Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, May 15, 2018

စကားပံုျဖင့္ေရးေသာရည္းစားစာ


"မ်ိဳးၾကီး ငါ့ကိုေရးေပးမယ္ဆိုတဲ႕ ရီးစားစာရျပီလား"

"ရျပီ သားၾကီး ေရာ႕"

ဒါနဲ႕ ဖြင့္ဖတ္လိုက္တယ္။

"သို႕/

အခ်စ္
ကိုယ္ စာေရးလိုက္တယ္။
ဒီစာကိုဖတ္ျပီး မိေက်ာင္းမင္း ေရခင္းျပတယ္လို႕မထင္ပါ
နဲ႕။ကိုယ့္ငါးခ်ဥ္ ကိုယ္ခ်ဥ္တယ္လို႕ ေျပာခ်င္လည္းေျပာ
ပါ။ မင္းကိုခ်စ္ေနမိတဲ႕ ကိုယ့္အျဖစ္ဟာ မပိုင္ ဝက္ေမြး
သလ္ိုလို အိတ္ေပါက္နဲ႕ဖားေကာက္ေနရသလိုလို ျဖစ္ေန
ျပီေလ။ ခဲမွန္ဖူးတဲ႕ စာသူငယ္ဘဝမ်ိဳးေတာ့ မေရာက္ခ်င္
ဘူးကြယ္။အခုအခ်ိန္ေရာက္ေနမွ ဝက္ျဖစ္ေနမွ မစင္
ေၾကာက္ေနလို႕ အပိုပါပဲ။

ကိုယ္ယူမွာက မင္းကိုပါ။ ဒါကို မင္းအေဖက ျမင္းကမ
လႈပ္ ခံုကလႈပ္ ယုန္ကမတိုး ပိုက္ကတိုး ဆိုသလိုလုပ္ေန
တာေတာ့ လြန္တယ္။ၾကက္တူေရြးက ေတာ္ေတာ္ မယ္
ေဘာ္ကကဲသလိုျဖစ္ေနတယ္။ မင္းအေဖက ကိုယ့္ကို မင္း
က အလုပ္မရွိ ေၾကာင္ေရခ်ိဳးေပးေနတဲဲ႕ လူစားမ်ိဳးတဲ႕။
ကိုယ့္ကို ေၾကာင္သူေတာ္ ၾကြက္သူခိုး ^ ေတာမီးေလာင္
ေတာေၾကာင္လက္ခေမာင္းခတ္တဲ႕ လူစားမ်ိဳးမ်ား ထင္
ေနလား မသိဘူး။ကိုယ္ရတဲ႕လစာက နည္းေတာ့ ေၾကာင္
အို ၾကြက္မေလး ျဖစ္ေနတာ ေနမေပါ့။

မင္းအေဖက မင္းနဲ႕သေဘာတူေနတဲ႕ ဟိုေကာင္ကလည္း
ခ်မ္းသာတာကိုးေလ။မင္းအေဖရဲ႕လုပ္ရပ္က ေၾကာင္ခံ
တြင္းပ်က္နဲ႕ ဆက္ရက္ေတာင္ပံက်ိဳးေတြ႕ေနသလို ျဖစ္
ေနလိုက္တာ။ဟိုေကာင္ကလည္း ကံေကာင္းတဲ႕က်ား လမ္းသြားရင္း သမင္ေတြ႕သလို တိုက္ဆိုင္သြားတာပါ။

ဒီေကာင္က မိဘဘိုးစဥ္ေဘာင္ဆက္က ခ်မ္းသာခဲ႕ၾကတာ
ဆိုေတာ့ ေရႊပင္နားေတာ့ ေရႊက်ီးေလးျဖစ္ေနတာ မဆန္း
ပါဘးူေလ။ ဒီယုန္ျမင္လို႕ ဒီခ်ံဳထြင္ေနတဲ႕ဒီေကာင္ဟာ
ၾကြက္ေသတစ္ခု အရင္းျပဳျပီး မင္းကို ယူဖို႕ မင္းအေဖ
ဆီကပ္ေနတာကို သတိထားပါ။ စားရကံၾကံဳလို႕ မုတ္ဆိတ္ပ်ားစြဲျဖစ္ေနတဲ႕မင္းအေဖကေတာ့ ထန္းသီးေၾကြခိုက္ က်ီးနင္းခိုက္ျဖစ္ေနတာကို မသိရွာဘူး … … …
ကြ်တ္ ကြ်တ္ ကြ်တ္ … …။ယုန္ေထာင္ ေၾကာင္မိျပီး
ၾကက္ကန္းဆန္အိုးတိုးတာကို အဟုတ္ထင္ေနတယ္ေလ။

ဒီမွာ ကိုယ္ေျပာမယ္။အဲဒီေကာင္ေတြ အသိုင္းအဝိုင္းအ
ေၾကာင္းကို မင္းလည္းသိတာပဲ။က်ားၾကီး ေျခရာၾကီးေပ
မယ့္ အမ်ားညီ ဤ ကြ်ဲဖတ္ဆိုတဲဲ႕အသိုင္းအဝိုင္းေတြပါ။
ဆင္ေသကို ဆိတ္သားေရနဲ႕ဖံုးလို႕ ရမတဲ႕လားကြာ။ဆင္
သတ္ အရပ္ေဝတဲ႕သူတို႕လုပ္ရပ္ေတြက ဟိုးေလးတေၾကာ္ေလ။ကြ်ဲကူး ေရပါဆိုျပီး ဒီေကာင္က မင္းအေဖနားကပ္ေနတာ။ မင္းအေဖကလည္း သူစီးတဲ႕
ျမင္း အထီးမွန္း အမမွန္းေတာင္မသိဘူး။ က်ီးဘုတ္ရိုေသ
ဘုတ္က်ီးရိုေသ နဲ႕ ဟန္ေဆာင္ေနၾကတာမ်ား အံ႕ၾသပါ
ရဲ႕။ေခြးေလးအေရာဝင္ ပါးယက္နားယက္လုပ္ေနတဲ႕ ဒီ
ေကာင့္ကိုေတာ ့ ကိုယ္ၾကည့္မရေတာ့ဘူး။ထားလိုက္ပါ။
မင္းသာကိုယ့္ဘက္မွာ ရွိပါေစ။ ဒီေကာင္ကေတာ့ ေခြးရူး
ေကာင္းစား တမြန္းတည့္ေပါ့။ အခ်ိန္တန္ရင္ ႏြားပိန္ကန္
မေပါ့ေနာ္။

မင္းအေဖေပးစားတဲ႕ ဒီေကာင့္ကို ယူမိရင္ မင္းအျဖစ္က
ဆင္နားရြက္ ၾကြက္တပ္ ၾကြက္နားရြက္ ဝက္တပ္မိသလို
မ်ိဳးျဖစ္ေနမွာကို သိထားပါ။မင္းအေဖကလည္း ေၾကာက္
ပါတယ္ဆို ေၾကာင္နဲ႕တို႕ ဆိုသလို ငါးၾကင္းဆီနဲ႕ငါးၾကင္း
ျပန္ေၾကာ္ဖို႕ၾကိဳးစားေနေတာ့တာပဲ။ကိုယ့္ဘဝကေတာ့
ကြ်ဲ ၂ ေကာင္ၾကားက ေျမစာပင္ဘဝပါ။က်ားခ်င္းကိုက္
ရာ သမင္လမ္းကူးမွားျဖစ္ေနတဲ႕မင္းအေၾကာင္းေတြကို
ေတြးမိရင္ ၾကမၼာေဆာင္ သားေကာင္ဆိတ္ျဖစ္မယ့္ မင္း
ကို ရင္ေမာမိတယ္။မင္းအေဖကလည္း ငွက္တစ္ေကာင္ ျမွားတစ္စင္း ရွဥ့္တစ္ေကာင္ျမွားတစ္စင္းဆိုတာ သိပံုမရ
ဘူး။ ေၾကာင္ရုပ္ျဖစ္ေစ ၾကြက္ေသတာလိုရင္းဆိုျပီး ဇြတ္
စီစဥ္ေနတာ။

ေျပာရင္း ဟိုေကာင့္ကိုပဲေဒါသထြက္ေနတာ။ငါးခံုးမတစ္
ေကာင့္တစ္ေလွလံုးပုပ္ေနတဲ႕ဒီေကာင့္မိဘေတြအေၾကာင္း
အားလံုးသိေနတာပဲ။ငါးတကာယိုတဲ႕ခ်ီး ပုဇြန္ဆိတ္ေခါင္း
မွာစုမွ မင္းအေဖ ေနာင္တရမွာ ျမင္ေယာင္ေသးတယ္။
အညွီရွိရာ ယင္အံု ဆိုသလို မင္းကလည္း လွေနတာကိုး
ေလ။ ငါးပြတ္ရာ ငါးစာခ်ဖို႕လာတဲ႕ဒီေကာင့္ကို မင္းသတိ
ထား ဆက္ဆံပါ။ဒီေကာင္က ငါးစိမ္းျမင္ ငါးကင္ပစ္
တတ္တဲ႕လူစားမ်ိဳးေလ။ေနာက္ဆံုးက်မွ လူတြင္ပါ ႏြား
က်ားကိုက္တဲ႕အခ်ိန္မွ က်ားေသကိုအသက္သြင္းလို႕ စင္း
စင္းေသပါျပီလို႕ မင္းအေဖေအာ္လည္း ဘာမွမထူးေတာ့
ဘူး။ ေသခ်င္တဲ႕က်ား ေတာေျပာင္းမိပါတယ္လို႕ ေနာင္တေတြနဲ႕ က်ားေရွ႕ေမွာက္လ်က္လဲ ေနမယ့္အျဖစ္
ကို ကိုယ္သိေနတယ္။ကိုယ့္အျဖစ္ကလည္း ဆင္ေျပာင္
ၾကီး အျမီးက်မွတစ္ ေနရတယ္လို႕ကြာ ကေတာက္စ္… …

ဒီၾကားထဲ မင္းအေမကလည္းတစ္မ်ိဳး။ အရပ္ထဲမွာ သမီး
တစ္ေကာင္ႏြားတစ္ေထာင္ဆိုျပီး အရပ္ထဲ ပတ္ေနေလရဲ႕
လက္ပံပင္ ဆက္ရက္က်တဲ႕အတိုင္း ျဖစ္ေနလိုက္တာ ။
မင္းအေမ ေငြၾကိဳက္တဲ႕အျဖစ္က ႏြားငတ္ ေရခ် ေနတဲ႕
ပဲ … … ယြခမက်ိေျပာလို႕ စိတ္မဆိုးနဲ႕ေနာ္။ဆင္သြား လမ္းျဖစ္မယ္ထင္ေနတာဆိုေတာ့ ခက္တာေပါ့။ငါးစာ
သာျမင္ ငါးမွ်ားခ်ိတ္ကို မျမင္ဘူး။ သမီးေခ်ာေလးက္ို
သူေဌးနဲ႕ေပးစားျပီး ဆင္ျဖဴေတာ္မွီ ၾကံစုတ္ခ်င္ေနတဲ႕
အၾကံနဲ႕လုပ္ေနတာ။ မင္းကို အားနာလို႕ ေမ်ာက္ျပဆန္
ေတာင္းတယ္ ႏြားေပါ့ အစြံထုတ္ လို႕မေျပာခ်င္ဘူး ။
ေနာက္မွ ဆင္မည္းမ်က္ႏွာ ဆင္ျဖဴမၾကည့္ဝံ႕တဲ႕အျဖစ္
မ်ိဳး အေရာက္မခံနိဳင္ဘူး။

ကိုယ္က ဆင္းရဲတယ္ မဟုတ္လား။
ႏြားပ်ိဳသန္လွ ႏြားအိုေပါင္က်ိဳးအဆင့္သာသာရွိတဲ႕ကိုယ့္
စီးပြားေရးအေျခအေနေၾကာင့္ မင္းမိဘေတြ သေဘာမတူ
တာ သိပါတယ္။မင္းကိုလည္း မြဲခ်င္တဲ႕ေခြး ျပာပံုတိုး လို႕
ဆူတယ္ဆို။ ကိုယ့္အေျခအေနကလည္း လူမေလး ေခြး
မခန္႕ျဖစ္ေနတာမဟုတ္လား ။ အရပ္ထဲကလည္း ေခြးပစ္
တဲ႕ တုတ္သာသာတဲ႕။ ဟူး ရင္ေမာတယ္။တစ္ကယ္ေတာ့
ကိုယ့္အျဖစ္ဟာ ေခြးရူးဖက္ကိုက္ ေခြးေကာင္းနားရြက္
ျပတ္ ျဖစ္မွာစိုးမိတယ္။

ဒါေပမယ့္ ေခြးေဟာင္လို႕ ေတာင္ပို႕မေျပးနိဳင္ပါဘူး။ ပို
ေနျမဲ က်ားေနျမဲသာ ေနၾကရေအာင္ေနာ္။ကိုယ္ ဒီစကား
ေတြေျပာေနရတာ က်ားေတြ႕မွ တုတ္ခုတ္ ဆင္ေတြ႕မွ သစ္ပင္ရွာ ေနတာမ်ိဳး မဟုတ္ရပါဘူး။ကိုယ္ရွာသမွ်ေငြ
ေတြကလည္း သမင္ေမြးရင္း က်ားစားရင္းျဖစ္ေနတာ
မင္းအသိပါ။ ကံကမေကာင္းေလေတာ့ ေျမြေပြးခါးပိုက္
ပိုက္မိသလို အေပါင္းအသင္းေတြအတြက္ကလည္း ႏွိပ္
စက္ၾကတယ္မဟုတ္လား။

ကိုယ့္မွာ က်ားလည္းေၾကာက္ရ က်ားေခ်းလည္းေၾကာက္
ရဆိုသလိုမ်ိဳး မင္းမိဘေတြလည္းေၾကာက္ရ မင္းကို ဆံုး
ရႈံးမွာလည္း စိုးရိမ္ေနရတယ္ေလ။က်ားသနားမွ ႏြားခ်မ္းသာခြင့္ရမယ့္ ကိုယ့္ဘဝကို စာနာေပးေစခ်င္တယ္ စိုင္ေကာ္လို႕ ျခံဳေပၚေရာက္ျပီး
ေရႊပင္ေပၚနား ေရႊေက်းေလး အျဖစ္ကို ေမ်ွာ္လင့္ေန
မယ္ေနာ္။

ခ်စ္တဲ႕

ကြီး " တဲ႕။

တိန္
Ko Gyi Kyaw , Wai Yan Soe Myint
ေလာကကို ျပံဳ းေစ ရယ္ေစမယ္
Credit:ကို ကို

# Unicode Version ျဖင့္ ဖတ္ပါ #
"မျိုးကြီး ငါ့ကိုရေးပေးမယ်ဆိုတဲ့ ရီးစားစာရပြီလား"

"ရပြီ သားကြီး ရော့"

ဒါနဲ့ ဖွင့်ဖတ်လိုက်တယ်။

"သို့/

အချစ်
ကိုယ် စာရေးလိုက်တယ်။
ဒီစာကိုဖတ်ပြီး မိကျောင်းမင်း ရေခင်းပြတယ်လို့မထင်ပါ
နဲ့။ကိုယ့်ငါးချဉ် ကိုယ်ချဉ်တယ်လို့ ပြောချင်လည်းပြော
ပါ။ မင်းကိုချစ်နေမိတဲ့ ကိုယ့်အဖြစ်ဟာ မပိုင် ဝက်မွေး
သလိုလို အိတ်ပေါက်နဲ့ဖားကောက်နေရသလိုလို ဖြစ်နေ
ပြီလေ။ ခဲမှန်ဖူးတဲ့ စာသူငယ်ဘဝမျိုးတော့ မရောက်ချင်
ဘူးကွယ်။အခုအချိန်ရောက်နေမှ ဝက်ဖြစ်နေမှ မစင်
ကြောက်နေလို့ အပိုပါပဲ။

ကိုယ်ယူမှာက မင်းကိုပါ။ ဒါကို မင်းအဖေက မြင်းကမ
လှုပ် ခုံကလှုပ် ယုန်ကမတိုး ပိုက်ကတိုး ဆိုသလိုလုပ်နေ
တာတော့ လွန်တယ်။ကြက်တူရွေးက တော်တော် မယ်
ဘော်ကကဲသလိုဖြစ်နေတယ်။ မင်းအဖေက ကိုယ့်ကို မင်း
က အလုပ်မရှိ ကြောင်ရေချိုးပေးနေတဲ့ လူစားမျိုးတဲ့။
ကိုယ့်ကို ကြောင်သူတော် ကြွက်သူခိုး ^ တောမီးလောင်
တောကြောင်လက်ခမောင်းခတ်တဲ့ လူစားမျိုးများ ထင်
နေလား မသိဘူး။ကိုယ်ရတဲ့လစာက နည်းတော့ ကြောင်
အို ကြွက်မလေး ဖြစ်နေတာ နေမပေါ့။

မင်းအဖေက မင်းနဲ့သဘောတူနေတဲ့ ဟိုကောင်ကလည်း
ချမ်းသာတာကိုးလေ။မင်းအဖေရဲ့လုပ်ရပ်က ကြောင်ခံ
တွင်းပျက်နဲ့ ဆက်ရက်တောင်ပံကျိုးတွေ့နေသလို ဖြစ်
နေလိုက်တာ။ဟိုကောင်ကလည်း ကံကောင်းတဲ့ကျား လမ်းသွားရင်း သမင်တွေ့သလို တိုက်ဆိုင်သွားတာပါ။

ဒီကောင်က မိဘဘိုးစဉ်ဘောင်ဆက်က ချမ်းသာခဲ့ကြတာ
ဆိုတော့ ရွှေပင်နားတော့ ရွှေကျီးလေးဖြစ်နေတာ မဆန်း
ပါဘးူလေ။ ဒီယုန်မြင်လို့ ဒီချုံထွင်နေတဲ့ဒီကောင်ဟာ
ကြွက်သေတစ်ခု အရင်းပြုပြီး မင်းကို ယူဖို့ မင်းအဖေ
ဆီကပ်နေတာကို သတိထားပါ။ စားရကံကြုံလို့ မုတ်ဆိတ်ပျားစွဲဖြစ်နေတဲ့မင်းအဖေကတော့ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ဖြစ်နေတာကို မသိရှာဘူး … … …
ကျွတ် ကျွတ် ကျွတ် … …။ယုန်ထောင် ကြောင်မိပြီး
ကြက်ကန်းဆန်အိုးတိုးတာကို အဟုတ်ထင်နေတယ်လေ။

ဒီမှာ ကိုယ်ပြောမယ်။အဲဒီကောင်တွေ အသိုင်းအဝိုင်းအ
ကြောင်းကို မင်းလည်းသိတာပဲ။ကျားကြီး ခြေရာကြီးပေ
မယ့် အများညီ ဤ ကျွဲဖတ်ဆိုတဲ့အသိုင်းအဝိုင်းတွေပါ။
ဆင်သေကို ဆိတ်သားရေနဲ့ဖုံးလို့ ရမတဲ့လားကွာ။ဆင်
သတ် အရပ်ဝေတဲ့သူတို့လုပ်ရပ်တွေက ဟိုးလေးတကြော်လေ။ကျွဲကူး ရေပါဆိုပြီး ဒီကောင်က မင်းအဖေနားကပ်နေတာ။ မင်းအဖေကလည်း သူစီးတဲ့
မြင်း အထီးမှန်း အမမှန်းတောင်မသိဘူး။ ကျီးဘုတ်ရိုသေ
ဘုတ်ကျီးရိုသေ နဲ့ ဟန်ဆောင်နေကြတာများ အံ့သြပါ
ရဲ့။ခွေးလေးအရောဝင် ပါးယက်နားယက်လုပ်နေတဲ့ ဒီ
ကောင့်ကိုတော့ ကိုယ်ကြည့်မရတော့ဘူး။ထားလိုက်ပါ။
မင်းသာကိုယ့်ဘက်မှာ ရှိပါစေ။ ဒီကောင်ကတော့ ခွေးရူး
ကောင်းစား တမွန်းတည့်ပေါ့။ အချိန်တန်ရင် နွားပိန်ကန်
မပေါ့နော်။

မင်းအဖေပေးစားတဲ့ ဒီကောင့်ကို ယူမိရင် မင်းအဖြစ်က
ဆင်နားရွက် ကြွက်တပ် ကြွက်နားရွက် ဝက်တပ်မိသလို
မျိုးဖြစ်နေမှာကို သိထားပါ။မင်းအဖေကလည်း ကြောက်
ပါတယ်ဆို ကြောင်နဲ့တို့ ဆိုသလို ငါးကြင်းဆီနဲ့ငါးကြင်း
ပြန်ကြော်ဖို့ကြိုးစားနေတော့တာပဲ။ကိုယ့်ဘဝကတော့
ကျွဲ ၂ ကောင်ကြားက မြေစာပင်ဘဝပါ။ကျားချင်းကိုက်
ရာ သမင်လမ်းကူးမှားဖြစ်နေတဲ့မင်းအကြောင်းတွေကို
တွေးမိရင် ကြမ္မာဆောင် သားကောင်ဆိတ်ဖြစ်မယ့် မင်း
ကို ရင်မောမိတယ်။မင်းအဖေကလည်း ငှက်တစ်ကောင် မြှားတစ်စင်း ရှဉ့်တစ်ကောင်မြှားတစ်စင်းဆိုတာ သိပုံမရ
ဘူး။ ကြောင်ရုပ်ဖြစ်စေ ကြွက်သေတာလိုရင်းဆိုပြီး ဇွတ်
စီစဉ်နေတာ။

ပြောရင်း ဟိုကောင့်ကိုပဲဒေါသထွက်နေတာ။ငါးခုံးမတစ်
ကောင့်တစ်လှေလုံးပုပ်နေတဲ့ဒီကောင့်မိဘတွေအကြောင်း
အားလုံးသိနေတာပဲ။ငါးတကာယိုတဲ့ချီး ပုဇွန်ဆိတ်ခေါင်း
မှာစုမှ မင်းအဖေ နောင်တရမှာ မြင်ယောင်သေးတယ်။
အညှီရှိရာ ယင်အုံ ဆိုသလို မင်းကလည်း လှနေတာကိုး
လေ။ ငါးပွတ်ရာ ငါးစာချဖို့လာတဲ့ဒီကောင့်ကို မင်းသတိ
ထား ဆက်ဆံပါ။ဒီကောင်က ငါးစိမ်းမြင် ငါးကင်ပစ်
တတ်တဲ့လူစားမျိုးလေ။နောက်ဆုံးကျမှ လူတွင်ပါ နွား
ကျားကိုက်တဲ့အချိန်မှ ကျားသေကိုအသက်သွင်းလို့ စင်း
စင်းသေပါပြီလို့ မင်းအဖေအော်လည်း ဘာမှမထူးတော့
ဘူး။ သေချင်တဲ့ကျား တောပြောင်းမိပါတယ်လို့ နောင်တတွေနဲ့ ကျားရှေ့မှောက်လျက်လဲ နေမယ့်အဖြစ်
ကို ကိုယ်သိနေတယ်။ကိုယ့်အဖြစ်ကလည်း ဆင်ပြောင်
ကြီး အမြီးကျမှတစ် နေရတယ်လို့ကွာ ကတောက်စ်… …

ဒီကြားထဲ မင်းအမေကလည်းတစ်မျိုး။ အရပ်ထဲမှာ သမီး
တစ်ကောင်နွားတစ်ထောင်ဆိုပြီး အရပ်ထဲ ပတ်နေလေရဲ့
လက်ပံပင် ဆက်ရက်ကျတဲ့အတိုင်း ဖြစ်နေလိုက်တာ ။
မင်းအမေ ငွေကြိုက်တဲ့အဖြစ်က နွားငတ် ရေချ နေတဲ့
ပဲ … … ယွခမကျိပြောလို့ စိတ်မဆိုးနဲ့နော်။ဆင်သွား လမ်းဖြစ်မယ်ထင်နေတာဆိုတော့ ခက်တာပေါ့။ငါးစာ
သာမြင် ငါးမျှားချိတ်ကို မမြင်ဘူး။ သမီးချောလေးကို
သူဌေးနဲ့ပေးစားပြီး ဆင်ဖြူတော်မှီ ကြံစုတ်ချင်နေတဲ့
အကြံနဲ့လုပ်နေတာ။ မင်းကို အားနာလို့ မျောက်ပြဆန်
တောင်းတယ် နွားပေါ့ အစွံထုတ် လို့မပြောချင်ဘူး ။
နောက်မှ ဆင်မည်းမျက်နှာ ဆင်ဖြူမကြည့်ဝံ့တဲ့အဖြစ်
မျိုး အရောက်မခံနိုင်ဘူး။

ကိုယ်က ဆင်းရဲတယ် မဟုတ်လား။
နွားပျိုသန်လှ နွားအိုပေါင်ကျိုးအဆင့်သာသာရှိတဲ့ကိုယ့်
စီးပွားရေးအခြေအနေကြောင့် မင်းမိဘတွေ သဘောမတူ
တာ သိပါတယ်။မင်းကိုလည်း မွဲချင်တဲ့ခွေး ပြာပုံတိုး လို့
ဆူတယ်ဆို။ ကိုယ့်အခြေအနေကလည်း လူမလေး ခွေး
မခန့်ဖြစ်နေတာမဟုတ်လား ။ အရပ်ထဲကလည်း ခွေးပစ်
တဲ့ တုတ်သာသာတဲ့။ ဟူး ရင်မောတယ်။တစ်ကယ်တော့
ကိုယ့်အဖြစ်ဟာ ခွေးရူးဖက်ကိုက် ခွေးကောင်းနားရွက်
ပြတ် ဖြစ်မှာစိုးမိတယ်။

ဒါပေမယ့် ခွေးဟောင်လို့ တောင်ပို့မပြေးနိုင်ပါဘူး။ ပို
နေမြဲ ကျားနေမြဲသာ နေကြရအောင်နော်။ကိုယ် ဒီစကား
တွေပြောနေရတာ ကျားတွေ့မှ တုတ်ခုတ် ဆင်တွေ့မှ သစ်ပင်ရှာ နေတာမျိုး မဟုတ်ရပါဘူး။ကိုယ်ရှာသမျှငွေ
တွေကလည်း သမင်မွေးရင်း ကျားစားရင်းဖြစ်နေတာ
မင်းအသိပါ။ ကံကမကောင်းလေတော့ မြွေပွေးခါးပိုက်
ပိုက်မိသလို အပေါင်းအသင်းတွေအတွက်ကလည်း နှိပ်
စက်ကြတယ်မဟုတ်လား။

ကိုယ့်မှာ ကျားလည်းကြောက်ရ ကျားချေးလည်းကြောက်
ရဆိုသလိုမျိုး မင်းမိဘတွေလည်းကြောက်ရ မင်းကို ဆုံး
ရှုံးမှာလည်း စိုးရိမ်နေရတယ်လေ။ကျားသနားမှ နွားချမ်းသာခွင့်ရမယ့် ကိုယ့်ဘဝကို စာနာပေးစေချင်တယ် စိုင်ကော်လို့ ခြုံပေါ်ရောက်ပြီး
ရွှေပင်ပေါ်နား ရွှေကျေးလေး အဖြစ်ကို မျှော်လင့်နေ
မယ်နော်။

ချစ်တဲ့

ကွီး " တဲ့။

တိန်
Ko Gyi Kyaw , Wai Yan Soe Myint
လောကကို ပြုံ းစေ ရယ်စေမယ်
Credit:ကို ကို

No comments:

Post a Comment