Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 27, 2018

Wave Money ဆိုင်များတွင် လိမ်လည်ငွေထုတ်ယူသည့်အဖွဲ့ ရှမ်း/မြောက်သို့ ရောက်ရှိနေပါသည် သတိထားကြပါ



မေလ ၄ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့၊ မြို့လယ်ရပ်မှာရှိတဲ့ ကြာနီပန်းစတိုးဆိုင်မှာ လိမ်လည်ငွေထုတ်သွားတဲ့အဖွဲ့တွေထဲက မောင်မောင်လွင်(ခ)အာနိုး ၊ အဖအမည် ဦးစိုးလွင်၊ မွတ်စလင်/အစ္စလာမ် ဆိုသူနဲ့ ဖြိုးထက်သူ၊ အဖအမည် ဦးကိုလေး၊ မွတ်စလင်/အစ္စလာမ် တို့ (၂)ဦးကို တောင်ကြီးမြို့မှာ မေလ(၆)ရက်နေ့က ဖမ်းဆီးရမိခဲ့ပါတယ်. အဲ့ကိစ္စနဲ့ အဖမ်းခံနေရပြီး စစ်ဆေးနေစဉ်ရက်များအတွင်း(အာမခံပေးလို့ရတဲ့အမှုဖြစ်လို့) သူတို့အဖွဲ့ဟာ နောက်ထပ်လိမ်လည်ဖို့ ရှမ်းမြောက်ကိုတက်လာပါတယ် . လားရှိုးကို မေလ ၁၉ရက်နေ့မှာရောက်ရှိကြောင်း စုံစမ်းသိရပါတယ် . ၎င်းတို့အဖွဲ့ဟာ ကျောက်မဲမြို့က Wave Money ဆိုင်တစ်ဆိုင်ထံမှလဲ လိမ်လည်သွားကြောင်းသိရပါတယ် .

မောင်မောင်လွင်(ခ)အာနိုးနဲ့ အဖွဲ့ဟာ လားရှိုးမြို့ကို ရောက်ရှိနေကြောင်း သတင်းရထားလို့ Wave Money အေးဂျင့်များက ခြေရာခံလိုက်နေစဉ် မေလ ၂၄ ရက်နေ့က လားရှိုးမြို့၊ ရပ်ကွက်(၅)၊ ဆိုင်ကယ်ပွဲစားတန်းအောက်ဘက်က Wave Money ဆိုင်တစ်ဆိုင်အနီးမှာ တွေ့ရှိတဲ့အတွက် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့နယ်မြေရဲကင်းတို့ကို သတင်းပို့ခဲ့ပါတယ် . ၎င်းတို့ကို သွားရောက်ဖမ်းဆီးတဲ့အခါမှာ ၎င်းတို့ထဲက ပါဝင်သူတစ်ဦးကိုသာ ဖမ်းဆီးရမိခဲ့ပြီး မောင်မောင်လွင်(ခ)အာနိုးဆိုတဲ့လူကတော့ ကားမောင်းပြီးထွက်ပြေးသွားလို့ ကျန်တဲ့လူတွေကိုလဲ ဖမ်းမမိလိုက်ပါဘူး . လားရှိုးမြို့က Wave Money ဆိုင်တွေ လိမ်လည်ခံရထားခြင်းမရှိတာကြောင့် ဖမ်းမိထားသူကို ၂၄ နာရီအတွင်းရဲစခန်းမှပြန်လွှတ်ပေးရမှာဖြစ်တဲ့အတွက် ကျောက်မဲမြို့က လိမ်လည်ခံရတဲ့ဆိုင်ပိုင်ရှင်ကပဲ ကျောက်မဲမှာ အမှုဖွင့်လိုက်ပါတယ် . အဲ့အတွက်ကြောင့် ဖမ်းမိထားသူကို ကျောက်မဲစခန်းကို လွှဲပေးလိုက်ပြီဖြစ်ပါတယ် .

လားရှိုးမှာ လိုက်ဖမ်းစဉ် မောင်မောင်လွင်(ခ)အာနိုး ဆိုသူ မောင်းပြေးသွားတဲ့ ကားက Mark-II အမျိုးအစား၊ ယာဉ်နံပါတ်- 4D/1767 ခဲရောင်ပါ . အခုလောက်ဆိုရင် တခြားနံပါတ်ပြောင်းပြီး ထွက်ပြေးလောက်ရောပေါ့ .

ဒီနေ့ မေလ ၂၇ နံနက်(၁၀)နာရီလောက် ကျနော့်ဆိုင်မှာ လူတစ်ယောက် ငွေလွှဲမယ်ဆိုပြီး ရောက်လာပါတယ် . ငွေဘယ်လောက်လွှဲမလဲလို့ ကျနော်မေးလိုက်တော့ သူ့ရဲ့ Wave Account ထဲကို ငွေသွင်းချင်လို့တဲ့ . ကျနော့်ဆိုင်မှာ ငွေလွှဲ/ငွေထုတ်ပဲရပါတယ် . ငွေသွင်းချင်ရင် ကျနော့်နားမှာ ကုမ္ပဏီရှိပါတယ် အဲ့ရှေ့မှာလဲ ဆိုင်ရှိပါတယ်ဆိုပြီး လမ်းညွှန်လိုက်တော့ အဲ့ဒီလူက မသွားပါဘူး . ဘာလို့ ငွေသွင်းမပေးတာလဲ ပိုက်ဆံမရလို့လားဆိုပြီး ထပ်မေးပါတယ် . အလုပ်ရှုပ်လို့ ဆိုင်တော်တော်များများ အဲ့လိုငွေသွင်းမပေးကြပါဘူး ဒါကြောင့် ကျနော်ပြောတဲ့ဆိုင်သွားလိုက်ပါ နီးပါတယ် ဆိုပြီးပြန်ပြောလိုက်တော့ အငှါးကားပေါ် ပြေးတက်ပြီး လစ်သွားတယ် . မသင်္ကာတာနဲ့ ကျနော်ဆိုင်ကယ်နဲ့ လိုက်မလို့ ဆိုင်ပြင်ထွက်ကြည့်တော့ မရှိတော့ဘူး .

ဒါကြောင့် Wave Money ဆိုင်များ သတိထားကြပါ . ကိုယ့်ငွေပါသွားရင် ဘယ်သူမှ စိုက်လျော်ပေးထားမှာ မဟုတ်ပါဘူး . အမှုဖြစ်ရင်လဲ ထပ်ကုန်ဖို့ပဲရှိတယ် . Wave Money အတွက် အသုံးပြုနေသောဖုန်း/ပင် နံပါတ်/လျှို့ဝှက်နံပါတ်တွေကို ဘယ်သူမှမမြင်ပါစေနဲ့ .

Nay Myo






No comments:

Post a Comment