![]() |
| မတ္တရာသူဌေးဆရာတော်ကို သီတဂူဆရာတော် ဝတ်ဖြည့် |
ပျံလွန်တော် မူချိန်မှာ ဆရာတော်ဟာ သက်တော် ၈၄ နှစ် ရှိပြီ ဖြစ်ပြီး ရွှေကျင်ဂိုဏ်း သမိုင်း၊ မဟာဝိသုဒ္ဓါရုံတိုက်သစ် သမိုင်း နဲ့ သာသနာပိုင် ရွှေကျင်နဲ့ စံကင်း ဆရာတော်တို့ရဲ့ ဂုရုပ္ပတ္တိတွေကို ရေးသားခဲ့ပါတယ်။
ရွှေကျင်ဂိုဏ်းသမိုင်း ဒုတိယပိုင်း ရိုက်နှိပ်ဖို့ ပြင်ဆင်နေဆဲမှာ ပျံလွန်တာပါ။
![]() |
| သက်တော်ရှည် စံကင်းဆရာတော် |
ဆရာတော် ဉုးမာနိတ ပြုစုခဲ့တဲ့ ဂုရုပ္ပတ္တိနဲ့ သမိုင်းစာအုပ်တွေဟာ ခေတ်ဟောင်းပုံစံ ဘာသာရေး သမိုင်းတွေနဲ့ မတူဘဲ အထောက်အထား အကိုးအကား စုံလင်အောင် ရှာဖွေပြုစုတဲ့ စာအုပ်တွေ ဖြစ်ပါတယ်။
ကထိကရဟန်း အမည်နဲ့ ဘာသာရေး၊ ယဉ်ကျေးမှုဆောင်းပါးတွေကို ၁၉၆ဝ ကျော်ကတည်းက သတင်းစာ စာစောင်တွေမှာ ရေးသားခဲ့ပါတယ်။
![]() |
| ဘဝနဲ့ နိဗ္ဗာန် |
ဒီစာအုပ်နဲ့ ၁၉၈၁ ခုနှစ်အတွက် ဝိုင်အမ်ဘီအေ အသင်းရဲ့ ဗုဒ္ဓစာပေ ပထမဆုရရှိခဲ့ပါတယ်။
![]() |
| ဝိုင်အမ်ဘီအေ အသင်းရဲ့ ဗုဒ္ဓစာပေ ပထမဆုရ |
မတ္တရာနယ် ဇာတိ ဉုးမာနိတဟာ ၁၇ နှစ်အရွယ်ကတည်းက ဝါဆိုဆရာတော်ထံပါးမှာ ပညာသင်ယူခဲ့ပြီး စံကင်းဆရာတော် အဆုံးအမနဲ့ ရဟန်းဘောင်ဝင်ခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပထမဆုံး ပါမောက္ခချုပ် ဆရာတော် ဉုးသီလာနန္ဒာဘိဝံသဆီကနေလည်း သက္ကတကျမ်းစာတွေ သင်ယူခဲ့ပါတယ်။
ရွှေကျင်ဂိုဏ်း အကျိုးတော်ဆောင်ချုပ် ရာထူးကို ဆရာရင်း ဝါဆိုဆရာတော်ဆီက ဆက်ခံခဲ့သလို တွဲဘက်သာသနာပိုင်အဖြစ်လည်း ထမ်းဆောင်ခဲ့ပါတယ်။
BBC Burmese
http://www.bbc.com/burmese




No comments:
Post a Comment