Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, June 23, 2018

စိတ္​မ​ေကာင္​းျဖစ္​ရတဲ့ ​ေန႔ပါပဲ.. ျဖဴျဖဴ​ေခ်ာ​ေခ်ာ သမီးငယ္​​ေလး ၆ တန္းပဲ ရွိေသးတယ္ ကိုယ္​၀န္​ ၅ လ

 သက္​ငယ္​မုဒိန္​းမႈမွာ မ်ား​ေသာအားျဖင္​့က​ေလး​ေတြက ျပန္​မ​ေျပာပါဘူး..ဒါဟာယုတ္​မာတဲ့ ကိစၥတစ္​ခုဆိုတာ က​ေလး​ေတြက မသိ႐ွာဘူး..ဒါ့အျပင္​ မိဘက ဆူမွာ ႐ိုက္​မွာ အျပစ္​တင္​မွာကိုက​ေလးအ​ေတြးနဲ႔ ​ေၾကာက္​​ေနတတ္​ၾကတယ္​..

​ၿပီး​ေတာ့ ျမန္​မာမိဘ​ေတြနဲ႔ သားသမီး​ေတြၾကားမွာပြင္​့လင္​းမႈ မ႐ွိတာမ်ားပါတယ္​..တစ္​ခုခုဆို မိဘကို ျပန္​မ​ေျပာခ်င္​ၾကဘူး..သားသမီးနဲ႔ မိဘၾကားမွာ ပြင္​့လင္​းတဲ့ဆက္​ဆံ​ေရးကိုတည္​​ေဆာက္​ထားသင္​့ပါတယ္​..
 ​တစ္​ခါ ရဖူးလို႔ ​ေနာက္​တစ္​ခါလည္​း လူယုတ္​မာက ​ေခ်ာင္​း​ေနပါ​ေသးတယ္​..ေရခ်ိဳးဆိပ္​ကိုသြားတိုင္​း လိုက္​လိုက္​​ေခ်ာင္​း​ေနၿပီးလူလစ္​တဲ့အခါ ​ေစာ္​ကားပါတယ္​..ကိုယ္​၀န္​ရလာ​ေတာ့မွ မိဘက သိသြားတာ..အဲဒီ​ေတာ့မွ ရဲတိုင္​ ၊ အ​ေရးယူ …

လူယုတ္​မာ အဖိုးႀကီးအ​ေၾကာင္​းကို ​ေမးၾကည္​့​ေတာ့အဲဒီအဖိုးႀကီးဟာ လူလတ္​ပိုင္​းအရြယ္​တုန္​းက က​ေလး​ေတြကုိလိင္​ပိုင္​းဆိုင္​ရာ ​ေစာ္​ကားဖူးတဲ့ျပစ္​မႈ႐ွိခဲ့ဖူးသူတဲ့..

ဒုကၡ ဒုကၡ ဒုကၡ…




ႏိုင္​ငံျခားမွာဆို အဲဒီလိုလူမ်ိဳးကို ပတ္​၀န္​းက်င္​က ၀ိုင္​းက်ဥ္​တာမ်ိဳး ၊ က​ေလး​ေတြ အနားကို မကပ္​ရဘူးလို႔ဥပ​ေဒထုတ္​ျပန္​တာမ်ိဳးလုပ္​ပါတယ္​..ျမန္​မာႏိုင္​ငံမွာ​ေတာ့ ​ေထာင္​က်ၿပီး ျပန္​ထြက္​လာရင္​လူ​ေကာင္​းျပန္​ျဖစ္​သ​ေယာင္​​ေယာင္​ပဲ..

အက်င္​့ခံရသူ​ေတြသာ ဘ၀တစ္​​ေလ်ာက္​လံုးအ​ေျပာခံ အႏွိမ္​ခံ​ေနၾကရတာ..

သက္​ငယ္​မုဒိန္​းအမႈ​ေတြဟာဆင္​းရဲတဲ့ မိဘ​ေတြ ၊​ေတာ​ရြာ​ေန လူတန္​းစား​ေတြ က်ဴး​ေက်ာ္​ရပ္​ကြက္​​ေတြမွာသာ အျဖစ္​မ်ားလို႔ တစ္​ခ်ိန္​က်ရင္​ ​ေအာက္​​ေျခအထိဆင္​းၿပီး ​​ေဟာ​ေျပာပြဲ​ေတြလုပ္​ခ်င္​မိတယ္​..

အစုိးရကိုလည္​း အားကိုးပါရဲ႕..စာသင္​ခန္းမွာသာ လိင္​ပညာ​ေပး သင္​လိုက္​ရင္​တကယ္​့ကို ထိ​ေရာက္​​ေကာင္​းမြန္​မွာ အမွန္​ပဲ.. က​ေလး​ေတြ ကိုယ္​့ကိုယ္​ကို ကာကြယ္​သြားႏိုင္​မွာ..

​ေ႐ွး႐ိုးစြဲ​ေတြ ၊ က်ားမ ခြဲျခားမႈ​ေတြ ဘာသာ​ေရး အစြန္​း​ေရာက္​​ေတြ မ်ားလွတဲ့ အိႏၵိယလိုႏိုင္​ငံမွာ​ေတာင္​ ႏိုင္​ငံပိုင္​ TV အစီအစဥ္​က​ေနမင္​းသားႀကီး Aamir khan က က​ေလး​ေတြကိုSex Edu ​ေပး​ေနတဲ့ အစီအစဥ္​​ေလး​ေတြ ေတြ႔ရ​ေတာ့ .သိပ္​အားက်မိတာပဲ…

၁ ..ျငင္​းမယ္​ ၊

၂.. ​ေအာ္​မယ္​ ၊

၃.. ထြက္​​ေျပးမယ္​…ၿပီးရင္​

၄.. ယံုၾကည္​ရသူကို ဖြင္​့​ေျပာမယ္​​ဆိုတဲ့

သက္​ငယ္​မုဒိန္​း အႏၱရာယ္​​ေ႐ွာင္​နည္​း အ​ေျခခံ​ေလးကိုသာဒီသမိီး​ေလး သိထားရင္​ ပထမတစ္​ခါ မ​ေ႐ွာင္​ႏိုင္​လို႔မုဒိန္​းက်င္​့ခံရတယ္​ထား..

​ေနာက္​တစ္​ခါ ထပ္​မျဖစ္​​ေအာင္​ ကာကြယ္​ႏိုင္​တာ​ေပါ့..

ဒါဆို သူ​႔ခမ်ာ ကိုယ္​၀န္​ရတဲ့အထိ အ​ေျခအ​ေနဆိုးမွာ မဟု​တ္​ပါ..

အခု​ေတာ့ ပန္​း​ေလးတစ္​ပြင္​့ အဖူးငံုဘ၀မွာတင္​ ေႂကြရ႐ွာၿပီ..

ကိုင္​းကူးၿပီး ျပန္​႐ွင္​သန္​လာ​ေအာင္​မနည္​းျပဳစု​ေပးရအံုးမယ္​..

စိတ္​မ​ေကာင္​းျဖစ္​ရတဲ့ ​ေန႔ပါပဲ..
Soe Htike
# Unicode Version ျဖင့္ ဖတ္ပါ #
သက်ငယ်မုဒိန်းမှုမှာ များသောအားဖြင့်ကလေးတွေက ပြန်မပြောပါဘူး..ဒါဟာယုတ်မာတဲ့ ကိစ္စတစ်ခုဆိုတာ ကလေးတွေက မသိရှာဘူး..ဒါ့အပြင် မိဘက ဆူမှာ ရိုက်မှာ အပြစ်တင်မှာကိုကလေးအတွေးနဲ့ ကြောက်နေတတ်ကြတယ်..

ပြီးတော့ မြန်မာမိဘတွေနဲ့ သားသမီးတွေကြားမှာပွင့်လင်းမှု မရှိတာများပါတယ်..တစ်ခုခုဆို မိဘကို ပြန်မပြောချင်ကြဘူး..သားသမီးနဲ့ မိဘကြားမှာ ပွင့်လင်းတဲ့ဆက်ဆံရေးကိုတည်ဆောက်ထားသင့်ပါတယ်..

တစ်ခါ ရဖူးလို့ နောက်တစ်ခါလည်း လူယုတ်မာက ချောင်းနေပါသေးတယ်..ရေချိုးဆိပ်ကိုသွားတိုင်း လိုက်လိုက်ချောင်းနေပြီးလူလစ်တဲ့အခါ စော်ကားပါတယ်..ကိုယ်ဝန်ရလာတော့မှ မိဘက သိသွားတာ..အဲဒီတော့မှ ရဲတိုင် ၊ အရေးယူ …

လူယုတ်မာ အဖိုးကြီးအကြောင်းကို မေးကြည့်တော့အဲဒီအဖိုးကြီးဟာ လူလတ်ပိုင်းအရွယ်တုန်းက ကလေးတွေကိုလိင်ပိုင်းဆိုင်ရာ စော်ကားဖူးတဲ့ပြစ်မှုရှိခဲ့ဖူးသူတဲ့..

ဒုက္ခ ဒုက္ခ ဒုက္ခ…

နိုင်ငံခြားမှာဆို အဲဒီလိုလူမျိုးကို ပတ်ဝန်းကျင်က ဝိုင်းကျဉ်တာမျိုး ၊ ကလေးတွေ အနားကို မကပ်ရဘူးလို့ဥပဒေထုတ်ပြန်တာမျိုးလုပ်ပါတယ်..မြန်မာနိုင်ငံမှာတော့ ထောင်ကျပြီး ပြန်ထွက်လာရင်လူကောင်းပြန်ဖြစ်သယောင်ယောင်ပဲ..

အကျင့်ခံရသူတွေသာ ဘဝတစ်လျောက်လုံးအပြောခံ အနှိမ်ခံနေကြရတာ..

သက်ငယ်မုဒိန်းအမှုတွေဟာဆင်းရဲတဲ့ မိဘတွေ ၊တောရွာနေ လူတန်းစားတွေ ကျူးကျော်ရပ်ကွက်တွေမှာသာ အဖြစ်များလို့ တစ်ချိန်ကျရင် အောက်ခြေအထိဆင်းပြီး ဟောပြောပွဲတွေလုပ်ချင်မိတယ်..

အစိုးရကိုလည်း အားကိုးပါရဲ့..စာသင်ခန်းမှာသာ လိင်ပညာပေး သင်လိုက်ရင်တကယ့်ကို ထိရောက်ကောင်းမွန်မှာ အမှန်ပဲ.. ကလေးတွေ ကိုယ့်ကိုယ်ကို ကာကွယ်သွားနိုင်မှာ..

ရှေးရိုးစွဲတွေ ၊ ကျားမ ခွဲခြားမှုတွေ ဘာသာရေး အစွန်းရောက်တွေ များလှတဲ့ အိန္ဒိယလိုနိုင်ငံမှာတောင် နိုင်ငံပိုင် TV အစီအစဉ်ကနေမင်းသားကြီး Aamir khan က ကလေးတွေကိုSex Edu ပေးနေတဲ့ အစီအစဉ်လေးတွေ တွေ့ရတော့ .သိပ်အားကျမိတာပဲ…

၁ ..ငြင်းမယ် ၊

၂.. အော်မယ် ၊

၃.. ထွက်ပြေးမယ်…ပြီးရင်

၄.. ယုံကြည်ရသူကို ဖွင့်ပြောမယ်ဆိုတဲ့

သက်ငယ်မုဒိန်း အန္တရာယ်ရှောင်နည်း အခြေခံလေးကိုသာဒီသမီးလေး သိထားရင် ပထမတစ်ခါ မရှောင်နိုင်လို့မုဒိန်းကျင့်ခံရတယ်ထား..

နောက်တစ်ခါ ထပ်မဖြစ်အောင် ကာကွယ်နိုင်တာပေါ့..

ဒါဆို သူ့ခမျာ ကိုယ်ဝန်ရတဲ့အထိ အခြေအနေဆိုးမှာ မဟုတ်ပါ..

အခုတော့ ပန်းလေးတစ်ပွင့် အဖူးငုံဘဝမှာတင် ကြွေရရှာပြီ..

ကိုင်းကူးပြီး ပြန်ရှင်သန်လာအောင်မနည်းပြုစုပေးရအုံးမယ်..

စိတ်မကောင်းဖြစ်ရတဲ့ နေ့ပါပဲ..
Soe Htike

No comments:

Post a Comment