနာ ပြု ခရီးစဉ် ကို စတင် ခဲ့ပါသည်။

ဘီစီ - ၅၄၃ - ( မြန်မာ လလို - ကဆုန် လပြည့်၊ အင်္ဂါ နေ့ ) တွင် ဘုရား ရှင် သက်တော် ( ၈၀ )၊ ဝါတော် ( ၄၅ ) တွင် ကုသိနာရုံ၊ အင်ကြင်း တော ၌ ပရိနိဗ္ဗာန် ပြုတော်မူ ပါသည်။ ကဆုန် လဆုပ် ( ၅ ) ရက်၊ တနင်္ဂနွေနေ့ တွင် အလောင်း တော် ကို မီး ပူဇော် ပါ သည်။

ပထမ သင်္ဂါယနာ -

ဘုရားရှင် သက်တော် ( ၃၅ - မှ - ၈၀ ) အတွင်း၊ ဝါတော် အနေ အားဖြင့် ( ၄၅ ) ဝါ အတွင်း ဟောကြား ခဲ့သော ပိဋကတ် တော်များ ကို တစ်စု တစ်ဝေး တည်း စီစဉ် ဖို့ရန် ဘုရားရှင် ပရိနိဗ္ဗာန် ပြုပြီး တစ်လ အကြာ - ဘီစီ - ၅၄၃ - မှာ ပထမ ဆုံး သင်္ဂါယနာ ကို ရာဇဂြိုလ် မြို့၊ သတ္တပဏ္ဏိ လှိုဏ်ဂူ ၌ ပိဋကတ်တော် များ ကို စုပေါင်း ရွတ်ဆိုခြင်း ဟူသော သင်္ဂါယနာ တင်ကြ ပါသည်။ ပထမ သင်္ဂါယနာ တင်ပွဲ မှာ ဦးဆောင် ဆရာတော် သည် အရှင် မဟာ ကဿပ ဖြစ်၍ အရှင် ဥပါလိ မထေရ် က ဝိနည်း အရာ တာဝန်ယူ ၍၊ အရှင် အာနန္ဒာ က သုတ္တန် အရာ တာဝန် ယူ ပါသည်၊ အဖွဲ့ဝင် သံဃာ တော် ( ၅၀၀ ) ဖြစ်ပါ သည်။ ဝါခေါင် လဆုပ် ( ၅ ) က စတင် ကျင်းပကာ ( ၇ ) လ ကြာ ပါသည်။ အထောက် အပံ့ ဒကာတော် သည် အဇာ တသတ် မင်း ဖြစ် ပါသည်။ ( မှတ်ချက် ။ ။ ဗုဒ္ဓ ပရိနိဗ္ဗာန် ပြုပြီး ပထမ သင်္ဂါ ယနာ တင်ချိန် က စတင် ၍ ( အင်္ဂလိပ် လို - B.E ) သုန်း ကာ ဗုဒ္ဓ သာသနာ နှစ် ကို စတင် ရေတွက် ပါသည်။ “သင်္ဂါယနာ” ဟူသည် စုပေါင်း ရွတ်ဆို ခြင်း ဟု အဓိပ္ပါယ် ရပါ သည်။ )

ဘုရားရှင် ဟောကြား ခဲ့သော ပိဋကတ် တော် တို့ကို အရှင် မဟာ ကဿပ စသော မထေရ် အဆက်ဆက် တို့ ဆက် ကာ ဆက်ကာ ဆောင်ယူ ထိန်းသိမ်း ခဲ့တဲ့ အစဉ် အလာ ကို အစွဲပြု ၍ “ထေရိက”၊ နောက် မထေရ် အစဉ် အဆက် တို့ ထိန်း သိမ်း ခဲ့သော ဗုဒ္ဓ အယူ ဝါဒ အနေ အားဖြင့် “ထေရ ဝါဒ သာသနာ” အဖြစ် အမည် တွင် ခဲ့ပါသည်။

ဒုတိယ သင်္ဂါယနာ -

( BC - 443 / B.E - 100 ) သာသနာနှစ် ( ၁၀၀ ) အရောက် မှာ ဝေသာလီ မြို့၊ ဝါဠုကာရုံ ကျောင်း မှာ ဒုတိယ သင်္ဂါ ယနာ တင် ပါသည်။ ဦးဆောင် ဆရာတော် သည် အရှင် ယသ ဖြစ် ပါသည်။ အရှင် သဗ္ဗမိ မထေရ် နှင့် အရှင် ရေဝတ မထေရ် တို့က အဓိက တာဝန် ယူ ကာ ပိဋကတ် တော် များ ကို ရွတ်ဆို ကြပါ သည်။ အဖွဲ့ ဝင် သံဃာတော် ( ၇၀၀ ) ဖြစ်ပါ သည်။ ( ၈ ) လ ကြာပါ သည်။ အထောက် အပံ့ ပေးသော ဒကာ သည် ကာလာ သောက မင်း ဖြစ်ပါသည်။

တတိယ သင်္ဂါယနာ -

( BC - 249 / B.E - 300 ) သာသနာ နှစ် ( ၃၀၀ ) အရောက် မှာ ပါဋလိ ပုတ် မြို့တော်၊ အသော ကာ ရုံ ကျောင်း ၌ ၏ တတိယ သင်္ဂါ ယနာ တင် ပါသည်။ ဦးဆောင် ဆရာတော် မှာ အရှင် မဟာ မောဂ္ဂလိ ပုတ္တ တိဿ မထေရ် ဖြစ်၍ အရှင် မဟာ ကဿပ မထေရ် နှင့် ကာကဏ္ဍ ၏ သားဖြစ် သော အရှင် ယသ မထေရ် တို့က အဓိက တာဝန် ယူ ဆောင်ရွက် ပါသည်။ အဖွဲ့ဝင် သံဃာတော် အရေ အတွက် မှာ ( ၁၀၀၀ ) ဖြစ်ပါ သည်။ ဤ သံင်္ဂါ ယနာ တင်ပွဲ ၌ ဝိနည်း ရေးရာ များ ကို အဓိက ထားကာ ဆွေးနွေး ခြင်း ပြုလုပ် ကြပါသည်။ အထောက် အပံ့ မင်း မှာ အသောက မင်းကြီး ဖြစ်ပါ သည်။ ဤ တတိယ သင်္ဂါ ယနာ သည် ( ၉ ) လ ကြာပါ သည်။

တတိယ သင်္ဂါ ယနာ တင်ပြီး ချိန် ကစပြီး ( ၉ ) တိုင်း ( ၉ ) ဌာန တို့သို့ အရှင် မဟာ မောဂ္ဂလိ ပုတ္တ တိဿ မထေရ် နှင့် အသောက မင်းကြီး တို့ တာဝန် ယူ ကာ သာသနာ ပြု စေလွှတ် တော်မူ ပါသည်။

( ၉ ) တိုင်း ( ၉ ) ဌာနနှင့် သာသနာပြု မထေရ် များ -

၁။ ကသ္မီရ နှင့် ဂန္ဓာရ အရပ် = အရှင် မဇ္ဈန္တိက မထေရ် ဦးဆောင် ကာ ကြွ။
၂။ မဟိံသက အရပ် = အရှင် မဟာ ဒေ၀ မထေရ် ဦးဆောင် ကာ ကြွ။
၃။ ဝနဝါသိ အရပ်= အရှင် ရက္ခိတ မထေရ် ဦးဆောင် ကာ ကြွ။
၄။ အပရန ္တအရပ် = အရှင် ယောနက ဓမ္မ ရက္ခိတ မထေရ် ဦးဆောင် ကာ ကြွ။
၅။ မဟာရဋ္ဌ အရပ် = အရှင် မဟာ ဓမ္မ ရက္ခိတ မထေရ် ဦးဆောင် ကာ ကြွ။
၆။ ယောနက အရပ် = အရှင် မဟာ ရက္ခိတ မထေရ် ဦးဆောင် ကာ ကြွ။
၇။ ဟိမဝန ္တာ အရပ် = အရှင် မဇ္ဈိမ မထေရ် ဦးဆောင် ကာ ကြွ။
၈။ သုဝဏ္ဏဘူမိ အရပ် = အရှင် သောဏ မထေရ် နှင့် အရှင် ဥတ္တရ မထေရ် တို့ ဦးဆောင် ကာ ကြွ။
၉။ တမ္ဗပဏ္ဏိ ( သီဟိုဠ် ) အရပ် = အရှင် မဟိန္ဒ မထေရ် ဦးဆောင် ကာ ကြွ။

စတုတ္ထ သင်္ဂါယနာ -

( B.C 94 / B.E 450 ) သာသနာ တော် သက္ကရဇ် ( ၄၅၀ ) အရောက် တွင် သီဟိုဠ်၊ မလယ ဇနပုဒ်၊ အာလောက လှိုဏ် တွင် စတုတ္ထ သင်္ဂါ ယနာ တင်ပါ သည်။ ဦးဆောင် ဆရာတော် မှာ မဟာ ဓမ္မ ရက္ခိတ မထေရ် ဖြစ်၍ အဖွဲ့ဝင် ဆရာတော် အရေ အတွက် သည် ( ၅၀၀ ) ဖြစ် ပါသည်။ ( ၁ ) နှစ် အချိန် ယူ ကာ သင်္ဂါ ယနာ တင်ခဲ့ ကြပါ သည်။ အထောက် အပံ့ ပေးသော ဒကာ သည် ဝဋ္ဋ ဂါမဏိ မင်း ဖြစ် ပါ သည်။ ဤ စတုတ္ထ သင်္ဂါ ယနာ တွင် ပိဋကတ် တော် များ ကို ပေရွက် တွင် အက္ခရာ ရေးခြင်း ဖြင့် သင်္ဂါ ယနာ တင်ခဲ့ ကြပါ သည်။

နိုင်ငံများ နှင့် ဗုဒ္ဓ သာသနာ ရောက်ရှိ ပုံ -

ဗုဒ္ဓ ဘာသာ နဲ့ မြန်မာ နိုင်ငံ -
မြန်မာ နိုင်ငံ မှာ 3rd Century A.D - တွင် ဗုဒ္ဓ သာသနာ စတင် ရောက်ရှိ ပါသည်။

ဗုဒ္ဓ ဘာသာ နဲ့ တရုတ် နိုင်ငံ -
တရုတ် နိုင်ငံ မှာ 1st Century A.D - တွင် ဗုဒ္ဓ ဘာသာ စတင် ရောက်ရှိ ပါသည်။

ဗုဒ္ဓ ဘာသာ နဲ့ ဗီယက်နမ် နိုင်ငံ -
ဗီယက်နမ် နိုင်ငံ မှာ A.D 189 - တွင် ဗုဒ္ဓ ဘာသာ စတင် ရောက်ရှိ ပါ သည်။ တရုတ် မှ တဆင့် ရောက်ရှိ ခြင်း ဖြစ်ပါ သည်။

ဗုဒ္ဓ ဘာသာ နှင့် ကိုရီးယား နိုင်ငံ -
ကိုရီးယား နိုင်ငံ မှာ A.D 372 - နှစ် တွင် ဗုဒ္ဓ ဘာသာ စတင် ရောက်ရှိ ပါသည်။

ဗုဒ္ဓဘာသာ နှင့် ဂျပန် နိုင်ငံ -
ဂျပန် နိုင်ငံ သို့ A.D ၅၅၂၊ သာသနာ တော်နှစ် - ၁၀၉၅ - တွင် ဗုဒ္ဓ သာသနာ စတင် ရောက်ရှိ ပါသည်။

ဗုဒ္ဓ ဘာသာ နှင့် ကမ္ဘောဒီယား နိုင်ငံ -
ကမ္ဘောဒီးယား နိုင်ငံ သို့ A.D - ၅ - ရာစု တွင် ဗုဒ္ဓ ဘာသာ စတင် ရောက်ရှိ ပါသည်။

ဗုဒ္ဓ ဘာသာ နှင့် ထိုင်း နိုင်ငံ -
ထိုင်း နိုင်ငံ သို့ A.D - ၆ - ရာစု၊ သာသနာ တော်နှစ် - ၁၃၀၀ - တွင် ဗုဒ္ဓ သာသနာ စတင် ရောက်ရှိ ပါသည်။

ဗုဒ္ဓ ဘာသာ နှင့် အင်ဒိုနီးရှား နိုင်ငံ -
အင်ဒိုနီးရှား နိုင်ငံ သို့ A.D - ၆ - ရာစု တွင် ဗုဒ္ဓ သာသနာ ရောက်ရှိ ပါသည်။

ဗုဒ္ဓ ဘာသာ နှင့် တိဗက် နိုင်ငံ-
တိဗက် နိုင်ငံ သို့ A.D - ၇ - ရာစု တွင် ဗုဒ္ဓ သာသနာ စတင် ရောက်ရှိ ပါသည်။

ဗုဒ္ဓ ဘာသာ နှင့် ရုရှား နိုင်ငံ-
ရုရှား နိုင်ငံ သို့ A.D - ၁၇ - ရာစု တွင် ဗုဒ္ဓ သာသနာ စတင် ရောက်ရှိ ပါသည်။

အိန္ဒိယ နိုင်ငံ နှင့် ဗုဒ္ဓ သာသနာ -
အိန္ဒိယ နိုင်ငံ တွင် A.D - ၆ - ရာစု လောက်က စပြီး ဗုဒ္ဓ သာသနာ တဖြေးဖြေး ကွယ်ပျောက် သွားခဲ့ ပါသည်။

မြန်မာ နိုင်ငံ ပုဂံ ဗုဒ္ဓ သာသနာ -
မြန်မာ နိုင်ငံ ပုဂံ သို့ A.D - ၁၁ - ရာစု လောက်တွင် ဗုဒ္ဓ သာသနာ ရောက်ရှိ ပါသည်။ အရှင် အရဟံ နှင့် အနော်ရထာ မင်းကြီး တို့ ဦးစီး ကာ မြန်မာ ပြည် ဗုဒ္ဓ သာသနာ ပိုမို စည်ပင် ပြန့်ပွား အောင် လုပ်ဆောင် ခဲ့ ကြ ပါသည်။

ပဉ္စမ သင်္ဂါယနာ -

A.D - ၁၈၇၁ / ဗုဒ္ဓ သာသနာ တော် နှစ် -၂၄၁၅ -ခု / မြန်မာ သက္ကရစ် - ၁၂၃၂ -ခုနှစ်၊ တန်ဆောင် မုန်း လ တွင် မြန်မာ နိုင်ငံ၊ မန္တလေး တောင်ခြေ တွင် ပဉ္စမ သင်္ဂါယနာ တင် ပါသည်။ ဦးဆောင် ဆရာတော် မှာ မန္တလေး၊ ဒက္ခိဏာ ရာမ ကျောင်းတိုက် ဆရာတော် အရှင် ဇာဂရာ ဘိဝံသ မထေရ် ဖြစ်၍၊ အဖွဲ့ဝင် ဆရာတော် အရေ အတွက် မှာ ၂၄၀၀ - ဖြစ်ပါ သည်။ အထောက် အပံ့ ဒကာ မှာ မင်းတုန်း မင်း ကြီး ဖြစ်ပါ သည်။ ဤ ပဉ္စမ သင်္ဂါယနာ တွင် ပိဋကတ် တော် များ ကို ကျောက် ထက် အက္ခရာ တင်ခြင်း ဖြင့် သင်္ဂါ ယနာ တင်ခဲ့ ကြပါ သည်။ ကျောက် ချပ် ရေ - ၇၂၉ - ချပ် ရှိပါသည်။ ကျောက် ထက် အက္ခရာ တင်ရာ ၌ ကြာချိန် မှာ ( ၇ ) နှစ်၊ ( ၆ ) လ နှင့် ( ၁၄ ) ရက် ကြာပါ သည်။

ဗုဒ္ဓ သာသနာ တော် အလံ နှင့် သမိုင်း -
A.D - ၁၈၈၀ - ခုနှစ် တွင် ဗုဒ္ဓ သာသနာ့ အလံ ကို အမေရိကန် နိုင်ငံသား စစ်ဗိုလ်ကြီး - Henry Steel Olcott - က စတင် တီထွင် ခဲ့ခြင်း ဖြစ်ပါ သည်။

အင်္ဂလန် နိုင်ငံ ၌ ပထမ ဆုံး သော ဗုဒ္ဓ သာသနာ့ အဖွဲ့အစည်း -
A.D - ၁၈၈၁ - ခုနှစ် တွင် အင်္ဂလန် နိုင်ငံ တွင် - ပါဠိ ကျမ်းစာ အဖွဲ့ အစည်း - ဆိုပြီး ပထမ ဆုံး သော ပိဋကတ် အဖွဲ့ အစည်း အင်္ဂလန် နိုင်ငံ တွင် စတင် ပေါ်ပေါက် ခဲ့ ပါသည်။ တည်ထောင် သူ မှာ - T.W. Rhys Davids - ဖြစ်ပါ သည်။ သူသည် မူရင်း ခရစ်စ် ယာန် ဘာသာ ဝင် ဖြစ် ပါသည်။

ဗုဒ္ဓ ဘာသာ အိန္ဒိယ နိုင်ငံ တွင် ပြန်လည် မွေးဖွား ခြင်း -
A.D - ၁၈၉၁ - ခုနှစ် တွင် သီရိ လင်္ကာ နိုင်ငံ မှ အနာ ဂါရိက ဓမ္မပါလ သူတောင်စင် ကြီး ဦးဆောင် ကာ အိန္ဒိယ နိုင်ငံ၊ ဗုဒ္ဓ ဂယာ မှာ မဟာ ဗောဓိ အဖွဲ့ အစည်း ဆိုပြီး ဗုဒ္ဓ ဘာသာ ပြန်လည် တည်ထောင် ပါ သည်။ A.D - ၁၉၅၆ - ခု တွင် အိန္ဒိယ နိုင်ငံသား Dr. B.R Ambedkar - ဦးဆောင် ပြီး အိန္ဒိယ နိုင်ငံ တွင် ဗုဒ္ဓ သာသနာ ပိုမို ပြန့်ပွား အောင် လုပ်ဆောင် ခဲ့ ပါ သည်။ ၁၉၅၆ - ခု၊ အောက်တိုဘာ - ၁၄ - ရက် တွင် အိန္ဒိယ နိုင်ငံ သား ( ၁ ) သန်း ခန့် ဗုဒ္ဓဘာသာ အဖြစ် သို့ ကူးပြောင်း ကြ ပါသည်။

ဆဋ္ဌ သင်္ဂါယနာ -

A.D ၁၉၅၄ - ၅၆ / ဗုဒ္ဓ သာသနာ တော် နှစ် ၂၄၉၈ - ခု၊ မြန်မာ သက္ကရဇ် ၁၃၁၆ - ခု၊ ကဆုန် လပြည့် နေ့ တွင် မြန်မာ နိုင်ငံ၊ ရန်ကုန် မြို့၊ ကမ္ဘာ အေး၊ မဟာ ပါသာဏ လှိုဏ်ဂူ ၌ ဆဋ္ဌ သင်္ဂါ ယနာ တင် ပါသည်။ ဦးဆောင် ဆရာတော် မှာ ညောင်ရမ်း ဆရာတော် အရှင် ရေဝတ မထေရ် ဖြစ်၍၊ အဓိက တာဝန် ယူ ရွတ်ဖတ် သရဇ္ဈာယ် သော မထေရ် များ မှာ မဟာစည် ဆရာတော် နှင့် မင်းကွန်း ဆရာတော် တို့ ဖြစ် ပါသည်။ အဖွဲ့ဝင် ဆရာတော် အရေ အတွက် မှာ ထေရဝါဒ ( ၅ )နိုင်ငံ ( သီရိလင်္ကာ၊ မြန်မာ၊ ထိုင်း၊ လော၊ ကမ္ဘောဒီယား ) တို့မှ ( ၂၅၀၀ ) သော မထေရ် တို့ ဖြစ်ပါ သည်။ အခြား သော နိုင်ငံ ( ၂၄ ) နိုင်ငံ တို့မှ လည်း အကူ အညီ များ ပေးကြ ပါသည်။ အထောက် အပံ့ ဒကာ မှာ ဝန်ကြီး ချုပ် ဦးနု နှင့် မြန်မာ ပြည်သူ၊ ပြည်သား များ ဖြစ် ပါသည်။ ( မှတ်ချက် ။ ။ ဤ ဆဋ္ဌ သင်္ဂါယနာ တင်ပွဲ မှာ ပါဠိတော် တင် မက အဋ္ဌ ကထာ၊ ဋီကာ များ ကိုပါ ပြန်လည် စစ်ဆေး ဆုံးဖြတ် ခြင်း ဖြင့် သင်္ဂါ ယနာ တင်ခြင်း ဖြစ်ပါ သည်။ )

အိန္ဒိယ နိုင်ငံ နှင့် ဝိပဿနာ -
A.D - ၁၉၆၅ ၊ ဗုဒ္ဓ သာသနာ တော် နှစ် - ၂၅၁၂ - ခုနှစ် တွင် ဆရာကြီး ဦး ဂိုအင်ကာ ဦးဆောင် ပြီး အိန္ဒိယ နိုင်ငံ တွင် ဗုဒ္ဓ ဘာသာ ဝိပဿနာ တရား ပြန်လည် အမြစ် တွယ်အောင် လုပ်ဆောင် ပါသည်။

ပထမ ဆုံးသော ဗုဒ္ဓ ဘာသာ ဝက်ဘ်ဆိုက် -
A.D - ၁၉၉၈ - မေလ တွင် Nibbana.com - ဟူသော ပထမ ဆုံး ဗုဒ္ဓဘာသာ ဝက်ဘ်ဆိုက် ကို အင်္ဂလန် နိုင်ငံ ကနေ ဖန်တီး နိုင်ခဲ့ ပါသည်။

အာဖဂန်နစ္စတန် မှ ( Bamiyan ) ဗမီယန် ဗုဒ္ဓ ဆင်းတု တော် -
A.D - ၂၀၀၁၊ မတ်လ တွင် အာဖဂန်နစ္စတန် မှ ကမ္ဘာ့ အံဖွယ် ရပ်တော်မူ ဗုဒ္ဓ ဆင်းတု တော် အား တာလီဘန် တို့ ၏ ဖျက်ဆီး ခြင်း ကို ခံခဲ့ ရပါ သည်။

မှာ ပါရစေ ။ ။ အထက် ပါ ဗုဒ္ဓဝင် ( သို့ ) ဗုဒ္ဓ ဘာသာ အကြောင်း သိကောင်း စရာ အကျဉ်း သည် " မေမေ့ လပြည့်ဝန်း လေး " စုစည်း ထားသော ဗုဒ္ဓ ဘာသာ နဲ့ ပတ်သက် တဲ့ အချက် အလက် များ ကို တင်ပြ ခြင်း ဖြစ်ပါသည်။ တချို့ နေရာ များ မှာ မူကွဲ စသည် အားဖြင့် ကွဲလွဲ နေခြင်း ရှိကောင်း ရှိနိုင် ပါသည်။ အခု " မေမေ့ လပြည့်ဝန်း လေး " တင်ပြ တဲ့ မူ သည် ထေရ ဝါဒ မထေရ် များ လက်ခံ ထားသော ဘီစီ၊ အေဒီ နှစ် များ ဖြစ် ပါ သည်။

U Thar Myat ( ဦး သာမြတ် )a

No comments:

Post a Comment