CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, May 18, 2018
တချို့တွေက နည်းနည်း နားလေးတယ် ..များများပြောပေးမှ ကြားမယ် "
ရှမ်းတောင်ပိုင်း လူငယ် ။ " ငြိမ်းချမ်းရေး အတွက် သားတို့ကနေ ဘာပြန်ပေးနိုင်မလဲ ဆိုတော့
စစ်ပွဲတွေ အကုန်ချက်ချင်းရပ်ဖိုဆိုပြီးတော့ ပြည်သူတွေ အကုန်တောင်းပေးနိုင်တယ်ဗျ ..
ဒါပြည်သူတွေရဲ့ ownership ပေါ့၊ အဖွါးကိုတိုင် သားတို့ကို ပြောထားတာ ..
ငြိမ်းချမ်းရေးဆိုတာ ပြည်သူတွေ ပိုင်ထားတာ ... ပြည်သူတွေ တောင်းတာကို ဘာလို့ မပေးတာလဲ..
စစ်ပွဲရပ် ဆိုပြောလိုက်တာနဲ့ သေနတ် ချည်းနဲ့ပဲဖြေရှင်းရင် ကျွန်တော်တို့ပြည်သူတွေ , ပြည်ထောင်စု
စိတ်ဓါတ် မွေးမယ် ဆိုရင်..
ရှမ်းပြည်နယ် တောင်ပိုင်းမှာ ဖြစ်ပွားတဲ့ စစ်ပွဲမှာ ကလေးမလေး တစ်ယောက် ဆိုရင် ဗမာစကား
ပြောတဲ့ အသံကြားတာနဲ့ ဆော့နေရင်း တန်းလန်း အိမ်ပေါ် တက်ပြေးပြီးတော့ ဆောင်ပြီးတော့ ကြည့်နေတဲ့ အနေအထားမှာ ဘယ်လိုလုပ်ပြီး ဒီ အမျိုးသား ရင်ကြားစေ့တို့ ပြည်ထောင်စု စိတ်ဓါတ်တို့ သူ့ဆီမှာ ဘယ်လို ရှိလာနိုင်မလဲ ..
ဘယ်လိုမှ မရှိနိုင်တော့ဘူး .. ဗမာစကားသံလေး ကြားလိုက်တာကို ဒီလောက်ထိ မုန်းတီးသွားတဲ့
အနေအထားမှာ စစ်ပွဲ မရပ်ပဲနဲ့တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဗျ ..
ကျွန်တော်တို့ ပြည်သူတွေ က ပေးနိုင်တဲ့ဟာ စစ်ပွဲတွေ ရပ် ဆိုတဲ့ စကားပါပဲ .."
ဒေါ်အောင်ဆန်းစုကြည် ။ "အဲဒီ စကားကို များများ ပြောပေးပါ ..,များများပြောမှပဲ ..,တချို့တွေက နည်းနည်း နားလေးတယ် ..များများပြောပေးမှ ကြားမယ် "
တိုင်းရင်းသား လူငယ်များ နှင့်
ငြိမ်းချမ်းရေး စကားဝိုင်း
နေပြည်တော်
၁-၁-၂၀၁၇
တချို့တွေက နည်းနည်း နားလေးတယ် ..များများပြောပေးမှ ကြားမယ် "
Reviewed by MP4 YoU
on
May 18, 2018
Rating: 5
Reviewed by MP4 YoU
on
May 18, 2018
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment