Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, June 17, 2018
သင့်ရဲ့ချက်ပုံစံကိုကြည့်ခြင်းအားဖြင့် သင့်အကြောင်းကိုသိနိုင်မယ့်အချက်တွေ..
ကြီးမားတဲ့ ချက်ပုံစံ
shwelayoung
#Unicode Version#
သင့်ချက်ပုံစံကိုကြည့်ခြင်းအားဖြင့် သင့်ရဲ့အကြောင်းကို ပြောပြမယ့်အကြောင်းက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ မိခင်ဝမ်းဗိုက်ကထွက်လာပြီး အချင်းဖြတ်တောက်လိုက်ကတည်းက မွေးရာပါလာတဲ့ ချက်ပုံစံတွေက လူတစ်ဦးတစ်ယောက်စီမှာပုံစံတွေ ကွဲပြားခြားနားကြပါတယ်။ ဝိုင်းဝန်းတဲ့ချက်ပုံစံ၊ ကြီးတဲ့ ချက်ပုံစံ၊ အတွင်းထဲ နက်ဝင်တဲ့ ချက်ပုံစံ စသဖြင့်နဲ့ ပုံသဏ္ဍာန်တွေ အမျိုးမျိုးရှိကြပါတယ်။ အဲ့ဒီ ချက်တွေရဲ့ပုံသဏ္ဍာန်ကို ကြည့်ပြီးတော့ လူတစ်ယောက်ရဲ့ အကြောင်းကိုခန့်မှန်းနိုင်မယ့် အချက်တွေ က သင့်နဲ့ ထပ်တူကြနေတာကို တွေ့ရပါလိမ့်ယ်။ လေ့လာကြည့်မယ်နော်…
လုံးဝန်းတဲ့ ချက်ပုံစံ
လုံးဝန်းတဲ့ချက်ပုံစံရှိတဲ့သူက အကောင်းမြင်တတ်တဲ့သူတစ်ဦးဖြစ်ပါတယ်။ ကြင်နာတတ်တဲ့သူတစ်ဦး ဖြစ်ပြီးတော့ ဘဝမှာ အခက်အခဲတွေနဲ့ နာကျင်မှုတွေ ကြုံလာခဲ့ရင်တောင် အပြုံးနဲ့ပဲရင်ဆိုင်တတ် တဲ့သူပါ။ ဆက်ဆံရေးကောင်း မွန်သူတစ်ဦးဖြစ်ကာ အတွေးအခေါ်တွေနဲ့ခံယူချက်တွေက အများနဲ့ ဆက်ဆံတဲ့နေရာမှာလည်း လိုက် လျောညီထွေဖြစ်တဲ့သူပါတဲ့။ ဘယ်အရာမဆို အကောင်းမြင်တတ်တဲ့ စိတ်ရှိသူဖြစ်လို့လည်း လူအားလုံးနဲ့ ပေါင်းသင်းဆက်ဆံလို့ ရတဲ့သူပါ။
ကြီးမားတဲ့ ချက်ပုံစံ
ချက်အရွယ်အစား ကြီးကြီး ရှိနေတတ်တဲ့သူတွေက သဘောထားကြီးတဲ့သူ၊ စိတ်ဓာတ်အားဖြင့် ကြီး ကျယ်မြင့်မြတ်သူတွေပါ။ ကိုယ့်ကိုနာကျင်အောင်၊ ရှုံးနိမ့်အောင် တိုက်ခိုက်လာသူတွေရှိရင်အောင် ဘယ်တော့မှပြန်ပြီး တုန့်ပြန်တတ်တဲ့သူမဟုတ်ပါဘူးတဲ့။ အတွေးအမြင်ကျယ်ပြောတတ်တဲ့သူဖြစ်လို့လဲ ဘဝမှာ အတွေ့အကြုံကောင်းတွေနဲ့ နေထိုင်တတ်သူပါ။
အတွင်းနက်တဲ့ ချက်ပုံစံ
ဝမ်းဗိုက်အတွင်းထဲကို နက်ဝင်သွားတဲ့ချက်ပုံစံရှိတဲ့သူတွေကတော့ အရေးပါအရာရောက်တဲ့သူတစ်ဦး ဖြစ်ပါသတဲ့။ လျို့ဝှက်ချက်တွေများတဲ့သူ၊ သိုသိပ်နေတတ်သူတစ်ဦးဖြစ်ပြီးတော့ လူတွေက သူ့ကို ခပ်လျိုလျိုသမားတစ်ဦးလို့ ထင်ကြပါတယ်။ သူကိုယ်တိုင်လည်း လျို့ဝှက်တတ်ခြင်းက သူ့အတွက် တကယ့်ကိုကောင်းတဲ့ အကြောင်းပြချက်ကောင်းတွေကြောင့်လည်း ဖြစ်ပါသတဲ့။
အပြင်ဘက်ကို စူထွက်နေတဲ့ ချက်ပုံစံ( ချက်စူ)
ဝမ်းဗိုက်သားအပြင်ဘက်ကို စူထွက်နေတဲ့ ချက်ပုံစံရှိတဲ့သူတွေကတော့ ကိုယ်ရေးကိုယ်တာနဲ့ ပေါင်း သင်းဆက်ဆံရေးကောင်းတဲ့သူဖြစ်ပါတယ်။ ခေါင်းမာတဲ့သူလို့လည်း ပြောလို့ရပြီးတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်ခံယူချက်နဲ့ အမြင်ကိုယ်ပဲ လက်ခံယုံကြည်ထားတဲ့သူဖြစ်လို့ ကိုယ့်ကို အများသူငါနားလည် ရခက်တဲ့သူလည်း ဖြစ်ပါတယ်။
shwelayoung
No comments:
Post a Comment