မြန္ျပည္နယ္၊ ေရးၿမိဳ႕၊ တနသၤာရီလမ္း အေဝးေျပးကားဝင္းအနီးမွာ ဇြန္လ ၂၁ ရက္ ညပိုင္းက အမ်ဳိးသားတဦး ဆြဲႀကိဳးခ် ေသဆံုးမႈျဖစ္ပြားခဲ့တယ္လို႔ ေရးၿမဳိ႕မရဲစခန္း တာဝန္က်ရဲအရာရိွ တဦးက ေျပာပါတယ္။
အလူမီနီယံဆိုင္မွာ ေနထိုင္သူ အသက္ ၂၂ ႏွစ္အရြယ္ ေမာင္ေအာင္ခက္ပိုင္ဟာ ဆိုင္အတြင္း တန္ေဘာင္တန္းမွာ ဝိုင္ယာႀကိဳးနဲ႔ ႀကိဳးဆြဲခ်အဆံုးစီရင္သြားခဲ့တာပါ။
မေသဆံုးခင္က ဇနီးသည္နဲ႔ စကားမ်ားထားၾကၿပီး အိမ္ေထာင္ေရးျပႆာနာေၾကာင့္ ေမာင္ေအာင္ခက္ပိုင္ ေဖ့စ္ဘြတ္ခ္ သံုးစြဲတဲ့ကိစၥနဲ႔ ဇနီးသည္နဲ႔ စကားမ်ားရာကေန အခုလို ႀကိဳးဆြဲခ် အဆံုးစီရင္သြားခဲ့တာလို႔ အနီးပတ္ဝန္းက်င္မွာ ေနထိုင္ေတြရဲ႕ေျပာစကားအရ ရဲအရာရိွက ေျပာပါတယ္။
ေရးၿမိဳ႕မရဲစခန္းက ေမာင္ေအာင္ခက္ပိုင္း ေသဆံုးမႈကို ဓမၼတာအတိုင္းေသဆံုးတာ ဟုတ္မဟုတ္ စစ္ေဆးေနၿပီး ေသမႈေသခင္းနဲ႔ အမႈဖြင့္ အေရးယူထားပါတယ္။
ေနမ်ိဳးထြဋ္(ေရး)
dvb
# Unicode Version ျဖင့္ ဖတ္ပါ #
မွန်ပြည်နယ်၊ ရေးမြို့၊ တနင်္သာရီလမ်း အဝေးပြေးကားဝင်းအနီးမှာ ဇွန်လ ၂၁ ရက် ညပိုင်းက အမျိုးသားတဦး ဆွဲကြိုးချ သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ရေးမြို့မရဲစခန်း တာဝန်ကျရဲအရာရှိ တဦးက ပြောပါတယ်။
အလူမီနီယံဆိုင်မှာ နေထိုင်သူ အသက် ၂၂ နှစ်အရွယ် မောင်အောင်ခက်ပိုင်ဟာ ဆိုင်အတွင်း တန်ဘောင်တန်းမှာ ဝိုင်ယာကြိုးနဲ့ ကြိုးဆွဲချအဆုံးစီရင်သွားခဲ့တာပါ။
မသေဆုံးခင်က ဇနီးသည်နဲ့ စကားများထားကြပြီး အိမ်ထောင်ရေးပြဿာနာကြောင့် မောင်အောင်ခက်ပိုင် ဖေ့စ်ဘွတ်ခ် သုံးစွဲတဲ့ကိစ္စနဲ့ ဇနီးသည်နဲ့ စကားများရာကနေ အခုလို ကြိုးဆွဲချ အဆုံးစီရင်သွားခဲ့တာလို့ အနီးပတ်ဝန်းကျင်မှာ နေထိုင်တွေရဲ့ပြောစကားအရ ရဲအရာရှိက ပြောပါတယ်။
ရေးမြို့မရဲစခန်းက မောင်အောင်ခက်ပိုင်း သေဆုံးမှုကို ဓမ္မတာအတိုင်းသေဆုံးတာ ဟုတ်မဟုတ် စစ်ဆေးနေပြီး သေမှုသေခင်းနဲ့ အမှုဖွင့် အရေးယူထားပါတယ်။
နေမျိုးထွဋ်(ရေး)
dvb
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Saturday, June 23, 2018
ေရးၿမဳိ႕တြင္ ေဖ့စ္ဘြတ္ခ္သံုးသည့္ကိစၥ ဇနီးႏွင့္ စကားမ်ားၿပီး အမ်ဳိးသားတဦး ဆြဲႀကိဳးခ်ေသ
ေရးၿမဳိ႕တြင္ ေဖ့စ္ဘြတ္ခ္သံုးသည့္ကိစၥ ဇနီးႏွင့္ စကားမ်ားၿပီး အမ်ဳိးသားတဦး ဆြဲႀကိဳးခ်ေသ
Reviewed by MP4 YoU
on
June 23, 2018
Rating: 5
Reviewed by MP4 YoU
on
June 23, 2018
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment